Tag: News

  • ‘ဒလန်’ ဟု စွပ်စွဲသတ်ဖြတ်ခံခဲ့ရတဲ့ စေတုတ္တရာက တော်လှန်ရေးထောက်ပို့တစ်ဦး

    ‘ဒလန်’ ဟု စွပ်စွဲသတ်ဖြတ်ခံခဲ့ရတဲ့ စေတုတ္တရာက တော်လှန်ရေးထောက်ပို့တစ်ဦး

    မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်ဟာ စစ်အာဏာရှင်ကို တော်လှန်ရာမှာ တက်ကြွစွာ ပါဝင်နေတဲ့ နယ်မြေတစ်ခုဖြစ်ပါတယ်။ သို့သော် ထိုနယ်မြေရှိ ဒေသခံတစ်ဦးဖြစ်သူ ဦးမြင့်ဆွေအတွက်မူ စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုထက်ပင်၊ မိမိအားကိုးအားထားပြုရမည်ဟု ယူဆထားတဲ့ တော်လှန်ရေးအင်အားစုတစ်ခုရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။ တော်လှန်ရေးကို အစောပိုင်းကာလကတည်းက ထောက်ပံ့ကူညီခဲ့သူ၊ မြို့နယ်သပိတ်တွေမှာ ဦးဆောင်ပါဝင်ခဲ့သူ ဦးမြင့်ဆွေတစ်ယောက်၊ “ဒလန်” ဆိုတဲ့ စွပ်စွဲချက်တစ်ခုနဲ့ အဖမ်းခံခဲ့ရပြီး၊ တစ်နှစ်ကျော်အကြာမှာတော့ သူ ယုံကြည်ခဲ့တဲ့ တော်လှန်ရေးအဖွဲ့အစည်းရဲ့ လက်ထဲမှာပဲ အသက်ပျောက်ခဲ့ရပါတယ်။ “ကျွန်တော်တို့ လက်နက်ကိုင်လှုပ်ရှားမှုတွေစတော့ ဦးမြင့်ဆွေတို့အကူညီတွေယူခဲ့ရတယ်၊ သူတို့ကလည်းဖြစ်စေချင်တယ် သူတို့ရွာခံလူတွေလည်း ကူညီပါဝင်ခဲ့ကြတာအများကြီးပဲ” လို့ ဦးမြင့်ဆွေနဲ့ လက်တွဲလုပ်ကိုင်ခဲ့ဖူးတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက အတည်ပြုပြောပါတယ်။ စစ်အာဏာမသိမ်းမီကတည်းက ဒေသတွင်း တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ခဲ့တဲ့ ဦးမြင့်ဆွေဟာ နွေဦးတော်လှန်ရေးစတင်ချိန်မှာ ရှေ့တန်းကနေ ပါဝင်ခဲ့သူပါ။ ဒေသခံတွေရဲ့အဆိုအရ၊ ပြဿနာရဲ့အစဟာ ဦးမြင့်ဆွေနဲ့…

  • ထိုင်းအမျိုးသား ၃ ဦး အုပ်စုဖွဲ့လိင်မှု ပြုလုပ်ရာမှ အသက် ၇၀ အရွယ်အကြီးဆုံးအမျိုးသား သေဆုံး

    ထိုင်းအမျိုးသား ၃ ဦး အုပ်စုဖွဲ့လိင်မှု ပြုလုပ်ရာမှ အသက် ၇၀ အရွယ်အကြီးဆုံးအမျိုးသား သေဆုံး

    ထိုင်းအမျိုးသား ၃ ဦး အုပ်စုဖွဲ့လိင်မှု ပြုလုပ်ရာမှ အသက် ၇၀ အရွယ်အကြီးဆုံးအမျိုးသား သေဆုံး နိုဝင်ဘာ ၁၆ ရက်ညက ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင် ခို့လမ်ပန်ရပ်ကွက်၌ အသက် ၅၂ နှစ်အရွယ်အမျိုး သားတစ်ယောက်နေအိမ်တွင် အသက် ၇၀ အရွယ် အမျိုးသား သေဆုံးနေသည်ကို သိရှိရပြီး စုံစမ်း စစ်ဆေးရာ ၃ ဦးပါသော group sex လုပ်ရာ၌ ခရစ္စတယ်စိတ်ကြွဆေးသုံးခဲ့ပုံရပြီး သေဆုံးခဲ့ဖွယ်ရှိ သည်ဟု သုံးသပ်ကာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေသည်။ အက်စ်ဆိုသော ၅၂ နှစ်အရွယ် ထိုင်းအမျိုးသားက ၎င်းနေထိုင်ရာအိမ်သို့ အသက် ၇၀ အရွယ် ထိုင်း အမျိုးသားကို ဖိတ်ခေါ်ခဲ့ကာ နောက်ထပ်ဆာရာဘူရီခရိုင်နေ ၃၈ နှစ်အရွယ် အငယ်ဆုံး ထိုင်း အမျိုးသားကိုပါ…

  • TNLA က စစ်ကောင်စီတပ်ကို မိုးကုတ်မြို့ထဲ ခေါ်သွင်းလာပါက တော်လှန်ရေးတပ်များ အခက်တွေ့နိုင်

    တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က စစ်ကောင်စီတပ်ကို မိုးကုတ်မြို့ထဲ ခေါ်သွင်းလာမယ်လို့ ဒေသတော်လှန်ရေးအင်အားစုတွေကို အတိအလင်း ပြောဆိုထားလို့ တော်လှန်ရေးတပ်တွေ လုပ်ရကိုင်ရ အခက်အခဲရှိနေတဲ့ အကြောင်း မိုးကုတ်သပိတ်ခေါင်းဆောင်က အတည်ပြုပြောပါတယ်။ နိုဝင်ဘာ ၁၅ ရက်က တရုတ်ပြည်မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီနဲ့ TNLA တို့ရဲ့ အစည်းအဝေးအပြီးမှာ ဒီသတင်းစကား ထွက်ပေါ်လာတာပါ။ TNLA က နိုဝင်ဘာ ၂၉ ရက်နေ့ နောက်ဆုံးထားပြီး မိုးကုတ်မြို့ကနေ ထွက်ခွာမှာဖြစ်တဲ့အတွက် နိုဝင်ဘာလကုန်ပိုင်းမှာ စစ်ကောင်စီတပ်ပါ တခါတည်း မိုးကုတ်မြို့ထဲ ဝင်ရောက်လာမယ့် အခြေအနေ ဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေ အကြိတ်အနယ် ဆွေးနွေးနေကြဆဲ ဖြစ်ပြီး ဘယ်လိုရှေ့ဆက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တော့ မထွက်လာသေးပါဘူး။ မိုးကုတ်သပိတ်ခေါင်းဆောင် ကိုစိုးဌေးက “ကျနော်တို့ အင်အားစုတွေကို TNLA က…

  • ဖျာပုံမြစ်ဝမှာ ငါးဖမ်းသင်္ဘောတစ်စီး မီးလောင်

    ဖျာပုံမြစ်ဝမှာ ငါးဖမ်းသင်္ဘောတစ်စီး မီးလောင်

    ဒီနေ့ အောက်တိုဘာ ၁၇ ရက်နေ့ မနက် ၈ နာရီဝန်းကျင်က ဖျာပုံမြို့နယ်၊ ဖျာပုံမြစ်ဝမှာ ငါးဖမ်းသင်္ဘောတစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။ ဖြစ်စဉ်ဖြစ်ပွားတာက မနက် ၈ နာရီ ၁၅ မိနစ်အချိန်ခန့်လို့ သိရပြီး နေရာက ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ တင်ပုလွဲကျေးရွာ အုပ်စု၊ ဓမင်းဆိပ်ကျေးရွာအနီး ဖျာပုံမြစ်ဝမှာလို့ သိရပါတယ်။ အဆိုပါမီးလောင်မှုနဲ့ ပတ်သတ်လို့ ဧရာဝတီတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူက “မီးလောင်ရတဲ့အကြောင်းအရင်းကတော့ စုံစမ်းစစ်ဆေးဆဲပါခင်‌ဗျ။ ဖြစ်တဲ့ဒေသက ရေလမ်း‌ကြောင်းလည်း သွားရမလွယ်တော့ တိုင်းမီးသတ်၊ မြို့နယ်မီးသတ်တွေ ကြိုးစားငြှိမ်းသတ်ပြီး ရေထဲမှာပဲ အကုန်နီးပါး လောင်ကျွမ်းသွားတဲ့ အခြေအနေပါ။ ဆီလည်းပါတော့ Foam Type ကိုသုံးပြီး ငြှိမ်းသတ်ရပါတယ်။ အခုတော့ ငြိမ်းသွားပါပြီ။ လူထိခိုက်မှု မရှိခဲ့ပါဘူး”လို့…

  • TNLA တပ် ဆုတ်ခွါသွားရမယ့် မိုးကုတ်မြို့မြင်ကွင်း

    TNLA တပ် ဆုတ်ခွါသွားရမယ့် မိုးကုတ်မြို့မြင်ကွင်း

    လာမယ့်အပတ်တွေအတွင်း တအာင်းတပ်-PSLF/TNLA တပ် ဆုတ်ခွါသွားရမယ့် မိုးကုတ်မြို့ရဲ့ မနေ့ နိုဝင်ဘာ ၁၆ ရက်မှာ တွေ့မြင်ရတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။ မိုးကုတ်မြို့မှာရှိတဲ့ တအာင်းတပ်မတော်- PSLF/TNLA ရဲ့ ဌာနဆိုင်ရာတချို့ ပြောင်းရွှေ့နေတာ တွေ့ရပြီး အုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲဌာနကတော့ ပုံမှန်လည်ပတ်နေတာ တွေ့ရပါတယ်။ မိုးကုတ်မြို့ဂေါက်ကွင်းမှာတော့ မြို့ခံတွေကို တအာင်းတပ်က ၎င်းတို့မဆုတ်ခွာခင် ကျောက်တူးဖော်ခွင့် ပေးထားပြီး မြို့ခံတချို့ အလုအယက်ကျောက်တူးဖော်နေကြပါတယ်။ မြို့တွင်းမှာတော့ မြို့ခံတွေနေ့စဥ်လိုလို မြို့ကိုစွန့်ခွာနေကြတာ တွေ့ရပြီး မြို့ရဲ့ထက်ဝက်ကျော်က မြို့ခံတွေ ထွက်ပြေးတိမ်းရှောင်နေကြပြီလို့ သိရပါတယ်။ မိုးကုတ်မြို့ကနေ တအာင်းတပ်ဘက်က လာမယ့်နိုဝင်ဘာ ၂၅ ရက်နောက်ဆုံးထားပြီး တပ်ဆုတ်ပေးရမယ်လို့ သတင်းတွေထွက်နေပြီး စစ်ကောင်စီဝင်လာမယ့်ရက်အတိအကျကိုတော့ မသိရသေးပါဘူး။ ဒါ့အပြင် ​မိုးကုတ်မြို့တွင်းဝင်လာမယ့် စစ်ကောင်စီတပ်တွေကို TNLA ဘက်က လုံခြုံရေးပေးမယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။ တရုတ်နိုင်ငံကြားဝင်မှုကြောင့်…