Tag: News

  • အနောက်မြာက်တိုင်း စစ်ဌာနချုပ်ကို ရော့ကတ် အလုံး ၂၀ ဖြင့် ပစ်ခတ် တိုက်ခိုက်

    အနောက်မြာက်တိုင်း စစ်ဌာနချုပ်ကို ရော့ကတ် အလုံး ၂၀ ဖြင့် ပစ်ခတ် တိုက်ခိုက်

    မုံရွာမြို့ အခြေစိုက် အနောက်မြာက်တိုင်း စစ်ဌာနချုပ်ကို ရော့ကတ် အလုံး ၂၀ ဖြင့် ပစ်ခတ် တိုက်ခိုက်မှု အရာရှိ ၃ ဦး အပါအဝင် ၈ ဦး ပွဲချင်းပြီး သေဆုံးပြီး ယမ်းသိုလှောင်ရုံ မီးလောင်ပျက်စီး

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အခြေစိုက် အနောက်မြာက်တိုင်း စစ်ဌာနချုပ်ကို ရော့ကတ် အလုံး ၂၀ ဖြင့် ပစ်ခတ် တိုက်ခိုက်မှု အရာရှိ ၃ ဦး အပါအဝင် ၈ ဦး ပွဲချင်းပြီး သေဆုံးကာ ယမ်းသိုလှောင်ရုံ မီးလောင်ပျက်စီးခဲ့ကြောင်း Chindwin Rocket Brother -CRB မှ တာဝန်ခံက ပြောဆိုသည်။

    ဇူလိုင်လ ၂၉ ရက်နေ့နှင့် ဩဂုတ်လ ၂၆ ရက်နေ့ တို့တွင် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) အတွင်းကို မုံရွာခရိုင် ကွပ်ကဲရေးမှု၏ စီစဉ်ညွန့်ကြားမှုဖြင့် Chindwin Rocket Brothers-CRB အဖွဲ့က ရော့ကတ် အလုံး ၂၀ ဖြင့် ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ထိုတိုက်ခိုက်မှုအတွင်း စစ်တိုင်းရုံးမှ အရာရှိ ၃ ဦးနှင့် စစ်သည် ၅ ဦး ပွဲချင်း ပြီး သေဆုံးခဲ့ကာ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယမ်းသိုလှောင်ရုံလည်း မီးလောင်ပျက်စီးခဲ့ကြောင်း၊ ပြင်းထန် ဒဏ်ရာရရှိသော စစ်သား ၇ ဦးကို တဆ(ခွဲ)၄/၃၀၀ တပ်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ထားကြောင်း သိရှိရသည်။

    “စစ်ခွေး သေစာရင်း စုစုပေါင်း အရာရှိ ၃ ဦးနဲ့ တပ်သား ၅ ဦး စုစုပေါင်း ၈ ဦးကတော့ နေရာတင် ပွဲချင်းပြီး သေဆုံးတယ်။ ထိခိုက်ဒဏ်ရာရရှိတဲ့ စစ်ခွေးတွေကတော့ အရေး​ပေါ် ဆေးကုသမှု ခံယူနေတာတွေရှိပါတယ်” ဟု Chindwin Rocket Brother -CRB မှ တာဝန်ခံက ပြောဆိုသည်။

    အဆိုပါ တိုက်ခိုက်မှုကို ချင်းတွင်းရော့ကတ်ညီနောင် (Chindwin Rocket Brothers -C.R.B)ဦးဆောင်၍ မဟာမိတ်အဖွဲ့များ ဖြစ်သော ချိုမိုင်မိုင်(ကနီ)၊ Anonymous Heroes၊Bandula Defense Force၊ Budalin Defense Force၊Federal Democratic Force ၊ Chindwin Brothers ၊ အုပ်ကြီးနှင့်အဖွဲ့တို့နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

  • ကျုံပျော်တွင် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးနောက် ဖမ်းခံခဲ့ရသည့် လူငယ် ၄ ဦး စစ်မှုထမ်းနေရ

    ကျုံပျော်တွင် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးနောက် ဖမ်းခံခဲ့ရသည့် လူငယ် ၄ ဦး စစ်မှုထမ်းနေရ

    ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှာ စစ်ကောင်စီခန့် ရပ်ကျေး အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရတဲ့ဖြစ်စဉ်နဲ့ စွပ်စွဲဖမ်းဆီးခံခဲ့ရတဲ့ လူငယ် ၄ ယောက်ဟာ အဓမ္မစစ်မှုထမ်းနေရတယ်လို့ သိရပါတယ်။

    ပြီးခဲ့တဲ့ဧပြီ ၁၁ ရက်က ကျုံပျော်မြို့နယ်က စစ်ကောင်စီခန့် ညောင်ပင်ကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှကြိုင် သေနတ်နဲ့ပစ်ခတ်ခံရတာမှာ စွပ်စွဲပြီးဖမ်းဆီးခံခဲ့ရတဲ့ ဒေသခံ လူငယ် ၄ ယောက်ဟာ မိသားစုနဲ့အဆက်အသွယ်ပြတ်နေပြီး အခု သြဂုတ် ၂၈ ရက်ကမှ စစ်မှုထမ်းနေရတယ် ဆိုတာ သိရတယ်လို့ ဆိုပါတယ်။

    ဖြစ်စဉ်ကို သိရှိတဲ့သူတယောက်က “အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး အဖမ်းခံရတဲ့သူတွေက အရပ်သားတွေပါ။ စ ဖမ်းကတည်းက အရပ်သားဆိုတာ သိသိနဲ့ ဖမ်းခဲ့တာ။ အဖမ်းခံရပြီး ၂ လလောက်အထိ အဆက်အသွယ်ရသေးတယ်။ နောကိပိုင်း မရတော့တာ။ အရေးယူထားတယ်ပဲထင်တာ။ အခုလ ၂၈ ရက်ကမှ စစ်မှုထမ်းထဲရောက်နေတယ်လို့သိရတာ” လို့ ပြောပါတယ်။

    စစ်ကောင်စီခန့် ညောင်ပင်ကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး လှကြိုင် ပစ်သတ်ခံရတဲ့ဖြစ်စဉ်နဲ့ ဆက်စပ်တယ်ဆိုပြီး စစ်မှုထမ်းထဲ အထည့်ခံရတဲ့လူငယ် ၄ ယောက် အပါအဝင် အရပ်သား ၇ ယောက် အဖမ်းခံရတာဖြစ်ပြီး ၃ ယောက်ကိုတော့ စစ်ကောင်စီတပ်က တယောက်ကျပ်သိန်း ၃၀ ယူပြီး ပြန်လွှတ်ပေးခဲ့တာလို့ သိရပါတယ်။

    အကျိုးဆောင် ရှေ့နေတယောက်က “ပြစ်မှုကျူးလွန်တယ်ဆိုရင်တောင် ဥပဒေနဲ့အညီ အရေးယူရမှာ။ အခုလိုလုပ်တာက များတယ်။ မိသားစုတွေက အကျဉ်းထောင်၊ အချုပ်ထောင် ထဲမှာပဲ ရှိနေတယ်ထင်တာ။ အရပ်သားတွေကို အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးပြီး စစ်ထဲထည့်နေတာက စစ်ကောင်စီတပ်ရဲ့ လက်သစ်နည်းလမ်းတခုပဲ” လို့ ပြောပါတယ်။

    ညောင်ပင်ကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး လှကြိုင်ဟာ အခုနှစ် ဧပြီ ၁၀ ရက်နေ့က စစ်မှုထမ်းကိစ္စ အစည်းအဝေးလုပ်ပြီး ပြန်လာချိန် သေနတ်နဲ့ပစ်သတ်ခံရပြီး ကျုံပျော်မြို့နယ်ကနေ ရန်ကုန်ဆေးရုံကြီးကို ပို့နေတုန်း လမ်းမှာ သေဆုံးခဲ့ပါတယ်။

    ဘယ်အဖွဲ့က သေနတ်နဲ့ပစ်သတ်တယ် ဆိုတာကို သြဂုတ် ၃၀ ရက်အထိ စစ်တပ်နဲ့ရဲက မဖော်ထုတ်နိုင်ဘဲ မဆိုင်တဲ့ အရပ်သားတွေကိုပဲ ဓားစာခံအဖြစ် ဖမ်းဆီးနေခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။

  • ကချင်ပြည်နယ် ကြံ့ဖွံ့ပါတီရုံးပတ်လည်၌ ကတုတ်ကျင်းတူးပြီး မိုင်းထောင်နေ

    ကချင်ပြည်နယ် ကြံ့ဖွံ့ပါတီရုံးပတ်လည်၌ ကတုတ်ကျင်းတူးပြီး မိုင်းထောင်နေ

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ရွေးကောက်ပွဲလုပ်ရန်ကြိုးပမ်းနေသည့် စစ်ကောင်စီက မြို့ပေါ်ရပ်ကွက်ရှိ ကြံခိုင်ရေး ပါတီရုံးပတ်ချာလည်ကို ကတုတ်ကျင်းများတူးပြီး မိုင်းများထောင်နေကြောင်း သတင်းရရှိသည်။

    မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရပ်ကွက်ရှိ ကြံခိုင်ရေး ပါတီရုံးပတ်ချာလည် လမ်းကို မိုင်းများထောင်နေပြီး ဒေသခံများသွားလာမှုကို ကန့်သတ်နေ သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

    ” ပြည်နယ်ကြံ့ဖွတ်ရုံးပတ်ချာလည်မှာမိုင်းတွေထောင်တယ်၊ကတုတ် ကျင်းတွေ တူးတယ်၊ ဂေါက်ကွင်းဘက်သွားတဲ့လမ်း‌ကိုလည်း မလာဖို့ ဟန့်တားတယ်၊ မိုင်းရှိသည်ဆိုတဲ့သတိပေးချက် တွေလည်း ရေးထားတယ်၊ ဒီလိုပုံနဲ့ရွေးကောက်ပွဲလုပ်မယ်ဆိုတော့ မြို့မှာတော့ဟာသဖြစ်နေတယ်”ဟု မြစ်ကြီးနားမြို့ခံတဦးက ပြောသည်။

    ဖြတ်သွားဖြတ်လာလုပ်၍ ပေါက်ကွဲပြီးထိခိုက်ပါပါက လျော်ကြေးပေးမည်မဟုတ်သည့်အပြင် မိုင်းတန်ဖိုးပါ ပြန် လျော်ရမည်ဟု သတင်းလွှင့်ထားကြောင်း နောက်ထပ်မြို့ခံတစ်ဦးကပြောသည်။

    မြို့နယ် ၁၀၂ခုတွင် ရွေးကောက်ပွဲအပိုင်းလိုက် ပြုလုပ်မည်ဟု ကြေညာထားသည့်စစ်ကောင်စီက မြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည်နယ်မှမြို့နယ်၁၈ခု၌ ရွေး‌ကောက်ပွဲလုပ်မည်ဟုဆိုထားသည်။

    အဆိုပါ၁၈မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထိန်းချုပ်မြို့နယ် ခြောက်ခုပါဝင်နေသည်။ KIO/KIA ထိန်းချုပ်နယ်မြေများတွင် မဲပုံးထောင်ခွင့် ပြုမည်မဟုတ်ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူပြောထားသည်။

    လက်ရှိတွင် မြစ်ကြီးနားမြို့ပေါ်၌ တိုက်ပွဲမဖြစ်သော်လည်း နယ်မြေချင်းဆက်စပ်နေသောဝိုင်းမော်မြို့တွင် စစ်ကောင်စီကလေကြောင်းအင်အားသုံးရသည့်အထိ တိုက်ပွဲဖြစ်ပွားနေသည်။

    ထို့အပြင် မြစ်ကြီးနားမြို့ပေါ်တွင် စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုများရှိနေပြီး ဩဂုတ် ၂၄ရက်ညက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ လက်နက်ကြီးပစ်ခတ်ရာ ရမ်ပူရပ်ကွက်အတွင်းကျရောက်ပေါက်ကွဲပြီး ကလေးတစ်ဦး သေဆုံးခဲ့သည်။

    (ကချင်ပြည်နယ် ကြံခိုင်ရေးပါတီမှ မြစ်ကြီးနား မြို့နယ်၊ခရိုင်၊ ပြည်နယ် တွေ့ဆုံနေသည်ကို ဩဂုတ် ၂ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – USDP)

  • အာရှလမ်းပိုင်းကို စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်

    အာရှလမ်းပိုင်းကို စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်

    ကော့ကရိတ်-မြ၀တီ အာရှလမ်းပိုင်းကို စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇၀ ကျော် သေဆုံးရာတွင် စစ်မှုထမ်းတပ်သားသစ်များ အများဆုံးပါဝင်

    ကရင်ပြည်နယ်၊ ကော့ကရိတ်-မြ၀တီ အာရှလမ်းပိုင်းကို စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇၀ ကျော် သေဆုံးရာတွင် စစ်မှုထမ်းတပ်သား သစ်များအများဆုံးပါဝင်ကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

    ဩဂုတ်လ ၉ ရက်နေ့နှင့် ၁၅ ရက်နေ့တို့တွင် ကော့ကရိတ်-မြ၀တီမြို့နယ် အာရှလမ်းပိုင်းသို့ အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ဗျူဟာ ၃၁ အပါအဝင် KNU ၊ KNLA ၊ KNDO နှင့် PDF ပူးပေါင်းတပ်များက တတန်ကူးကျေးရွားအနီးတွင် ခုခံ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ၊ ထို ထိတွေ့ တိုက်ပွဲ ၂ ကြိမ် အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၇၀ ကျော်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၆၀ နီးပါးရှိကြောင်း၊ တိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အထိနာပြီး တပ်လှန်ကာ အကြိမ်ကြိမ် နောက်ပြန်ဆုတ်သွားသော်လည်း အင်အားများ ထပ်မံ ဖြည့်တင်းကာ ထိုးစစ်ဆင်နေသောကြောင့် တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

    “သေဆုံးတဲ့ စစ်သားအများစုက စစ်မှုထမ်းတပ်သားတွေ၊ လူငယ်အရွယ်တွေပဲ။ လက်နက်တွေကလည်း အသစ်တွေ။ မြင်ရတာကတော့ စစ်မှုထမ်းတပ် သားသစ်တွေကို ရှေ့ဆုံးမှာ တက်ခိုင်းနေတော့ သူတို့ သေဆုံးကုန်တာ။ လူငယ်တွေချည်းပဲ။ လက်နက်ခဲယမ်းတွေလည်း တော်တော်များများရထားတယ်” ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

    အကြမ်းဖက် စစ်တပ်သည် အာရှလမ်းပိုင်းကို ပြန်လည် စိုးမိုးနိုင်ရန်အတွက် ကော့ကရိတ်မြို့ထဲတွင် အင်အား ထောင်နှင့်ချီဖြည့်တင်းထားကာ အောင်ဇေယျ စစ်ကြောင်းသည်လည်း တောနော်ရေတံခွန်း အနီးတွင်ရှိနေသေးကြောင်း သိရသည်။

    အလားတူ မြဝတီမြို့တွင်းတွင်လည်း အကြမ်းဖက် စစ်တပ်က တပ်အင်အား ဖြည့်တင်းနေကာ အာရှလမ်းပိုင်းကို နှစ်ဖက် ညှပ်၍ စစ်ကြောင်းထိုးရန် ပြင်ဆင်နေပြီး တိုက်ပွဲများ ဆက်လက် ပြင်းထန်လာနိုင်ကြောင်း သိရှိရသည်။

    ဩဂုတ်လ ၂၈ ရက်နေ့ကလည်း စစ်တပ်က စစ်အင်အား ၅၀၀ ကျော်ကို စစ်ကား အစီး ရေ၅၀ ကျော်ပါဝင်သော ယာဉ်တန်းဖြင့် အာရှလမ်းမဘက်သို့ အင်အားဖြည့်တင်းလာကြောင်း၊ အဆိုပါ အကြမ်းဖက် စစ်တပ်တွင် တပ်ပေါင်းစုပုံစံဖြင့် ဒရုန်း ဗုံးကျဲ တပ်ဖွဲ့၊ ယန္တယားတပ်ဖွဲ့ ၊ လက်နက်ကြီးမစ်ဇိုင်းတပ်ဖွဲ့နှင့် စစ်မှုထမ်း တပ်သားသစ်များ ပါဝင်ပြီး မြေပြင် ထိုးစစ်ဆင်ကို အရှိန်မြှင့် လာကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။

  • ဖုန်း ဝင်ခိုးပြီး အီကြာကွေးပါ ဆော့သွားတဲ့ သူခိုး

    ဖုန်း ဝင်ခိုးပြီး အီကြာကွေးပါ ဆော့သွားတဲ့ သူခိုး

    “ဖုန်း ဝင်ခိုးပြီး အီကြာကွေးပါ ဆော့သွားတဲ့ သူခိုး”

    တ-ဏှာရူးကောင်ရဲ့ ရွံစရာကောင်းတဲ့လုပ်ရပ်ကြီးကို တခါမှမကြုံဖူးတော့ အားလုံးသိအောင် shareပေးတာပါ။

    မန္တလေးမြို့ကြီးက အရမ်းကြောက်ဖို့ကောင်းနေပါပြီ။ သမီးပျို မိန်းကလေးတွေရှိတဲ့အိမ်တွေ အထူးဂရုစိုက်ကြပါ၊ မနေ့ညက ကျမတို့ဆိုင် ဂိုထောင်မှာ သူခိုးဝင်သွားပါတယ်။

    တံခါးတွေ အဆင့်ဆင့်ပိတ်ထားတာကို အတွင်းထဲထိဝင်ခိုးတာပါ။ အခန်းထဲအိပ် တဲ့ဝန်ထမ်းကလေးတွေရဲ့ဖုန်းတွေကမပါသွားပေမယ့် အပြင်မှာအိပ်တဲ့ ကလေးတွေရဲ့ ဖုန်းလေးလုံးကို ဝင်ပြီး ခိုးသွားပါတယ်။

    ခိုးပြီးတော့ ပြန်မသွားဘဲ အဲ့ကောင်က ကလေးတွေအိပ်နေတာကိုကြည့်ပြီး သူဝှေးစေ့ကို ကိုင်ပြီးမဖွယ်မရာတွေလုပ်နေတာ ကြောက်စရာကြီး လက်ထဲမှာလည်း ဓါးကပါသေးတယ်။

    သူခိုးတွေတအားကိုသောင်းကျန်းနေပြီ။ မိန်းကလေးရှိတဲ့အိမ်တွေအထူ ဂရုစိုက်ကြပါနော်။

    ချိတ်မလိုင်ပေါက်စီ-မန္တလေးပင်ရင်း

    မန္တလေးက ဆိုင်တစ်ဆိုင်မှာ ငနာတစ်ကောင်
    ဖုန်းဝင်ခိုးသွားတဲ့ CCTV Video ဖိုင်ကြည့်လိုက်ရတယ် ၊

    အမျိုးသမီးလေးဦး အခန်းထဲ အိပ်နေကြတယ်၊
    လက်ထဲမှာ ဓါးကို အသင့်ဆောင်ပြီး သူခိုးက ဝင်လာ၊ ခေါင်းရင်းက ဖုန်းတွေခိုးတယ်၊

    ခိုးပြီး ပြန်မထွက်သေးဘဲ အပေါက်ဝကနေ ဒီအမျိုးသမီးတွေအိပ်နေတာကိုကြည့်ပြီး Masturbation (တစ်ကိုယ်ရည်အာသာဖြေ) လုပ်သွားတယ်။

    ( တစ်ယောက်ထဲလာပြီး လက်ထဲမှာဓါး၊ စိတဇ္ဇ ဆန်ဆန်အာသာဖြေနေတဲ့ပုံစံ) ဒီမြင်ကွင်းက တော်တော်တုန်လှုပ်ခြောက်ခြားစရာကို ပုံရိပ်ကိုပြနေတယ်။

    – တကယ်လို့များ ဒီနေရာမယ် အမျိုးသမီးတစ်ဦးထဲသာ ဆိုရင် ( မုဒိန်းမှု ၊ လူသ-တ်မှုတွေထိ ဆိုးကျိုးဖြစ်သွားစေနိုင်တာမျိုး)

    – အတင့်ရဲလာတဲ့ မတရားမှုတွေ
    -တားဆီးမယ့်သူမရှိတဲ့ လွတ်မြောက်နေဆဲ လုပ်ခွင့်ရှိနေသလိုဖြစ်နေတဲ့ အလွယ်တကူ ပြစ်မှုတွေ၊

    ဒီကောင်က ဆေးသုံးထားသလား မထားသလားမသိနိုင်တဲ့အခြေနေ

    – မတရားမှုတွေနောက်က ဆက် လိုက်လာတဲ့ ဆေးမှုတွေ ၊ မူးယစ်ဆေးသုံးတာတွေရဲ့နောက်က ကပ်လျှက် မတရားမှုတွေ ။

    ဒါဟာ မှတ်တမ်းရှိနေလို့သာပါ ၊
    ဝန်းထမ်းတွေရှိတဲ့ ဆိုင် ကိုမှ မြို့ထဲနော် ။

    မမြင်လိုက်မတွေ့လိုက်ရဘဲ မသိလိုက်တဲ့ ဒီလို အမှုပေါင်းများစွာရဲ့အောက်က မလုံခြုံမှုတွေဘယ်လောက်များနေပြီလဲ။

    ဒီတရားခံလွတ်နေသေးရင် ဘယ်လောက်တောင် နောက်ဆက်တွဲ ပြစ်မှုတွေရှိနေနိုင်လဲ။

    ဒီလို လုယက် ၊ ခိုးဆိုး၊ သ-တ်ဖြတ်မှုတွေရဲ့နောက်က အကြောက်တရားနဲ့ ရှင်သန်နေရဆဲ ပြည်သူပေါင်းများစွာ ။
    မန္တလေးမှ မဟုတ်ဘူး မြို့တော်တော်များများမှာ ညအမှောင်ထုကို လူတွေ မဖြတ်သန်းရဲကြတာ ကြာပီ၊

    တွေးကြည့်ရင် ဒီနိုင်ငံဟာ တကယ်ကို အဖက်
    ဆယ်မရလောက်အောင် ဆုတ်ယုတ်နေလှပါပြီ။

    —-