မကွေးတိုင်း၊ မြိုင်မြို့နယ် လင်းကတော ရဲစခန်းကို လာရောက် ပူးပေါင်းသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းများ ဖြင့်ဗုံးကျဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Eagle Brigade (ANyar Eagles) တပ်မှူး Leo9 က ပြောဆိုသည်။ ဇန်နဝါရီလ ၂၃ ရက်နေ့ ညပိုင်းတွင် မြိုင်မြို့နယ်ရှိ လင်းကတော ရဲစခန်းကို အင်အား ၁၀၀ ကျော်ခန့်ဖြင့် လာရောက် ပူးပေါင်း အကြမ်း ဖက်စစ်ကောင်စီ တပ်သားများကို 4Kg ဗုံးသီး ၁ လုံး ၊ 2Kg ဗုံးသီး ၁ လုံး၊ 1Kg ဗုံးသီး ၂ လုံး စုစုပေါင်း ၄ လုံးဖြင့် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း…
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း၅၁၀၂ နှင့် ဗျူဟာစစ်ကြောင်း ၁ ကို ကျည်ကာပစ္စည်းများတပ်ဆင်ခြင်းအခမ်းအနားကို ရှေ့တန်းတစ်နေရာတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အခမ်းအနားကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ရန်ကုန်တိုင်းစစ်ဌာနမှ စစ်ဦးစီးအဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး တပ်ရင်း ၅၁၀၂ နှင့် ဗျူဟာစစ်ကြောင်း ၁ မှ ရဲဘော်များကို ကျည်ကာအင်္ကျီ၊ ကျည်ကာပြားနှင့် ကျည်ကာဦးထုပ်တို့ကို တပ်ဆင်ပေးခဲ့ကြောင်း သိရှိရသည်။
စစ်မှုထမ်းရန်အတွက် ကျန်းမာပြီး အသက်ပြည့်မီသည့် လူငယ်များအားလုံးကို ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားထွက်ခွင့်မပြုကြောင်း စစ်ကောင်စီကယမန်နေ့က အတည်ပြုလိုက်သည့် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေတွင် ထည့်သွင်းကန့်သတ်လိုက်သည်။ စစ်မှုထမ်းရန်အတွက် ကျန်းမာပြီး အသက်ပြည့်မီသည့် လူငယ်များအားလုံးကို ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားထွက်ခွင့်မပြုကြောင်း စစ်ကောင်စီကယမန်နေ့က အတည်ပြုလိုက်သည့် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေတွင် ထည့်သွင်းကန့်သတ်လိုက်သည်။ စစ်ကောင်စီသည် ပြီးခဲ့သည့်နှစ်ဖေဖော်ဝါရီလအတွင်းက အသက်သွင်းခဲ့သည့် စစ်မှုထမ်းဥပဒေ၏ နောက်ဆက်တွဲအဖြစ် နည်းဥပဒေကိုဆက်လက်အသက်သွင်းခဲ့ခြင်းဖြစ်သည်။ လျို့ဝှက်အဆင့်အဖြစ်သတ်မှတ်ထားသည့် ထိုနည်းဥပဒေကို ရရှိထားပြီး ယင်းဥပဒေတွင် စစ်မှုထမ်းရန်အတွက် ပိုမိုပြင်းထန်သည့်ကန့်သတ်ချက်များပါရှိသည်။ အဆိုပါနည်းဥပဒေ၏အဆိုအရ စစ်ကောင်စီ၏အုပ်ချုပ်ရေးမှူးများသည် ရပ်ကွက်နှင့်ကျေးရွာများအတွင်းမှ စစ်မှုထမ်းရန်အသက်ပြည့်သူများကို စာရင်းကောက်မည်ဖြစ်ပြီး ထိုသူတို့ကို မြို့နယ်အဆင့်တွင်စုစည်းပြီး ဆေးစစ်မည်ဟုဖော်ပြထားသည်။ ကျန်းမာပြီးဆေးအဆင့်မီသူများကို စစ်မှုထမ်းရန်အတွက် မှတ်ပုံတင်သွင်းမည်ဖြစ်သည်။ ဆေးအောင်သူများသည် စစ်မှုထမ်းရန်အတွက် စောင့်ဆိုင်းနေရမည်ဖြစ်ပြီး စစ်သင်တန်းတက်သည်ဖြစ်စေ၊ စစ်သင်တန်းမတက်ရောက်သေးဘဲ အရပ်သားအဖြစ် နေထိုင်သည်ဖြစ်စေ နိုင်ငံရပ်ခြားသို့ သွားလာခွင့်မရှိကြောင်း စစ်ကောင်စီကကန့်သတ်လိုက်သည်။ စစ်မှုထမ်းရန် အကျုံးဝင်သူ…
စစ်ရှိန်မြှင့်ရန်ရှိ၍ ပြည်သူများ မလိုအပ်ဘဲခရီးသွားလာခြင်းမပြုရန် MSRF ပြော မွန်ပြည်နယ်၊ ရေးမြို့နယ် ခေါဇာမြို့၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား တော်လှန်ရေးပူးပေါင်းတပ်က ဇန်နဝါရီ ၂၃ရက်တွင် တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်ရှိကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF) ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။ ခေါဇာမြို့အခြေစိုက် အမှတ်(၃၁)ခြေလျင်တပ်ရင်း(ခလရ – ၃၁) လက်အောက်ခံ မီးတိုင်တပ်စခန်းအား မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) နှင့် မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု MSRFက ထုတ်ပြန်သည်။ “ခလရ(၃၁) လက်အောက်ခံ မီးတိုင်တပ်စခန်းလို့ ခေါ်တယ်။ သူက လမ်းမကြီးပေါ်မှာ ရှိနေတာ။ ဒီစခန်းကို သွားရောက်တိုက်ခိုက်ဖို့ အသွားမှာ သူတို့နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့တာပါ။ တိုက်ပွဲက နာရီဝက်ကျော်ကျော် မိနစ် ၄၀လောက်ကြာတယ်။ အပြန်မှာ…
စစ်မှုထမ်းဥပဒေဖြင့် အဓမ္မစုဆောင်းခံခဲ့ရသည့် တပ်သားခုနှစ်ဦး တော်လှန်ရေးတပ်ဖွဲ့ထံ ဘက်ပြောင်းခိုလှုံလာစဉ် စစ်ကောင်စီမှ လိုက်လံတိုက်ခိုက်သည့်အတွက် သွားရောက်ခေါ်ယူသည့် ပကဖရဲဘော်တစ်ဦးနှင့် ခိုလှုံလာသူသုံးဦး ကျဆုံးခဲ့ကြောင်း နေပြည်တော်ပကဖက ယနေ့သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်နေ့က NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနထံ ဘက်ပြောင်းခိုလှုံလာသည့် တပ်စိပ်မှူးအပါအဝင် တပ်သား ခုနှစ်ဦးကို သွားရောက်ကယ်ထုတ်စဉ် စစ်ကောင်စီမှ ဒရုန်းဖြင့် လိုက်လံတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တိုက်ခိုက်ခံရသည့်အတွက် နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုင်းတိုက်ခိုက်ရေးတပ်ဖွဲ့မှ ရဲဘော်ဆင်ကြီးကျဆုံးခဲ့ပြီး ဇေယျာသီရိမြို့နယ် ပကဖ တာဝန်ခံ ရဲဘော်ယက္ခနှင့် လယ်ဝေးမြို့နယ် ပကဖမှ ရဲဘော်သူရတို့ ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။ “ဖြစ်သွားတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်။ ဒါပေမယ့် ကျဆုံးသွားတဲ့ ရဲဘော်အတွက် ကျွန်တော်တို့ ပိုပြီး အလုပ်လုပ်ပါမယ်။ စစ်ကောင်စီ ပြုတ်ကျဖို့အတွက် ကျွန်တော်တို့…