Tag: News

  • KIO ဗိုလ်သင်တန်းကျောင်းမှာ ကျဆုံးခဲ့ရတဲ့ ဗိုလ်လောင်းတွေရဲ့ (၁၁) နှစ်မြောက်နေ့မှာ  AA ရဲ့ တပ်စခန်းတွေအားလုံးမှာ အောင်လံတဝက်လွှင့်ထူ

    KIO ဗိုလ်သင်တန်းကျောင်းမှာ ကျဆုံးခဲ့ရတဲ့ ဗိုလ်လောင်းတွေရဲ့ (၁၁) နှစ်မြောက်နေ့မှာ AA ရဲ့ တပ်စခန်းတွေအားလုံးမှာ အောင်လံတဝက်လွှင့်ထူ

    KIO ဗိုလ်သင်တန်းကျောင်းမှာ ကျဆုံးခဲ့ရတဲ့ ဗိုလ်လောင်းတွေရဲ့ (၁၁) နှစ်မြောက်နေ့မှာ AA ရဲ့ တပ်စခန်းတွေအားလုံးမှာ အောင်လံတဝက်လွှင့်ထူ

    ဒီကနေ့ နိုဝင်ဘာ ၁၉ ရက်နေ့ဟာ အာရက္ခတပ်တော် ( AA) ရဲ့ ဗိုလ်လောင်း ၈ ဦးအပါအဝင် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းအချို့က ဗိုလ်လောင်း (၂၃) ဦး ကျဆုံးခဲ့ရတဲံ့ နေ့ဖြစ်ပါတယ်။

    ဒီနေ့မှာ ကျဆုံးခဲ့ရတဲ့ ဗိုလ်လောင်းတွေကို ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ်အနေနဲ့ အာရက္ခတပ်တော်ရဲ့ စစ်ဒေသအသီးသီးမှာ တပ်တော်ရဲ့ အောင်လံတွေကို တဝက်လွှင့်တင်ခဲ့ကြတယ်လို့ ဒီကနေ့ “ ၁၉/၁၁ – ဇာခါလေ့သင့် မမိပါ” ဆိုတဲ့ ရခိုင်ဘာသာစကားနဲ့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

    ဒီဗိုလ်လောင်းတွေဟာ KIO/KIA ဝေကြိုင်ဘွမ် ဗိုလ်သင်တန်းကျောင်းမှာ စစ်ပညာဆည်းပူးနေစဉ် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ (၁၉) ရက်နေ့ နေ့ ခင်းဖက် (၁၂:၄၅) နာရီဝန်းကျင်မှာ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေနဲ့ အလစ်အငိုက် အကောက်ကြံ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဗိုလ်သင်တန်းကျောင်းဝင်းတနေရာမှာ တပြိုင်နက်တည်း အသက်ကြွေလွင့်ခဲ့ကြရပါတယ်။

    ဒီကနေ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့ဟာ AA ဗိုလ်လောင်း ၈ ဦးအပါအဝင် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းအချို့က ဗိုလ်လောင်း (၂၃) ဦး သွေးမြေကျခဲ့ရတဲ့ (၁၁) နှစ်ပြည့်မြောက်တဲ့နေ့ဖြစ်ပါတယ်။

    အာရက္ခတပ်တော်အနေနဲ့ နိုဝင်ဘာလ (၁၉) ရက်နေ့ကိုရောက်တိုင်း ကျဆုံးခဲ့ကြရတဲ့ ဗိုလ်လောင်းတွအတွက် ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနားကို စစ်ရေး၊နိုင်ငံရေးအခြေအနေပေါ်မှာ မူတည်ပြီး ဗိုလ်လောင်းများ လဲလျောင်းရာ အာဇာနည်ကုန်းမှာ လွမ်းသူ့ပန်းခွေတွေချကာ ဂါရဝပြုခြင်း၊ တပ်စခန်းတွေမှာ အောင်လံတဝက် လွှင့်ထူတာတွေးကို နှစ်စဉ်နှစ်တိုင်းပြုလုပ်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ဒီကနေ့ (၁၁) နှစ်ပြည့်နေ့မှာတော့ စစ်ရေးအခြေအနေအရ ကျဆုံးဗိုလ်လောင်းတွေအတွက် ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ်အခမ်းအနားကို အကျဉ်းချုပ်မျှသာ ပြုလုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

    အခုလို ကျင်းပခဲ့ရပေမယ့် အာရက္ခတပ်တော်အနေနဲ့ နိုဝင်ဘာ (၁၉) ရက်နေ့ကို ဘယ်တော့မှ မေ့မှာ မဟုတ်သလို ဗိုလ်လောင်းတွေရဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးဆပ်ခဲ့မှုတွေအပေါ် အမြဲတမ်း သတိရအောက်မေ့နေကြမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

  • ရွှေကုက္ကိုလ်မှ စက်ပစ္စည်းမှန်သမျှ လက်စဖျောက် ဖျက်ဆီးရန် စိုးဝင်း အမိန့်ထုတ်

    ရွှေကုက္ကိုလ်မှ စက်ပစ္စည်းမှန်သမျှ လက်စဖျောက် ဖျက်ဆီးရန် စိုးဝင်း အမိန့်ထုတ်

    ရွှေကုက္ကိုလ်မှ အွန်လိုင်းကွန်ရက်နှင့်ပတ်သက်သည့် စက်ပစ္စည်းမှန်သမျှ လက်စဖျောက် ဖျက်ဆီးရန် စိုးဝင်း အမိန့်ထုတ်

    မြန်မာ စကစ ဒုခေါင်းဆောင် စိုးဝင်းက ရွှေကုက္ကိုလ်မြို့သစ်အား စီးနင်းထားပြီး ၎င်းတို့ စစ်တပ်အနေ ဖြင့် ကျားဖြန့်ကွန်ရက်နှင့်ပတ်သက်သော ပစ္စည်းမှန်သမျှ လက်စဖျောက် ဖျက်ဆီးရန် အမိန့်ထုတ်ထားကြောင်း ထိုင်း ThaiPBS North သတင်းက နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းတွင် ရေးသားဖော်ပြခဲ့သည်။

    သတင်းများအရ ရွှေကုက္ကိုလ်အား KK Park ကဲ့သလို့ ဒိုင်းနမိုက်များဖြင့် ဖောက်ခွဲဖျက်ဆီးမည်လားဟု ဒွိဟဖြစ်နေချိန် ထိုင်းသတင်းများအရ BGF ခေါင်းဆောင်များနှင့် စစ်ကောင်စီတို့ မြ၀တီတွင် ရွှေကုက္ကိုလ်အရေး ဆွေးနွေးမှု အဆင်မပြေမှုများရှိသည်ဟုလည်း ဖော်ပြနေကြသည်။

    ThaiPBS North ၏ ဖော်ပြမှုတွင် DKBA နှင့် BGF တပ်များသည် ရွှေကုက္ကိုလ်မှ တရုတ်နိုင်ငံသားများ ရှောင်တိမ်းနိုင်ရန် သယ်ယူပို့ဆောင်ပေးနေသည်ဟု ဖော်ပြသလို ထိုင်းဘက်ခြမ်း မဲဆောက်မြို့ဘက်သို့ သောင်ရင်းမြစ်ဖြတ်ကျော်ကူးလာသည့် နိုင်ငံခြားသား ၃၉ ယောက်ကိုလည်း ထိုင်းစစ်တပ်က ဖမ်းဆီး ထားသည်ဟု ဆိုသည်။

    Ref: ThaiPBS North

  • အွန်လိုင်းငွေလိမ်ကွန်ရက်နဲ့  ရာဇဝတ်မှုတွေတိုက်ဖျက်ဖို့ နိုင်ငံတကာရဲ့ကြိုးပမ်းမှု ပူးပေါင်းဆောင်ရွက်ဖို့ကတိပြုကြောင်း KNU ထုတ်ပြန်

    အွန်လိုင်းငွေလိမ်ကွန်ရက်နဲ့ ရာဇဝတ်မှုတွေတိုက်ဖျက်ဖို့ နိုင်ငံတကာရဲ့ကြိုးပမ်းမှု ပူးပေါင်းဆောင်ရွက်ဖို့ကတိပြုကြောင်း KNU ထုတ်ပြန်

    ငွေလိမ်လုပ်ငန်းကအကျိုးအမြတ်ရနေတဲ့မြန်မာစစ်တပ်နဲ့ပူးပေါင်းပါက မအောင်မြင်နိုင်ဟု သတိပေး

    နိုင်ငံဖြတ်ကျော် အွန်လိုင်းငွေလိမ်မှုကွန်ရက်တွေ လည်ပတ်ဆောင်ရွက်နေမှုတွေနဲ့ ဆက်စပ် ရာဇဝတ်မှုတွေကို နိုင်ငံတကာက တိုက်ဖျက်ရေး ကြိုးပမ်းမှုမှာ ပူးပေါင်းဆောင်ရွက်ဖို့ ကတိကဝတ်ပြုကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)က ဒီကနေ့ နိုဝင်ဘာ ၁၉ရက်မှာ ထုတ်ပြန်ပါတယ်။

    အလွန်ရှုပ်ထွေးပြီး နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ ကြီးမားတဲ့နိုင်ငံဖြတ်ကျော် ရာဇဝတ် ကွန်ရက်တွေကို ဖြိုခွင်းဖျက်ဆီးဖို့အတွက် ထိခိုက်ခံစားနေရတဲ့ နိုင်ငံတွေအားလုံးအပါအဝင် ဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအကြား ခိုင်မာသော ကတိကဝတ်၊ အားကောင်းသော ခေါင်းဆောင်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုဖြင့်သာ ထိရောက်အောင်မြင်နိုင်မယ်လို့ ယုံကြည်ကြောင်း ဖော်ပြပါတယ်။

    KNUဟာ အရှေ့တောင်အာရှဒေသရှိ အွန်လိုင်းငွေလိမ်မှုလုပ်ငန်းတွေနဲ့ ဆက်စပ်ရာဇဝတ်မှုတွေ နှိမ်နင်းရေးအတွက် နိုင်ငံတကာရဲ့ ဖွဲ့စည်းထူထောင်မှုတွေနဲ့ ကြိုးပမ်းမှုတွေကို ကြိုဆိုပြီး အဲဒီ ဆောင်ရွက်မှုတွေမှာ KNU က တစိတ်တပိုင်းအဖြစ် ပါဝင်သွားဖို့ ကတိပြုတယ်လို့ ထုတ်ပြန်ပါတယ်။

    မကြာသေးမီက နိုင်ငံတကာရဲ့ ဖွဲ့စည်းထူထောင်မှု၊ ကြိုးပမ်းတွေကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒါတွေကတော့ ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အွန်လိုင်းလိမ်လည်သူများကို တိုက်ဖျက်ရေး၊ ဒေသတွင်းလုံခြုံမှုအတွက် အကာအကွယ်ပေးရေးနဲ့ ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်မှုကို မြှင့် တင်ရေးတို့မှာ ဦးဆောင်သွားဖို့ရယ် ထိုင်းတော်ဝင်အစိုးရရဲ့ ကြေညာချက်နဲ့ ထောက်လှမ်းရေး ဆိုင်ရာ မျှဝေမှုတွေကို မြှင့်တင်သွားဖို့၊ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်နေသော အဖွဲ့တွေကို နှိမ်နှင်း ရေးအတွက် ပူးတွဲစစ်ဆင်ရေးတွေ ဆောင်ရွက်သွားဖို့ စတာတွေအပေါ် ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုကွန်ရက် ဖွဲ့စည်းသွားဖို့ ထိုင်းနိုင်ငံရဲ့ အဆိုပြုချက် တို့ဖြစ်ပါတယ်။

    ဒါ့အပြင် အမေရိကန်ပြည်ထောင်စုက ကမကထပြု ဖွဲ့စည်းတည်ထောင်သော Scam Center Strike Force နဲ့ မြန်မာနိုင်ငံတွင်ရှိသော အွန်လိုင်းငွေလိမ်မှုစင်တာတွေကို စစ်ဆင်ရေးများ ဆောင်ရွက်ဖို့ Royal Thai Police War Room Task Force နဲ့အတူ ပူးပေါင်းပြီး Strike Force Burma အဖွဲ့ရဲ့ ကြိုးပမ်းမှု။ နိုင်ငံတကာဖြတ်ကျော် ဆက်သွယ်ရေးနဲ့ အွန်လိုင်းလိမ်လည်မှုတွေကိုပူးတွေ အရေးယူ ဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်ဖို့ အချိန်နဲ့ တပြေးညီ အချက်အလက်မျှဝေမှုယန္တရား၊ ဆိုက်ဘာ ဆိုင်ရာ ဆက်ဆံရေးအရာရှိတွေနဲ့ ပိုမိုတင်းကြပ်သော ဖုန်းဆင်းကဒ်မှတ်ပုံတင်ခြင်းတို့ကို လက်ခံ ကျင့်သုံးဖို့ မဲခေါင်-လန်ချန်း နိုင်ငံခြောက်နိုင်ငံ (တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်) အကြား သဘောတူညီချက် တို့ စတာတွေ ဖော်ပြပါတယ်။

    ဒါပေမဲ့ မြန်မာနိုင်ငံရှိ အွန်လိုင်းငွေလိမ်မှုတိုက်ဖျက်ရေးကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့လှုပ်ရှား မှုဟာ အစိုးရအချင်းချင်းဗဟိုပြုချဉ်းကပ်မှုပုံစံကိုစွဲကိုင်ပြီး မြန်မာစစ်တပ်နဲ့သာ ပူးပေါင်းမည်ဆိုပါက ထိရောက်အောင်မြင်နိုင်မှုမရှိတဲ့အပြင် ပြည်သူလူထုအပေါ် မလိုလားအပ်သော ဆိုးကျိုးများ သက်ရောက်လာနိုင်ကြောင်း KNUက သတိပေးပါတယ်။

    ” မြန်မာစစ်တပ်သည် ထိုအွန်လိုင်းငွေလိမ်မှုလုပ် ငန်းများ ဖြစ်ပေါ်လာရေးကို တစ်ဖက်တလှမ်းမှ အားပေးသကဲ့သို့ ၎င်းလုပ်ငန်းများမှ အကျိုးအမြတ်ရ ရှိနေသည့် အဖွဲ့အစည်းဖြစ်နေသောကြောင့်ဖြစ်ပါသည်။ ထို့အပြင် မြန်မာစစ်တပ်သည် အွန်လိုင်း ငွေလိမ်မှုလုပ်ငန်းများကို နိုင်ငံတကာနှင့်အတူ တိုက်ဖျက်မည်ဟုအကြောင်းပြ၍ ၎င်းတို့၏ နိုင်ငံတကာ သံတမန်ဆက်ဆံရေးများ ချဲ့ထွင်ရန်၊ ၎င်းတို့ အုပ်ချုပ်ရေး တရားဝင်မှုရရှိရန်နှင့် အင်အားအလွန်အကျွံ သုံးစွဲခြင်းအတွက် အခွင့်ကောင်းယူကာ ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက်၍ ပိုမိုကျူးလွန်သွားမည်ကို မိမိတို့ အလွန်စိုးရိမ်မိပါသည်” လို့ KNUက ထုတ်ပြန်ပါတယ်။

    စိုးရိမ်မှုကြီးထွားလာစေသော အကြောင်းအရာနောက်ထပ်တစ်ခုမှာ မြန်မာစစ်တပ်နဲ့ ကရင် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) တို့ ပူးပေါင်းပြီး KK Park ရှိအွန်လိုင်းငွေလိမ်စင်တာများကို အင်အားသုံးဖြို ခွင်းရာမှ ထွက်ပြေးလာသူတွေဟာ KNU အုပ်ချုပ်ရေးနယ်မြေသို့ ရောက်ရှိလာကြခြင်းဖြစ်တယ်လို့လည်း KNUက ထုတ်ပြန်ပါတယ်။အထူးသဖြင့် ဒူးပလာယာခရိုင်နဲ့ ဖားအံခရိုင်တို့ဟာ အဲဒီ ပြဿနာကို လက်ငင်းကြုံနေရတယ်လို့ အသိပေးပါတယ်။

    ရောက်ရှိလာသူတွေဟာ အတင်းအကြပ်အဓမ္မစေခိုင်းခံရသူများ သို့မဟုတ် အွန်လိုင်းငွေလိမ်မှု လုပ်ငန်းတွေမှာ အောက်ခြေသာမန်ဝန်ထမ်းများသာဖြစ်သည်ဟု ယူဆရတယ်လို့ ဖော်ပြပါတယ်။

    ရာဇဝတ်ဂိုဏ်းတွေရဲ့တာဝန်ရှိ အကြီးပိုင်းပုဂ္ဂိုလ်တွေကို ကြိုတင်၍ လုံခြုံသောနေရာများသို့ ရွှေ့ပြောင်းထားပြီးဖြစ်ကြောင်းထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ ယှဉ်ထိုးကြည့်ရင် အခုလို အငယ်ပိုင်းနဲ့ သာမန်ဝန်ထမ်းတွေကို အစီစဉ်တကျမဟုတ်ဘဲ ဖြိုခွင်းနှင်ထုတ်ခြင်းဟာ ပြဿနာရဲ့ အရင်းခံအကြောင်းရင်းကို ဖြေရှင်းနိုင် ခြင်းမရှိဘဲ နယ်စပ်ဒေသတွေမှာ မတည်ငြိမ်မှုများ ပိုမိုဆိုးရွာစေမယ်လို့ KNUက ထုတ်ပြန်ပါတယ်။

    KNU အနေနဲ့ နိုင်ငံဖြတ်ကျော် အွန်လိုင်းငွေလိမ်မှုကွန်ရက်တွေနဲ့ ၎င်းနှင့်ဆက်စပ်ရာဇဝတ်မှုများဖြစ်တဲ့ လိမ်လည်မှုတွေ၊ ငွေကြေးခဝါချမှုတွေ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေနဲ့ လူကုန်ကူးမှုတွေကို တိုက်ဖျက်သွားဖို့နဲ့ ပပျောက်ဖို့ ရည်ရွယ်ပြီး နိုင်ငံတကာနဲ့ ဒေသတွင်းကြိုးပမ်းမှုများအား လုံးမှာ လေးနက်သောတာဝန်ယူမှု၊ ကတိကဝတ်ပြုမှုနဲ့အတူ တက်ကြွစွာအပြည့်အဝပူးပေါင်း ဆောင်ရွက်သွားဖို့ အသင့်ရှိကြောင်းလည်း ဖော်ပြထားပါတယ်။

    ပြည်သူ၊ လူအများရဲ့ လုံခြုံရေးကို ကြီးမားစွာခြိမ်းခြောက်နေသော ရာဇဝတ်လုပ်ငန်းများ တားမြစ်တိုက်ဖျက်ရေးကို ထိထိမိမိဦးစားပေးဆောင်ရွက်နိုင်ဖို့နဲ့ ထိုင်းနိုင်ငံ၊ နိုင်ငံတကာ အဖွဲ့အ စည်းတွေရဲ့ ကြိုးပမ်းမှာ ထိရောက်စွာ ကူညီပံ့ပိုးနိုင်ဖို့ KNU၏ အဆင့်မြင့်ခေါင်းဆောင်များပါဝင်တဲ့ အထူးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး မြေပြင်ရှိ တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ဆောင်ရွက်လျက်ရှိတယ်လို့ အသိပေးပါတယ်။

    KNUဟာ ကောင်းမွန်သောအုပ်ချုပ်မှုကို မြှင့်တင်ဖို့ လူ့ဂုဏ် သိက္ခာကို ကာကွယ်ဖို့နဲ့ အုပ်ချုပ်မှုအောက်ရှိ နယ်မြေအားလုံးမှာ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ကတိကဝတ်အား ခိုင်မာစွာဖြင့် ထပ်လောင်း အတည်ပြုကြောင်း ထုတ်ပြန်ပါတယ်။

    အွန်လိုင်းငွေလိမ်မှုစင်တာတွေ၊ လူကုန်ကူးမှုနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ရပ်ရွာအသိုက်အဝန်းတွေနဲ့ အတူတကွ ဆက်စပ်ယှဉ်တွဲနေ ထိုင်နေကြတဲ့အသိုက်အဝန်းတွေရဲ့ ကောင်းကျိုးချမ်းသာအတွက် ကြီးမားသော ခြိမ်းခြောက်မှုများ အဖြစ် ရှုမြင်ကြေငာ်းလည်း ဖော်ပြပါတယ်။

    ဒါ့အပြင် အွန်လိုင်းငွေလိမ်စင်တာတွေအတွင်း ပိတ်မိနေတဲ့ သို့မဟုတ် ထွက်ပြေးလာတဲ့ များစွာသော မြန်မာနိုင်ငံသားတွေ၊ ဒေသတွင်းမှရွှေ့ပြောင်းအလုပ်သမားတွေနဲ့ အခြားနိုင်ငံသားတွေကို ကယ်ဆယ် ရေး၊ မည်သူမည်ဝါသတ်မှတ်ရေးနဲ့ ဘေးကင်းစွာနေရပ်ပြန်ပို့ရေးတို့အတွက် ညှိနှိုင်းကူညီမှုများစွာ လိုအပ်နေကြောင်းလည်း အသိပေးပါတယ်။

    အဲဒီ လုပ်ငန်းတွေနဲ့အတူအွန်လိုင်းငွေလိမ်မှုနဲ့ အခြားဆက်စပ်ရာဇဝတ်မှုတွေကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရေး KNU အနေနဲ့ နိုင်ငံ တကာအသိုင်းအဝိုင်းနဲ့ ဒေသတွင်းမိတ်ဖက်အဖွဲ့အစည်းများထံမှ နည်းပညာနဲ့ အကြံပေးပံ့ပိုး ကူညီမှုများလိုအပ်သလို အပြုသဘောဆောင်သောဝေဖန်မှုများကိုလည်း ကြိုဆိုကြောင်း ထုတ်ပြန်ပါတယ်။

    နိုင်ငံတကာသံတမန်အသိုင်းအဝိုင်းအနေနဲ့ လူကုန်ကူးခံရသူတွေနဲ့ အွန်လိုင်းငွေလိမ်စင်တာတွေမှာ အနိုင်ကျင့်အမြတ်ထုတ်ခံရသူတွေကို အကာအကွယ်ပေးရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ မြန်မာ့ ဒီမိုကရေစီအရေးအတွက် တော်လှန်လှုပ်ရှားနေသော အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းတွေ၊ အခြားသက်ဆိုင်ရာအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အလေးအနက် တိုက်တွန်းကြောင်းလည်း KNUက ဖော်ပြပါတယ်။

    အတင်းအကြပ်စေခိုင်းခံရမှု သို့မဟုတ် အလွဲသုံးစားအနိုင်ကျင့်ခံရမှုများမှ ထွက်ပြေးလာသူများအတွက် ခိုလှုံစရာများ၊ အရေးပေါ်ဝန်ဆောင်မှု တွေနဲ့ အကာအကွယ်ပေးတဲ့ ယန္တရားတွေအပါအဝင် နယ်စပ်တလျှောက်မှာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကူညီပံ့ပိုးမှုများ အားကောင်းစေဖို့ အလေးအနက်တောင်းဆိုကြောင်း KNUက ထုတ်ပြန်ပါတယ်။

    (KK Parkကနေ ထွက်ပြေးလာကြတဲ့ နိုင်ငံခြားသားတွေနဲ့ KK Park ကို တွေ့ရစဉ်။ ဓာတ်ပုံ – The Reporters)

  • ကျောက်ဖြူမင်းပြင်မှာ ဝင်ရောက်ခြေကုတ်ယူထားတဲ့ စစ်ကြောင်း ၂ကြောင်းအနက် တစ်ကြောင်းကို AA တိုက်ခိုက်ချေမှုန်း

    (အသေအပျောက်များတဲ့အတွက် အကြမ်းဖက်လေတပ်က အပြင်းအထန် ဗုံးကြဲတိုက်ခိုက်)

    ကျောက်ဖြူမြို့နယ် မင်းပြင်ရွာမှာ ဝင်ရောက် ခြေကုတ်ယူထားတဲ့ စစ်ကြောင်းနှစ်ကြောင်းအနက် တစ်ကြောင်းကို အာရက္ခတပ်တော် (AA) က ဝင်ရောက်တိုက်ခိုက် ချေမူန်းတဲ့အတွက် စစ်တပ်က အကျအဆုံးများတာကြောင့် အကြမ်းဖက် လေတပ်က ဂျက်ဖိုက်တာနဲ့ လက်ရှိ ညနေ ၇ နာရီ အချိန်ထိ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

    မင်းပြင် မိုးလေဝသ ရေဒါအဆောက်အဦရှေ့မှာ ဝါဒဖြန့် ဓာတ်ပုံရိုက်ရန် တန်းစီနေစဉ် AA တိုက်ခိုက်တဲ့အတွက် စစ်သားတွေအများအပြားသေဆုံးပြီးနောက် အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်း ၂ ကြောင်းဟာ မင်းပြင်ရွာထဲနဲ့ မိုးလေဝသရေဒါစခန်းထဲမှာ ဝင်ရောက် တပ်စွဲနေရာယူထားခဲ့ပါတယ်။

    အဲဒီနောက် မင်းပြင်ကျေးရွာ မိုးလေဝါသ ရေဒါစခန်းနဲ့ ရဲစခန်းတို့မှာ အဓိကခြေကုတ်ယူထားတဲ့ အကြမ်းဖက်စစ်တပ်ဟာ အနီးပတ်ဝန်းကျင်ကျေးရွာတွေကို ဒရုန်းအပါအဝင် လက်နက်ကြီးတွေနဲ့ နှောင့်ယှက် ဖျက်ဆီးတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်ခဲ့တယ်လို့ စစ်မြေပြင် သတင်းရင်း မြစ်တစ်ဦးက ပြောပါတယ်။

    ခုလို ပြုလုပ်နေတဲ့ အတွက် စစ်တပ် စစ်ကြောင်း ၂ ခု အထဲက မင်းပြင်ရွာထဲမှာ ဝင်ရောက်နေရာယူ တပ်စွဲထားတဲ့ စစ်ကြောင်းကို ဒီကနေ့ နိုဝင်ဘာ ၁၉ ရက် နေ့လယ်က အေအေက အပြင်းအထန် ဝင်ရောက်တိုက်ခိုက် ချေမှုန်းတဲ့အတွက် စစ်တပ်ဘက် အကျအဆုံးများပြီး စစ်သား ၁၀ ကျော်လည်း အေအေဆီမှာ အဖမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

    “ရွာထဲနဲ့ရွာပြင်တွေမှာရှိနေတဲ့ စစ်သားတွေကို အဲဒါကိုအကုန်စီးနင်း တိုက်ခိုက်လိုက်တာ။ စစ်တပ်အကုန်ချေမူန်းခံလိုက်ရတယ်”လို့ သူက ပြောပါတယ်။

    အဲသလို တိုက်ခိုက်အပြီး အေအေက ဖမ်းဆီးရမိသူနဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းနေချိန်မှာ မိုးလေဝါသစခန်းက စစ်ကူစစ်ကြောင်းတွေ စုပေါင်းရောက်လာရာမှာ နာရီဝက်လောက် နှစ်ဖက် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ သူက ပြောဆိုပါတယ်။

    အခုလို တိုက်ပွဲဖြစ်ပြီးနောက် မင်းပြင်ရွာအနီးဝန်းကျင် နေရာတွေကို လက်ရှိ ည ၆ နာရီကျော် ၇ နာရီထိ လေယာဉ်တွေနဲ့ အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ပြောပါတယ်။

    ဒီလ ၁၄ ရက်နေ့ နံနက် (၁၀) နာရီခန့်က မင်းပြင် မိုးလေဝသ ရေဒါစခန်းထဲမှာ ဓာတ်ပုံ ရိုက်ဖို့ စီတန်းနေတဲ့ စစ်သားတွေကို အေအေက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် စစ်သား ၂၀ ခန့်သေဆုံးကာ ဒဏ်ရာရသူတွေလည်း ရှိခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါသေးပါတယ်။

  • တီးတိန်မြို့အနီး တိုက်ပွဲတွင် ဆေးတပ်ဗိုလ် ၁ ဦးအပါအဝင် စစ်သား ၇ ဦးပွဲချင်းပြီး သေဆုံး

    တီးတိန်မြို့အနီး တိုက်ပွဲတွင် ဆေးတပ်ဗိုလ် ၁ ဦးအပါအဝင် စစ်သား ၇ ဦးပွဲချင်းပြီး သေဆုံးပြီး ခလရ ၅၀ တပ်ရင်းမှ ပြောင်းရွှေ့သွားသည့် ဗိုလ်မှူး လှမျိုးထွဋ် အပါအဝင် ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိ

    ချင်းပြည်နယ်၊ တီးတိန်မြို့အနီးတိုက်ပွဲတွင် ဆေးတပ်ဗိုလ် ၁ ဦးအပါအဝင် ၇ ဦးပွဲချင်းပြီး သေဆုံး ပြီး ခလရ ၅၀ တပ်ရင်းမှ ပြောင်းရွှေ့သွားသည့် ဗိုလ်မှူး လှမျိုးထွဋ် အပါအဝင် ၄ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ယောအလင်းတန်းမှ ကိုမင်းဒဿက ပြော ကြားသည်။

    နိုဝင်ဘာလ ၁၀ ရက်နေ့က တီးတိန်မြို့မှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ချင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ဗျူဟာမှူး လှမျိုးထွဋ်အပါအဝင် တပ်စိပ်တစ်ခု လုံး တိုက်ခိုက်ခံရပြီး ဆေးတပ်မှ ဗိုလ် ၁ ဦးအပါအဝင် ၇ ဦးပွဲချင်းပြီးသေဆုံးကာ ဗျူဟာမှူးလှမျိုး ထွဋ် အပါအဝင် ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာအပြင်းအထန်ရရှိသည့် ဗျူဟာမှူး လှမျိုးထွဋ်အပါအဝင် စစ်သား ၄ ဦးကို တီးတိန်မြို့ဆေးရုံ၌ တင်ပို့ကုသထားကြောင်း သိရသည်။

    “သတင်းက အတည်ဖြစ်ပါတယ်။ တီးတိန်ဆေးရုံမှာ တက်နေတာပါ။ ရှေ့တန်းထွက်တာက သူနဲ့ အတူတူက တပ်စိပ်တစ်စိပ်၊ သူအပါအဝင် ၁၁ ဦး၊ အဲဒီမှာ ၇ ယောက်က ပွဲချင်းပြီးကျတာ၊ သေတဲ့ အထဲမှာ ဆေးတပ်က ဗိုလ်တစ်ဦးပါတယ်လို့ သိရပါတယ်။ တီးတိန်မြို့နားက တိုက်ပွဲမှာပါပဲ။ နောက် ဆက်တွဲ သေလား၊ ဆက်ရှင်နေသေးလားတော့ အတည်ပြုမရသေးဘူး၊ သူ့ Facebook အကောင့်က တော့ မတွေ့ရတော့ဘူး” ဟု ယောအလင်းတန်းမှ ကိုမင်းဒဿက ပြောကြားသည်။

    ဝမ်းဗိုက်ကျည်ထိမှန် ဒဏ်ရာ၊ ညာဘက်ပေါင် ကျည်ထိမှန် ဒဏ်ရာတို့ဖြင့် တီးတိန်မြို့ဆေးရုံ၌ တက် ရောက်ကုသမှုခံယူနေရသည့် ဗျူဟာမှူး ဗိုလ်မှူး လှမျိုးထွဋ်သည် အနောက်မြောက်တိုင်း စစ်ဌာန ချုပ် -နမခ တိုင်းမှူးအမိန့်ဖြင့် ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်ရင်းမှ ချင်းပြည်နယ်၊ တီးတိန်မြို့ အခြေစိုက် ခလရ ၂၆၉ တပ်ရင်းသို့ အောက်တိုဘာ လအတွင်း ပြောင်းရွှေ့ရသူဖြစ်ကြောင်း သိရ သည်။

    “မိသားစုက ပါမယ်မထင်ဘူးဗျ။ ဂန့်ဂေါမှာလည်း သူတစ်ယောက်ပဲ၊ မိသားစုက တခြားမှာ။ သူ့မိခင် တပ်ရင်းက တပ်မ ၇၇ ကပါ၊ ရခိုင် ပြည်နယ်၊ နခခ ၅ မှာလည်း တာဝန်ကျဖူးတယ်။ နခခ ၅ မကျမီ သူက မကွေးကိုပြောင်းတယ်။ မကွေးကနေမှ ဂန့်ဂေါကိုရောက်တာ။ ယောဒေသကို ကလောတပ် ၅၅ နဲ့ တပ်မ ၇၇ က တပ်သားတွေ ရောပို့ထားတာ။ တပ်မ ၅၅ ကို ပြန်ခေါ်ပြီးရင် တပ်မ ၇၇ကို ပြန်ပို့ တယ်။ အဲလိုမျိုးပေါ့၊ ချင်းပြည်နယ်ပြောင်းကာစက ချင်းစာမိတော့မယ်လို့ ကျနော်တို့က ပြောခဲ့ဖူး တယ်။ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့က လယ်မရွာ လူသတ်မှုက သူ့လက်ချက်ပဲ” ဟု ယောအလင်းတန်း မှ ကိုမင်းဒဿက ရှင်းပြသည်။

    ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့ နံနက် ၂ နာရီ ခန့်တွင် ဂန့်ဂေါမြို့နယ်၊ ခလရ ၅၀ တပ်ရင်းမှ ထွက်လာ သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် လယ်မရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာနေ ကလေးငယ်များအပါအဝင် လူငယ် ၁၁ ဦးကို ပစ်သတ်ကာ ပြည်သူများကိုလည်း ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရှိရသည်။

    အကြမ်းဖက် စစ်ကောင်စီ တပ်သားများ သတ်ဖြတ်သွားသော ပြည်သူ ၁၁ ဦးမှာ အသက် ၂၄ နှစ် အရွယ် ကျော်စန်းခိုင် ၊ အသက် ၂၃ နှစ်အရွယ် သက်ပိုင်ဦး ၊ အသက် ၃၉ နှစ်အရွယ် အောင်ကြည်မင်း ၊ အသက် ၂၅ နှစ်အရွယ် နေလင်းဦး ၊ အသက် ၂၇ နှစ်အရွယ် ညီလေး ၊ အသက် ၁၉ နှစ်အရွယ် ဂျွန် ကိုဝင်း ၊ အသက် ၁၅ နှစ်အရွယ် သီဟလင်း ၊ အသက် ၁၅ နှစ်အရွယ် မျိုးသီဟ ၊ အသက် ၁၂ နှစ်အ ရွယ် လျှံထွန်း ၊ အသက် ၁၉ နှစ်အရွယ် ကျော်မြတ်သူ နှင့် အသက် ၁၃ နှစ်အရွယ် မှိုင်းဝေ တို့ဖြစ် ကြောင်း သိရသည်။

    ဓာတ်ပုံ- တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသော စစ်သားတစ်ဦး။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)