Tag: News

  • ဖလမ်းတပ်ကုန်းမှ စစ်သားများ စစ်ကောင်စီကိုကာကွယ်ပေးမည်ဆိုပါက လွတ်လမ်းနည်းမည်

    ဖလမ်းတပ်ကုန်းမှ စစ်သားများ စစ်ကောင်စီကိုကာကွယ်ပေးမည်ဆိုပါက လွတ်လမ်းနည်းမည်

    ဖလမ်းတပ်ကုန်းမှ စစ်သားများ စစ်ကောင်စီကိုကာကွယ်ပေးမည်ဆိုပါက လွတ်လမ်းနည်းမည်ဟု CNO ဒုဥက္ကဋ္ဌ သတိပေး

    “ကမ္ဘာမကျေတဲ့ ရန်သူအဆင့်မရောက်ခင် ကျွန်တော်တို့မြို့ကို ပြန်ပေးပါ။ သွားလိုရာနေရာကို သွားခွင့်ပေးမှာပါ”

    ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF) အပါအဝင် ချင်းညီနောင်မဟာမိတ်များက ဖလမ်း မြို့သိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိရာ ဖလမ်းစစ်ကောင်စီတပ်အနေဖြင့် စစ်ကောင်စီကို အကာအကွယ်ပေးပြီး ပြည်သူကိုရန်သူအဖြစ် သတ်မှတ်နေမည်ဆိုပါက လွတ်လမ်းနည်းမည်ဟု CNO ဒုဥက္ကဋ္ဌ(၁) ဆလိုင်းပီတာထန်းက သတိပေးသည်။

    ပြီးခဲ့သည့်ရက်ပိုင်းက ဆလိုင်းပီတာထန်းက ဖလမ်းမြို့ရှိ ခလရ(၂၆၈)တပ်ကုန်းသို့ လိပ်မူထားသည့်စာကို ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့ခြင်းနှင့်ပတ်သက်ပြီး မေးမြန်းရာ ယခုကဲ့သို့ ဖြေကြားလာခြင်းဖြစ်သည်။

    ဖလမ်းမြို့အခြေစိုက် ခလရ(၂၆၈) တပ်ကုန်းအပါအဝင် လက်ကျန်စစ်ကောင်စီတပ်များကို CNDFပါဝင်သည့် ချင်းညီနောင်မဟာမိတ်များက တိုက်ခိုက်လျက်ရှိရာ အောင်မြင်မှုအချို့ ရရှိထားပြီး မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေး ကြိုးပမ်းလျက်ရှိသည်။

    ဖလမ်းမြို့အခြေစိုက် စစ်ကောင်စီတပ်များ အသက်စွန့် ကာကွယ်နေခြင်းသည် ပြည်သူအတွက်မဟုတ်ဘဲ စစ်ကောင်စီကို ကာကွယ်ရင်း အသက်ပေးနေကြခြင်းဖြစ်ကြောင်း ဆလိုင်းပီတာထန်းက ပြောသည်။

    ” သူတို့ကိုပြန်တိုက်နေတဲ့ သူတွေဆိုတာ သူတို့ကာကွယ်နေပါတယ်လို့ ထင်ထားတဲ့ ပြည်သူတွေထဲက မခံမရပ်နိုင်လို့ ပြန်တိုက်နေတဲ့သူတွေပါ။စကစ ကို ကာကွယ်နေရင်း အသက်စွန့်ရတာ တန်ရဲ့လားလို့ မေးချင်ပါတယ်။ စကစကို ကာကွယ်နေသမျှကာလပတ်လုံး ပြည်သူ့ရန်သူဖြစ်နေမယ်။ အထူးသဖြင့် တိုင်းရင်းသားဒေသမှာ ရှိတဲ့အချိန်မှာ ပြည်သူ့ရန်သူအဖြစ်ရပ်တည်မယ်ဆိုရင် လွတ်လမ်း အရမ်းနည်းပါတယ်”ဟု ဆလိုင်းပီတာထန်းက ဖြေကြားသည်။

    ပြီးခဲ့သည့် ရက်က ဆလိုင်းပီတာထန်းက ဖလမ်းမြို့ရှိ စစ်ကောင်စီ​၏ တပ်ကုန်းသို့ လိပ်မူထားသည့် စာတွင်လည်း ” ဖလမ်းတပ်ကုန်းကို အသေအလဲ ကာကွယ်တာ ဘာအတွက်လဲ။ ကျွန်တော်တို့လိုချင်တာ ခင်ဗျားတို့ရဲ့အသက်မဟုတ်ပါဘူး။ ကိုယ့်မြို့ကို ပြန်လိုချင်ရုံပါ။ ကျွန်တော်တို့ရဲ့မြို့ကို ကျွန်တော်တို့ ပြန်ယူနေတာက ကျွန်တော်တို့အတွက်တော့ သမိုင်းပေးတာဝန်ပါ။ အဲတာအတွက် ကိုယ့်အသက်စွန့်ရလည်း ကိုယ့်မြို့အတွက် ကိုယ်ဟာ သူရဲကောင်းအဖြစ်နဲ့ ရှိနေမှာ။ ခင်ဗျားတို့ကျတော့ သူတပါးမြို့ကို ဖျက်စီးတဲ့သူတွေအဖြစ် သမိုင်းမှာ တွင်ကျန်ရစ်တော့မှာ။ ကမ္ဘာမကျေတဲ့ ရန်သူအဆင့်မရောက်ခင် ကျွန်တော်တို့မြို့ကို ပြန်ပေးပါ။ သွားလိုရာနေရာကို သွားခွင့်ပေးမှာပါ ”ဟု ရေးသားထားသည်။

    ထို့အပြင် ဖလမ်းမြို့ကို ထားခဲ့ပြီးထွက်ခွာမည်ဆိုပါက ဆက်သွယ်နိုင်ကြောင်းလည်း ဆလိုင်းပီတာထန်းက အသိပေးရေးသားထားသည်။

    CNO၏လက်နက်ကိုင်တပ်ဖြစ်သည့် ချင်းအမျိုးသားကာကွယ်ရေးတပ် CNDFက ဒီဇင်ဘာ ၁၃ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ရာ ဖလမ်းမြို့တွင်းသို့ ဝင်ထွက်သွားခြင်း မပြုကြောင်း ပြည်သူသို့ အသိပေးထားပြီး အရေးပေါ် ကိစ္စရှိပါက သက်ဆိုင်ရာ စစ်ရေးတာဝန်ရှိသူထံ အကြောင်းကြား အသိပေးရန် ဖော်ပြသည်။

    ဖလမ်းမြို့တွင် ချင်းညီနောင်က တိုက်ပွဲဆင်နွှဲလျက်ရှိရာ လုံခြုံရေးနှင့် စစ်ရေးအခြေအနေအရ ဖလမ်းမြို့အတွင်းသို့ စစ်ရေးတိုက်ပွဲဝင်နေသူများမှအပ မည်သူ့မဆို မြို့တွင်းဝင်ထွက် သွားလာခွင့်မပြုဟု အသိပေးထားသည်။

    CNO/CNDF၏ အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလီယံချင်းကလည်း ဖလမ်းမြို့သိမ်း တိုက်ပွဲ တစ်လအတွင်း အောင်မြင်မှုအချို့ရရှိထားပြီး အဖက်ဖက်ကကျဆုံးနေသည့် စစ်ကောင်စီတပ်ကလည်း လေလေကြာင်း ပစ်ကူပေးနေ၍အလုံးစုံ အောင်မြင်နိုင်ရေး ပြည်သူများ၏ ရပ်တည်မှု ၊ ဆုတောင်းပေးမှု ၊လက်နက်ခဲယမ်းနှင့် ကျည်များ ထောက်ပံ့မှု လိုအပ်နေကြောင်း အသိပေးထားပြီး ပါဝင်အားဖြည့်ပေးရန် ဖိတ်ခေါ်ထားသည်။

    ချင်းညီနောင်သည် ဖလမ်းမြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့် တပြိုင်တည်းတွင် မင်းတပ်မြို့သိမ်းတိုက်ပွဲကိုလည်း ဖော်ဆောင်လျက်ရှိသည်။

    စစ်ရေးသတင်းလုံခြုံရေးအရ တိုက်ပွဲသတင်းများ ထုတ်ပြန်မှုမရှိသော်လည်း မင်းတပ်နှင့် ဖလမ်းမြို့သိမ်း တိုက်ပွဲအောင်မြင်မှုများရရှိထားဟု ချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့များမှ တာဝန်ရှိသူ အချို့က အသိပေးထားသည်။ ချင်းညီနောင်သည် မဟာမိတ်ရက္ခိုင့်တပ်တော်(AA)နှင့်အတူ ချင်းပြည်နယ် မတူပီမြို့နှင့် ကျင်ဒွေးမြို့ တို့ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

    (ဖလမ်းမြို့ရှိ စစ်ကောင်စီတပ်စွဲရာနေရာနှင့် ချင်းညီနောင်အဖွဲ့မှ ရဲဘော်များနှင့် CNO ဒုဥက္ကဋ္ဌ(၁) ဆလိုင်းပီတာထန်း။ ဓာတ်ပုံ – The Chin Jouranl)

  • ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီကင်းပုန်းအဖွဲ့တိုက်ခိုက်ခံရ ၃ပွင့်အရာရှိတစ်ဦးအပါဝင် ၅ ဦးသေ

    ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီကင်းပုန်းအဖွဲ့တိုက်ခိုက်ခံရ ၃ပွင့်အရာရှိတစ်ဦးအပါဝင် ၅ ဦးသေ

    မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းအနီး သပြေနီကျေးရွာအနီး နဂါးလိမ်ကုန်းကွေ့၌ကင်းပုန်းလာသည့်စစ်ကောင်စီတပ်ဖွဲ့များကို တော်လှန်ရေးပူးပေါင်းတပ်များက ဒီဇင်ဘာလ ၁၂ ရက်နေ့လယ်တွင်တိုက်ခိုက်ခဲ့တယ်လို့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တပ်မှူးတစ်ဦးမှ ပြောပါသည်။

    တိုက်ပွဲဖြစ်ပွားရာတွင် ၆ ဘီးကားပုံစံပြောင်း အင်အား ၄၀ ဦးခန့်ပါသည့် စစ်ကာင်စီလက်အောက်ခံနပ်များ သည်ကင်းပုန်းဝပ်ရန်အတွက်လာရောက်ကြသည်ကိုတွေ့ရှိသဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ အနီးကပ် ပိုင်နိုင်စွာပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါသည်။

    တိုက်ခိုက်မှုအတွင် စစ်ကောင်စီဘက်မှ ၃ ပွင့်အရာရှိတစ်ဉီးနှင့်တပ်သား ၄ ဦး ပေါင်း ၅ ဦးသေဆုံးကာ သေနတ် ၁ လက်ရရှိခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန် ၁၀ မိနစ်ခန့်သာရှိတယ်လို့ အဆိုပါတပ်မှူးတစ်ဦးမှဆိုပါသည်။

    အဆိုပါတိုက်ပွဲတွင် KNLA တပ်ရင်း ၃ လက်အောက်ခံ တပ်ခွဲ၂၊ ABSDF တပ်ရင်း ၃၊PDF တပ်ရင်း ၇၈၀၅ တပ်ရင်း တပ်ခွဲ ၄ ပူးပေါင်းတပ်ဖွဲ့များပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့ပြောပါသည်။

    တိုက်ပွဲဖြစ်ပွားပြီးနောက် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် အင်အား ၁၀၀ ဦးခန့်ပါစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဝင်းပျံ၊အလူးလေး၊နဂါးလိမ်ကုန်းကွေ့၊သပြေနီ၊ဇီးကုန်းစည့်ကျေးရွာများသို့ရောက်ရှိလာကာနယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့တယ်လို့အဆိုပါတပ်မှူးကပြောပါသည်။

    စစ်ကောင်စီသံတံတားဂိတ်မှ ၆၀ မမလက်နက်ကြီး၂ လုံးပစ်ခတ်ခဲ့ရာ ဖိုးဝါးသိမ်ကျေးရွာအနီးသို့ တစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီးဝင်းပျံကျေးရွာဘုရားကုန်းမှ ၈၁ မမတစ်လုံးပစ်ခတ်ခဲ့သည်ဟုဆိုသည်။ အလူးလေးကျေးရွာအနီးတွင်လည်းကျရောက်ပေါက်ကွဲခဲ့ပြီးလူထိခိုက်မှုမရှိဘူးလို့ဆိုပါသည်။

    ပုံ – တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့၀င်တချို့

  • အင်းစိန်၊ ကြို့ကုန်းဘူတာအနီး ခလရ ၁၆ တပ်ရင်းဂိတ်ကို ဖောက်ခွဲတိုက်ခိုက်

    ရန်ကုန်တွင် စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးမှုများ နေ့လယ်ပိုင်းတွင်ပါ ပေါ်ပေါ်တင်တင် လုပ်လာ

    ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းဘူတာအနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ ခလရ ၁၆ တပ်ရင်းလုံခြုံရေးကင်းဂိတ်ကို ယမန်နေ့ ညပိုင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း God’s Hand Forces (GHF) မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

    ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်အချိန် အင်းစိန်မြို့နယ်၊ ကြို့ကုန်းဘူတာအနီး ခလရ ၁၆ တပ်ရင်းထိပ်ရှိ လုံခြုံရေးကင်းဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်​ေ​ြာင်း၊ စစ်ကောင်စီအနေဖြင့် လုံး၀ အုပ်ချုပ်ခွင့်မရဘဲ ဒေါက်တိုင်များကို ရိုက်ချိုးမည်ဟူသော ရည်ရွယ်ချက်နှင့်အညီ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ခလရ ၁၆ တပ်သည် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီးမြို့များတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ၏ လက်ကိုင်တုတ် အကြမ်းဖက်နှိမ်နင်းရေးတပ်တစ်ခုဖြစ်ကြောင်း ၊ ယင်းတပ်မှ လူများသာ မင်းအောင်လှိုင်ကို အနီးကပ်ကာကွယ်ပေးနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

    “ဖောက်ခွဲမှု နောက်ဆက်တွဲ မသိရသေးပါဘူး။ အနီးဆုံးမှာ ယူနီဖောင်းဝတ် ၂ ယောက်တော့ ရှိပါတယ်။ မသေချာသေးလို့ နောက်ဆက်တွဲ မထုတ်ပြန်တာပါ။မြို့ပြမှာကတော့ အရင်ထက် ပိုပြင်ဆင်ရတာတော့ အမှန်ပဲဗျ။ အထူးသဖြင့်ရန်ကုန်မှာ အရင်ထက်ကို အစစ်အဆေး လုံခြုံရေး များလာပါတယ်။ တစ်ခုပြောရရင်တော့ ရန်ကုန်သားတွေ ရန်ကုန်မှာ ရှိနေတယ် ဆိုတာ သိစေချင်ပါတယ် အမာကိုရှောင် အချိန်ကို စောင့်နေရလို့ပါ” ဟု God’s Hand Forces (GHF) မှ တာဝန်ရှိသူက ပြောဆိုသည်။

    အကြမ်းဖက်စစ်ကောင်စီတပ်က ရန်ကုန်မြို့တွင် လုံခြုံရေးများ တင်းကျပ်လာသည့်အပြင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများကိုလည်း အရှိန် အဟုန်မြှင့် လုပ်ဆောင်လာကြောင်း၊ အထူးသဖြင့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားလူငယ်တိုင်းသည် စစ်မှုထမ်းရန် အတွက် ဥပဒေအရ အကျုံးဝင်သည်ဟုဆိုကာ နေရာမရွေး အချိန်မရွေး ဖမ်းဆီးရန် စစ်ကောင်စီ၏ ညွှန်ကြားချက်များလည်း ထွက်ရှိလာကြောင်း၊ ယခုရက်ပိုင်းအတွင်း ဧည့်စာရင်းစစ်မည်ဟုဆိုကာ အိမ်အတွင်းသို့ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်လာကြောင်း သိရှိရသည်။

    မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာစံပြကျေးရွာတွင် အုပ်ချုပ်ရေးမှူးနှင့် စစ်မှုထမ်းဟောင်းများ ပေါင်း၍ နေ့လယ်ပိုင်း လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်လာကြောင်း၊ အိမ်ထောင်စု ၁၅၀၀ ကျော်ရှိသော ရွှေနံ့သာ စံပြကျေးရွာအုပ်စုတွင် လစဉ် စစ်မှုထမ်း ထောက်ပံ့ကြေးဟုဆိုကာ အနည်းဆုံး ၁ သောင်းကောက်ခံလျက်ရှိကြောင်း သိရှိရသည်။

    ” ရွှေနံ့သာစံပြကျေးရွာ မှာအုပ်ကြီးနဲ့စစ်မှုထမ်းဟောင်းတွေ၊ ရပ်ရွာလူကြီးတွေက နေ့လယ်ပိုင်းမှာ လမ်းမှာ လူငယ်တွေကို စစ်ဆေးမေးမြန်း တပ်ထဲပို့ ပေါ်တာဆွဲနေပါတယ်။ သူတို့အပြောက ရပ်ရွာအေးချမ်းသာယာဖို့အတွက် သူခိုးဂျပိုးဆေးသမား မုဒိန်းကောင်တွေကို ဖမ်းပြီး မင်္ဂလာဒုံ ရွှေနံသာရပ်ကွက်က ခြေလျင်တပ်ရင်း – ခလရ ၈၂ ထဲကို တစ်ခါတည်းတန်းပို့တယ်။ လူငယ်တွေမှာ အပြင်မထွက်ရဲကြတော့ဘူး။ ပေါ်တာဆွဲဖမ်းဆီးတာပါ။ နောက်တစ်ခါ စစ်မှုထမ်းထောက်ပံ့ကြေးဆိုပြီး တစ်အိမ် ၁သောင်းကောက်ပါတယ်။ ဧည့်စာရင်းနဲ့နေတဲ့ အိမ်ထောင်စုက ၆၀၀ ကျော်၊ အမြဲတမ်းနေတာက အိမ်ထောင်စု ၉၀၀ ကျော် စုစုပေါင်း အိမ်ထောင်စု ၁၅၀၀ မှာ လစဉ် ငွေပေးနေရတယ်။ အုပ်ကြီးနေရာကိုလည်း မင်းဇော်နဲ့လက်ရှိ ဦးညို ဆိုသူက လုနေကြတယ်။ အုပ်ကြီးတွေထက် ရုံးမှာနေတဲ့ကလေကချေတွေကိုကြောက်နေရတယ်။ သူတို့ စစ်တပ်ကို ခေါ်ထားပြီး မဟောသဓာကျောင်းမှာလည်းတပ်စွဲထားတယ်။ ရွှေနံ့သာခန်းမ မှာလည်း တပ်ကလာနေပါတယ်။ ပြည်သူတွေကဘယ်သူ့ကြောက်ရမယ်မှန်းမသိတော့ပါဘူး။ နေ့ခင်းတောင် အိမ်တွေပေါ်တက် လူငယ်တွေကို ပေါ်တာဆွဲပြီး တပ်ထဲ ခေါ်နေပါတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    အကြမ်းဖက်စစ်ကောင်စီက ယခုဒီဇင်ဘာလအတွင်း ဖွင့်လှစ်မည့် စစ်မှုထမ်း အပတ်စဉ် ၈ အတွက် လူမပြည့်မီသဖြင့် နိုင်ငံတစ်ဝန်း ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိကြောင်း နိုင်ငံတစ်ဝန်းမှ ပြည်သူများက အတည်ပြု ပြောဆိုကြသည်။

    ဓာတ်ပုံ- ရန်ကုန်တိုင်း၊ မင်္ဂလာဒုံတွင် စစ်တပ်က ပြည်သူများကို လိုက်လံစစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်နေစဉ်။ (ပုံအဟေင်းဖြစ်ပါသည်။)

  • ပေါ်တာဆွဲဆုကြေး ဝေစုခွဲရာမှ အချင်းချင်း ရန်ဖြစ်ပြီး ပျူစောထီး မောင်ဇော် သံတုတ်ဖြင့် ရိုက်သတ်ခံရ

    ပေါ်တာဆွဲဆုကြေး ဝေစုခွဲရာမှ အချင်းချင်း ရန်ဖြစ်ပြီး ပျူစောထီး မောင်ဇော် သံတုတ်ဖြင့် ရိုက်သတ်ခံရ

    ကြို့ပင်ကောက်တွင် ပေါ်တာဆွဲဆုကြေး ဝေစုခွဲရာမှ အချင်းချင်း ရန်ဖြစ်ပြီး ပျူစောထီး မောင်ဇော် သံတုတ်ဖြင့် ရိုက်သတ်ခံရ

    ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင်လည်း ပေါ်တာဆွဲဆုကြေး ဝေစုခွဲရာမှ အချင်းချင်း ရန်ဖြစ်ပြီး ပျူစောထီး မောင်ဇော် သံတုတ်ဖြင့် ရိုက်သတ်ခံရကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ဒီဇင်ဘာလ ၁၁ ရက်နေ့ ည ၁၀ နာရီခန့်တွင် ကြို့ပင်ကောက်မြို့ထဲကို ကင်းလှည့်ရန် ဆိုင်ကယ်ဆီထည့်နေသည့် ပျူစောထီး မောင်ဇော်ကို ကုန်းမြင့်ရွာ ပျူစောထီး ခေါင်းဆောင် နေဇာလင်းက ဆိုင်ကယ်ဖြင့် တိုက်သတ်သော်လည်း သေဆုံးခြင်းမရှိသောကြောင့် သံတုတ်ဖြင့် ရိုက်သတ်ခဲ့သောကြောင့် ပျူစောထီး မောင်ဇော်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

    သေဆုံးသွားသော ပျူစောထီး မောင်ဇော်သည် ပေါ်တာဆွဲဆုကြေး ဝေစုကို အချိုးကျ ခွဲဝေခြင်းမရှိဘဲ ပိုမိုယူသောကြောင့် ကုန်းမြင့်ရွာ ပျူစောထီး ခေါင်းဆောင် နေဇာလင်းက မကျေနပ်၍ သံတုတ်ဖြင့် ရိုက်သတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် နေဇာလင်းကိုလည်း အကြမ်းဖက် စစ်တပ်က လိုက်လံဖမ်းဆီးနေပြီး လက်ရှိချိန်ထိ ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရှိရသည်။

    “သေသွားတဲ့ မောင်ဇော်က ကြို့ပင်ကောက် PDF စခန်းကို စစ်ခွေးတွေ စီးနင်းရာမှာ ဦးဆောင် လမ်းပြခဲ့တဲ့သူပါ သတ်ဖြတ်ခံရတာကတော့ ပေါ်တာဆွဲဆုကြေး ခွဲယူရာမှာ အဝေမတည့်တာကနေစပြီး ရန်ဖြစ်ရင်း သတ်ခံရတာ သေသွားတဲ့ ပျူမောင်ဇော်ရော ကုန်းမြင့်ရွာ ပျူစောထီးခေါင်းဆောင် နေဇာလင်း ရောက ကြို့ပင်ကောက်မြို့ပေါ်မှာ ညတိုင်း ကင်းပတ်ပြီး လူငယ်တွေကို ပေါ်တာဆွဲနေတာ မောင်ဇော်က ကြို့ပင်ကောက် အနောက် ဘုရားကြီးလမ်းမှာနေတယ်။ နောက်ပြီး မောင်ဇော်က ကျစွာဘုရားမှာ PDF အဖွဲ့တွေ ယာယီစခန်းချနေတုန်းကလည်း စစ်ခွေးတွေကို သတင်းပေး လမ်းပြလုပ်ခဲ့သူပါ။ နေဇာလင်းကတော့ထွက်ပြေးလို့ လွတ်နေတယ်။ သူ့ပျူစောထီး အဖွဲ့က တစ်ကောင်ကိုတော့ စစ်တပ်ကဖမ်းထားတယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    သေဆုံးသွားသော ပျူစောထီး မောင်ဇော် ရုပ်အလောင်းကို ယနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် မသာချပြီး ပျူစောထီး အများအပြား လာရောက် ပို့ဆောင်ကြောင်း သိရသည်။

  • အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၅ ) ကို AA က သိမ်းပိုက်

    အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၅ ) ကို AA က သိမ်းပိုက်

    တောင်ကုတ်မြို့ရှိ အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၅ ) ကို AA က သိမ်းပိုက်ရရှိပြီး စစ်အရာရှိများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလံဖြူထောင် လက်နက်ချ

    ရခိုင်ပြည်၊တောင်ကုတ်မြို့ရှိ အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၅ ) ကို AA က သိမ်းပိုက်ရရှိပြီး စစ်အရာရှိများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလံဖြူထောင် လက်နက်ချသွားကြောင်း AA စစ်ရေးသတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

    ဒီဇင်ဘာလ ၁၃ ရက်နေ့အတွင်း ရခိုင်ပြည် တောင်ကုတ်မြို့ရှိ အမှတ် ၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် (စကခ ၅) ကို အာရက္ခတပ်တော် AA က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အဓိကမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

    “အလံဖြူထောင် လက်နက်ချလို့ စကခ ၅ ကို အပြီးသတ်သိမ်းပိုက်နိုင်ပါပြီလို့ သိရပါတယ်။ နောက်တစ်ခုကတော့ AA ရဲ့ ထိုးစစ်က ဂွမြို့စောင့်တပ် ခမရ ၅၆၃ တပ်ကို စတိုက်နေပါပြီ” ဟု AA သတင်းရင်းမြစ်က ဆိုသည်။

    ရန်ကုန်ခေတ်သစ်အနေဖြင့် AA ဘက်မှ အတည်ပြု ထုတ်ပြန်ခြင်းမရှိသေးသဖြင့် တောင်ကုတ်မြို့ စကခ ၅ သိမ်းပိုက်ရရှိမှု နှင့် ဂွမြို့စောင့်တပ်ကို တိုက်ခိုက်မှု သတင်းများအပေါ် AA ထံမှ တရားဝင် အတည်ပြုချက် ရရှိရန် ဆက်လက် ကြိုးပမ်းနေဆဲဖြစ်သည်။

    တောင်ကုတ်မြို့ရှိ စစ်ကောင်စီ စစ်စခန်း ၁၀ ခုကို သိမ်းပိုက်ပြီးနောက် တောင်ကုတ်မြို့တစ်ခုလုံးအား နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ တစ်ဆက်တည်းမှာပဲ တောင်ကုတ်မြို့နှင့် ကပ်လျက်ရှိသည့် စကခ ၅ တပ်မနှင့် ခမရ ၅၄၄၊ ခမရ ၃၄၆ တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါ တပ်များအားလုံးကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း AA သတင်းရင်းမြစ်က ဆိုသည်။

    အာရက္ခတပ်တော် AA က ယခု ၂၀၂၄ နှစ်မကုန်မီ အမ်း၊ တောင်ကုတ်၊ ဂွမြို့နယ်အားလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ရန် ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်နေကြကြောင်း၊ AA က မောင်တောမြို့က နခခ ၅ တပ်စခန်းကို သိမ်းပိုက်ခဲ့ပြီးနောက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပိတ်ဆို့ ထိုးစစ်ဆင်နေကာ အမ်းမြို့ကိုလည်း ထိန်းချုပ်သိမ်းပိုက်ထားကြောင်း AA က တရားဝင်သတင်းထုတ်ပြန်ထားသည်။

    ဓာတ်ပုံ-မောင်တော နခခ ၅ စခန်းသိမ်းတိုက်ပွဲတွင် ဖော့ပုံးအဖြူကိုင်ဆောင်၍ စစ်ကောင်စီတပ်ဖွဲ့များက အလင်းဝင်လာကြစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)