မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းအနီး သပြေနီကျေးရွာအနီး နဂါးလိမ်ကုန်းကွေ့၌ကင်းပုန်းလာသည့်စစ်ကောင်စီတပ်ဖွဲ့များကို တော်လှန်ရေးပူးပေါင်းတပ်များက ဒီဇင်ဘာလ ၁၂ ရက်နေ့လယ်တွင်တိုက်ခိုက်ခဲ့တယ်လို့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တပ်မှူးတစ်ဦးမှ ပြောပါသည်။

တိုက်ပွဲဖြစ်ပွားရာတွင် ၆ ဘီးကားပုံစံပြောင်း အင်အား ၄၀ ဦးခန့်ပါသည့် စစ်ကာင်စီလက်အောက်ခံနပ်များ သည်ကင်းပုန်းဝပ်ရန်အတွက်လာရောက်ကြသည်ကိုတွေ့ရှိသဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ အနီးကပ် ပိုင်နိုင်စွာပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါသည်။

တိုက်ခိုက်မှုအတွင် စစ်ကောင်စီဘက်မှ ၃ ပွင့်အရာရှိတစ်ဉီးနှင့်တပ်သား ၄ ဦး ပေါင်း ၅ ဦးသေဆုံးကာ သေနတ် ၁ လက်ရရှိခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန် ၁၀ မိနစ်ခန့်သာရှိတယ်လို့ အဆိုပါတပ်မှူးတစ်ဦးမှဆိုပါသည်။

အဆိုပါတိုက်ပွဲတွင် KNLA တပ်ရင်း ၃ လက်အောက်ခံ တပ်ခွဲ၂၊ ABSDF တပ်ရင်း ၃၊PDF တပ်ရင်း ၇၈၀၅ တပ်ရင်း တပ်ခွဲ ၄ ပူးပေါင်းတပ်ဖွဲ့များပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့ပြောပါသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် အင်အား ၁၀၀ ဦးခန့်ပါစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဝင်းပျံ၊အလူးလေး၊နဂါးလိမ်ကုန်းကွေ့၊သပြေနီ၊ဇီးကုန်းစည့်ကျေးရွာများသို့ရောက်ရှိလာကာနယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့တယ်လို့အဆိုပါတပ်မှူးကပြောပါသည်။

စစ်ကောင်စီသံတံတားဂိတ်မှ ၆၀ မမလက်နက်ကြီး၂ လုံးပစ်ခတ်ခဲ့ရာ ဖိုးဝါးသိမ်ကျေးရွာအနီးသို့ တစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီးဝင်းပျံကျေးရွာဘုရားကုန်းမှ ၈၁ မမတစ်လုံးပစ်ခတ်ခဲ့သည်ဟုဆိုသည်။ အလူးလေးကျေးရွာအနီးတွင်လည်းကျရောက်ပေါက်ကွဲခဲ့ပြီးလူထိခိုက်မှုမရှိဘူးလို့ဆိုပါသည်။

ပုံ – တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့၀င်တချို့

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *