Tag: News

  • ‘ဒလန်’ ဟု စွပ်စွဲသတ်ဖြတ်ခံခဲ့ရတဲ့ စေတုတ္တရာက တော်လှန်ရေးထောက်ပို့တစ်ဦး

    ‘ဒလန်’ ဟု စွပ်စွဲသတ်ဖြတ်ခံခဲ့ရတဲ့ စေတုတ္တရာက တော်လှန်ရေးထောက်ပို့တစ်ဦး

    မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်ဟာ စစ်အာဏာရှင်ကို တော်လှန်ရာမှာ တက်ကြွစွာ ပါဝင်နေတဲ့ နယ်မြေတစ်ခုဖြစ်ပါတယ်။ သို့သော် ထိုနယ်မြေရှိ ဒေသခံတစ်ဦးဖြစ်သူ ဦးမြင့်ဆွေအတွက်မူ စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုထက်ပင်၊ မိမိအားကိုးအားထားပြုရမည်ဟု ယူဆထားတဲ့ တော်လှန်ရေးအင်အားစုတစ်ခုရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။

    တော်လှန်ရေးကို အစောပိုင်းကာလကတည်းက ထောက်ပံ့ကူညီခဲ့သူ၊ မြို့နယ်သပိတ်တွေမှာ ဦးဆောင်ပါဝင်ခဲ့သူ ဦးမြင့်ဆွေတစ်ယောက်၊ “ဒလန်” ဆိုတဲ့ စွပ်စွဲချက်တစ်ခုနဲ့ အဖမ်းခံခဲ့ရပြီး၊ တစ်နှစ်ကျော်အကြာမှာတော့ သူ ယုံကြည်ခဲ့တဲ့ တော်လှန်ရေးအဖွဲ့အစည်းရဲ့ လက်ထဲမှာပဲ အသက်ပျောက်ခဲ့ရပါတယ်။

    “ကျွန်တော်တို့ လက်နက်ကိုင်လှုပ်ရှားမှုတွေစတော့ ဦးမြင့်ဆွေတို့အကူညီတွေယူခဲ့ရတယ်၊ သူတို့ကလည်းဖြစ်စေချင်တယ် သူတို့ရွာခံလူတွေလည်း ကူညီပါဝင်ခဲ့ကြတာအများကြီးပဲ” လို့ ဦးမြင့်ဆွေနဲ့ လက်တွဲလုပ်ကိုင်ခဲ့ဖူးတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက အတည်ပြုပြောပါတယ်။

    စစ်အာဏာမသိမ်းမီကတည်းက ဒေသတွင်း တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ခဲ့တဲ့ ဦးမြင့်ဆွေဟာ နွေဦးတော်လှန်ရေးစတင်ချိန်မှာ ရှေ့တန်းကနေ ပါဝင်ခဲ့သူပါ။

    ဒေသခံတွေရဲ့အဆိုအရ၊ ပြဿနာရဲ့အစဟာ ဦးမြင့်ဆွေနဲ့ မြို့နယ် ပကဖခေါင်းဆောင် ဦးကျော်လွင်ဦးတို့ကြားက ပုဂ္ဂိုလ်ရေးမပြေလည်မှုတွေကနေ စတင်ခဲ့တာပါ။ နွားအငှားသုံးတဲ့ကိစ္စ၊ ရပ်ရွာစာသင်ကျောင်း ပြန်ဖွင့်ရေးကိစ္စတွေမှာ သဘောထားကွဲလွဲမှုတွေ ရှိခဲ့တယ်လို့ ဆိုကြပါတယ်။ အဲဒီနောက်မှာတော့ ဦးမြင့်ဆွေဟာ စစ်ကော်မရှင်ရဲ့ “မြစိမ်းရောင်ချေးငွေ” လုပ်ငန်းကို လုပ်ကိုင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပစ်မှတ်ထားခံလာရပါတယ်။

    ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့မှာတော့ မြို့နယ် ပကဖ အဖွဲ့ဝင်တွေဟာ လက်နက်တွေနဲ့အတူ ဦးမြင့်ဆွေရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။ “မြစိမ်းရောင်” လုပ်ငန်းနဲ့မသက်ဆိုင်တဲ့၊ ပြည်ပက သားသမီးတွေပို့ပေးထားတဲ့ ကျပ်သိန်း ၄၀ ကျော်နဲ့ ရွှေထည်ပစ္စည်းတွေကိုပါ သိမ်းဆည်းသွားခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

    “ကြိမ်းမောင်းတာတွေ ကလေးကိုပါသတ်မယ်ဖြတ်မယ်ဆိုတော့ တော်လှန်ရေးသမားတော့ မဖြစ်နိုင်ဘူး” လို့ စေတုတ္တရာက တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးက ထိုအချိန်က အခြေအနေကို ပြန်ပြောပြပါတယ်။

    ဖမ်းဆီးရာမှာ ပါဝင်ခဲ့တဲ့ ရဲဘော်အများစုဟာ ဘာကြောင့်ဖမ်းရတယ်ဆိုတာကို တိတိကျကျမသိခဲ့ဘဲ၊ ခေါင်းဆောင်ဖြစ်သူ ဦးကျော်လွင်ဦးရဲ့ အမိန့်အရသာဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ဆေးမှုတွေအတွင်းမှာလည်း ဦးမြင့်ဆွေဟာ စစ်ကော်မရှင်နဲ့ ပတ်သက်တယ်ဆိုတဲ့ ခိုင်လုံတဲ့အထောက်အထား မတွေ့ရှိခဲ့တဲ့အတွက်၊ ပကဖ ရေးရာတာဝန်ခံအချို့က သူ့ကို ခံဝန်နဲ့ပြန်လွှတ်ပေးဖို့ အကြံပြုခဲ့ပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်ဖြစ်သူ ဦးကျော်လွင်ဦးက “သူ့တာဝန်” ဆိုတဲ့ အာဏာနဲ့ ပယ်ချခဲ့တယ်လို့ ပကဖနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

    ဒီလုပ်ရပ်ကြောင့်ပဲ မြို့နယ် ပကဖအဖွဲ့အတွင်း သဘောထားကွဲလွဲမှုကို ပြင်းထန်စွာ ဖြစ်စေခဲ့ပြီး၊ ပကဖ ရဲဘော် အများစုနဲ့ ရေးရာတာဝန်ခံအချို့ဟာ မြို့နယ်တာဝန်ခံ၊ ဒုတာဝန်ခံတို့အဖွဲ့နဲ့ လမ်းခွဲကာ အဖွဲ့နှစ်ဖွဲ့ကွဲသွားခဲ့ရပါတယ်။

    ဦးမြင့်ဆွေကို တစ်နှစ်ကျော်ကြာ ထိန်းသိမ်းထားပြီးနောက်၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့မှာတော့ “အချုပ်ခန်းကနေ ထွက်ပြေးလို့” ဆိုတဲ့ အကြောင်းပြချက်နဲ့ ပစ်သတ်လိုက်ကြပါတယ်။ မိသားစုဝင်တွေကတော့ အလောင်းကိုတောင် ပြန်လည်မရရှိခဲ့ပါဘူး။

    “မြို့နယ် ပကဖခေါင်းဆောင် ကျော်လွင်ဦးက အမှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရတယ်။ ကျွန်တော်တို့အမှုက သူ့အတွက် အရေးကြီးဆုံးပဲ။ အဲဒါကြောင့် သက်သေမကျန်အောင် နှုတ်ပိတ်လိုက်တာ” လို့ ဦးမြင့်ဆွေရဲ့ သားဖြစ်သူက ပြောပါတယ်။

    ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မကွေးတိုင်း ပကဖ တာဝန်ရှိသူ တစ်ဦးကတော့ “ကနဦးသိထားချက်အရ ဖမ်းဆီးထားစဉ်မှာ ထွက်ပြေးတဲ့အတွက် လိုက်လံဖမ်းဆီးရင်း ပစ်ခတ်မှုဖြစ်ထားတယ်လို့ သိရပါတယ်။ ဖြစ်စဉ်အသေးစိတ်ကို စုံစမ်းနေပြီး အတည်ပြုနိုင်အောင် ကြိုးစားနေပါတယ်” လို့သာ ဖြေကြားခဲ့ပါတယ်။

    NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန နဲ့ စေတုတ္တရာ မြို့နယ် ပကဖ တာဝန်ခံကို အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ယနေ့အချိန်အထိ တရားဝင်တုံ့ပြန်မှုတစ်စုံတစ်ရာ မရရှိသေးပါဘူး။

    ဒီလို တရားမဲ့ ဖမ်းဆီးသတ်ဖြတ်မှုဖြစ်ရပ်ဟာ စေတုတ္တရာဒေသခံတွေရဲ့ တော်လှန်ရေးအပေါ် ယုံကြည်မှုကို အကြီးအကျယ် ထိခိုက်စေခဲ့ပါတယ်။ “ဒီဖြစ်စဥ်တွေက ဒေသခံတွေရဲ့ တော်လှန်ရေး အပေါ် ယုံကြည်မှု လုံးဝ လျော့သွားတယ်” လို့ ပကဖနဲ့ နီးစပ်သူတစ်ဦးက မှတ်ချက်ပေးပါတယ်။

    ဒါ့အပြင်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ကာကွယ်ရေးဝန်ကြီးဌာန (MOD) နဲ့ သက်ဆိုင်ရာ တိုင်း၊ ခရိုင်စတဲ့အဖွဲ့စည်း အနေဖြင့်လည်း ၎င်းတို့လက်အောက်ရှိ တပ်ဖွဲ့တွေမှာ စည်းကမ်းနဲ့ တရားဥပဒေစိုးမိုးရေးကို တင်းတင်းကျပ်ကျပ် ထိရောက်စွာ အရေးယူမှသာ တော်လှန်ရေးလမ်းကြောင်းကို မှန်ကန်စွာ ဆက်လက်လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်လို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။

  • ထိုင်းအမျိုးသား ၃ ဦး အုပ်စုဖွဲ့လိင်မှု ပြုလုပ်ရာမှ အသက် ၇၀ အရွယ်အကြီးဆုံးအမျိုးသား သေဆုံး

    ထိုင်းအမျိုးသား ၃ ဦး အုပ်စုဖွဲ့လိင်မှု ပြုလုပ်ရာမှ အသက် ၇၀ အရွယ်အကြီးဆုံးအမျိုးသား သေဆုံး

    ထိုင်းအမျိုးသား ၃ ဦး အုပ်စုဖွဲ့လိင်မှု ပြုလုပ်ရာမှ အသက် ၇၀ အရွယ်အကြီးဆုံးအမျိုးသား သေဆုံး

    နိုဝင်ဘာ ၁၆ ရက်ညက ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင် ခို့လမ်ပန်ရပ်ကွက်၌ အသက် ၅၂ နှစ်အရွယ်အမျိုး သားတစ်ယောက်နေအိမ်တွင် အသက် ၇၀ အရွယ် အမျိုးသား သေဆုံးနေသည်ကို သိရှိရပြီး စုံစမ်း စစ်ဆေးရာ ၃ ဦးပါသော group sex လုပ်ရာ၌ ခရစ္စတယ်စိတ်ကြွဆေးသုံးခဲ့ပုံရပြီး သေဆုံးခဲ့ဖွယ်ရှိ သည်ဟု သုံးသပ်ကာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေသည်။

    အက်စ်ဆိုသော ၅၂ နှစ်အရွယ် ထိုင်းအမျိုးသားက ၎င်းနေထိုင်ရာအိမ်သို့ အသက် ၇၀ အရွယ် ထိုင်း အမျိုးသားကို ဖိတ်ခေါ်ခဲ့ကာ နောက်ထပ်ဆာရာဘူရီခရိုင်နေ ၃၈ နှစ်အရွယ် အငယ်ဆုံး ထိုင်း အမျိုးသားကိုပါ ခေါ်ယူပြီး အုပ်စုလိုက်လိင်မှုကျူးလွင်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

    တစ်ကြိမ်အပြီးတွင် အငယ်ဆုံးအမျိုးသားက ရေချိုးခန်းထဲမှ အသက် ၇၀ အရွယ် အမျိုးသားကြီးအား ခေါ်ထုတ်ရာ ပြန်မထူးသဖြင့် ဝင်ကြည့်ရာသေဆုံးနေပြီး ခန္ဓာကိုယ်ပေါ် ပုရွက်ဆိတ်များ တက်နေ သည်ကို တွေ့ရသဖြင့် အိမ်ရှင် အက်စ်က ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

    လော့ဘိုရီရဲတပ်ဖွဲ့က ဒေသစံတော်ချိန် ည ၁၀ နာရီ ၃၀ မိနစ်တွင် သွားရောက်စစ်ဆေးရာ စီစီတီဗီ မှတ်တမ်းများအရ အုပ်စုလိုက် လိင်ဆက်ဆံမှုလုပ်ကြသည်ကို တွေ့ရသလို အိမ်အတွင်း ခရစ္စတယ် စိတ်ကြွဆေးများနှင့် ဆေးထိုးအပ်များတွေ့ရသဖြင့် မူးယစ်ဆေးထိုးသွင်းပြီး ယခုလို လိင်ဆက်ဆံမှု စုဖွဲ့လုပ်ဆောင်ရာမှ သေဆုံးသည်ဟု ယူဆထားကြကြောင်း သိရသည်။

    ကိုကလင်း

    Ref: Bangkokpost

  • TNLA က စစ်ကောင်စီတပ်ကို မိုးကုတ်မြို့ထဲ ခေါ်သွင်းလာပါက တော်လှန်ရေးတပ်များ အခက်တွေ့နိုင်

    တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က စစ်ကောင်စီတပ်ကို မိုးကုတ်မြို့ထဲ ခေါ်သွင်းလာမယ်လို့ ဒေသတော်လှန်ရေးအင်အားစုတွေကို အတိအလင်း ပြောဆိုထားလို့ တော်လှန်ရေးတပ်တွေ လုပ်ရကိုင်ရ အခက်အခဲရှိနေတဲ့ အကြောင်း မိုးကုတ်သပိတ်ခေါင်းဆောင်က အတည်ပြုပြောပါတယ်။

    နိုဝင်ဘာ ၁၅ ရက်က တရုတ်ပြည်မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီနဲ့ TNLA တို့ရဲ့ အစည်းအဝေးအပြီးမှာ ဒီသတင်းစကား ထွက်ပေါ်လာတာပါ။

    TNLA က နိုဝင်ဘာ ၂၉ ရက်နေ့ နောက်ဆုံးထားပြီး မိုးကုတ်မြို့ကနေ ထွက်ခွာမှာဖြစ်တဲ့အတွက် နိုဝင်ဘာလကုန်ပိုင်းမှာ စစ်ကောင်စီတပ်ပါ တခါတည်း မိုးကုတ်မြို့ထဲ ဝင်ရောက်လာမယ့် အခြေအနေ ဖြစ်ပါတယ်။

    ဒီအခြေအနေနဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေ အကြိတ်အနယ် ဆွေးနွေးနေကြဆဲ ဖြစ်ပြီး ဘယ်လိုရှေ့ဆက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တော့ မထွက်လာသေးပါဘူး။

    မိုးကုတ်သပိတ်ခေါင်းဆောင် ကိုစိုးဌေးက “ကျနော်တို့ အင်အားစုတွေကို TNLA က ခေါ်ပြီးတော့မှ သူတို့ကိုယ်တိုင် ခေါ်သွင်းလာမယ်လို့ အတိအလင်း ပြောတယ်။ တော်တော်ခက်ခဲတာပေါ့၊ သူကိုယ်တိုင် စစ်ကောင်စီကို ခေါ်သွင်းပြီးတော့မှ စစ်ကောင်စီ ရောက်ပြီ၊ အခြေချပြီဆိုမှ သူက ပြန်ဆုတ်သွားမယ်လို့ အဲဒီလို ပြောတာပေ့ါနော်။ သူတို့နဲ့ စစ်ကောင်စီကြားမှာတော့ ဆက်ဆံရေးရုံး ထားပြီးတော့မှ သူတို့လုပ်ငန်းတွေကတော့ ပြန်လုပ်ကြမယ် ထင်တယ်။ တခု ရှိတာက ကျနော်တို့က လုပ်ရကိုင်ရ အရမ်းခက်သွားတာပေါ့နော်။ TNLA နဲ့လည်း ကျနော်တို့က မဟာမိတ်လည်း မပျက်ချင်ဘူး။ ဆိုတော့ တဖက်မှာလည်း စစ်ကောင်စီကို ကျနော်တို့က ဒီမြို့တွင်းမဝင်ရေး ဆိုတဲ့ဟာ ရှိတာပေါ့။ လုပ်ရကိုင်ရတော့ တော်တော်ခက်တယ်ဗျ။ တော်လှန်ရေးအင်အားစုဘက်ကတော့ ကျနော်တို့ အများကြီး တိုင်ပင်ကြတုန်း၊ ဆွေးနွေးကြတုန်း၊ ချင့်ချိန်နေကြတုန်းပေါ့နော်။ တဖက်မှာလည်း မဟာမိတ်ပေါ့နော်၊ မိုးမိတ်ကတော့ ဘာပဲပြောပြော ကျောင်းသားတပ်မတော်နဲ့ KIA က ကူမယ်ဆိုတော့ တစုံတရာ အားရှိတယ်ပေါ့နော်။ မိုးကုတ်ကိုရော စစ်ကောင်စီ ပြန်မဝင်လာရေးပေါ့နော်၊ ဘယ်လို မဟာမိတ်တွေက ကူညီကြမလဲပေါ့၊ ကူညီနိုင်မလဲပေါ့၊ ကျနော်တို့ဘက်ကရော ဘာပြင်ဆင်ထားဖို့ လိုသလဲပေါ့။ စသဖြင့်တော့ ဒီဘက်မှာတော့ အကြိတ်အနယ် ကျနော်တို့ တိုင်ပင်နေကြပါတယ်ဗျ” လို့ ပြောပါတယ်။

    ဒီအခြေအနေနဲ့ပတ်သက်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူကို DVB က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမဲ့ လက်ရှိအချိန်အထိ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

    မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့တွေကို ၂၀၂၄ ဇူလိုင်လအတွင်းမှာ TNLA နဲ့ မဟာမိတ်တွေက သိမ်းယူခဲ့တာ ဖြစ်ပြီး တနှစ်ကျော်အကြာမှာ ပြန်လည်လက်လွှတ်ရမယ့် အခြေအနေ ဖြစ်လာတာပါ။

    သပိတ်ကျင်းခရိုင်၊ မိုးကုတ်မြို့နဲ့ နယ်မြေချင်းဆက်စပ်နေတဲ့ သပိတ်ကျင်း၊ မတ္တရာ၊ စဉ့်ကူးနယ်တွေ အကုန်လုံးမှာ စစ်ကောင်စီက စစ်ရေးအသာစီး ပြန်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။

    မိုးကုတ်မြို့ကို ပြန်မဝင်ခင်မှာ ပတ်ချာလည်မြို့နယ်တွေကိုပါ ဗျူဟာတကျ ပြန်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက ပြင်ဆင်နေတာ ဖြစ်ပါတယ်။

    မတ္တရာပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူ ကိုဒေါင်းက “မထင်မှတ်တဲ့ လမ်းကြောင်း ဆိုတာကတော့ သူတို့က လောလောဆယ် မတ္တရာနယ်မြောက်ခြမ်းနဲ့ အရှေ့မြောက်ခြမ်းမှာ စစ်ကြောင်း ၂ ကြောင်း ရှိတယ်ဗျ။ မတ္တရာနယ်မြောက်ခြမ်းက တံငါ(တောင်)ရွာနဲ့ (မြောက်)ရွာကူးတဲ့ လမ်းကနေ ချောင်းရိုး-နကန်းအတိုင်း အနောက်ဘက်ကို ထိုးပြီးမှ စကျင်ရွာဘက်ကနေ မြောက်ဘက်ကိုထိုးမယ့် တကြောင်းရယ်လို့ ကျနော် သုံးသပ်တယ်။ နောက်တကြောင်း ဆည်တော်ဘက်မှာ ရောက်နေတဲ့ အကြောင်းက ဆည်တော်ဘက်ကနေ အနောက်ကားလမ်းအတိုင်း ဆင်းလာပြီးလို့ရှိရင် ကိုးပြွန်ဘက်ကနေ တောင်ခြေအတိုင်း မြောက်ဘက် ထိုးမယ်ဆိုရင်လည်း ရတယ်ဗျ။ အဲဒီလို ၂ ကြောင်း ရှိထားတယ်လို့ ကျနော် သတင်းရထားတယ်။ ကားလမ်းကြောအတိုင်းမထိုးဘဲ အဲဒီအတိုင်း ထိုးမယ်ဆိုရင်တော့ အဲဒီလို အကြောင်းတွေ ရှိတယ်ဗျ” လို့ ပြောပါတယ်။

    တရုတ်အစိုးရက မြောက်ပိုင်းမဟာမိတ်တွေကို ဆက်တိုက်ဖိအားပေးခဲ့တာကြောင့် ဧပြီလထဲမှာ လားရှိုးမြို့ကို ကိုးကန့်တပ် MNDAA က ပြန်လက်လွှတ်ခဲ့ရပြီး နောက်ပိုင်းမှာ မြောက်ပိုင်းမဟာမိတ်တွေဟာ ရှမ်း-မန်း ဆက်စပ်နယ်က နောင်ချို၊ သီပေါ၊ ကျောက်မဲတို့ကို ဆက်ပြီး လက်လွှတ်ခဲ့ရပါတယ်။

    အခု မိုးကုတ်-မိုးမိတ် တို့ကိုပါ မြောက်ပိုင်းမဟာမိတ်တွေက ဆက်လက်လွှတ်ရရင် တော်လှန်ရေး တစုံလုံးကို ထိခိုက်လာနိုင်တဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးက တော်လှန်စစ်အတွက် လူငယ်တပ်သားသစ်တွေ ထပ်မံဖိတ်ခေါ်တဲ့ ကြေညာချက်ကို အောက်တိုဘာ ၃၁ ရက်မှာ ထုတ်ပြန်ပြီး အင်အားဖြည့်တင်းဖို့ ကြိုးစားခဲ့ပါတယ်။

    သုတချမ်းသာ

  • ဖျာပုံမြစ်ဝမှာ ငါးဖမ်းသင်္ဘောတစ်စီး မီးလောင်

    ဖျာပုံမြစ်ဝမှာ ငါးဖမ်းသင်္ဘောတစ်စီး မီးလောင်

    ဒီနေ့ အောက်တိုဘာ ၁၇ ရက်နေ့ မနက် ၈ နာရီဝန်းကျင်က ဖျာပုံမြို့နယ်၊ ဖျာပုံမြစ်ဝမှာ ငါးဖမ်းသင်္ဘောတစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

    ဖြစ်စဉ်ဖြစ်ပွားတာက မနက် ၈ နာရီ ၁၅ မိနစ်အချိန်ခန့်လို့ သိရပြီး နေရာက ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ တင်ပုလွဲကျေးရွာ အုပ်စု၊ ဓမင်းဆိပ်ကျေးရွာအနီး ဖျာပုံမြစ်ဝမှာလို့ သိရပါတယ်။

    အဆိုပါမီးလောင်မှုနဲ့ ပတ်သတ်လို့ ဧရာဝတီတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူက “မီးလောင်ရတဲ့အကြောင်းအရင်းကတော့ စုံစမ်းစစ်ဆေးဆဲပါခင်‌ဗျ။ ဖြစ်တဲ့ဒေသက ရေလမ်း‌ကြောင်းလည်း သွားရမလွယ်တော့ တိုင်းမီးသတ်၊ မြို့နယ်မီးသတ်တွေ ကြိုးစားငြှိမ်းသတ်ပြီး ရေထဲမှာပဲ အကုန်နီးပါး လောင်ကျွမ်းသွားတဲ့ အခြေအနေပါ။ ဆီလည်းပါတော့ Foam Type ကိုသုံးပြီး ငြှိမ်းသတ်ရပါတယ်။ အခုတော့ ငြိမ်းသွားပါပြီ။ လူထိခိုက်မှု မရှိခဲ့ပါဘူး”လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။

    ငါးဖမ်းသင်္ဘောမီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိတာကြောင့် ဖျာပုံခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ကျုံကဒွန်းနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ အပေါ့စားစက်(၁)လုံးတို့နဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မိနစ် ၄၀ နီးပါး ငြှိမ်းသတ်ခဲ့ရပြီး ၈ နာရီ ၅၅ မိနစ် အချိန်မှာ မီးငြိမ်းတယ်လို့ သိရပါတယ်။

  • TNLA တပ် ဆုတ်ခွါသွားရမယ့် မိုးကုတ်မြို့မြင်ကွင်း

    TNLA တပ် ဆုတ်ခွါသွားရမယ့် မိုးကုတ်မြို့မြင်ကွင်း

    လာမယ့်အပတ်တွေအတွင်း တအာင်းတပ်-PSLF/TNLA တပ် ဆုတ်ခွါသွားရမယ့် မိုးကုတ်မြို့ရဲ့ မနေ့ နိုဝင်ဘာ ၁၆ ရက်မှာ တွေ့မြင်ရတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

    မိုးကုတ်မြို့မှာရှိတဲ့ တအာင်းတပ်မတော်- PSLF/TNLA ရဲ့ ဌာနဆိုင်ရာတချို့ ပြောင်းရွှေ့နေတာ တွေ့ရပြီး အုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲဌာနကတော့ ပုံမှန်လည်ပတ်နေတာ တွေ့ရပါတယ်။

    မိုးကုတ်မြို့ဂေါက်ကွင်းမှာတော့ မြို့ခံတွေကို တအာင်းတပ်က ၎င်းတို့မဆုတ်ခွာခင် ကျောက်တူးဖော်ခွင့် ပေးထားပြီး မြို့ခံတချို့ အလုအယက်ကျောက်တူးဖော်နေကြပါတယ်။

    မြို့တွင်းမှာတော့ မြို့ခံတွေနေ့စဥ်လိုလို မြို့ကိုစွန့်ခွာနေကြတာ တွေ့ရပြီး မြို့ရဲ့ထက်ဝက်ကျော်က မြို့ခံတွေ ထွက်ပြေးတိမ်းရှောင်နေကြပြီလို့ သိရပါတယ်။

    မိုးကုတ်မြို့ကနေ တအာင်းတပ်ဘက်က လာမယ့်နိုဝင်ဘာ ၂၅ ရက်နောက်ဆုံးထားပြီး တပ်ဆုတ်ပေးရမယ်လို့ သတင်းတွေထွက်နေပြီး စစ်ကောင်စီဝင်လာမယ့်ရက်အတိအကျကိုတော့ မသိရသေးပါဘူး။

    ဒါ့အပြင် ​မိုးကုတ်မြို့တွင်းဝင်လာမယ့် စစ်ကောင်စီတပ်တွေကို TNLA ဘက်က လုံခြုံရေးပေးမယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

    တရုတ်နိုင်ငံကြားဝင်မှုကြောင့် စစ်ကောင်စီနဲ့ တအာင်းတပ်တို့အောက်တိုဘာ ၂၉ ရက်ကစပြီး အပစ်ရပ်ဖို့သဘောတူပြီးနောက် TNLA က ၎င်းတို့ထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်ကနေ ဆုတ်ခွါသွားရမှာ ဖြစ်ပါတယ်။