စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ – မန္တလေး ကားလမ်းမှာ ဒီဇင်ဘာလ ၃၁ရက်က စစ်အုပ်စု ကားတန်းနဲ့ အဲ့ဒီ ကားတန်းကို လုံခြုံရေး ယူပေးတဲ့ ခြေလျင်စစ်ကြောင်းကို နှစ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု အသေ အပျောက် ရှိတယ်လို့ မုံရွာခရိုင် အမှတ် – ၁၂ တပ်ရင်း၊ တပ်ခွဲ – ၃ – လျှပ်စီးတပ်ခွဲက သတင်း ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာလ ၃၁ ရက် မနက် ၉ နာရီ အချိန် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ ထဲကနေ သံပြာကာ ကားခြောက်စီး ထွက်လာကြောင်း သတင်းအရ အသင့်စောင့်ဆိုင်းပြီး မိုင်းဖောက်ခွဲ တိုက်ခိုက်တာလို့ ဆိုပါတယ်။…
ဗန်းမော်မြို့ရှိ ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထား ကိုးကွယ်ရာ မဟာသိမ်တော်ကြီးဘုရားဝင်းကို စစ်တပ်က လေယာဉ်ဖြင့် အဆက်မပြတ် ဗုံးကျဲမှု အလုံးစုံပျက်စီးသွားပြီ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ပေါ်ရှိ ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထား ကိုးကွယ်ရာ မဟာသိမ်တော်ကြီးဘုရားကျောင်းဝင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးများ အဆက်မပြတ် ကျဲချရာမှ ဘုရားနှင့် ကျောင်းပရဝဏ်ဝင်းတစ်ခုလုံး အလုံးစုံ ပျက်စီးသွားပြီဖြစ်ကြောင်း ဒေသခံပြည်သူများနှင့် KIA သတင်းရင်းမြစ်က ပြောဆိုသည်။ ယမန်နေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ တစ်နေ့လုံး အကြမ်းဖက်စစ်တပ်က ဗန်းမော်မြို့ကို လေကြောင်း တိုက်ခိုက်မှု ၁၁ ကြိမ်လုပ်ဆောင်ခဲ့ပြီး မဟာသိမ်တော်ကြီးဘုရားကျောင်းဝင်းထဲသို့ စစ်လေယာဉ်ဖြင့် ဗုံး ၈ ကြိမ်ခန့် ကျဲချခဲ့ကြောင်း၊ ထိုသို့ ကျဲချမှုကြောင့် မဟာသိမ်တော်ကြီး ဘုရားဝင်းအတွင်းရှိ စေတီတော်နှင့် ဝင်းတစ်ခုလုံး ရစရာမရှိအောင် ပျက်စီးသွားခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။…
မင်းအောင်လှိုင်နှင့် စစ်ကောင်စီကို ဖယ်ရှားပြီးနောက် အသွင်ကူးပြောင်းရေးအစိုးရ ဖွဲ့စည်းရေး ၊ ဖက်ဒရယ် အခြေခံဥပဒေရေးဆွဲရေးနှင့် ရွေးကောက်ပွဲ ကျင်းပရေး လုပ်ငန်းစဉ်များကို ယာယီသမ္မတ ဒူဝါလရှီးလ စတင်ချပြ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ကောင်စီကို ဖယ်ရှားပြီးနောက် အသွင်းကူးပြောင်းရေးအစိုးရ ခေါ် Transitional National Unity Government- TNUG ဖွဲ့စည်းရေး လုပ်ငန်းစဉ်များကို အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူလူထုထံသို့ တရားဝင် အသိပေးချပြလိုက်သည်။ ယနေ့ ၂၀၂၅ ခုနှစ် နှစ်သစ်ကို ကြိုဆိုခြင်း နိုင်ငံတော် အခြေပြမိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ မင်းအောင်လှိုင်နှင့် စစ်ကောင်စီကို ဖယ်ရှားပြီးသည့်နောက် အသွင်ကူးပြောင်းရေး ကာလ ရောက်သွားမည်ဖြစ်ကြောင်း၊ ထိုအချိန်တွင် အသွင်ကူးပြောင်းရေး အစိုးရ (TNUG) ကို…
မောင်တောမြို့အမှတ် (၅)နယ်ခြားစောင့်ရဲတပ်ရင်းနခခ(၅)အားနေထိုင်ကွပ်ကဲခဲ့သူ ဖမ်းဆီးခံထားရသည့်ဗိုလ်မှူးချုပ်သူရိန်ထွန်းအားသတင်းအချက်အလက်မျိုးစုံပေးခဲ့သည့် မောင်တော၆ မိုင်ဘုန်းကြီးအားအာရက္ခတပ်တော်(AA)က ဖမ်းဆီး ထိန်းသိမ်းထားကြောင်းသတင်းရရှိသည်။ “ကျွန်တော်တို့သိရသလောက်ကဗိုလ်ချုပ်သူရိန်ထွန်းကို AAကဖမ်းဆီးစစ်ဆေးတွေရှိချက်မှာ မောင်တောက ၆ မိုင်ဆရာတော် နဲ့ပြေားဆိုထားတဲ့Vcall ပြောဆိုချက်တွေ နဲ့ သတင်းအချက်အလက်များစွာပို့ထားတဲ့ မှတ်တမ်းတွေတွေ့ရတယ်လို့သိရတယ်။ နခခ(၄)၊ အောင်မဂ်လာ၊ ဖားဝပ်ချောင်း စတဲ့ နေရာတွေကို လည်းဂျက်နဲ့ဗုံးကြဲနိုင်ဖို့ ၆ မိုင်ဘုန်းကြီးက ညွှန်ကြားခဲ့တယ်လို့သိရတယ်”ဟုပြောဆိုသည်။ အဆိုပါ ဗုံးကြဲမှုဖြစ်စဉ်တွင် လူသေဆုံးမှုများလည်း ရှိခဲ့သည်။ ထိုသို့ပြစ်မူများကျူးလွန်ထားသည်ဟု စွပ်စွဲခံထားရသည့် ၆ မိုင်ဆရာတော်မှာ မောင်တော တောင်ပိုင်းနဲ့ မြောက်ပိုင်းရှိ ဘုန်းကြီး ကျောင်းများ၌တစ်နေ့တစ်ကျောင်းကျ ညအိပ်ပုန်းရှောင်နေခဲ့ရာ ကျောက်ပန္ဒူဘုန်းကြီးကျောင်း၌ ပြီးခဲ့သည့် ရက်တစ်ပတ်အတွင်း၌ အာရက္ခတပ်တော် AA မှလက်ရ ဖမ်းဆီးနိုင်ခဲ့သည်ဟု၎င်းကပြောသည်။ ဗိုလ်မူးချုပ်သူရိန်ထွန်းအား သတင်းအချက်အလက်များပေးပို့နေမူကြောင်း ဖမ်းဆီးခံထားရသည့် ၆ မိုင်ဆရာတော်မှာ မောင်တောမြို့အမှတ်(၁)ရပ်ကွက်အလယ်ရွာ ဇာတိနေ ကိုယ်တော်…
ပြည်မြို့ရှိ ပုဂ္ဂလိကကျောင်းများမှ ကျောင်းသား ကျောင်းသူစာရင်း စစ်ကောင်စီတောင်းယူ၍ မိဘများစိုးရိမ်နေ ပဲခူးတိုင်း၊ ပြည်မြို့ရှိ ပုဂ္ဂလိကစာသင်ကျောင်းများမှ ကျောင်းသူ၊ကျောင်းသားမျာအား မျက်မှန်တပ်သူနှင့် မတပ်သူစာရင်းနှင့်ကျန်းမာရေးကောင်းမွန်ခြင်းရှိ၊မရှိကို စစ်ကောင်စီက လာရောက်တောင်းယူသွား၍ ကျောင်းသားမိဘများ စိုးရိမ်နေကြသည်။ ပုဂ္ဂလိကစာသင်ကျောင်းများကို စစ်ကောင်စီက ခရစ္စမတ်ကာလ ကျောင်းပိတ်ရက်မတိုင်မီ ရောက်ရှိလာပြီး အဆိုပါစာရင်းများ တောင်းယူသွားခြင်းဟု ဆိုသည်။ “အသက် ၁၅နှစ်အထက်ကနေ စကောက်တာ။ ပေါ်တာတွေလည်း အရမ်းဆွဲနေသလို အခုလို စာရင်းတောင်းသွားတော့ ကျောင်းသားမိဘတွေအားလုံး လန့်နေကြတယ်”ဟု ပြည်မြို့ခံတစ်ဦးကပြောသည်။ ပြည်မြို့သည် အာရက္ခတပ်တော်(AA)ထိန်းချုပ် ထားသည့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နှင့် ဆက်စပ်သလို အမ်း – ပဒါန်းလမ်းမှတဆင့် အမ်းမြို့နှင့်လည်း ချိတ်ဆက်ထားသည်။ တောင်ကုတ်နှင့် အမ်းမြို့ကို လက်လွတ်ရပြီးနောက် စစ်ကောင်စီက ပြည်ခရိုင်အတွင်း လူငယ်များအား ဖမ်းဆီးခြင်း၊ စစ်မှူးထမ်းဥပဒေအကြောင်းပြ၍ စစ်သားစုဆောင်းခြင်းများပြုလုပ်နေသည်။ ယခုအခါ…