Tag: News
-

စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲအတွက် မဲပေးရေး လှုပ်ရှားမှုများတွင် အတင်းအကျပ် ဖိအားပေး ဆင့်ခေါ်၍ ပါဝင်ရသော အဆိုတော်နှင့် အနုပညာရှင်များကို ဆန္ဒအလျောက် တက်ကြွစွာ ပါဝင်သူများဟု မောင်မောင်အုန်းက သုံးနှုန်းပြီး ဂုဏ်ယူသည်ဟု ပြောပြန်
စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲအတွက် မဲပေးရေး လှုပ်ရှားမှုများတွင် အတင်းအကျပ် ဖိအားပေး ဆင့်ခေါ်၍ ပါဝင်ရသော အဆိုတော်နှင့် အနုပညာရှင်များကို ဆန္ဒအလျောက် တက်ကြွစွာ ပါဝင်သူများဟု မောင်မောင်အုန်းက သုံးနှုန်းပြီး ဂုဏ်ယူသည်ဟု ပြောပြန် အကြမ်းဖက် စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲအတွက် မဲပေးရေး လှုပ်ရှားမှုများတွင် အတင်းအကျပ် ဖိအားပေး ဆင့်ခေါ်၍ ပါဝင်ရသော အဆိုတော်နှင့် အနုပညာရှင်များကို ဆန္ဒအလျောက် တက်ကြွစွာ ပါဝင်သူများဟု စစ်တပ်လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဆိုသူ မောင်မောင်အုန်းက စတင်သုံးနှုန်းပြောဆိုလာသည်။ နိုဝင်ဘာလ ၁၅ ရက်နေ့ ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ရွေးကောက်ပွဲ အောင်မြင်ရေး ဂီတအစည်းအရုံး (ဗဟို) အစီ အစဉ်ဖြင့် အသိပညာပေးနှိုးဆော်ရေး ရွေးကောက်ပွဲလှုံ့ဆော်တေး ရိုက်ကူးနေမှုကို မောင်မောင်အုန်းက သွားရောက် ကြည့်ရှုပြီးနောက် ယင်းကဲ့သို့ မောင်မောင်အုန်းက…
-

ကြံ့ခိုင်ရေးပါတီ မဲဆွယ်ဆိုင်းဘုတ် စောင့်ကြည့်ရန် ဘေးတွဲမောင်းသူများကို စေခိုင်း
ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီရဲ့ မဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်ခံရတာ မဖြစ်ရအောင် ဘေးတွဲမောင်းသူနဲ့ သတင်းပေးတချို့ကို အလှည့်ကျစောင့်ကြည့်ဖို့ စေခိုင်းထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့်ပါတီတွေက မဲဆွယ်ဆိုင်းဘုတ်တွေ စိုက်ထူလာကြသလို အဲဒီဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတာတွေလည်း ရှိလာတဲ့အတွက် ဖျက်ဆီးခံရတာ အများဆုံး ကြုံတွေ့နေရတဲ့ ကြံ့ခိုင်ရေးပါတီက ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွေကတဆင့် စောင့်ကြည့်ခိုင်းတာတွေ လုပ်နေတာလို့ ဆိုပါတယ်။ သင်္ဃန်းကျွန်းမြို့နယ်မှာ အနှေးယာဉ်လုပ်သားတယောက်က “ဘေးတွဲမောင်းတဲ့သူတွေ အလှည့်ကျ ဆိုင်းဘုတ်လုံခြုံရေး စောင့်ရမယ်ဆိုလို့ ညစ်နေကြတယ်လေ။ ဒီအတိုင်း ထိုင်စောင့်ခိုင်းတာမျိုးတော့ မဟုတ်ဘူး၊ အနီးဝန်းကျင်မှာ ရှိနေရမယ်လို့ ခိုင်းထားတယ် ပြောတာပဲ” လို့ ပြောပါတယ်။ ရန်ကုန်မြို့မှာ ကြံ့ခိုင်ရေးပါတီရဲ့ မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခံနေရလို့ ရဲတပ်ဖွဲ့က လုံခြုံရေးပေး စောင့်ကြည့်ဖို့ ညွှန်ကြားမှုရှိတယ် ဆိုတဲ့သတင်း ထွက်နေပေမဲ့ နယ်မြေမှာရှိတဲ့…
-

အာဏာသိမ်းကာလ ကြံ့ဖွံ့ပါတီဝင် ၁,၀၀၀ ကျော် အသတ်ခံရကြောင်း ဦးခင်ရီပြော
အာဏာသိမ်းကာလအတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ၁,၀၀၀ ကျော် အသတ်ခံခဲ့ရကြောင်း ပါတီဥက္ကဌ ဦးခင်ရီက နိုဝင်ဘာလ ၁၃ ရက်နေ့က နေပြည်တော်၊ ဇေယျာသီရိ မြို့နယ်မှ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်တွေ့ဆုံရာတွင် ပြောသည်။ အဆိုပါတွေ့ဆုံပွဲတွင်ပြောဆိုသည့် ရုပ်သံဖိုင်ကို ယမန်နေ့ (နိုဝင်ဘာ ၁၅)တွင် ကြံ့ဖွံ့ပါတီကဖော်ပြရာ ဦးခင်ရီက “တပ်မတော်ကိုထောက်ခံမိရင် ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်လို့ရှိရင် အသတ်ခံရတဲ့သဘောဖြစ် နေတယ်။ ငါနဲ့မတူငါ့ရန်သူလို့ ဖြစ်နေတဲ့သဘောရှိတယ်။ ဟုတ်တယ်မလား။ ကျွန်တော်ခုနကပြောတယ် ကျွန်တော်တို့ပါတီဝင် ၁,၀၀၀ ကျော်သေသွားပြီ” ဟု ပြောသည်။ အသတ်ခံရသည့် ပါတီဝင်များအတွက် ပေးဆပ်ပေးရန်လိုသည်ဟုလည်း ၎င်းက ဆက်ပြောသည်။ “အဲ့ဒီလူတွေအတွက် သူတို့မှာ ဘာဆန္ဒတွေရှိကြလဲ။ သူတို့ ဝိဉာဉ်လောကကို ရောက်သွားပြီ။ ပိုမိုမြင့်မား တဲ့နေရာတခု အေးချမ်းတဲ့ဘဝတခုကို သူတို့လိုချင်ကြမှာပဲ။ သူတို့အတွက် ကျွန်တော်တို့က ဘာလုပ်ပေး ဖို့လိုလဲ။ သူတို့အတွက်…
-

ရန်ကုန်မှာ ကြံ့ခိုင်ရေးရုံးကို ဗုံးနဲ့ တိုက်ခိုက်
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာ ကြံ့ခိုင်ရေးရုံးကို မနေ့ညက ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက်က ထုတ်ပြန်ပါတယ်။ ဒီတိုက်ခိုက်မှုမှာ ကြံ့ခိုင်ရေးရုံးဂိတ်ရှိ စစ်သားနှစ်ဦးက ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့ပြကြွက်ထုတ်ပြန်ချက်အရ သိရပါတယ်။ မြို့ပြကြွက်တာဝန်ရှိသူက “ စခ ၂ ပြည်သူစစ် ၂ နှစ်ဦး ထိခိုက်တယ်လို့ သတင်းရတယ်” လို့ ပြောပါတယ်။ မြို့ပြကြွက်အနေနဲ့ စစ်အုပ်စု၏ အကြမ်းဖက်သွေးစွန်းမှုများကို တရားဝင်ဖြစ်ရေး အသည်းအသန်ကြိုးပမ်းမှုများကို တားဆီးရန် နဲ့ စစ်အုပ်စု၏ပြည်သူအပေါ် မတရားဖမ်း ဆီးစစ်မှုထမ်းခိုင်းနေမှုများကို လက်တုန့်ပြန်တိုက်ခိုက်သွားမည်ဖြစ်တဲ့အတွက် စစ်အုပ်စု အလိုကျဘောမနေမှုများကို ရပ်တန့်ကြရန် သတိပေးတယ်လို့ ထုတ်ပြန်ထားပါတယ်။ Photo – မြို့ပြကြွက်
-

အိမ်ဖောက်ဝင်လာတဲ့ သူခိုးကို ရဲလက်အပ်ခဲ့တဲ့ ကေပေါ့ပ် အဆိုတော် နာနာ
အိမ်ထဲ ဖောက်ထွင်း ဝင်လာတဲ့ သူခိုးကို တောင်ကိုးရီးယား ကေပေါ့ပ် အဆိုတော် နာနာနဲ့ သူ့အမေက ပြန်ခုခံ ဖမ်းချုပ်ပြီး ရဲလက်အပ်ခဲ့တယ်လို့ တောင်ကိုရီးယား သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ဂူရီမြို့မှာရှိတဲ့ နာနာရဲ့အိမ်ထဲ အသက် ၃၀ ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖောက်ထွင်း ဝင်လာပြီး နာနာတို့သားအမိကို လက်နက်ပြ ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါပေမဲ့ အသက် ၃၄ နှစ်အရွယ် နာနာ (အမည်ရင်း အင်မ်ဂျင်းအာ) နဲ့ သူ့အမေက ရဲတွေ ရောက်လာတဲ့အချိန်အထိ သူခိုးကို ဖမ်းချုပ်ထားနိုင်ခဲ့တယ်လို့ နာနာရဲ့အေဂျင်စီက သတင်းမီဒီယာတွေကိုပြောပြပါတယ်။ ရုန်းရင်းဆန်ခတ် ဖြစ်ချိန်မှာတော့ သူ့အမေ သတိမေ့သွားခဲ့ပြီး နာနာရော အမေပါ ဆရာဝန်နဲ့ ပြခဲ့ရတယ်လို့ ယွန်ဟပ် သတင်းဌာနမှာ ဖော်ပြထားပါတယ်။ အိမ်ထဲ ဖောက်ထွင်းဝင်လာတဲ့ သူခိုးက…