Tag: News

  • ဗန်းမော်မြို့တွင်းရှိ စစ်တပ် တပ်စွဲထားသော နေရာ ၅ ခုထက်မနည်းကို KIA ပူးပေါင်းတပ်များက ပြန်လည် တိုက်ခိုက်သိမ်းပိုက်

    ဗန်းမော်မြို့တွင်းရှိ စစ်တပ် တပ်စွဲထားသော နေရာ ၅ ခုထက်မနည်းကို KIA ပူးပေါင်းတပ်များက ပြန်လည် တိုက်ခိုက်သိမ်းပိုက်ထားပြီး တန်ပြန်ထိုးစစ်ဆင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် စစ်တပ်က တပ်စွဲထားသော နေရာ ၅ ခုထက်မနည်းကို KIA ပူးပေါင်းတပ်များက ပြန်လည် တိုက်ခိုက်သိမ်းပိုက်ထားပြီး တန်ပြန်ထိုးစစ်ဆင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။ အောက်တိုဘာလ ၈ ရက်နေ့နှင့် အောက်တိုဘာလ ၉ ရက်နေ့တို့တွင် စစ်တပ်က နေရာယူထားသော ဗန်းမော်မြို့တွင်း နေရာတချို့ကို KIA ပူးပေါင်းတပ်များက တစ်ကျော့ပြန် ပြန်လည် တိုက်ခိုက်သိမ်းပိုက်ပြီး တန်ပြန်ထိုးစစ်ဆင်လာနိုင်ကြောင်း သိရှိရသည်။ “ခလရ ၄၇ နားက ကာကင်းစခန်းတွေကို သိမ်းတယ်။ နောက်ပြီးတော့ ၂ မိုင်နဲ့ အရှေ့သာစည်ဂေါက်ကွင်းအနားမှာရှိတဲ့ စစ် တပ်က…

  • မဲစာရင်းများ မှားယွင်းကြောင်း ပြောဆိုခဲ့သည့် ဘူးလက်လှဆွေ ခေါ်ယူ စစ်ဆေးခံနေရ

    မဲစာရင်းများ မှားယွင်းကြောင်း ပြောဆိုခဲ့သည့် ဘူးလက်လှဆွေ ခေါ်ယူ စစ်ဆေးခံနေရ

    စစ်တပ်ဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ထားတဲ့ မဲစာရင်းတွေ အကြီးအကျယ် မှားယွင်းနေကြောင်း ပြောဆိုခဲ့တဲ့ ဘူးလက်ဦးလှဆွေ ခေါ် ဦးလှဆွေကို အောက်တိုဘာ ၇ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်က ခေါ်ယူစစ်ဆေးနေတယ်လို့ နေပြည်တော် သတင်းရင်းမြစ်ကနေ သိရပါတယ်။ ပုဗ္ဗသီရိမြို့နယ်မှာ မဲစာရင်းတွေ ရာနဲ့ချီကွာဟနေပြီး သေတဲ့သူတွေတောင် ပါနေတယ်လို့ ကြံ့ခိုင်ရေးပါတီမှ ဦးလှဆွေက သူ့ရဲ့ လူမှုကွန်ရက်မှာ live လွှင့်ပြောဆိုခဲ့ရာ သတင်းမီဒီယာတွေက ဖော်ပြပြီးနောက် စစ်​ဆေးခံရတာလို့ နေပြည်တော်သတင်းရင်းမြစ်က ပြောပါတယ်။ “နေပြည်တော်မှာ မဲစာရင်းတွေ ကွာနေတာကို သူပြောလိုက်လို့ သတင်းမီဒီယာတွေ သိရတာ။ UEC က ဗိုလ်ချုပ်သန်းစိုးကလည်း ဘူးလက်လှဆွေကို ဖော်ကောင်လုပ်လို့ ဒီပြဿနာဖြစ်ရတာ၊ သူတို့ကို စောက်ရှက်ခွဲတယ်ဆိုပြီး တပ်ကိုတင်ပြပြီး ဖမ်းခိုင်းတာ၊ ဘယ်မှာစစ်နေလဲ မသိတော့ဘူး။”…

  • AA ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဖိုက်တာစစ်ခန်းကုန်းမှ စစ်သားများ လက်နက်များကိုစွန့်ပစ်ကာ ကစင့်ကလျားဆုတ်ခွာထွက်ပြေး

    AA ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဖိုက်တာစစ်ခန်းကုန်းမှ စစ်သားများ လက်နက်များကိုစွန့်ပစ်ကာ ကစင့်ကလျားဆုတ်ခွာထွက်ပြေး

    (စစ်သားများမှာ တပ်ကိုမပြန်တော့ဘဲ ထွက်ပြေးပုံရဟုဆို) မကွေးတိုင်း ငဖဲမြို့နယ်၊ပဒန်းမြို့အနီးရှိ နတ်ရေကန်တောင်ပေါ်တွင်တည်ရှိသည့် အကြမ်းဖက် စစ်တပ်၏ လေကြောင်းရန်ကာကွယ်ရေးဗျူဟာကုန်း၏ အားထားရသည့်ဖိုက်တာစခန်းကုန်းကို အာရက္ခတပ်တော် (AA)ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့က ထိုးစစ်ဆင် တိုက်ခိုက်ရာ စစ်သားများမှာ လက်နက်ကြီးများကိုသာမက လက်နက်များကိုပါ စွန့်ပစ်ကာ ကိုယ်လွတ်ရုန်းပြီး ကစင့်ကလျားဆုတ်ခွာထွက်ပြေးသွားကြသည်ဟု သတင်းရရှိသည်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ဒီစခန်းကုန်းက နာမည်ကြီး။ ဗိုလ်မှူးအဆင့်ရှိတဲ့သူထိုင်တာ။ဖိုက်တာစခန်းကုန်းလို့နာမည်ကြီး စခန်းကုန်းပါ။ဘာကြောင့်တော့မသိဘူး။ စစ်သားတွေ လက်နက်တွေကို စွန့်ပစ်ပြီးထွက်ပြေးတာ။ အဲဒီစခန်းကုန်းကို အချိန်တိုတိုနဲ့ အပြတ်သတ်ချေမှုန်းသိမ်းပိုက်လိုက်တယ်”ဟုပြောသည်။ AA ဦးဆောင်သည့်တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းတိုက်ခိုက်မှုအတွင်းစစ်သား၄၀ ထက်မနည်းသေဆုံးကာအများအပြားမှာဒဏ်ရာရရှိသွားပြီးလက်နက်ခဲယမ်းများကိုချန်ထားကာအကုန်ထွက်ပြေးသွားသည်ဟုဆိုသည်။ “နတ်ရေကန်တောင်ရှိ လေကြောင်းရန်ကာကွယ်ရေးဗျုဟာကုန်းရဲ့ အားကိုးအားထားရတဲ့ ဖိုက်တာစခန်းကုန်းဆိုတော့ လက်နက်ကြီးတွေပါ ဆင်ထားတာ။ အကုန်ရလိုက်တယ်။ ဒီလိုများများလှူဖို့လိုတယ်” ဟု ၎င်းက ပြောသည်။ ၎င်းစခန်းတွင် စစ်ကောင်စီအင်အား ၁၀၀ ကျော်ရှိပြီး ဒရုန်း၊ စနိုက်ဘာ၊…

  • ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်အား နိုင်ငံရေးအကျဉ်းသားမဟုတ်ဟု ဒေါ်သက်သက်ခိုင်ပြော

    ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်အား နိုင်ငံရေးအကျဉ်းသားမဟုတ်ဟု ဒေါ်သက်သက်ခိုင်ပြော

    ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသားများဖြစ်သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အား နိုင်ငံရေးအကျဉ်းသားမဟုတ်ဟု ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က ယမန်​နေ့(အောက်တိုဘာ ၈)က ရန်ကုန်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ​​ပြောသည်။ အာဏာရပါတီဖြစ်ခဲ့ပါက လွှတ်​တော်တွင် နိုင်ငံ​ရေးအကျဥ်းသားများလွှတ်​ပေးရန်​တောင်းဆိုမည်လား၊ ​ဒေါ်​အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်၊ ဦးဝင်းထိန်စသည့် ပုဂ္ဂိုလ်များကို လွှတ်​ပေးရန်​တောင်းဆိုမည်လားဆိုသည့် ​မေးမြန်းမှုအ​ပေါ် “နိုင်ငံတကာကတော့ နိုင်ငံရေးအကျဉ်းသားလို့ နာမည်တပ်တာပေါ့။ ဒါပေမဲ့ နိုင်ငံရေးအကျဉ်းသားမဟုတ်ပါဘူး။ အကျင့်ပျက်လာဘ်စားမှုဆိုတဲ့ ပုဒ်မတွေနဲ့ အစွဲခံထားရပြီးတော့မှ တကယ်လည်း စစ်ဆေးပေါ်ပေါက်လို့ တကယ် ပြစ်ဒဏ်ချခံရတာဖြစ်ပါတယ်ရှင့်”ဟု ဒေါ်သက်သက်ခိုင်က ​ဖြေကြားခဲ့ခြင်းဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က သဘာဝဘေးကူညီကယ်ဆယ်ရေးအတွက် ရန်ပုံငွေထားရှိခဲ့ပြီး အဆိုပါ ရန်ပုံငွေအား ဆုံးဖြတ်ချက်ချခဲ့သူများက ခေါင်းစဉ်နှင့် မကိုက်ဘဲ အသုံးပြုခဲ့ကြောင်း၊ မလိုအပ်သည့် အလေအလွင့်များ စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ဒေါ်သက်…

  • ထက်ထက်ထွန်းရေ  နင် မေ့နေမှာစိုးလို့ ငါပြန်တင်ပေးတာ (ရုပ်သံ)

    ထက်ထက်ထွန်းရေ နင် မေ့နေမှာစိုးလို့ ငါပြန်တင်ပေးတာ (ရုပ်သံ)

    ထက်ထက်ထွန်းရေ နင် မေ့နေမှာစိုးလို့ ငါပြန်တင်ပေးတာ ဖက်ခွက်စားတွေဆိုတာ အာ့ဒါပဲ …. စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း လမ်းပေါ်ကို ရဲရဲ တောက်ထွက်ကာ နေ့စဉ်နဲ့အမျှ ဝတ်စုံမျိုးစုံဖြင့် ဆန္ဒထွက်ပြခဲ့တဲ့ နိုင်ငံ့ကိုယ်စားပြု အမည်နဲ့ ကိုယ်ကျိုးစီးပွါးရှာခဲ့တဲ့ အလှမယ်အမည်ခံ ထက်ထက်ထွန်းဟာ သူမ ဆန့်ကျင်တော်လှန်ခဲ့တဲ့ စစ်အာဏာရှင်က ပြုလုပ်ပေးမယ့် ရွေးကောက်ပွဲဝင်ဖို့ တပြားမနိုင် သက်သက်ခိုင် ပါတီမှာ စတင်လှုပ်ရှားနေပြီဖြစ်ပါတယ်။ အမှန်တရားကို ရရင် ရ၊ ပြန်မရရင် စစ်အာဏာရှင်အလိုကျ အမတ်လုပ်မှာပါ။ အောက်မှာတော့ အာဏာသိမ်းခါစ ထက်ထက်ထွန်းရဲ့ သတင်းလေးပါ။ “အဓမ္မ အာဏာသိမ်းတာကို မကြိုက်လို့ ဆန္ဒပြတာပါ”လို့ ထက်ထက်ထွန်း ဆို မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုအပေါ် အလှမယ် ထက်ထက်ထွန်းက ဒီမိုကရေစီလမ်းကြောင်းကို လမ်းလျှောက်နေချိန် ခေတ်နောက်ပြန်ဆွဲပြီး ပြည်သူတွေရဲ့ ဘဝတွေ…