Tag: News
-
အမ်း-ပဒါန်းလမ်းရိုး ပေါ်က မြေလပ်ရွာကိုမီးရှို့ခဲ့သည့် အကြမ်းဖက်စစ်တပ်၏စစ်ကြောင်း AA ထံ ချေမှုန်းခံရ
(စစ်တပ်က ၁၀ ကျော်ခန့်သေဆုံးပြီး အရှင် ၂၀ကျော် ဖမ်းဆီးခံရဟုဆို) ရခိုင်-မကွေးအစပ်အမ်း-ပဒါန်းရိုးလမ်းပေါ်က မြေလပ်ရွာကိုမီးရှို့ခဲ့သည့် အကြမ်းဖက်စစ်တပ်၏စစ်ကြောင်း အာရက္ခတပ်တော် (AA)တပ်တော်ထံ တိုက်ခိုက် ချေမှုန်းခံရသဖြင့် စစ်သား ၁၀ ကျော်ခန့်သေဆုံးပြီး အရှင် ၂၀ ကျော်ခန့် ဖမ်းဆီးရမိထားကြောင်း သတင်းရရှိသည်။ AA နှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက” တိုက်ပွဲအတွင်းကနေ အရှင် ၂၀လောက်ဖမ်းမိထားတယ်။ ဒါအတိအကျပါ။ ဒဏ်ရာရတဲ့သူတွေလည်းပါတာပေါ့ ။ လက်နက်တွေလည်းပါတယ်။ သေသွားတာကတော့အနည်းဆုံး ၁၀ကျော်လောက်တော့ရှိတယ်။ တိုက်ပွဲပြီးလို့ လိုက်ရှင်းတော့ ဟိုမှာ သုံးလေးယောက်တစ်စု၊ ဒီမှာငါးယောက်ခြောက်ယောက်တစ်စု သေနေတာကို တွေ့ရတယ်” ဟုနိရဉ္စရာကို ပြောသည်။ အာရက္ခတပ်တော်(AA) သိမ်းထားသည့် ဂုတ်ကြီးစခန်းနှင့် ၃ မိုင်ခန့်ကွာဝေးသည့် မြေလပ်ရွာအားမီးရှို့ခဲ့သည့်အကြမ်းဖက်စစ်တပ်၏ ရာနှင့်ချီပါစစ်ကြောင်းအား AA မှ အောက်တိုဘာ ၆ရက်နေ့က လိုက်လံချေမှုန်းတိုက်ခိုက်ခံခဲ့ရသည်ဟုသိရသည်။…
-

ပြည်မသို့ ခိုးလမ်းမှတစ်ဆင့်ထွက်ခွာစဉ် ရိုးလမ်းပေါ်တွင် ချင်းနှင့် ရခိုင် ၅၀ နီးပါးဖမ်းဆီးခံရ
ရခိုင်ပြည်ကနေ ရန်ကုန်အပါအဝင် ပြည်မရှိ မြို့များသို့ ခိုးလမ်းများမှ ထွက်ခွာကြစဉ် ယခုလ အောက်တိုဘာပထမပတ်အတွင်း တောင်ကုတ်- ပန်းတောင်း ရိုးလမ်းပေါ်တွင် ရခိုင်နှင့် ချင်းလူမျိုး အနည်းဆုံး ၅၀ ခန့် အကြမ်းဖက်စစ်တပ်ထံ ဖမ်းဆီးခံခဲ့ရသည်ဟု သတင်းရရှိသည်။ ၎င်းတို့သည်ရခိုင်ပြည်တောင်ကုတ်မြို့မှပဲခူးတိုင်းအတွင်းရှိပန်းတောင်းနှင့်ပြည်ဘက်သို့ရိုးမပေါ်ရှိ ခိုးလမ်းများမှ တစ်ဆင့် လမ်းပြများဖြင့် သွားရောက်စဉ် အကြမ်းဖက်စစ်တပ်ထံဖမ်းဆီးခံရသူများဖြစ်ကြောင်း သိရသည်။ တောင်ကုတ်ဒေသခံတစ်ဦးက ” ဒီရက်ပိုင်းအတွင်းဖမ်းဆီးခံရတဲ့သူတွေအထဲမှာရိုးပေါ်မှာနေတဲ့ချင်းလူမျိုးတွေလည်း ပါတယ်။ တချို့ကတိုက်ပွဲတွေ အနီးအနားဖြစ်နေတော့ စစ်ရှောင်တဲ့အနေနဲ့ ရန်ကုန်ဘက်ကို သွားတဲ့လူတွေပါသလို တချို့ချင်းတွေက ခရီးသည်တွေရဲ့ အထုတ်အပိုးကိုအခကြေးငွေယူပြီးထမ်းပေးတဲ့သူတွေပါတယ်။ကျန်တာတွေကတော့ တောင်ကုတ်မြို့ပေါ်ကဒေသခံတွေ။ရန်ကုန်ကို ခိုးလမ်းကနေ သွားကြတာ။ ဘယ်နှစ်ယောက်လဲအတိအကျမသိပေမယ့်ဒီရက်ပိုင်းအတွင်းမှာတင် ၅၀ လောက်ရှိတယ်။စစ်တပ်ကဖမ်းတာ။ရိုးထဲကတောလမ်းအများစုမှာ စစ်ကောင်စီယာယီစခန်းတွေရှိတယ်။ဂိတ်တွေရှိတယ်။အဲဒီမှာ အဖမ်းခံရတာ”ဟု ပြောသည်။ လက်ရှိနိရဉ္စရာမှစုံစမ်း သိရှိရသည့် ဖမ်းဆီးခံရသည့် စာရင်းထဲတွင်တောင်ကုတ်မြိုနယ် ရပ်တော်မူရွာမှ (၆)ဦး၊ စလူရွာမှ (၄)ဦး၊ဒိုးနွယ်စမ်းရွာမှ…
-

မုံရွာနှင့်ချောင်းဦးအစပ်တွင် သီတင်းကျွတ် မီးထွန်းပွဲနှင့်ဆီမီးသပိတ် လုပ်နေစဉ် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု
မုံရွာနှင့်ချောင်းဦးအစပ်တွင် သီတင်းကျွတ် မီးထွန်းပွဲနှင့်ဆီမီးသပိတ် လုပ်နေစဉ် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၂၀ ကျော် သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရ ခြေပြတ်လက်ပြတ်များနှင့်ခေါင်းမရှိသော ခန္ဓာကိုယ်အလောင်းတချို့ ပြန့်ကျဲ မုံရွာနှင့်ချောင်းဦးမြို့နယ်အစပ် တစ်နေရာတွင် သီတင်းကျွတ် မီးထွန်းပွဲနှင့် ဆီမီးသပိတ် လုပ်နေစဉ် စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂၀ ကျော် သေဆုံးပြီး ၄၀ ကျော်ဒဏ်ရာရရှိကြောင်း ချောင်းဦးဆရာတော်က မိန့်ကြားပြောဆိုသည်။ ယမန်နေ့ အောက်တိုဘာလ ၆ ရက်နေ့ သီတင်းကျွတ် လပြည့်ည ၇ နာရီခန့်အချိန် မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ် အစပ်တွင် သီတင်းကျွတ် မီးထွန်းပွဲတော်နှင့် ဆီမီးသပိတ်ပြုလုပ်နေစဉ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသော စက်တပ် လေထီးများဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ ဗုံးကျဲချရာတွင် စက်တပ်လေထီးများဖြင့် အကြိမ်ကြိမ် ပျံသန်း…
-

ဆီမီးသပိတ်ကို ဗုံးကြဲတိုက်ခိုက်ဖို့ ညွှန်ကြားခဲ့သူ နမခတိုင်းမှူး မျိုးမင်းထွေးဟာ MNDAA ထံ လက်နက်ချအညံ့ခံခဲ့သူဖြစ်
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံဘိုရွာကို မနေ့ အောက်တိုဘာ ၆ ရက် ညပိုင်းမှာ စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ကို အဓိကညွှန်ကြားခဲ့သူ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးဟာ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ကိုးကန့်တပ်မတော် (MNDAA) ထံ လက်နက်ချအညံ့ခံခဲ့ပြီး သုံ့ပန်းအဖြစ် ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူဖြစ်တယ်လို့ သိရပါတယ်။ သီတင်းကျွတ်လပြည့်နေ့ည ဆီမီးပူဇော်ပွဲနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆီမီးသပိတ်ကို ချောင်းဦးမြို့နယ် သပိတ်ကော်မတီနဲ့ မုံရွာအမြင့်လမ်း သပိတ်ကော်မတီတို့ ဦးဆောင်ကာ ဒေသခံပြည်သူတွေနဲ့အတူ ကျင်းပနေချိန် မနေ့က ညပိုင်းမှာ စစ်အုပ်စုဟာ ဘုံဘိုရွာကို စက်တပ်လေထီး (ပါရာမော်တာ) နဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်တာ ဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လသားအရွယ်…
-

တောင်ကိုရီးယား TikTok ဆယ်လီ Live လွှင့်ပြီး မိနစ် ၃၀ အကြာတွင် သတ်ခံရပြီး အိတ်ထဲထည့် စွန့်ပစ်ခံရ
TikTok တွင် Followers ၃ သိန်းကျော်ရှိသော အသက် ၂၀ ဝန်းကျင်သာရှိသည့် တောင်ကိုရီးယားသူ ယွန်ဂျီအာသည် နောက်ဆုံး Livestream လွှင့်အပြီး မိနစ် ၃၀ အကြမှာပင် ရက်စက်စွာ ရိုက်နှက် နှိပ်စက်ခံရကာ တောင်တန်းထူထပ်သည့် ဂျိုရယ်လာခရိုင်မြောက်ပိုင်း မူဂျူစီရင်စု၌ အိတ်ထဲအလောင်းထည့် စွန့်ပစ်မှုဖြစ်ပွားခဲ့သည်။ ယွန်ဂျီအာ နောက်ဆုံးရိုက်ကူးရေးလုပ်ခဲ့သည့်နေရာမှာ အင်ချွန်းရှိ ယွန်ဂျွန်းကျွန်းပေါ်တွင်ဖြစ်ကာ အလောင်းတွေ့ရှိသောနေရာနှင့် ၃ နာရီကြာ ကားမောင်းခရီးအကွာအဝေးရှိသည်ဟု ဆိုသည်။ စက်တင်ဘာ ၁၁ ရက်နေ့ကတည်းက ထိုလူသတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စီစီတီဗီကင်မရာမှတ်တမ်းများအရ ညနေ ၃ နာရီ ၂၇ မိနစ်တွင် ကားအတွင်းမှ ယွန်ဂျီအာ တံခါးတွန်းဖွင့်ထွက်ပြေရန် ကြိုးစားနေသည့်မြင်ကွင်အား မြင်တွေ့ရသလို အတွင်းမှ ဆောင့်စွဲပြီး တံခါးပြန်ပိတ်သွားမှုကို မြင်တွေ့ခဲ့ရသည်။ သံသယတရားခံ ချွိုင် (အွန်လိုင်းအမည်…