Tag: News

  • သီတင်းကျွတ်လပြည့်‌ည မြို့ပေါ်တွေမှာ ပျော်ပွဲရွှင်ပွဲလုပ်ပေးနေပြီး တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ဒေသတွေကို အစုလိုက်အပြုံလိုက် ဗုံးကြဲသတ်ဖြတ်

    သီတင်းကျွတ်လပြည့်‌ည မြို့ပေါ်တွေမှာ ပျော်ပွဲရွှင်ပွဲလုပ်ပေးနေပြီး တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ဒေသတွေကို အစုလိုက်အပြုံလိုက် ဗုံးကြဲသတ်ဖြတ်

    စစ်အုပ်စုက သီတင်းကျွတ်လပြည့်‌ည မြို့ပေါ်တွေမှာ ပျော်ပွဲရွှင်ပွဲလုပ်ပေးနေပြီး တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ဒေသတွေကို အစုလိုက်အပြုံလိုက် ဗုံးကြဲသတ်ဖြတ် စစ်အုပ်စုက သီတင်းကျွတ်လပြည့်‌နေ့မှာ မြို့ပေါ်တွေမှာ ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်ပေးနေပြီး တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာတော်တော်များများကို လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်ခဲ့တာကြောင့် ပြည်သူ ၄၀ ကျော် သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ အောက်တိုဘာလ ၆ ရက်နေ့ သီတင်းကျွတ်လပြည့်နေ့ တစ်ရက်တည်းမှာပဲ မုံရွာမြို့နယ်၊သီပေါနဲ့နမ္မတူ မြို့တို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်ပြီး မုံရွာနဲ့ချောင်းဦးအစပ် ဗုံတိုရွာကို စစ်အုပ်စုပါရာမော်တာနဲ့ကြဲချတာကြောင့် ပြည်သူ‌ ၄၀ ကျော် သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူလည်း လေးဆယ်ထက်မနည်း ရှိပါတယ်။ စစ်အုပ်စုက မုံရွာ‌မြို့ပေါ်၊မန္တလေးနဲ့ရန်ကုန်မြို့တွေမှာ သီတင်းကျွတ်ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်ပေးနေပြီး တော်လှန်ရေးတပ်တွေ ထိန်းချုပ်တဲ့နယ်မြေတွေကိုတော့ သီတင်းကျွတ်လပြည့်ညမှာ ဗုံးကြဲခဲ့တာကြောင့် ပြည်သူတွေ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ စစ်အုပ်စုအနေနဲ့…

  • အနောက်မြောက်တိုင်း စစ်ဌာနချုပ်ထဲကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်

    အနောက်မြောက်တိုင်း စစ်ဌာနချုပ်ထဲကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်

    အနောက်မြောက်တိုင်း စစ်ဌာနချုပ်ထဲကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိ ၅ ဦး အပါအဝင် ၁၂ ဦး သေဆုံးပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျ ပျက်စီး မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ထဲကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၅ ဦး အပါအဝင် ၁၂ ဦး သေဆုံးပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျ ပျက်စီးခဲ့ကြောင်း Chindwin Rocket Brother(CRB)မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ အောက်တိုဘာလ ၂ ရက်နေ့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)အတွင်းကို တော်လှန်ရေး တပ်ဖွဲ့များက ၉ ကြိမ်မြောက်အဖြစ် Rocket ၁၀ လုံးဖြင့်…

  • ကျောက်မဲတွင် စစ်တပ်က ပြည်သူများကို တရားလက်လွတ်သတ်ဖြတ် အဓမ္မပြုကျင့်

    ကျောက်မဲတွင် စစ်တပ်က ပြည်သူများကို တရားလက်လွတ်သတ်ဖြတ် အဓမ္မပြုကျင့်

    ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းထားတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်ရာမှာ အရပ်သားပြည်သူတွေအပေါ် တရားလက်လွတ်သတ်ဖြတ်၊ အဓမ္မပြုကျင့်မှုတွေ ရှိတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)က အောက်တိုဘာ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။ လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်တာတွေကြောင့် ရွာသားတွေ သေဆုံး ဒဏ်ရာရခဲ့သလို ဘုန်းကြီးကျောင်းနဲ့ အိမ်ခြေ အနည်းဆုံး ၁၀၀ ကျော် ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ စက်တင်ဘာ ၂၄ ရက် မနက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျောက်မဲမြို့နယ်၊ နားအိုက်ခန့်ရွာကနေ စခန်းသာဘက် ရောက်လာစဉ် လမ်းမှာတွေ့တဲ့ ရွာသားတယောက်ကို စစ်ဆေးရိုက်နှက်ခဲ့တယ်၊ ရွာသားက လယ်ထဲ ထွက်ပြေးတာကြောင့် စစ်သား ၂ ယောက် နောက်က လိုက်ဖမ်းတယ်၊…

  • မကွေး၊ စေတုတ္တရာမြို့နယ်တွင် ယာယီတပ်ရင်းမှူးတစ်ဦး အဆုံးစီရင်

    မကွေး၊ စေတုတ္တရာမြို့နယ်တွင် ယာယီတပ်ရင်းမှူးတစ်ဦး အဆုံးစီရင်

    မင်းဘူးခရိုင်အတွင်း PDF ယာယီတပ်ရင်းမှူးတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်ခတ်အဆုံးစီရင်ခဲ့မှု အောက်တိုဘာလဆန်းတွင် ဖြစ်ပွားခဲဲ့သည်။ မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ယာယီတပ်ရင်းမှူးတစ်ဦး အောက်တိုဘာလ ၁ ရက်နေ့ က မိမိကိုယ်ကိုယ် သေနတ်ဖြင့်ပစ်ခတ်ကာ အဆုံးစီရင်ခဲ့မှု ဖြစ်ပွားခဲဲ့ကြောင်း မင်းဘူးခရိုင် အမှတ် (၃) တပ်ရင်းထံက သိရသည်။ သေဆုံးသူမှာ လက်နက်ကိုင်တော်လှန်ရေးအစောပိုင်းတည်းက ပါဝင်လာခဲ့သူ အသက် ၃၁ နှစ်အရွယ် ရဲဘော်ဟိုးကြီးဖြစ်ပြီး လွန်ခဲ့သည့် သုံးလဝန်းကျင်မှစပြီး မင်းဘူးခရိုင် အမှတ် (၃) တပ်ရင်း၏ ယာယီ တပ်ရင်းမှူးအဖြစ် တာဝန်ယူထားသူ ဖြစ်သည်။ ယင်းနေ့နံနက်က တပ်စခန်းထဲရှိ ၎င်းအခန်းတွင်းမှာပင် မောင်းပြန်သေနတ်ဖြင့် ချိန်ရွယ်ပစ်ခတ်ကာ အဆုံး စီရင်သွားခဲ့သည်။ ၎င်း၏ ဘေးတွင် သေတမ်းစာရေးခဲ့သော ဒိုင်ယာရီစာအုပ်တစ်ခုရှိကာ ထိုအထဲတွင်…

  • သီတင်းကျွတ် လပြည့်ည ဆီမီးထွန်းနေစဉ် လေကြောင်းတိုက်ခိုက်

    သီတင်းကျွတ် လပြည့်ည ဆီမီးထွန်းနေစဉ် လေကြောင်းတိုက်ခိုက်

    သီတင်းကျွတ် လပြည့်ည ဆီမီးထွန်းနေစဉ် လေကြောင်းတိုက်ခိုက်ခံရသဖြင့် ကလေးငယ်များအပါအဝင် အလောင်း ၁၃ လောင်းရှာဖွေတွေ့ရှိ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်အစပ်ရှိ ကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက်ရာ ကလေးငယ်များအပါအဝင် သေဆုံးထိခိုက်သူများပြားကြောင်း သိရသည်။ ယနေ့ အောက်တိုဘာ ၆ ရက် ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် သီတင်းကျွတ်လပြည့် မီးထွန်းပွဲပြုလုပ်နေသည့် မုံရွာနှင့် ချောင်းဦးမြို့နယ်အစပ်ရှိ ဗုံတိုရွာကို စစ်ကော်မရှင်တပ်က စက်တပ်လေထီးဖြင့် ဗုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ “လပြည့်ည ဆီးမီးထွန်း၊ မီးပုံးပျံတွေလုပ်နေကြချိန်မှာ လာကြဲသွားတာ။ အား လုံးထိတာဆိုရင် ၃၀ ၊ ၄၀ နီးပါးကိုရှိတယ်။ ကလေးငယ်တွေ အမျိုးသမီးတွေ သေဆုံးတာများတယ်။ ထိခိုက်သူတွေလည်း များတာပေါ့ဗျာ။ လောလောဆယ် အလောင်းရှာဖွေလို့ရတာ ၁၃…