Tag: News
-

နွားထိုးကြီးမြို့နယ်တွင် တပ်မ ၉၉ လက်အောက်ခံ စစ်ကြောင်းကို တိုက်ခိုက်
နွားထိုးကြီးမြို့နယ်တွင် တပ်မ ၉၉ လက်အောက်ခံ စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်မှူး ရန်လင်းအောင်နှင့် ဗိုလ်ကြီး အောင်ဇော်မင်း အပါအဝင် စစ်သား ၂၂ ဦးသေဆုံးပြီး ၈ ဦးအရှင်ဖမ်းမိ (ရုပ်/သံ) မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် တပ်မ ၉၉ လက်အောက်ခံ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ ဗိုလ်မှူး ရန်လင်းအောင်နှင့် ဗိုလ်ကြီး အောင်ဇော်မင်း အပါအဝင် စစ်သား ၂၂ ဦးသေဆုံးပြီး ၈ ဦးအရှင်ဖမ်းမိကာ လက်နက် ၃၉ လက် သိမ်းဆည်းရရှိ အမှတ် ၁ စစ်ဒေသက ပြောဆိုသည်။ ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် နွားထိုးကြီးမြို့နယ်၊ ပြင်စည်ရွာမှ ထွက်လာသော ဗိုလ်မှူး ရန်လင်းအောင်နှင့် ဗိုလ်ကြီး…
-

စစ်သားများက အကူအညီတောင်းသော်လည်း လေယာဉ် အဆုံးရှုံး မခံနိုင်၍ ကယ်ဆယ်ရန် စစ်ကောင်စီက ငြင်းဆန်
ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ပိတ်မိနေချိန် ကယ်ထုတ်ပေးရန် စစ်သားများက အကူအညီတောင်းသော်လည်း လေယာဉ် အဆုံးရှုံး မခံနိုင်၍ ကယ်ဆယ်ရန် စစ်ကောင်စီက ငြင်းဆန် ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်း တိုက်ပွဲတွင် ပိတ်မိနေသော စစ်သားများက လေယာဉ်ဖြင့် ကယ်ထုတ်ရန် စစ်ကောင်စီထံ အကူအညီ တောင်းခံခဲ့သော်လည်း လေယာဉ် အဆုံးအရှုံး မခံနိုင်၍ ကယ်မထုတ်နိုင်ဟု ပြန်လည် ပြောဆိုခဲ့ကြောင်း ချင်းညီနောင် အဖွဲ့က ဖမ်းဆီးရမိသော စစ်သုံ့ပန်းက ဝန်ခံ ပြောဆိုလိုက်သည်။ အဆိုပါ ပြောကြားချက်သည် ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ဖလမ်းမြို့သိမ်း စစ်ဆင်ရေးအတွင်း ချင်းညီနောင်မှ ဖမ်းဆီးရမိသော စစ်သုံ့ပန်းများ မေးမြန်းချက် အပိုင်း -၁ အဖြစ် ထုတ်ပြန်သည့် ဗီဒီယိုတွင် စစ်သုံ့ပန်း တပ်သား ကျော်ဇော်လွင် နှင့် တပ်ကြပ်…
-

ပေါက်မြို့နယ်၊ ယာကြီးပြင်ရွာအနီး မိုင်းခွဲတိုက်ခိုက်
ပေါက်မြို့နယ်၊ ယာကြီးပြင်ရွာအနီး မိုင်းခွဲတိုက်ခိုက်မှု ပျူခေါင်းဆောင် ဆန်းဝင်း၏ ဇနီး သေဆုံးပြီး ပျူစောထီး ၁ ဦး ခြေနှစ်ဖက် ပြတ်ထွက် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ယာကြီးပြင်ကျေးရွာအနီး မိုင်းခွဲတိုက်ခိုက်မှုတွင် ပျူစော ထီးခေါင်းဆောင် ဆန်းဝင်း၏ ဇနီးဖြစ်သူ သေဆုံးပြီး ပျူစောထီး ၁ ဦးခြေထောက် နှစ်ဖက် ဖြတ်လိုက် ရကြောင်း ဆိပ်ဖြူတကိုယ်တော် ကျားဇိုးက ပြောကြားသည်။ ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန် ပေါက်မြို့နယ် ၊ ယာကြီးပြင် ပျူစောထီး ကျေးရွာ အနီးအထိ ချဉ်းကပ်ဝင်ရောက်ကာ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပျူစောထီးများ သွားလာ တတ်နေသည့် လမ်းကြောင်း၌ မိုင်းထောင်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ခေါင်းဆောင် ဆန်းဝင်း၏ ဇနီး…
-

ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက် မြေစာပုံပြိုကျပြီး ကားသမား ၃ ဦး သေဆုံး
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ စပေါ့ကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက်အတွင်း မြေစာပုံပြိုကျရာမှ မြေးတူစက်မောင်းသူ အမျိုးသား သုံးဦး မြေစာပုံပိ၍ သေဆုံးသွားကြောင်း သိရသည်။ ယမန်နေ့ ဇန်နဝါရီ ၃၀ ရက်နေ့ ည ၁၀ နာရီအချိန်ခန့် တွင် ဘဇံချောင်း ကျောက်စိမ်းလုပ်ကွက်အတွင်းရှိ မြေစာပုံပြိုကျပြီး မြေတူးစက်ခြောက်စီး နစ်မြုပ်ပြီး ကားသမား သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။ “ဖြစ်စဉ်က ဟိုတစ်ခါ နွံကန်ပေါက်တဲ့ရွာမှာပဲဖြစ်တာ။ ကားသမားသုံးယောက်အလောင်းတော့ ရှာတွေ့ ထားတယ်။ ဝင်းထဲက ရေးမဆေးကျောက်သမားတွေ ပါမပါတော့ မသိရသေးဘူး” ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။ မြေစာပုံပြိုကျစဉ်တွင် ကိုဌေးနိုင် (၃၅) နှစ်၊ ကိုဟန်ဝင်းအောင် (၃၃) နှစ်၊ ကိုဇေယျာဟိန်း (၂၉) နှစ်တို့ သေဆုံးခဲ့ပြီး ကျန်ကားသမားသုံးဦးမှာ လွတ်မြောက်သွားကြောင်း သိရသည်။ အလားတူ…
-

ဖလမ်းမြို့ လေကြောင်းမှစစ်ကူလာစဉ် ဖမ်းမိသည့် စစ်သုံ့ပန်းများ
ဖလမ်းမြို့ လေကြောင်းမှစစ်ကူလာစဉ် ဖမ်းမိသည့် စစ်သုံ့ပန်းများအား ချင်းညီနောင်အဖွဲ့ဝင် CNDF ထုတ်ပြ ပြန်ခေါ်မည်ဟု စစ်ကောင်စီကတိပေးသော်လည်း လေယာဉ်အဆုံးအရှုံးမခံနိုင်ဟုဆိုကာ ကယ်ထုတ်ခြင်း၊ ရိက္ခာချပေးခြင်းမရှိဟု စစ်သုံ့ပန်း ပြော ချင်းညီနောင်စစ်ဆင်ရေး ဖော်ဆောင်နေသည့် ချင်းပြည်နယ် ဖလမ်းမြို့သိမ်းတိုက်ပွဲသို့ ရဟတ်ယာဉ်များဖြင့် စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ကျော်အား ဖမ်းဆီးရမိပြီး၎င်းတို့အား ကောင်းမွန်စွာထားရှိကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)က ယနေ့(ဇန်နဝါရီ ၃၁ ရက်) ထုတ်ပြန်ပြသခဲ့သည်။ ဖလမ်းမြို့သိမ်း စစ်ဆင်ရေးကို ၂၀၂၄နိုဝင်ဘာ ကစတင်ခဲ့ရာ စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် စစ်ကူပို့ဆောင်ခဲ့သည်။ ထိုသို့ စစ်ကူပို့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားကို ချင်းညီနောင်က ဒီဇင်ဘာအတွင်း ဖမ်းမိခဲ့သည်။ ဖမ်းမိစစ်သုံ့ပန်းများ၏ ပြောပြချက်အရ စစ်ကူလာသည့် တပ်ဖွဲ့ဝင်များအနေဖြင့် ဖလမ်းမြို့ကို စစ်ကူလာရမည်ကို မသိဘဲ ရဟတ်ယာဉ်ပေါ် တက်ခိုင်း၍ တက်လာရခြင်းဖြစ်ကာ ဖလမ်းမြို့ရှိ တောင်ကုန်းတနေရာသို့…