အရပ်ဝတ်နှင့် ကင်းပုန်းများချထားဟု ဒေသခံများပြော ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သမိုင်း(၂) ရပ်ကွက်တွင် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)မှဗိုလ်မှူး ပစ်ခတ်ခံရမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်က အဆိုပါရပ်ကွက်အတွင်း စစ်ဆင်ရေးပုံစံဖြင့်ဝင်ရောက်စီးနင်းပြီး ပြည်သူအများအပြား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။ ဒီဇင်ဘာ ၂၈ ရက် ည ၁၁ နာရီကျော်က မရမ်းကုန်းမြို့နယ်၊ သမိုင်း(၂)ရပ်ကွက်အတွင်း စစ်ကောင်စီတပ်မှ အင်အားရာဂဏန်းဖြင့် ရပ်ကွက်အတွင်းရှိ လမ်းများဝင်ရောက်ပြီး နေအိမ်တိုက်ခန်းများ စစ်ဆေးကာ ပြည်သူများဖမ်းဆီးသွားခြင်းဟု ဒေသခံများက ပြောသည်။ “ညက တစ်ညလုံး မအိပ်ရဘူး။ တစ်ရပ်ကွက်လုံး မဲလို့ ချိတ်လို့။ စစ်ဆင်ရေးတစ်ခုလို ဝင်လုပ်သွားတာ”ဟု စစ်ကောင်စီတပ်က ရပ်ကွက်အတွင်းဝင်ရောက်ဖမ်းဆီးမှုအခြေအနေကို ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်သည် (၂)ရပ်ကွက်အတွင်းသို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ခြင်းမပြုမီ ရပ်ကွက်လမ်းအချို့၌ အရပ်ဝတ်ဖြင့် ကင်းပုန်းများချ၍ ကင်းထောက်စေပြီး ည…
ရန်ကုန် အပါအဝင် နိုင်ငံတစ်ဝန်း ဘုရားပွဲ ၊ ပျော်ပွဲ ရွှင်ပွဲနှင့် စျေးပွဲတော်များက လူငယ်များကို တပ်သားသစ်များအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးနေသည့် ပစ်မှတ် နေရာများဖြစ်လာပြီး ဖမ်းဆီးခံရသည့် လူငယ်များကို စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့များက ဆက်တိုက် ငွေညှစ်မှုများဖြစ်ပေါ်နေ ရန်ကုန်မြို့ အပါအဝင် နိုင်ငံတစ်ဝန်းတွင် ကျင်းပနေသည့် နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲများသည် လူငယ်များကို တပ်သားသစ်များအဖြစ် ပစ်မှတ်ထား၍ ပေါ်တာဆွဲ ဖမ်းဆီးသည့် ပစ်မှတ်နေရာများဖြစ်လာကြောင်း ထွေ/အုပ်သတင်းရင်းမြစ်တချို့နှင့် ဒေသပြည်သူများထံမှ စုံစမ်းသိရှီရသည်။ ၂၀၂၅ ခုနှစ် နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲများကို လာရောက်မည့် လူငယ်များကို အကြမ်းဖက် စစ်တပ်က ပစ်မှတ်ထား၍ ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ လုပ် ဆောင်ရန်ရှိနေပြီး မကြာသေးမီက စမ်းချောင်းတွင် ကျင်းပခဲ့သည့် စျေးရောင်း ပွဲတော်၊ ရေကျော်တွင် ပြုလုပ်ခဲ့သည့် စျေးရောင်းပွဲတွင်…
ဂွမြို့နယ်မြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း၊ တပ်ရင်းမှူးများ အပါအဝင် စစ်သား ၇၀၀ ထက်မနည်းသေဆုံးပြီး သံချပ်ကာကားများ၊ လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများ ဖမ်းဆီးရရှိ ရခိုင်ပြည်၊ ဂွမြို့နယ်မြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း၊ တပ်ရင်းမှူးများ အပါအဝင် စစ်သား ၇၀၀ ထက်မနည်းသေဆုံးပြီး သံချပ်ကာကားများ၊ လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများ ဖမ်းဆီးရရှိကြောင်း AA က တရားဝင်သတင်းထုတ်ပြန်သည်။ ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စတင်ပြီး ဂွအခြေစိုက်တပ်ရင်းနှစ်ရင်းဖြစ်ကြသော ခမရ ၅၆၂ နှင့် ခမရ ၅၆၃ တပ်ရင်းတို့ကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့၊ မွန်းတည့် ၁၂ နာရီအချိန်တွင် အဆိုပါ ဂွအခြေစိုက်တပ်ရင်းနှစ်ရင်းစလုံးအား…
ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်ရှိ ခရိုင်ရဲတပ်ဖွဲ့စခန်း ဒရုန်းဗုံးကြဲချခံရပြီး ရဲတပ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယမန်နေ့ ဒီဇင်ဘာ ၂၈ ရက်နေ့ ည ၇ နာရီ ၂၅ မိနစ်ခန့်တွင် တော်လှန်ရေးတပ်ဖွဲ့မှ ဒရုန်းဗုံးကြဲချ တိုက်ခိုက်ခဲ့ရာ ရဲတပ်သား သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြဝတီရဲတပ်ဖွဲ့ဝင် တစ်ဦးထံက သိရသည်။ “ခရိုင်ရဲစခန်းဝင်းးရဲ့ အနောက်အဝင်ဝနားမှာ ပေါက်ကွဲ သွားတော့ ရဲတပ်သား သုံးဦးနဲ့ မိသားစုဝင်တစ်ဦး လေးဦး ထိခိုက်ဒဏ်ရာရတယ်။ မြဝတီခရိုင်ဆေးရုံကို ပို့ထားတယ်”ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ အဆိုပါ ခရိုင်ရဲရုံးကို ယမန်နေ့ ညပိုင်းက ဒရုန်းဗုံးဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့၏ စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။ “ညက ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ခဲ့တာ။ သွားတိုက်ခိုက်ချိန် တစ်လုံးကြဲချပြီးချိန်မှာ…
စစ်မှုထမ်းသင်တန်းသားများသည် တပ်မတော်သားဘဝရရှိခံယူထားပြီးသူများဖြစ်၍ နိုင်ငံတော်နှင့် တပ်မတော်တာဝန်များကို၂၄ နာရီ တာဝန်ထမ်းဆောင်သော နိုင်ငံ့သားကောင်းများဖြစ်ကြောင်း၊ “Once a Soldier, always a Soldier” ဆိုသည်နှင့်အညီ တစ်ကြိမ်စစ်သားဖြစ်ပြီးပါက အမြဲတမ်းစစ်သားဖြစ်သည်ဆိုသည့် စိတ်ဓာတ်များခံယူထားရမည်ဟု ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ယမန်နေ့ နံနက်ပိုင်း၌ ရန်ကုန်တိုင်း အင်းတိုင်တပ်နယ်ရှိ စစ်မှုထမ်းသင်တန်းသားများနှင့် တွေ့ဆုံစဉ်ပြောသည်။ စစ်မှုထမ်းသင်တန်းဆင်းများသည် နိုင်ငံ့သားကောင်းရတနာများအဖြစ် မိမိကိုယ်ကိုယ်မိမိ ဂုဏ်ယူကြရမည်ဖြစ်ကာ စစ်ရေးပြဘာသာရပ်၊ စစ်နည်းဗျူဟာ၊ လက်နက်ငယ်ဘာသာရပ်အပါအဝင် အခြားစစ်ပညာများ စနစ်တကျသင်ကြားပေးခဲ့ပြီးဖြစ်၍ တတ်မြောက်ထားသည့် စစ်ပညာများကို စနစ်တကျ အသုံးချသွားရန်လည်း ၎င်းကဆိုသည်။ ထို့ပြင် စစ်စည်းကမ်းကောင်းမွန်မှုနှင့် အမိန့်နာခံတတ်ရန်အရေးကြီးကြောင်း အမိန့်နာခံတတ်မှ အထက်ကပေးအပ်သည့် ရည်မှန်းချက်တာဝန်များထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်နှင့်တပ်မတော်အပေါ် သစ္စာစောင့်သိရန်လိုကြောင်းလည်း ဒုစစ်ခေါင်းဆောင်က ပြောသည်။ နိုင်ငံအား မပြိုကွဲရန် ထိန်းသိမ်းနိုင်ခြင်းမှာ ကျစ်လစ်ခိုင်မာ အင်အားတောင့်တင်းသည့်…