Tag: News
-

မြထွန်းဦးကို ဖယ်ရှားပြီး ညိုစောကို နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်
အကြမ်းဖက် မင်းအောင်လှိုင်က မြထွန်းဦးကို ဖယ်ရှားပြီး ညိုစောကို နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ အဖြစ် ခန့်အပ် ဒေါ်လာအဝင်နည်းပါး၍ ပြည်ပသွင်းကုန်များအားလုံးနီးပါး တင်သွင်းခွင့် ပိတ်ပင်ထား အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြထွန်းဦးကို ဖယ်ရှားပြီး ညိုစောကို နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မ တီ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်လိုက်သည်။ ယခင်က နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ အဖြစ် မြထွန်းဦးကို ခန့်အပ်ခဲ့သော်လည်း ဇူလိုင် လ ၃၁ ရက်နေ့ စစ်ကောင်စီကို ဖျက်သိမ်းပြီးနောက် မြထွန်းဦး ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသော နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီကိုပါ ဖျက်သိမ်းခဲ့ကြောင်း၊ ယင်းနောက် ဩဂုတ်လ ၆ ရက်နေ့တွင် ညိုစောကို ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ပြီး ဝန်ကြီးအဆင့်…
-

ကာဂျီကီမုန်တိုင်းအရှိန်ကြောင့် မိုးရွာရေကြီးပြီး ရှမ်းပြည်တောင်ပိုင်း၌ လူသေဆုံးမှုရှိလာ
KAJIKI(ကာဂျီကီ)မုန်တိုင်း အားလျော့သွားသော်လည်း မိုးဆက်ကောင်းနေပြီး နေပြည်တော်၊ ရှမ်းတောင်နှင့် ရှမ်းအရှေ့တို့ရှိ မြို့နယ်အချို့၌ ရေကြီးနေကာ တောင်ကျရေကြောင့် လူနှစ်ဦး မျောပါသွားကာ တစ်ဦး၏ ရုပ်အလောင်းကို ရရှိထားကြောင်း သတင်းရရှိသည်။ နေပြည်တော်တွင် တပ်ကုန်းမြို့နှင့် ဇေယျာသီရိမြို့နယ်မှ ရွာအချို့ ယနေ့ နံနက်ပိုင်းမှစ၍ ရေကြီးနေသည်။ တပ်ကုန်းမြို့၊ ညောင်ပင်သာကျေးရွာ၊ မကျီးပင်ကျေးရွာ၊ ဗျိုင်းအင်းကျေးရွာ၊ ရှောက်ကုန်းကျေးရွာများ၌ ရေကြီးနေပြီး ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေကြောင်း နေပြည်တော်မှ လူမှုရေးအသင်းတာဝန်ခံတစ်ဦးက ပြောသည်။ လူသေဆုံးမှုမှာ ရှမ်းပြည်နယ်တောင်ပိုင်း ပေါင်းလောင်းမြို့သစ်၊ ဧဒင်ကျေးရွာ၌ ဖြစ်ခဲ့သည်။ ယမန်နေ့ညနေပိုင်းတွင် တောင်ကျရေဆင်းလာပြီး လူနှစ်ဦးမျောပါသွားပြီး တစ်ဦး၏ ရုပ်အလောင်းသာ ပြန်လည်ရရှိသေးကြောင်း သိရသည်။ “ရှမ်းရိုးမနဲ့ ဆက်တဲ့ရွာတွေမှာ တောင်ကျရေ ဘေးကြုံနေတယ်။ ဧဒင်ရွာက နှစ်ယောက်မှာ တစ်ယောက်ပဲ ရုပ်အလောင်းပြန်တွေ့သေးတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၌…
-

ဗန်းမော်တိုက်ပွဲမှာ စစ်တပ်ရဲ့ စစ်ကြောင်းတစ်ခုကို KIA ရှင်းလင်းနိုင်ခဲ့တယ်လို့ဆို
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ နေရာယူထားတဲ့ဘက်ကို စစ်ကြောင်းထိုးတိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတစ်ခုကို KIA ဘက်က ပိတ်ဆို့တိုက်ခိုက် ရှင်းလင်းနိုင်းခဲ့တယ်လို့ သိရပါတယ်။ ဩဂုတ်လ ၂၃ ရက်နေ့မှာ အမှတ် ၅၀၁၄ သံချပ်ကာတပ်ရှိတဲ့ဘက်ကနေ ခလရ ၂၃၆ တပ်ရင်ဘက်ကို စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ရာမှာ တိုက်ခိုက်ခံရတာကြောင့် စစ်ကြောင်းနှစ်ခုကွဲသွားပြီး တစ်ကြောင်းကို KIA ဘက်က တစ်ဦးမကျန် ရှင်းလင်းခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦး KNG ကိုပြောပါတယ်။ “၅၀၁၄ တပ်ချပ်ကာတပ်ရှိတဲ့ ဘက်ကနေ ဖောက်ပြီး ထိုးလာတာ KIA ဘက်ကပြန်တိုက်တော့ စစ်ကြောင်းနှစ်ခုကွဲသွားတယ်။ စစ်ကြောင်းကို ထွက်လို့မရအောင် ဝိုင်းရံပိတ်ဆို့ထားပြီး၂ ရက်တောင်ပစ်တာ ရှေ့တစ်ရက်ကမှ တစ်ယောက်မကျန် အကုန်ရှင်းလိုက်တယ်။ အဲ့လိုပဲ မနေ့ကလည်း နောက်စစ်ကြောင်းတစ်ခုကိုလည်း ပြန်ပစ်တော့…
-

ဂုတ်ထိပ်တံတားကျိုးမှုမှသာ အသံထွက်လာသည့် လူ့အခွင့်အရေးကော်မရှင်နှင့် အရပ်ဘက်အဖွဲ့ အစည်း ၂၁ ဖွဲ့
ဂုတ်ထိပ်တံတားကျိုးမှုမှသာ အသံထွက်လာသည့် လူ့အခွင့်အရေးကော်မရှင်နှင့် အရပ်ဘက်အဖွဲ့ အစည်း ၂၁ ဖွဲ့တို့ ဝေဖန်ခံရ အာဏာသိမ်း စစ်ကော်မရှင်က အရပ်သားများကို နည်းလမ်းမျိုးစုံဖြင့် နေ့စဉ် သတ်ဖြတ်နေသော်လည်း လူ့အခွင့်အရေးကော်မရှင်နှင့် အရပ်ဘက်အဖွဲ့အစည်း ၂၁ ဖွဲ့တို့က ဂုတ်ထိပ်တံတားကျိုးမှသာ အဆိုပါ ဖြစ်စဉ်ကိုသာ အရေးတယူဖြင့် ကန့်ကွက်ရှုတ်ချခဲ့ကြကြောင်း သိရသည်။ စစ်ကော်မရှင်လက်အောက်ခံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်က နှစ်ပေါင်း ၁၂၅ နှစ်ရှိ ဂုတ်ထိပ်တံတားကိုဖျက်ဆီးခြင်းသည် အရေးကြီးအဆောက်အအုံကို ဖျက်ဆီးမှုဖြင့် ဥပဒေပုဒ်မ၂(ဂ) ဖြင့်အကြမ်းဖက်မြောက်ကြောင်း ကုလသမဂ္ဂနှင့် နိုင်ငံတကာကလည်း အကြမ်းဖက်မှုများကို ရှုတ်ချကြောင်း စစ်ကော်မရှင်ဝါဒဖြန့်မီဒီယာမှတစ်ဆင့် ယမန်နေ့ဩဂုတ် ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အလားတူ စစ်ကော်မရှင် လက်ဝေခံ အရပ်ဘက်အဖွဲ့အစည်းများဖြစ်ကြသည့် မြန်မာသတင်း မီဒီယာကောင်စီ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) အပါအဝင် အရပ်ဘက် အဖွဲ့အစည်း…
-

“ဦးဦး သမီးကိုကယ်ပါဦး”
“ဦးဦး သမီးကိုကယ်ပါဦး” မကွေးတိုင်း၊ နတ်မောက်မြို့ရဲ့အရှေ့ဘက် မိုင် ၂၀ လောက်အကွာမှာလဲဘူးဆိုတဲ့ ရွာလေးတစ်ရွာ တည်ရှိတယ်။ ဗိုလ်ချုပ်ဇာတိ နတ်မောက်မှာ လဲဘူးကျေးရွာကို လူသိများကြပါတယ်။ရွာက တောင်သူလုပ်တယ်။ ဖျာလုပ်ငန်းတွေလုပ်တယ်။ ရောင်းရေးဝယ်တာ ဖြစ်ထွန်းတော့ မြို့အသေးလေးတခုလိုဖြစ်နေတယ်။ ဘာပဲလိုလို ဝယ်ချင်တာမှန်သမျှ မြို့လောက်နီးနီးစုံတယ်။ အနီးနားဝန်းကျင်ရွာတွေက ကျောင်းလာတက်ကြတယ်။ အလှူအတန်းပေါတယ်။ ပညာတတ်တွေများတယ်။ ဒါ့ကြောင့် လဲဘူးရွာလေးဟာ နတ်မောက်တခွင်မှာ ကောင်းသတင်းတွေနဲ့ မွှေးနေခဲ့တယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့လဲဘူးရွာလေးဟာတခြားအညာဒေသကရွာတွေလိုပါပဲ။စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကြောင့်ညနေတိုင်ပြီဆိုတာနဲ့ ရွာကလေးဟာ မီးမှိတ်တိတ်ဆိတ်။ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမီးရှို့တာတွေ၊ သတ်ဖြတ်တာတွေ၊ ပေါ်တာဆွဲတာတွေကြောင့် မိုးချုပ်ပြီဆို အပြင်မထွက်ရဲကြဘူး။ အသက် ၃၇ နှစ်အရွယ် မလွမ်းပိုက လဲဘူးရွာကပါ။ ညဂုတ် ၂၄ ရက်ညက မလွမ်းပိုတို့အိမ်မှာ မလွမ်းပိုရဲ့ သမီးလေး အသက် ၁၂ နှစ်အရွယ်ရယ်၊ မလွမ်းပိုနဲ့…