မိဘကို မတန်သလိုဆက်ဆံလို့ ပိုင်တံခွန်အား မိသားစုစာရင်းထဲတောင် မထည့်တော့ကြောင်း အသိပေးလာတဲ့ မိခင်ဒေါ်ကြူကြူ အစက ပိုင်တံခွန်အမေကြီး ဒီလိုတွေရေးနေတာ ပိုင်တံခွန်ရဲ့ တစ်ခြား ညီကိုမောင်နှမ တစ်ယောက်ယောက်ဖြစ်မယ် ထင်နေခဲ့တာ မိသားစုဓာတ်ပုံတင်တော့ ပိုင်တံခွန်မပါတော့မှ သူမှန်းသိတော့တယ်…မထင်ရဘူး ပိုင်တံခွန်ရယ် မိဘကျမကသားသမီးကို ပိုးကိုက်မှာလဲကြောက်တယ် ခြင်ကိုက်မှာလဲ့ကြောက်တယ်။ ကြီးလါရင်သားတွေကဘါဖြစ်ရမယ်ဆိုပြီးအရာရာကြိုစားခဲ့တယ်တကယ်တကယ်ဖြစ်လါတော့ရိုင်းဆိုင်းလိုက်တာ။ ကျမကသားသမီးတွေကို။ အကောင်းဆုံးတွေးပြီးလုပ်ပေးပါတယ်ကွယ်။ ငယ်ငယ်တုံးကလဲ့ပိုးကိုက်ခခြင်ကိုက်မှာစိုးရိမ်လို့ အထိမခံဘူးကြီးလါရင် ကျမသားသမီးတွေပါဖြစ်ရမယ်ဆိုပြီးကြိုးစားခဲ့တယ်ဖြစ်လါတော့ရိုင်းဆိုင်းပြီးမိဘကိုမတန်သလိုဆက်ဆံတယ်ဘါမှမပြောခြင်လိုထိုင်ကြည့်နေပါတယ်ကွယ်သူအကြိုးသူခံပါစေ။ ကြူကြူဘဝမှာဘာပိုင်မှူ့ရှိလဲ့မေးရင်။ ဒါဘဲ့ပိုင်တယ် အရာရာနင့်မလဲ့ဘူး။ အသဲတွေအချစ်တွေပုံအောခဲ့တာပါ။ အသက်ရှင်ရတာလဲသူ့တို့တွေကြောင့် ရဲ့ရင့်ခဲ့တာလဲ့သူတို့တွေကြောင့်ပေးဆပ်ရတာလဲ့ကျေနပ်ခဲ့ပါတယ်ကွယ်။ Kyu Kyu
အချင်းချင်းပစ်သတ်ပြီး ထွက်ပြေးသွားသည့် ပကဖ ရဲဘော်က စစ်ကော်မရှင်တပ်ကိုခေါ်လာပြီး စစ်ကြောင်းထိုး၍ ရွာ ၁၀ ရွာကျော် စစ်ရှောင်နေရ မကွေးတိုင်း၊ ရေစကြိုမြို့ နယ် တောင်ခြမ်း၊ ရွာသစ်ကျေးရွာအနီးရှိ ကင်းစခန်း တခုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင် တဦးက တာဝန်ကျ ရဲဘော် နှစ်ဦး ကို ပစ်သတ်ပြီးနောက် စစ်ကော်မရှင်တပ်နှင့် ပူးပေါင်းသွားကြောင်း ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထံမှ သိရသည်။ နိုဝင်ဘာ ၂၄ ရက်နေ့ နံနက် ၁၀ နာရီခန့်က ရေစကြိုမြို့နယ် ရွာသစ်ကျေးရွာ အနီးရှိ ကင်းဂိတ်တခုတွင် တာဝန်ကျနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်နှစ်ဦးကို ရဲဘော်မှင်စာ ဆိုသူက သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီးနောက် လက်နက်များနှင့်အတူ စစ်ကော်မရှင်တပ်နှင့် ပူးပေါင်းသွားခြင်းဖြစ်ကြောင်း ရေစကြိုမြို့နယ် ပအဖ အဖွဲ့ ဝင်…
တရုတ်ညှိနှိုင်းမှုကြောင့် မန္တလေးဒေသ၊ မိုးကုတ်မြို့ထဲ ပြန်လည်ဝင်ရောက်နေတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား မိုးကုတ်မြို့အနောက်ခြမ်းမှာ မနေ့က နိုဝင်ဘာလ ၃၀ ရက် ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သလို ဒီနေ့ မနက်ပိုင်းကလည်း မိုးကုတ်မြို့ အရှေ့ပိုင်းမှာ ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲဖြစ်ရတဲ့အကြောင်းနဲ့ အဲဒီက စစ်ရေးနောက်ဆုံးအခြေအနေတွေကို မဇ္ဈိမသတင်းထောက် ဂျူချန်းက သတင်းပေးပို့ တင်ဆက်ထားပါတယ်။ တည်းဖြတ်/တင်ဆက် – ဂျူချန်း
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရို ရာထူးစွန့်ပြီးတော့ တိုင်းပြည်က ချက်ချင်းထွက်ပြေးဖို့ ရာဇသံပေးခဲ့တယ်လို့ Miami Herald သတင်းစာရဲ့ ဖော်ပြချက်ကို ကိုးကားပြီး Fox News နဲ့ တခြားသတင်းဌာနတွေက ဖော်ပြကြပါတယ်။ ဗင်နီဇွဲလား လေပိုင်နက်ကို ပိတ်ထားသင့်ကြောင်း မကြေညာမီမှာ အခုလို တိုက်တွန်းခဲ့တာလို့ ဆိုပါတယ်။ သမ္မတထရမ့်ပ် ကတော့ မာဒူရိုနဲ့ ဖုန်းပြောခဲ့တယ်ဆိုတာ မှန်ကန်ကြောင်း နိုဝင်ဘာ ၃၀ ရက်က အတည်ပြုခဲ့ပေမဲ့ ဆွေးနွေးမှု အဆိုးအကောင်းကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။ ဖုန်းပြောဆိုမှုအတွင်းမှာ မာဒူရိုသာ ချက်ချင်း ရာထူးကဆင်းမယ်ဆိုရင် သူ့ဇနီးနဲ့ သား အပါအဝင် မိသားစုလိုက် ဘေးကင်းလုံခြုံစွာ ထွက်ခွာခွင့်ပြုမယ်လို့ ကမ်းလှမ်းခဲ့ကြောင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ဒါပေမဲ့ မာဒူရိုဘက်က သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက်…
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်က ကျေးရွာ ၂၀ ကျော်မှာ ကြံ့ခိုင်ရေးပါတီဆိုင်းဘုတ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့အတွက် ပြည်သူ ၃၀ ဝန်းကျင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နတ်တလင်းမြို့ရဲ့ အနောက်ခြမ်းမှာရှိတဲ့ ထိပ်ပိတ်ရွာ၊ ကွက်ကြီးရွာ၊ ရွှေကြာပင်ရွာ၊ အောင်ပင်သာရွာ၊ လှပခြင်းရွာ၊ ပွတ်စုရွာ၊ နွယ်ခွေရွာ၊ လဲတောရွာ၊ တောင်ယာတောရွာ၊ ရေမွေးရွာ၊ ချောက်ခမ်းရွာ၊ ကုလားတက်တွင်းရွာ၊ တောင်ရေကန်ရွာ၊ အောင်ချမ်းသာရွာ၊ ချင်းကုန်းကံရွာ၊ ပွဲသာရွာ၊ ကြာကံရွာ၊ လှေကြပ်ကုန်းရွာ၊ ဂွေးကြီးရွာနဲ့ ဂွေးလေးရွာတွေက ပြည်သူတွေက စစ်ကောင်စီတပ် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ ကြံ့ခိုင်ရေးပါတီ ဆိုင်းဘုတ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၂၇ ရက်နေ့မှာ ပါတီဆိုင်းဘုတ်တွေ မီးရှို့ခဲ့တယ်လို့ သံသယရှိသူ အမျိုးသား အယောက် ၃၀ ဝန်းကျင်ကို…