ရခိုင်ပြည် တောင်ကုတ်မြို့နယ်က အမှတ် ၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် (စကခ ၅) ကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီ တောင်ကုတ်မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်လိုက်ပြီး ဖြစ်ကြောင်း စစ်ရေးသတင်းရင်းများထံမှ သိရသည်။ တောင်ကုတ်မြို့ကို နိုဝင်ဘာလ ၂၄ ရက်နေ့က အလုံးစုံထိန်းချုပ်ပြီးနောက် စကခ ၅ တပ်မ၊ ခမရ ၃၄၆ တပ်ရင်း၊ ခမရ ၅၄၄ တပ်ရင်းတို့ကို AA က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ယမန်နေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းတွင် စကခ ၅ တပ်မအပါအဝင် တပ်ရင်းများကို သိမ်းပိုက်နိုင်ခဲ့၍ လက်ရှိတွင် တောင်ကုတ်မြို့နယ်တစ်ခုလုံးအား အပြီးသတ်သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဟု သတင်းရင်းမြစ်က ဆိုသည်။ “တောင်ကုတ်မြို့နယ် တစ်ခုလုံးကို AA က သိမ်းပိုက်ပြီဗျ။…
မောင်တောဒေသတစ်ခုလုံး ဆုံးရှုံးရပြီး နယ်စပ်တစ်လျှောက် လုံခြုံရေးကိုပါ စွန့်လွှတ်လိုက်ရချိန်တွင် စစ်ကောင်စီက မောင်တောဒေသကို ပြန်လည်ရရှိရန်အတွက် တပ်မ (၂၂) တပ်မမှူးကို ဦးဆောင်စေကာ ပြန်လည်ချီတက်စေခဲ့ကြောင်း သိရသည်။ ယမန်နေ့ ဒီဇင်ဘာ ၁၄ရက်နေ့တွင် အလယ်သံကျော်ကမ်းခြေမှတဆင့် ARSA၊ ARA၊ RSOအဖွဲ့များကို စစ်ကောင်စီနေဗီများတွင် တင်ဆောင်ကာ မောင်တောသို့ပြန်လည် ချဉ်းကပ်လာသည့် စစ်ကောင်စီ ပူးပေါင်းတပ်ကို အာရက္ခတပ်တော် (AA) က တိုက်ခိုက်ခဲ့ရာ တပ်မ (၂၂) တပ်မမှူး သေဆုံးသွားကြောင်း သိရသည်။ “ညမိုးချုပ်ကြီးမှ စစ်သင်္ဘောတွေနဲ့ ကပ်လာတယ်။ အကျိူးတူပူးပေါင်းနေတာ ARSAနဲ့ ။ လက်နက်တွေ အပြည့်ထောက်ပံ့ပြီး မောင်တောကိုပြန်တိုက်ဖို့ လုပ်နေကြတာပါ” ဟု ရခိုင်သတင်းရင်းမြစ်က ပြောသည်။ တပ်မ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုး (DSA…
အခုနှစ်ပွင့်လင်းရာသီမှာ ထားဝယ်မြို့ပေါ်နဲ့ မြို့အဝင်ဂိတ်တွေကို စစ်ကောင်စီတပ်က စစ်ရေးအတွက်ပြင်ဆင်တာတွေ ဆက်တိုက်လုပ်ဆောင်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မြို့ကိုထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့လကစလို့ မြို့ရဲ့ တောင်ဘက်က ကြက်စားပြင်ရပ်ကွက်တစ်ဝိုက်နဲ့ မြောက်ဘက်က ဆင်ဆိပ်ရွာတွေဘက်ကို စစ်ရေးအတွက်ပြင်ဆင်မှုတွေအဓိက လုပ်ဆောင်နေတာပါ။ ပြီးခဲ့တဲ့လကုန်ပိုင်းနဲ့ အခုလအစတွေမှာ ကြက်စားပြင်ရပ်ကွက်အပြင်ဘက်မှာရှိတဲ့ လယ်ကွင်းထဲက လယ်တဲတချို့ကို စစ်ကောင်စီတပ်သားတွေက ဖျက်ခိုင်းနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒါ့အပြင် ကြက်စာပြင် ရထားဘူတာဟောင်းတစ်ဝိုက်မှာလည်း ခြုံတွေရှင်းလင်းနေတယ်လို့ ဆိုပါတယ်။ “လူခိုနိုင်တယ်ဆိုပြီးလုပ်နေတာ။ ခြုံရှင်းတဲ့လူတွေလည်း တခါတည်းခေါ်လာတယ်” လို့ ကြက်စားပြင်ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ အလားတူ မြို့ ရဲ့တောင်ဘက်က ဆင်ဆိပ်ရပ်ကွက်မှာလည်း စစ်ကောင်စီတပ်သားတွေကြားဖြတ်ပစ်ခတ်ခံရတဲ့နေရာအနီးက နေအိမ်နဲ့စျေးဆိုင်တစ်ဆယ်ကျော်ကို ပြောင်းရွှေ့ခိုင်းခဲ့ပြီး နေ့ရောညပါ စစ်ကောင်စီတပ်သားတွေက ကင်းစောင့်နေပါတယ်။ စစ်ကောင်စီတပ်က အထိုင်ချတပ်စွဲထားတဲ့ ကြက်စားပြင်ရပ်ကွက်က နယ်စပ်ရေးရာနှင့် တိုင်းရင်းသားလူမျိုးရေးရာ ဖွံဖြိုးတိုးတက်ရေး…
ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင် ကုမ္ပဏီမှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံး(ရုပ်/သံ) စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင် ကုမ္ပဏီမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း Monywa inventor ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တိုက်ခိုက်ရေး ခေါင်းဆောင် ကိုမိုးသောက်က ပြောဆိုသည်။ ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင် ကုမ္ပဏီမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ညောင်ပင်ကြီး ထန်းတော ဇာတ်ဆိပ်အနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။…
အမ်း နပခ တပ်အတွင်းခုခံနေသော အကြမ်းဖက်စစ်သားတွေ အစာငတ်ပြတ်နေလို့ တစ်သုတ်ချင်းစီ အလင်းဝင် အလင်းဝင်လိုတဲ့ စစ်သားနဲ့ အလင်းမဝင်တဲ့စစ်သားအချင်းချင်းကြားလည်းပစ်ခတ်မှုဖြစ် ပြီး ထိခိုက်သေဆုံးမှုရှိ ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နပခ အတွင်းမှာ အကြမ်း ဖက်စစ်ကောင်စီတပ်သားတွေ အစာငတ်ပြတ်နေလို့ အသုတ်လိုက်အလင်းဝင်မှုရှိကာ အလင်းဝင်လို တဲ့စစ်သားတွေနဲ့ အလင်းမဝင်ချင်တဲ့ စစ်သားတွေအချင်းချင်းကြားလည်း ပစ်ခတ်မှုဖြစ်လို့ ထိခိုက် သေဆုံးမှုရှိတယ်လို့ ဒေသသတင်းရင်းတွေဆီက သိရပါတယ်။ အခုရက်ပိုင်းအတွင်း အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းမှာ လက်နက်ချအညံ့မခံဘဲ ပြန်တိုက်နေတဲ့ စစ်ကောင်စီ တပ်သားတွေနဲ့ တိုက်ပွဲထဲက ထွက်ပြေးနေကြတဲ့ စစ်သားတွေဟာ ရိက္ခာတွေပြတ်လပ်နေလာနေတဲ့အတွက် အလံဖြူထောင် လက်နက်ချသူရှိသလို အာရက္ခ တပ်တော် – AA ကို တိုက်ခိုက်နေတဲ့ စစ်သားတွေလည်း ရှိနေသေးတာပါ။ အာရက္ခတပ်တော် အနေနဲ့လည်း နပခ…