လှိုင်သာယာတံတားအနီးရှိ ခမရ(၅၃၂)တပ်ရင်းအား ရန်ကုန်ပကဖ တိုက်ခိုက် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် ဘုရင့်နောင်တံတားအဆင်းရှိ ခြေမြန်တပ်ရင်း အမှတ်(၅၃၂)အား ပြင်းအားမြင့် မိုင်းသုံးလုံးဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးဒဏ်ရာရကြောင်း အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူကပြောသည်။ ” ကျနော်တို့မြို့ပြရဲဘော်တွေ ငြိမ်မနေဘူးအခက်ခဲကြားက စခတွေကို တိုက်ခိုက်နေအုံးမယ်”ဟု ၎င်းက ပြောသည်။ အဆိုပါစစ်ဆင်ရေးကို ဒီဇင်ဘာ ၁၅ရက် ည ၈နာရီခွဲခန့်တွင် ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “တိုက်ခိုက်မှုကြောင့် ရန်သူစစ်သား ၂ဦးထိခိုက်မှုရှိခဲ့ပြီး အသေးစိပ်မသိရသေးပေ”ဟု စစ် ကောင်စီဘက်မှ ထိခိုက်မှုအခြေအနေကို အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။ တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီက လှိုင် သာယာမြို့နယ်နှင့် ဆက်သွယ်ထားသော တံတားများပိတ်ကာ စစ်ဆေးမှုများလုပ်ဆောင် နေသည်ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။ (ခြေမြန်တပ်ရင်း အမှတ်(၅၃၂) တပ်ရင်းဝင်းအတွင်း တနေရာအား…
စစ်ကောင်စီတပ် ငါးဦးသေပြီး သေနတ်ငါး လက်ရဟု အမှတ်(၂)စစ်ဒေသခွဲပြော ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင် – မဒေါက်လမ်းပိုင်းရှိ စစ်ကောင်စီ၏ မလူးတဲဂိတ် စခန်းအား စီးနင်းတိုက်ခိုက်ခဲ့ရာ ဂိတ်စခန်းအားရှင်းလင်းနိုင်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲ၊ ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဒီဇင်ဘာ ၁၄ရက် နံနက် ၃နာရီခန့်က ညောင်လေးပင်-မဒေါက်လမ်းပိုင်းမှ စစ်ကောင်စီ၏ မလူးတဲဂိတ်စခန်းကို အမှတ်(၂)စစ်ဒေသခွဲအောက်ရှိ PDF တပ်ရင်း ၃၇၀၃ မှ ရဲဘော်များက စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ “သူတို့အင်အားကတော့ ပုံသေမရှိပါဘူး။ စစ် ကူအချိန်မရွေးရောက်နိုင်တဲ့ ရွှေကျင်၊ ညောင်လေးပင်၊ မဒေါက် အဲဒီနေရာတွေမှာရှိတဲ့ တပ်တွေရဲ့ အဓိကထောက်ပို့သွေးကြော ဂိတ်စ ခန်းတစ်ခုဖြစ်တယ်။ ပြီးတော့ ရွှေကျင်ဗျူ ဟာမှာရှိတဲ့စခန်းတွေအတွက် ကာကင်းအနေနဲ့တပ်ဆွဲထားတဲ့ စခန်းတစ်ခုဖြစ်ပါတယ်”ဟု မလူးတဲဂိတ်စခန်း၏အခြေအနေကို အမှတ် (၂)စစ်ဒေသခွဲ၊…
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်း ပိတောက်ကုန်းရွာ၌ ၂ ရက်တာတိုက် ပွဲဖြစ်ပြီး စစ်သား ၁၂ ဦးသေဆုံးခဲ့ကြောင်း ကီးကူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဒီဇင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်အချိန် ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ခြမ်း၊ ရွာသစ် ကျေးရွာ၌ အထိုင်ချထားသော အင်အား ၁၀၀ ခန့်ဖြင့် ရွာသစ်ကျေးရွာမှ ပိ တောက်ကုန်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာရာ ကြိုတင်အသင့်စောင့်ဆိုင်းနေသော တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များမှ မိုင်းဆွဲ ၍ လက်နက်ကြီးလက်နက်ငယ်များဖြင့် လက်ဦးမှုရယူကာ ပစ်ခတ်ခဲ့သဖြင့် အကြမ်းဖက်စစ်သား များအထိနာပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။ ထို့နောက် ဒီဇင်ဘာလ ၁၂ ရက် ညနေ ၆ အချိန်ခန့်တွင်…
ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ကင်းမွန်းခြုံကျေးရွာအုပ်စု၊ ဒွရွာကျေး ရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များစီးနင်းလာသည့်ကားကို ဟွန်းတီးမိသဖြင့် အမျိုးသမီးတစ်ဦး ပါးရိုက်ပြီး နံပါတ်တုတ်ဖြင့်ထုထောင်းခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့(ဒီဇင်ဘာလ ၁၄ ရက်) ညနေ ၃ နာရီခွဲခန့်တွင် အသက် ၂၃ နှစ်အရွယ်ရှိ ဒွရွာမှအမျိုးသမီးတစ်ဦး သည် စစ်ကောင်စီတပ်သားများစီးနင်းလာသောအိမ်စီးကားကို အနောက်မှဟွန်းတီးခဲ့ရာ ကားပေါ်ပါလာ သူများဆင်းလာပြီး ပါးရိုက်ခြင်း၊ နံပါတ်တုတ်ဖြင့်ထုခြင်းတို့ ပြုလုပ်သွားခဲ့ကြောင်း သိရသည်။ “ရွာလယ်လမ်းမှာဆိုတော့ ရွာကလူတော်များများ မြင်ကြတယ်။ သူတို့က အိမ်စီးကားနဲ့လာတာ၊ ဒဏ်ရာ ကတော့ တော်တော်နာတယ်ပြောတယ်၊ နံပါတ်တုတ်နဲ့လည်း ရိုက်တယ်ပြောတယ်။ ပါးတွေ နားတွေ လည်းရိုက်တယ်” ဟု ဖြစ်စဉ်ကိုသိရှိသူ အမျိုးသားက မဇ္ဈိမကိုပြောသည်။ အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လူ့အခွင့်အရေးကိုသိသာထင်ရှားစွာချိုးဖောက် ကာ လူမဆန်သောအပြုအမူများကိုကျူးလွန်နေပြီး အမျိုးသမီးနှင့်…
ထီးလင်းမြို့အနီး တိုက်ပွဲတွင် စစ်တပ်ဘက်မှ အလောင်းပြန်မရသော ဗိုလ်ကြီး အောင်စိုးဦး နှင့် တပ်သား ၇ ဦး၏ ရုပ်အလောင်းများကို PDF တပ်ဖွဲ့က သိမ်းဆည်းရရှိ မကွေးတိုင်း၊ ထီးလင်းမြို့အနီး တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ဘက်မှ အလောင်းပြန်မရသော ဗိုလ်ကြီး အောင်စိုးဦး နှင့် တပ်သား ၇ ဦး၏ ရုပ်အလောင်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ထီးလင်းမြို့မှ စစ်ကြောင်းမှူး ဗိုလ်ကြီး အောင်စိုးဦး ဦးစီးသော စစ်သားနှင့် ပျူစောထီး ၈၀ ဦးပါ စစ်ကြောင်းသည် တော်လှန်ရေး တပ်ဖွဲ့များ ခြေကုပ်ယူထားသော စခန်းကြီးဘက်ကို…