မော်လိုက်ခရိုင်တွင် “သိမ်းငှက်စစ်ဆင်ရေး” ကာလအတွင်း ပျူစောထီး စစ်စခန်း ၈ ခုကို သိမ်းပိုက်ရရှိခဲ့ပြီး စစ် သားနှင့် ပျူစောထီး ၁၀၀ ကျော်သေဆုံး စစ်သုံ့ပန်းများနှင့်လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်တွင် “သိမ်းငှက်စစ်ဆင်ရေး” ကာလအတွင်း ပျူစောထီးစခန်း ၈ ခုကို သိမ်းပိုက် ရရှိခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၁၀၀ ကျော်သေဆုံးကာ စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းအများအပြားသိမ်း ဆည်းရရှိခဲ့ကြောင်း မော်လိုက်တော်လှန်ရေး အင်အားစုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယခုနှစ် ဩဂုတ်လမှ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ မော်လိုက်ခရိုင်အတွင်း၌ “သိမ်းငှက်စစ်ဆင်ရေး” ဖော် ဆောင်ခဲ့ရာ စစ်သား၊ ပျူစခန်း ၈ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး ကျေးရွာပေါင်း ၁၇ ရွာကို စိုးမိုးထိန်းချုပ်နိုင် ခဲ့ကြေင်း၊ ယင်းတိုက်ပွဲများအတွင်း…
KTV မှာ အရက်သောက်ပြီး အမျိုးသမီးတွေနဲ့ ကခုန်ပျော်မြူးနေတဲ့ ပျော်ဘွယ်မြို့ ပြည်တော်အေးကျောင်းတိုက်ဆရာတော် အရှင်မုနိန္ဒနဲ့ အဖော်ဖြစ်သူကို စစ်ကောင်စီ လက်အောက်ခံရဲတွေက ဖမ်းပြီး အရေးမယူဘဲ ငွေသိန်း ၁၀၀ ယူကာ ပြန်လွှတ်ခဲ့ပေးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ပျော်ဘွယ်မြို့ ပြည်တော်အေးကျောင်းတိုက်ဆရာတော် ရှင်မုနိန္ဒမှာ အဖော်ဖြစ်သူ ရှင်ပညာစာရ နဲ့ နေ့စဥ် ရုပ်ဖျက်ပြီး မြို့ပေါ်က KTV တွေ မှာ အရက်သောက်ကာ အမျိုးသမီးတွေနဲ့ ကခုန်ပျော်ပါးနေတယ်လို့ သတင်းပေးတိုင်တန်းတာကြောင့် စစ်ကောင်စီလက်အောက်ခံ ရဲတွေက နိုဝင်ဘာ ၁၁ ရက်က ဖမ်းဆီးခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။ “ညရောက်ရင် တရားသွားဟောမယ်ဆိုပြီး သူ့မိတ်ဆွေ ဘုန်းကြီးတပါး နဲ့ ကား နဲ့ ထွက်သွားတယ်။ ကားပေါ်မှာ အဝတ်အစားတွေလဲပြီးရင် KTV သွားတာ။…
မောတောင်မြို့က တော်လှန်ရေးတပ်တွေကိုပြန်တိုက်ခိုက်ဖို့ဆိုပြီးလေကြောင်းကနေအင်အားလာဖြည့်တဲ့ စစ်သားတွေထဲက အချို့ဟာ တော်လှန်ရေးအင်အားစုတွေထံ လက်နက်ချအလင်းဝင်ရောက်မှုတွေရှိနေတယ်လို့ သတင်းရရှိပါတယ်။ မောတောင်မြို့အနီးကသဲဖြူရွာကိုနိုဝင်ဘာလ ၁၅ ရက်မှာ စစ်တပ်က ရဟတ်ယာဉ်တွေ နဲ့ အင်အား ၂၀၀ ခန့်အထိ ပို့ခဲ့ပြီး အဲ့ဒီထဲကအချို့ဟာ တော်လှန်ရေးအင်အားစုတွေထံ ထွက်ပြေးလာတာလို့စုံစမ်းသိရပါတယ်။ သဲဖြူရွာမှာ စစ်တပ်က တပ်စွဲထားတာ ၁နှစ်နီးပါးကြာနေပြီဖြစ်ပြီး အဲဒီနေရာကို အင်အားဖြည့်နေတာလို့ မြေပြင်ကစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ “သဲဖြူက နယ်စပ်ကုန်သွယ်ရေးလမ်းမှာ ဆုံချက်နေရာဖြစ်တယ်။အဲ့ဒီကို အင်အားတွေဖြည့်ပြီး မောတောင်မြို့ထဲကိုလည်း လေကြောင်းကနေတိုက်ခိုက်တာတွေရှိနေပါတယ်”လို့ ၎င်းကပြောပါတယ်။ လက်နက်ချအလင်းဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအတွက်ကိုတော့ အသေးစိတ်မသိရသေးပါဘူး။ နိုဝင်ဘာ ၁၄ ရက်က မောတောင်မြို့ နဲ့ နယ်စပ်စခန်းသိမ်းတိုက်ပွဲအတွင်းမှာတော့စစ်သား ၄၀ ကျော်ဖမ်းမိခဲ့ပြီး ထပ်မံဖမ်းမိတဲ့သူတွေနဲ့ဆိုရင် ၅၀ နီးပါးရှိနေပြီလို့စုံစမ်းသိရပါတယ်။ တနင်္သာရီတိုင်းထဲက မောတောင်မြို့ဟာ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမှာအရေးပါတဲ့မြို့ဖြစ်ပါတယ်။ မောတောင်ကစစ်တပ် ဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊…
USA ရောက် မြန်မာနိုင်ငံသားတွေအတွက် ယာယီဥပဒေအရ နေထိုင်ခွင့်ကို ထရမ့်အစိုးရက ရပ်ဆိုင်း အမေရိကန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအတွက် ယာယီဥပဒေအကာအကွယ်အဆင့် (Temporary Protected Status – TPS) ကို ထရမ့်အစိုးရ က ရပ်ဆိုင်းလိုက်ပြီလို့ အမေရိကန်ပြည်တွင်းလုံခြုံရေးဌာနက နိုဝင်ဘာ ၂၄ ရက်က ကြေညာချက်ထုတ်ပြန်လိုက်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံသားအတွက် လက်ရှိသတ်မှတ်ထားတဲ့ TPS ကာလဟာ ယနေ့ (နိုဝင်ဘာ ၂၅ ရက်) သက်တမ်းကုန်ဆုံးတော့မှာပါ။ ပြည်ထောင်စုမှတ်တမ်း (Federal Register) မှာ ထုတ်ပြန်လိုက်တဲ့ အဆိုပါကြေညာချက်အရ (ပြည်တွင်းလုံခြုံရေး) ဝန်ကြီးက နိုင်ငံ့အခြေအနေတွေကို ပြန်လည်သုံးသပ်ရင်း အစိုးရအဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးနောက် မြန်မာနိုင်ငံဟာ TPS သတ်မှတ်ချက်အတွက် လိုအပ်တဲ့အခြေအနေတွေ ဆက်လက်ပြည့်မီခြင်း မရှိတော့ဘူး လို့…
ထင်တိုင်းကျဲ ဗုံးကြဲသတ်နေလို့ မတ္တရာနဲ့ စဉ့်ကူးနယ်က သောင်းနဲ့ချီတဲ့ ပြည်သူတွေ ထွက်ပြေးနေရ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက စစ်ရှုံးနယ်မြေတွေ ပြန်ရရေးအတွက် လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်း အားကိုးကာ ပြန်လည် ထိုးစစ်ဆင်နေတဲ့ စစ်အုပ်စုက တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ စစ်စခန်းနဲ့ နယ်မြေ ၉၀ ရာခိုင်နှုန်းကျော်ကို ပြန်လည် သိမ်းယူသွားပြီး လက်ရှိမှာ စကျင်ကျေးရွာအနီးထိ ရောက်လာတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ၂၀၂၄ နှစ်လယ်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ဟန်ချက်ညီ ဆင်နွှဲတဲ့ ရှမ်း-မန်း စစ်ဆင်ရေးအတွင်း မတ္တရာနယ်က စစ်စခန်း ၃၀ ကျော်ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့ကာ မန္တလေးမြို့နဲ့ ၁၀မိုင်ကျော်အကွာအထိ နယ်မြေစိုးမိုးထားနိုင်ပြီး မတ္တရာမြို့ကိုပါ ဝိုင်းပတ်ပိတ်ဆို့နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လအတွင်း လှုပ်ခတ်တဲ့…