ဒုရဲမှူးအဖြစ် အယောင်ဆောင်သူဖမ်းဆီးခံရ၊ ရဲပြေးအဖြစ်သတ်မှတ်ခံထားရသူဟုဆို လူမှုကွန်ရက်ပလက်ဖောင်းတစ်ခုဖြစ်သည့် Tiktok တွင် ရဲတပ်ဖွဲ့အရာရှိတစ်ဦးအသွင် လိမ်လည်ဟန်ဆောင်ခဲ့သည့် အမျိုးသားတစ်ဦးကို ယမန်နေ့(နိုဝင်ဘာ ၂၃ ရက်)က ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် ဖမ်းဆီးမိကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရင်းမြစ်များထံမှသိရသည်။ U Pyae Lin Aung ဟုအမည်ပေးထားသည့် Tiktok လူမှုကွန်ရက်အကောင့်တွင် ၎င်းသည် ဒုရဲမှူးဖြစ်ပြီး မိခင်၊ ဖခင်များမှာလည်း ထိပ်တန်းရဲအရာရှိများဖြစ်ကြောင်း လိမ်လည်ပြောဆိုဟန်ဆောင်နေသည့် အသက်(၂၄) နှစ်အရွယ်အမျိုးသားကို မင်္ဂလာဒုံမြို့နယ်အတွင်းရှိ တည်းခိုခန်းတစ်ခု၌ ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရင်းမြစ်ကပြောသည်။ “ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နားက စစ်ဆေးရေးဂိတ်တစ်ခုကနေ လက်နက်မဲ့ပျက်ကွက် စာရင်းဝင်ပြီး ရဲပြေးအဖြစ်သတ်မှတ်ခံထားရတာ။ အခုတော့လှော်ကားနယ်မြေစခန်းမှာဖမ်းထားတယ်” ဟု အထက်ပါသတင်းရင်းမြစ်ကပြောသည်။ ရဲအရာရှိအယောင်ဆောင်မှုဖြင့် ဖမ်းဆီးခံထားရသည့် ပြည့်လင်းအောင်သည် အမှတ်(၆)လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ၊ ရွှေပြည်သာမြို့နယ်မှ တပ်သားအဆင့် ရဲပြေးတစ်ဦးဖြစ်ကာ ၂၀၂၃ ခုနှစ်အတွင်း…
ကျောင်းကြို/ပို့ယာဉ်တံဆိပ်နဲ့ မီနီဘတ်စ်တစ်စီး ဘရိတ်ပေါက်အရှိန်လွန်ကာ ဘေးတွဲသုံးစီးအပါအဝင် ယာဉ် ၆ စီး ဆင့်ကဲတိုက်မှုဖြစ်ပွားပြီး ကလေးငယ်တစ်ဦး၊ လူကြီးတစ်ဦးသေဆုံးကာ လူနှစ်ဦးဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ် ဒီနေ့ မနက် ၉ နာရီကျော်အချိန်ခန့်က ရန်ကုန်တိုင်း၊ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ အလယ်ရွာမှတ်တိုင်အနီးမှာ ဖြစ်ပွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူနယ်ခံတစ်ဦးက ပြောပြပါတယ်။ ဖြစ်စဉ်က အဆိုပါ ကျောင်းကြို/ပို့ယာဉ်က ဘရိတ်ပေါက်ကာ ၎င်းရှေ့မှ မောင်းနှင်နေတဲ့ ဘေးတွဲဆိုင်ကယ် ကယ်ရီ ၃ စီးကို ဆင့်ကဲ တိုက်မိတယ်လို့ သိရပါတယ်။ တိုက်မိမှုကြောင့် ကယ်ရီတစ်စီးမှာ ဆန့်ကျင်ဘက် ယာဉ်ကြောဘက်ကို လွင့်စင်ရောက်ရှိသွားပြီး တစ်ဖက်လမ်းကြောမှ မောင်းနှင်လာတဲ့ ကုန်တင်ကားကြီးအောက် ကယ်ရီယာဉ်မောင်း ရောက်ရှိသွားကာ နေရာတင်သေဆုံးခဲ့ပါတယ်။ အဲ့ဒီနောက် အဆိုပါကျောင်း ကြို/ပို့ယာဉ်ကပဲ နောက်ထပ် တိုက်မိတဲ့ ကယ်ရီမှာ ကလေးနေမကောင်းလို့ ဆေးခန်းပြပြီး ပြန်လာတဲ့…
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့ ညက ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်မှာ တာဝန်သိပြည်သူတစ်ဦးရဲ့ ဖုန်းသတင်းပေးမှုအရ သံဃာအတုအယောင်တစ်ပါးကို သင်္ကန်းချွတ် လူဝတ်လဲခဲ့ရကြောင်း မြို့နယ် ဝိသောဓနီအဖွဲ့မှ အရှင်တေဇသီရိက မိန့်ပါတယ်။ ဖြစ်စဉ်က နိုဝင်ဘာ ၁၈ ရက်၊ ည ၉ နာရီကျော်ခန့်အချိန် အုတ်တွင်းမြို့နယ်၊ ဟင်းငုတ်ပင် Toll Gate မှာ သင်္ကန်းဝတ်တစ်ပါးက ရိုင်းစိုင်းစွာ ပြောနေဆိုနေကြောင်း သတင်းအရ သွားရောက်ရာ တောင်ငူဘက်လားရာသို့ လမ်းလျှောက်သွားကြောင်း မျက်မြင်တွေ့သူတွေက ပြောဆိုလို့ မြို့နယ် ဝိသောဓနီအဖွဲ့(သာ/ထိန်း)က နောက်ကနေ လိုက်လံရှာဖွေခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလိုရှာဖွေရာ ခပေါင်း ကျောင်းရှစ်ဆယ် နှစ်ဆန်းကွက်သစ်နားအရောက် သင်္ကန်းဖရိုဖရဲရုံလျက် လမ်းလျှောက်နေတဲ့ အဆိုပါသံဃာကို တွေ့ရတာကြောင့် ရပ်တန့်စစ်ဆေးမေးမြန်းရာ မသင်္ကာစရာ အခြအနေမို့ ကျောင်းတိုက်ဆီခေါ်ဆောင်လာပြီး စစ်ဆေးခဲ့ကြောင်း၊…
မင်းအောင်လှိုင်နှင့် စစ်တပ်ကို ထောက်ခံသော အနုပညာရှင်တချို့ကို ပဲတင်ပို့ခွင့်လိုင်စင်ပါမစ်များ ချထားပေးပြီး စစ်တပ်က သူကောင်းပြု အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်တပ်ကို ထောက်ခံသော အနုပညာရှင်တချို့ကို ပဲတင်ပို့ခွင့်လိုင်စင်ပါမစ်များ ချထားပေးပြီး စစ်တပ်က သူကောင်းပြုကြောင်း ပြည်ပသို့ ပဲတင်ပို့နေသော ကုန်သည်ကြီးတစ်ဦးက ပြောဆိုသည်။ အကြမ်းဖက်စစ်တပ်က ပြုလုပ်သော ပွဲလမ်းသဘင်များ၊ မင်းအောင်လှိုင်၏ ပြည်ပခရီးစဉ်မှ ပြန်လာသော ကြိုဆိုပွဲများသို့ တက်ရောက်သော ရုရှင်မင်းသမီး စိုးမြတ်သူဇာ အပါအဝင် အနုပညာရှင်တချို့ကို စစ်တပ်က ပဲတင်ပို့ခွင့်ပြုသည့် ပါမစ်များ ချထားပေးကြောင်း၊ အဆိုပါ အနုပညာရှင်တချို့က ၎င်းတို့ ရရှိသော ပဲတင်ပို့ခွင့် ပါမစ်များကို ပြည်ပသို့ ပဲတင်ပို့မည့် ကုန်သည်များထံသို့ ပြန်လည် ရောင်းချခြင်းဖြင့် ငွေသားများ ရရှိကြကြောင်း သိရှိရသည်။ “စိုးမြတ်သူဇာဆိုရင်လည်း ပဲတင်ပို့ခွင့်ပါမစ် တန်ချိန် ထောင်ဂဏန်းရတယ်။…
ဒေါ်အောင်ဆန်းစုကြည် ကို သေဒဏ်ပေးသင့်သည်ဟု Eleven ထောက်ချုပ်ဟောင်းတစ်ဖြစ်လည်း စစ်လော်ဘီတစ်ဦး ယုတ်မာစွာပြောကြား ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကာလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်တစ်ဦးနှင့် နားလည်မှုရယူကာ မဲဆွယ်စည်းရုံးမှု ပုံစံမျိုး လုပ်ဆောင်ခဲ့သည်ဟု Eleven Media Group ၏ သတင်းထောက်ချုပ်ဟောင်းနှင့် စစ်တပ်လော်ဘီ တစ်ဦးဖြစ်သည့် ဖြိုးဝေဝင်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် စွပ်စွဲရေးသားထားသည်။ Ko Ko Phyoe Wei ဆိုသည့် အကောင့်ကို သုံးစွဲနေသည့် အဆိုပါ သတင်းထောက်ချုပ်ဟောင်း၏ ရေးသားချက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၀ ရွေးကောက်ပွဲကာလ၌ ဘဏ်ဥက္ကဋ္ဌတစ်ဦးထံမှ မွေးနေ့လက်ဆောင်အဖြစ် တိုင်းဒေသကြီးတစ်ခုရှိ တောင်သူလယ်သမားများ၏ ကြွေးမြီများကို လျော်ပေးရန် တောင်းဆိုခဲ့ကြောင်း ဖော်ပြထားသည်။ ယင်းတောင်းဆိုမှုကြောင့် ဘဏ်လုပ်ငန်းရှင်က တောင်သူများ၏ အကြွေးများကို…