အမေရိကန်သမ္မတ အိမ်ဖြူတော်နဲ့ တရုတ်သံရုံးမှာ အမေရိကရောက် မြန်မာတွေ စုပေါင်းပြီး စစ်ကောင်စီ ရွေးကောက်ပွဲဆန့်ကျင်ကြောင်း နိုဝင်ဘာ ၂၃ နံနက်မှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြမြန်မာတွေဟာ “WE SAY NO TO SHAME ELECTIONS” ၊ “သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပြုနဲ့” စာသားတွေကိုင်ဆောင်ကာ တရုတ်သံရုံးရှေ့မှာ ဦးစွာ ကြွေးကြော်ဆန္ဒပြခဲ့ပြီးနောက် အမေရိကန်သမ္မတ အိမ်ဖြူတော်ရှေ့သို့ ချီတက်ခဲ့ကြပါတယ်။ မြန်မာ့အရေးမှာ တရုတ်နိုင်ငံက ဝင်ရောက်စွက်ဖက်နေမှုကို ဆန့်ကျင်ကြောင်း၊ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း၊ သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးတို့အတွက် ကြွေးကြော်သံတွေ ဟစ်ကြွေး ဆန္ဒပြခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ ဒေသစံတော်ချိန် နိုဝင်ဘာ ၂၂ ရက်က Free Burma…
ကြို့ပင်ကောက်မြို့အဝင် စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား၊ ရဲ နှင့် ပျုစောထီး ၅ ဦးသေဆုံးပြီး လက်နက် တချို့ သိမ်းဆည်းရရှိ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့အဝင် အကြမ်းဖက် စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား၊ ရဲ နှင့် ပျုစောထီး ၅ ဦးသေဆုံးပြီး လက်နက် တချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သာယာဝတီခရိုင် စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။ ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီကျော်ခန့်တွင် ကြို့ပင်ကောက်မြို့အဝင် အကြမ်းဖက် စစ်တပ် ဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဂိတ်စခန်းတွင်ရှိနေသည့် စစ်သား၊ ရဲ…
စစ်တပ်ပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကနိုဝင်ဘာ ၁၉ ရက်နေ့က ရန်ကုန်မြို့ ၊ သုဝဏ္ဏမှာလုပ်ခဲ့တဲ့ မဲဆွယ်ဟောပြောပွဲ လာတဲ့သူတွေကို ကျပ်၂၀၀၀၀ ပေးမယ်ဆိုပြီး ၇၀၀၀ ကျပ်ပဲပေးတယ်လို့ ပွဲကိုသွားရောက်သူတွေကပြောပါတယ်။ အဆိုပါမဲဆွယ်ဟောပြောပွဲကို ကြံဲ့ဖွံ့က စည်ကားစေဖို့အတွက် ခရိုင်အလိုက် လူတွေကိုစုခိုင်းပြီး YBS ယာဉ်နဲ့အကြို/အပို့ လုပ်ပေးခဲ့တာဖြစ်ပါတယ်။ ခရိုင်အလိုက်ပွဲလာတဲ့သူတွေကို ကြံ့ခိုင်ရေးပါတီက တစ်ယောက်ကို ၂၀၀၀၀ ပေးမယ်လို့ ရပ်ကွက်ထဲမှာပြောပြီးလူစုခေါ်ခဲ့တာလို့ ပွဲသွားခဲ့သူအချို့ကပြောပါတယ်။ “ပိုက်ဆံလည်းမရဘူး။ သူတို့က ၂၀,၀၀၀ ပေးမယ်ဆိုပြီးပြောတယ်။ထမင်းလည်းကျွေးမယ်ပေါ့။ တစ်ကယ်တမ်းကြမပေးဘူး။ ကျွေးတာတောင်မဖြစ်စလောက်လေး။ ၇,၀၀၀ ပဲပေးတယ်။ အဲဒါတောင် လိုက်တောင်းနေရတာ။ တော်တော်နဲ့မပေးဘူး” လို့ ကြံ့ဖွံ့ပါတီ ဥက္ကဌ ဦးခင်ရီဟောပြောမဲဆွယ်တဲ့ပွဲကိုတတ်ရောက်သူတဦးကပြောပါတယ်။ ကြံ့ဖွံ့ပါတီမဲဆွယ်ပွဲမှာ ပိုက်ဆံပေးမယ်ဆိုပြီးလူစုခဲ့တာကြောင့် လူဦးရေတစ်သောင်းခန့်တက်ရောက်ခဲ့တယ်လို့ဆိုပါတယ် ။ပွဲကိုစစ်တပ်နဲ့ရဲက လုံခြုံရေးအပြည့်ယူထားပေးတယ်လို့လည်းစုံစမ်း သိရပါတယ်။ အလားတူ ကြံ့ဖွံ့ ပါတီ အမတ်လောင်းဆိုသူတွေကလည်း စစ်တပ်ရွေးကောက်ပွဲအတွက်…
မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွာကို လာမှာဖြစ်တဲ့အတွက် ချက်ပြုတ်ကျွေးမွေးဖို့ ဈေးသွားဝယ်တဲ့ ရပ်ကျေးပါတီဥက္ကဋ္ဌတယောက် နိုဝင်ဘာ ၂၂ ရက် မနက်က ဓားနဲ့ထိုးခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ မနေ့ မနက်အစောပိုင်းက နေအိမ်ကနေ ဈေးဝယ်ထွက်လာတဲ ကျေးရွာ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ တယောက်ဟာ ကျွတ်ကန်ကျေးရွာအဝင်မှာ စကားများ ရန်ဖြစ်ပြီး ဓားနဲ့အထိုးခံရကာ သေဆုံးသွားတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။ “ကြံ့ခိုင်ရေးက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မျိုးမြင့်သိန်း လာမယ်ဆိုလို့ ချက်ပြုတ်ကျွေးမွေးဖို့ ရွှေတောင်ရွာမှာ ဈေးသွားဝယ်တာ၊ ကျွတ်ကန်ရွာအဝင်မှာ လူငယ်တွေနဲ့ စကားများပြီး ဓားနဲ့ထိုးခံရတာ။ ဈေးတောင် မရောက်ဘူး၊ ပွဲချင်းပြီး သေသွားတယ်။” သေဆုံးသူမှာ ဝမ်းတွင်းမြို့နယ် သနပ်ခါးတောကျေးရွာအုပ်စုက ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးညွန့်ဦး ဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီဝင်တယောက်က ပြောပါတယ်။ “ရန်ဖြစ်…
စစ်တပ်တွေ ဝိုင်းရံထားတဲ့ မင်္ဂလာဒုံမြို့နယ်ထဲမှာ ကျားဖြန့်ငွေလိမ်လုပ်ငန်း အထိုင်ချလုပ်ကိုင်နေတာနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုတာတွေရှိပေမဲ့ ဟန်မပျက်ဆက်ရှိနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ အဲဒီကျားဖြန့် ငွေလိမ်လုပ်ငန်းမှာ စစ်တပ်ပတ်လည်ရှိနေတဲ့ ခရေပင်လမ်းခွဲနဲ့ တညင်းကုန်းလမ်းဆုံကြားမှာ အထိုင်ချပြီး လုပ်ငန်းလုပ်ကိုင်နေတာလို့ ကိုယ်တိုင်ငွေလိမ်ခံရပြီး အဲဒီနေရာရောက်ခဲ့ဖူးသူတွေက ထုတ်ဖော်ပြောဆိုထားကြပါတယ်။ မြို့ခံတွေ ငွေလိမ်လည်ခံလာရတဲ့ သတင်းတွေ ထွက်လာခဲ့ပြီးနောက်မှာ ကျားဖြန့်ရုံးရှိတဲ့ နေရာဆီ လူအဝင်၊ အထွက် တင်းကျပ်ထားပြီး လုပ်ငန်းဆက်ရှိနေသေးတဲ့ လှုပ်ရှားမှုတွေ ဆက်တွေ့ရတယ်လို့ ကိုယ်တိုင်ငွေလိမ်ခံရသူရဲ့ မိသားစုဝင်တယောက်က ပြောပါတယ်။ “ငွေလိမ်ဖို့ အရင်ဆုံး ချိတ်ဆက်ပေးတဲ့ တယောက်လည်း ရပ်ကွက်ထဲမှာ ရှိနေတုန်းပဲ။ သူတို့ သွား လာလှုပ်ရှားတာတွေလည်း မြင်နေရတာဆိုတော့ လုပ်ငန်းဆက်ရှိနေသေးတယ်လို့ ပြောလို့ရတယ်။” အဲဒီကျားဖြန့်လုပ်ငန်းအနီးဝန်းကျင်မှာ ၆၄၆ တပ်၊ တညင်းကုန်း စစ်သားစုဆောင်းရေးတပ်၊ စစ်ဆေးတက္ကသိုလ်၊ စစ်တပ်လိုင်းခန်း၊ မင်္ဂလာဒုံမြို့မရဲစခန်းတို့…