13ရက်နေ့ ည8နာရီက အဖေဖြစ်သူက အလုပ်ရှိလို့ ခလေးကို အိမ်အရင် လိုက်ပို့ပေးခဲ့တယ်။ ခလေးက အိမ်မှာ တယောက်ထဲ ကျန်နေခဲ့ပီး၊ 13ရက်နေ့ ည11နာရီ လောက် ကစားစရာ ကားလေး ကိုင်ပီး အိမ်ထဲက ထွက်လာတယ်။ 13ရက်နေ့ ညထဲက ဆုံးနေခဲ့ပီး ခလေး အလောင်းကို 14ရက်နေ့၊ ညနေ 4နာရီ နောက်ပိုင်း အိမ်နဲ့ 500မစ် အကွာ၊ ကားလမ်းဘေးမှာ၊ တွေ့ခဲ့ကြတယ်။ ခလေးပျောက်ပျောက်ခြင်း မတိုင်တာရယ်၊ သရေခွံတွေ၊နားရွက် တွေမရှိ၊ ရဲကို အရင်မတိုင်တာရယ်၊ အလောင်းကို ရေချိုးပေးတော့ ခလေးဆုံးရတာ အဖေကို မသင်ကာ ခဲ့ကြဘူး။ အလောင်းကို ဆေးရုံပို့ စစ်ဆေး ရလာတဲ့ အဖြေက ခလေးရဲ့ ကိုယ်မှာ ဒဏ်ရာ အချက် နေရာ…
ပိုင်အုပ်စိုးအောင်နဲ့ သူငယ်ချင်းအရင်းကြီးဖြစ်ပေမယ့် အခုဖြစ်နေတဲ့ ဂယက်တွေထဲမှာ လုံးဝပါဝင်ပတ်သက်ခြင်းမရှိဘူးဆိုတဲ့ ဘုန်းမင်းနေ မင်းမဲ့စရိုက်ဆန်စွာ အပြစ်မဲ့ လူငယ်တစ်ယောက်ကို အုပ်စုဖွဲ့ အနိုင်ကျင့်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ တက်သစ်စ မင်းသား ပိုင်အုပ်စိုးအောင် တက်သစ်စမင်းသား ပိုင်အုပ်စိုးအောင် နဲ့ မကြာမီကပြုလုပ်ခဲ့တဲ့ Waterzonic EDM festival ကြီးမှာ ဝင်ရောက်ဖျော်ဖြေမဲ့ DJ Awra (ခ) ဩရထွန်း တို့အ ပေါင်းအပါများ မင်းမဲ့စရိုက်ဆန်စွာ အပြစ်မဲ့ လူငယ် တစ်ယောက်အား လက်နက်ဖြင့်ပါ ထိုးနှက်ရမ်းကားမှု… ဖြစ်စဉ်မှာ ရန်ကုန်မြို့လည်ခေါင်က နာမည်ကြီး လူငယ်တွေကြား အထင်ကရ နေရာဖြစ်တဲ့ the attic မှာ မင်းသား ပိုင်အုပ်စိုးအောင်နှင့် DJ Awra အပါအဝင် သင်းရတနာစု (ခ) Dora၊ DJ Wai…
တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ နေအိမ်နဲ့ အုပ်ချုပ်ရေးမှူးရုံး နေအိမ်အဆောက်အဦ မီးရှို့ ဖျက်ဆီးခံရတယ်လို့ မြို့ခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက်၊ ည ၁၁ နာရီခန့်မှာ ပုလောမြို့နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးဇာနည်အောင် နေအိမ်နဲ့ အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့ကို အမည်မသိလူတစ်စုက သွားရောက်မီးရှို့ခဲ့တာပါ။ “ညဘက်ကြီး မီးက အချိန် တစ်နာရီလောက်ရှိမယ် လောင်နေတာလေ၊ အစပိုင်းတော့ ဒီအတိုင်း မီးလောင်နေတာပဲ ထင်တာပေါ့၊ ပြီးမှ ရှို့မီးလို့ပြောတယ်” လို့ ဖြစ်စဉ်ကို သိရှိထားတဲ့ ပုလောမြို့ခံတစ်ဦးက ပြောပါတယ်။ မီးလောင်မှုဖြစ်ပွားပြီး တစ်နာရီအကြာမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ရောက်ရှိလာခဲ့ပြီး မီးငြှိမ်းသတ်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ်ထောက်ခံ တယ်လီဂရမ်မှာတော့ မီးရှို့ခံရတဲ့ဖြစ်စဉ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ လက်ချက်ဖြစ်တယ်လို့ ဝါဒဖြန့်ပြောဆိုနေပေမယ့်…
အခုနှစ်ကုန်ကျင်းပမယ့် အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲအပြီးမှာ ဒုသမ္မတ ဒါမှမဟုတ် လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာဖို့ ရေပန်းစားနေသူ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဖြစ်သူ ဦးခင်ရီဟာ ငွေကျပ်ဘီလျံနဲ့ချီတဲ့ ပါတီပိုင်ငွေကြေးတွေကို မိသားစုပိုင်စီးပွားရေးလုပ်ငန်းထဲ စီးဆင်းစေခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီရဲ့ အမြင့်ဆုံးရာထူးကို ရရှိထားသူ လက်ရှိ အသက် ၇၃နှစ်အရွယ် ဗိုလ်မှူးချုပ်ဟောင်း ဦးခင်ရီဟာ ပါတီရုံးပြုပြင်၊ တည်ဆောက်ရေးလုပ်ငန်းတွေအတွက် သားဖြစ်သူပိုင်ဆိုင်တဲ့ ဆောက်လုပ်ရေးကုမ္ပဏီကို လုပ်ပိုင်ခွင့် ချပေးခဲ့တာပါ။ အခုနှစ် မတ်လကုန်ပိုင်းက လှုတ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် ထိခိုက်၊ ပျက်စီးသွားတဲ့ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်က ကြံ့ခိုင်ရေးပါတီရုံးချုပ်ကို ‘Empreo’(အမ်ပရီယို) ဆိုတဲ့ ဆောက်လုပ်ရေးကုမ္ပဏီက အခုနှစ် ဩဂုတ်လအတွင်း ပြန်လည်ပြုပြင်ခွင့် ရခဲ့ပါတယ်။ ကြံ့ခိုင်ရေးပါတီရုံးချုပ်ကို ပြင်ခွင့်ရတဲ့ အမ်ပရီယိုဆောက်လုပ်ရေးကုမ္ပဏီဟာ ဦးခင်ရီရဲ့သားဖြစ်သူ ဦးထက်ရန်နိုင်စိုး ပိုင်ဆိုင်ကြောင်းကို ရင်းနှီးမြှုပ်နှံမှုနဲ့…
MNDAA တပ်စွဲထားသည့် ရှမ်းပြည်မြောက်ပိုင်း ဟိုယ၊ နမ့်ပေါင်၊ မယ်ဟန်၊ နောင်မွန်၊ နားဆော့ ဒေသများမှ တပ်များကို ယနေ့ နိုဝင်ဘာ ၂၂ ရက် ညနေပိုင်းက စတင်၍ လောက်ကိုင်ဘက်သို့ ရွှေ့ပြောင်းနေပြီဟု MNDAA နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။ MNDAA တပ်စွဲထားသည့် နမ့်ပေါင်–မိုင်းရယ်–ဟိုယ လမ်းကြောတစ်လျှောက်ရှိ တပ်စခန်းများကို ယခုနှစ် ရွေးကောက်ပွဲမစမှီ ဆုတ်ပေးရန် စစ်ကောင်စီက တရုတ်မှတဆင့် တောင်းဆိုထားကြောင်း ယင်းနီးစပ်သူထံမှ သိရသည်။ “ရွေးကောက်ပွဲအမှီ clear ဖြစ်မယ်။ ၂၀၀၈ အတိုင်း ယခင်နယ်မြေအတိုင်းပဲ တောင်းဆိုနေတာ” ဟု နီးစပ်သူက ပြောသည်။ တပ်များ စရွှေ့နေသော်လည်း လုံခြုံရေးဂိတ်များကိုချထားဆဲဖြစ်ကြောင်း သက်ဆိုင်ရာအရင်းအမြစ်က ပြောသည်။ “ထုံးစံအတိုင်း လားရှိုးလိုပဲ ကျောင်းတက်နေဆဲ ကလေးတွေကို တရုတ်တစိတ် မြန်မာတစိတ်…