စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှ မင်းကွန်းရဲစခန်းသို့ ထွက်လာသည့် ပျူစောထီးကားကို ပစ်ခတ်တိုက် ခိုက်မှုကို ပျူစောထီး ၂ ဦးသေဆုံးခဲ့ကြောင်း ယူနီကွန်းပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဒီဇင်ဘာလ ၂၀ ရက် ညနေ ၆ နာရီခန့်က စစ်ကိုင်းမြို့မှ မင်းကွန်းရဲစခန်းသို့ ထွက်လာသည့် ပျူစော ထီးကားကို စစ်ကိုင်း -မင်းကွန်းလမ်းပိုင်းတနေရာတွင် ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦး သေဆုံးကာ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပစ်ခတ်တိုက်ခိုက်ခံရသည့်ကားမှာ စုတ်ပြတ်သတ် သွားသော်လည်း မင်းကွန်းရဲစခန်းအထိ အရှိန်ဖြင့်မောင်းနှင်သွားကြောင်း သိရသည်။ “စစ်ကိုင်းကနေ မင်းကွန်းဘက်ထွက်လာတာပါ။ ဘီယာဆိုင်ကနေ ပြန်လာတာလို့ သိရတယ်။ ပါတာ က ၄ ယောက်ပါတာ။ ၂ ယောက်သေ၊ တစ်ယောက်ဒဏ်ရာရတယ်လို့ သတင်းရထားပါတယ်။ အရှိန် နဲ့မောင်းလာတာတဲ့ ကားကို…
သားဖြစ်သူကို ရှေ့တန်းပို့လိုက်ပြီ ပြောလို့ မိခင် သေဆုံး.. စစ်မှုထမ်း ပေါ်တာဆွဲခံထားရတဲ့ သားဖြစ်သူ မိခင်နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရ.. ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ မိုးညိုမြို့နယ်၊ ပေါက်ကုန်းကျေးရွာအုပ်စု၊ ဗောတိကုန်းကျေးရွာက လူငယ် ၁ယောက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေက စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မိခင်ဖြစ်သူက သူ့သားရဲ့သတင်းကို ကြားကြားချင်း ထွေအုပ်ရုံးမှာ ပြန်လွှတ်ပေးဖို့ လိုက်ထုတ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် မိုးညို မြို့နယ်အုပ်ချုပ်ရေးမှူးဆိုသူနဲ့ စစ်ဗိုလ်ဆိုသူတို့က သားဖြစ်သူကို ပြန်မလွှတ်ပေးတဲ့ အပြင် တွေ့ခွင့်တောင် မပေးခဲ့ဘူးလို့…
အာဏာရှင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေတာကြောင့် နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ကနေ ဖမ်းဝရမ်း အတည်ပြုပေးဖို့ ဂျပန်ရောက်မြန်မာတွေက လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ဒီဇင်ဘာ ၂၂ ရက် ဒီနေ့မနက်ပိုင်းမှာ ဂျပန်နိုင်ငံ နာဂိုယာမြို့ Yabacho ပန်းခြံကနေ စတင်ချီတက် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။ “အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လူမျိုးတုံးသတ်ဖြတ်မှု့နဲ့ ICC တရားရုံးက အမြန်ဆုံးအတည်ပြုပေးပို့ တောင်ဆိုခဲ့ကြတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံ နာဂိုရာမြို့မှာရှိတဲ့ မီးရထားဘူတာနားက Yabacho ပန်းခြံမှာ ပြုလုပ်ခဲ့တာပါ။ မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်နိုင်အောင် ပြုလုပ်ခဲ့တာပါ။ ဖမ်းဝရမ်းထုတ်နိုင်ခဲ့ရင် နံပတ် ၁ အချက်အနေနဲ့ ၂၀၂၅မှာ သူတို့ကျင်းပချင်တဲ့ အတုအယောင်ရွေးကောက်ပွဲကို မင်းအောင်လှိုင်က ရာဇဝတ်ကောင်ဖြစ်သွားတဲ့အတွက် အခြားနိုင်ငံတွေက အသိအမှတ်ပြုချင်ရင်တောင် အသိအမှတ်ပြုလို့မရ ဖြစ်သွားမယ်။ နောက်တစ်ချက်က…
စစ်ကောင်စီတပ်များ တိုက်တိုင်းရှုံးကာ ကစဉ့်ကလျားထွက်ပြေးနေရသည့်အတွက် ဂွမြို့ကို လက်လွှတ်ရတော့မည်ဟု AA ပြော စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှာ တိုက်တိုင်းရှုံးပြီး ကစဉ့်ကလျားထွက်ပြေးနေမှုများနှင့်အတူ ဂွမြို့သည်လည်း မကြာခင်ရက်များအတွင်း ကျိန်းသေ လက်လွှတ်ဆုံးရှုံးရတော့မည် ဖြစ်ကြောင်း အာရက္ခတပ်တော် (AA) က ယမန်နေ့ ဒီဇင်ဘာ ၂၁ ရက်က ထုတ်ပြန်သည်။ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းအပါအဝင် နေရာအစုံမှ စစ်ကူတပ်များအား မည်သို့ပင် ဖြည့်တင်းနေစေကာမူ အတင်းအဓမ္မစုဆောင်းထားသော တပ်သား သစ်များဖြင့် ဖွဲ့စည်းထားသည့် စိတ်ဓာတ်ပျက်ပြားနေပြီး ညွန့်ပေါင်း တပ်အစုအပေါင်းတစ်ခုကဲ့သို့ ဖြစ်နေသော စစ်ကောင်စီတပ်သည် တိုက်ပွဲအတွင်းမှ ထွက်ပြေးနေကြကြောင်း AA က ဆိုသည်။ “ခမရ ၅၆၂ ထဲက စုပြီး ခံစစ်ဆင်နေတဲ့ တပ်ဖွဲ့တွေ ထက်ဝက်ကျော်တယ် ထွက်ပြေးတာ။ သူတို့ကို AA က…
တောင်ကုတ်မြို့နယ်တစ်ခုလုံးကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများ AA ထုတ်ပြန် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တစ်ခုလုံးကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများက AA က ယနေ့ ထုတ်ပြန်သည်။ ရက္ခိုင်ပြည်၊ တောင်ကုတ်အခြေစိုက် အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) တပ်မဌာနချုပ်၊ ခမရ ၅၄၄ ၊ ခမရ ၃၄၆ အပါအဝင် စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို ဒီဇင်ဘာလ ၁၄ ရက်နေ့၊ ညနေ ၄ နာရီ ၁၀ မိနစ်အချိန်တွင် အာရက္ခတပ်တော်က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ AA က ပလက်ဝမြို၊ ပေါက်တောမြို၊ မင်းပြားမြို၊ မြောက်ဦးမြို၊ ကျောက်တော်မြို၊ မြေပုံမြို၊ ပုဏ္ဏားကျွန်းမြို၊ ရမ်းဗြဲမြို၊ ရသေ့တောင်မြို၊ ဘူးသီးတောင်မြို၊ သံတွဲမြို၊ တောင်ကုတ်မြို နှင့်…