မြင်းမူနှင့် ဝမ်းတွင်းတို့တွင် စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံး စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် မိုင်းရှင်းနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့ကြောင်း People’s knight Defense Force Myinmu (PKDF-MMU) အဖွဲ့ တာဝန်ရှိသူ ရဲဘော်အေးချမ်းက ပြောဆိုသည်။ ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာ အနောက်ဘက်ရှိ ရေဦးဆီဆိုင်တွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၅ ဦးသည် မြင်းမူမြိုနှင့် ဝမ်းပြည့်ကျေးရွာ အကြားတွင် မိုင်းရှင်းရန် လာရောက်စဉ် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲကာ…
ချင်းပြည်တောင်ပိုင်းတစ်ခုလုံးတွင် စစ်ကောင်စီတပ်များ ကင်းစင်သွားပြီး ချင်းပြည်နယ်တစ်ခုလုံး၏ ၈၅ ရာခိုင်နှုန်း လွတ်မြောက် မင်းတပ် ခလရ ၂၇၄ မှ ဗိုလ်မှူးကြီးကို ချင်းညီနောင်တပ်က အရှင်လက်ရ ဖမ်းဆီးထား အကြမ်းဖက်စစ်ကောင်စီတပ်များ အခြေစိုက်ထားသော မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့ကို ချင်းညီနောင်တပ်ဖွဲ့များက သိမ်းပိုက်ရရှိပြီးနောက် ချင်းပြည်နယ်တောင်ပိုင်းတစ်ခုလုံးတွင် စစ်ကောင်စီတပ်များ ကင်းစင်သွားပြီဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့မှ တာဝန်ရှိသူများက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုလိုက်ကြသည်။ နိုဝင်ဘာလ ၉ ရက်နေ့မှစ၍ မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့ကို ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် မြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ရာ မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းကို ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် အပြီးတိုင် ချေမှုန်းနိုင်ခဲ့ပြီး မင်းတပ်မြို့ကို အလုံးစုံထိန်းချုပ်နိုင်လိုက်ခြင်းဖြစ် ကြောင်း ၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင်လည်း…
ရန်ကုန်နှင့် ဧရာဝတီမှ ဆယ်ကျော်သက်အရွယ် လူငယ်များ ပျောက်ဆုံးမှု အလွန်များပြားလာ ပဲခူးတွင် လူငယ် ၁ ဦးကို စစ်တပ်က စစ်မှုထမ်းရမည်ဟုဆိုကာ နေအိမ်ပေါ်တက်၍ ပေါ်တာဆွဲ ဖမ်းဆီး ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတွင် အသက် ၁၄ နှစ်အရွယ် ကလေးငယ်များ ပျောက်ဆုံးမှု ပိုများလာကြောင်း မိသားစုဝင်တချို့နှင့် ဒေသခံပြည်သူများက ပြောဆိုသည်။ ရန်ကုန်တို်း၊ မြောက်ဒဂုံမြို့နယ်၊ မဟာမြိုင်အိမ်ယာတွင် နေထိုင်သော အသက် ၁၄ နှစ်အရွယ် မောင်ဘုန်းမြတ်သူရ (ခ) သားငယ်သည် ဒီဇင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဘောလုံးကန်မည်ဟုဆိုကာ နေအိမ်မှ ထွက်သွားစဉ် ဘောလုံးကွင်းနှင့် နေအိမ်ကို ရောက်ရှိလာခြင်းမရှိဘဲ လမ်းတွင် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ပျောက်ဆုံးသွားပြီးနောက် မိသားစုဝင်များက သူငယ်ချင်းနေအိမ်များနှင့်…
ညောင်လေးပင်မြို့နယ်၌ စစ်ကောင်စီဂိတ်စခန်းနှင့် ပျူစောထီးခေါင်းဆောင်နေအိမ်ကို တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ စစ်ကောင်စီ၏ ဂိတ်စခန်းနှင့် ပျူစောထီးခေါင်းဆောင် နေအိမ်ကို ဝင်ရောက်တိုက်ခိုက်ရာ လက်နက်များရရှိကြောင်း ပဲခူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့ (ဒီဇင်ဘာ ၂၃ ရက်) ထုတ်ပြန်သည်။ ဒီဇင်ဘာ ၂၂ ရက် နံနက် ၁ နာရီခန့်က ဂျောင်းတာကျေးရွာထိပ်ရှိ စစ်ကောင်စီ၏ ဂိတ်စခန်း နှင့် ပျူစောထီးခေါင်းဆောင် အောင်စိုးမိုး(ကျောင်းစု)၏ နေအိမ်ကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)နှင့် ပဲခူးခရိုင်ပကဖ ဦးဆောင်၍ ဒိုက်ဦးမြို့နယ်ပကဖ၊ ကဝမြို့နယ် ပကဖ၊ရန်ကုန်တိုင်းတိုက်ခိုက်ရေးတပ်ဖွဲ့ (၅)၊မအူပင်ခရိုင် ပကဖ၊ဝေါမြို့နယ်ဆေးတပ်ဖွဲ့ တို့ပူးပေါင်း၍ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ စစ်ကောင်စီဂိတ်စခန်းမှ MA 3 သေနတ်တစ်လက်၊ ရှေ့ထွက်မိုင်းတစ်လုံး၊ အီနာကာဗုံးသီးနှစ်လုံးနှင့် ပြည်သူထံမှ ငွေကောက်ခံထားသော စာရွက်စာတမ်းများ…
AA က ဖမ်းဆီးရရှိထားသော စစ်သုံ့ပန်း ဗိုလ်မှူးချုပ် ၃ ဦးကို ပြည်သူအပေါ် ကျူးလွန်ထားသည့် စစ်ရာဇဝတ်မှုများအတွက် အပြစ်ပေးအရေးယူမည် အာရက္ခတပ်တော် AA က ဖမ်းဆီးရရှိထားသော စစ်သုံ့ပန်း ဗိုလ်မှူးချုပ် ၃ ဦးကို ပြည်သူအပေါ် ကျူးလွန်ထားသည့် စစ်ရာဇဝတ်မှုများနှင့်ပတ်သက်၍ စစ်ဆေးနေပြီး ကျူးလွန်သည့်ပြစ်မှု အပေါ် လိုက်၍ အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ပြောဆိုသည်။ AA က ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းကိုလည်းကောင်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းကိုလည်းကောင်း ဖမ်းဆီးရရှိခဲ့ပြီး ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်းတွင် စကခ ၁၅ မှ တပ်မမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းကို အရှင် လက်ရဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း၊…