မင်းတပ်ကို သိမ်းပိုက်ပြီးနောက် ခလရ ၂၇၄ ဗဟိုကင်းတွင် ချိတ်ဆွဲထားသော မင်းအောင်လှိုင်၏ ဓာတ်ပုံကို ဖြုတ်ချပြီး ခြေဖြင့်နင်းချေ (ရုပ်/သံ) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို သိမ်းပိုက်ပြီးနောက် ခလရ ၂၇၄ ဗဟိုကင်းတွင် ချိတ်ဆွဲထားသော မင်းအောင်လှိုင်၏ ဓာတ်ပုံကို ဖြုတ်ချပြီး ခြေဖြင့်နင်းချေလိုက်ကြောင်း CDF-Mindat (သ.ပ.မ ဌာန)က သတင်းထုတ်ပြန်သည်။ ချင်းကာကွယ်ရေးတပ်ဖွဲ့ ( မင်းတပ်) စစ်ဦးစီးချုပ်က မင်းတပ်မြို့ ခလရ ၂၇၄ ဗဟိုကင်းတွင် တပ်ထားသည့် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင် လှိုင်၏ ဓာတ်ပုံအားဖြုတ်ချလိုက်ကြောင်း CDF-Mindat (သ.ပ.မ ဌာန)က ဗီဒီယိုနှင့်တကွ သတင်းထုတ်ပြန်သည်။ ချင်းပြည်နယ်၊ မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းကို အပြီးတိုင် ချေမှုန်းနိုင်ခဲ့ပြီး မင်းတပ်မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဟု ချင်းညီနောင်အဖွဲ့က…
နေပြည်တော်နှင့်ရန်ကုန်ကို တစ်ရက်တည်း လေယာဉ်ဖြင့် ကူး၍ မင်းအောင်လှိုင် ပွဲတက်နေပြီး ဒီဇင်ဘာလကုန်အထိ ပွဲများ ဆက်တိုက် တက်ရောက်ဦးမည် စစ်ရှုံးနေသော်လည်း ပွဲတက်နေသည့် မင်းအောင်လှိုင် ပျော်ရွှင်နေသည်ဟုဆို အကြမ်းဖက် စစ်ကောင်စီက နိုင်ငံတစ်ဝန်း စစ်ရှုံးမှုများ အကြီးအကျယ် ကြုံ တွေ့ နေသော်လည်း စစ်ခေါင်းဆောင် မင်းအောင် လှိုင်မှာ နေပြည်တော်နှင့် ရန်ကုန်သို့ တစ်ရက်တည်း လေယာဉ်ဖြင့် ကူး၍ ပွဲများတက်ရောက်နေပြီး ပျော်ရွှင်နေကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်နှင့် တပ်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။ ဒီဇင်ဘလ ၂၂ ရက်နေ့ နံနက်ပိုင်း အကြမ်းဖက်မင်းအောင်လှိုင်သည် နေပြည် တော်တွင် ရေဆင်းတက္ကသိုလ် နှစ် ၁၀၀ ပြည့် အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း၊ ယင်းနောက် လေယာဉ်ဖြင့် ရန်ကုန်သို့ ကူးပြီး ဒီဇင်ဘာလ ၂၂…
ရန်ကုန်မြို့မှာ ဒီဇင်ဘာ ၂၂ ရက် နေ့လည်ပိုင်း စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)အရာရှိ ဗိုလ်မှူးတစ်ယောက်ကို ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ အဆိုပါအဖွဲ့က ဆိုပါတယ်။ ဒီဇင်ဘာ ၂၂ ရက် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ Apollo Hotel အနီးမှာ စစ်ထောက်လှမ်းရေး ဗိုလ်မှူးဇေယျာမင်းဆိုသူကို မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တယ်လို့ Yangon Phoenix အဖွဲ့က ထုတ်ပြန်ခဲ့တာပါ။ စစ်ထောက်လှမ်းရေး ဗိုလ်မှူးဇေယျာမင်းကို Yangon Phoenix နဲ့ Together Urban Force တို့က ပူးပေါင်းပြီး ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဆိုထားပါတယ်။ Yangon Phoenix အဖွဲ့က “စရဖ ဗိုလ်မှူး ဇေယျာမင်းကို ကျွန်ုပ်တို့ နှင့် Together Urban Force တို့မှ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်အတွင်း…
စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေး နယ်မြေတွင် စစ်တပ်၏ eVTOL ဒရုန်း ၁ စီးကို ဖြူး ပကဖ တိုက်ခိုက်ရေးအဖွဲ့က သိမ်းဆည်းရရှိ ပဲခူးတိုင်း၊ စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေး နယ်မြေတွင် အကြမ်းဖက် စစ်တပ်၏ eVTOL ဒရုန်း ၁ စီးကို သိမ်းဆည်းရရှိခဲ့ကြောင်း ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေးနယ်မြေအတွင်း အကြမ်းဖက် စစ်တပ်၏ eVTOL ဒရုန်း ၁ စီးကို ဖြူးမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်ရေးအဖွဲ့က သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “စစ်တပ်ရဲ့ eVTOL ဒရုန်း ၁ စီးကို စစ်တောင်း မြစ်ဝှမ်း…
မြင်းခြံတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုများပြားပြီး အလောင်းများကို ကားဖြင့် တင်ဆောင်သွား ရေစကြိုတွင်လည်း စစ်တပ် စစ်ကြောင်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုများပြားပြီး အလောင်းများကို ကားဖြင့် တင်ဆောင်သွားကြောင်း Myingyan District Army-3 (Taungtha Youth) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၆ နာရီခန့်တွင် သီတာယုမွန် ဦးဆောင်သော ပျူစောထီး အင်အား ၂၅၀ ခန့်နှင့် စစ်သား တချို့ လိုက်ပါလာသော စစ်ကြောင်းသည် မြင်းခြံမြို့နယ်၊…