ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က တီးတိန်-ကလေး လမ်းပိုင်းမှာရှိတဲ့ ကနေဒီတောင်တပ်စခန်း နေရာကို နိုဝင်ဘာ ၁၈ ရက် မနေ့က ချင်းတော်လှန်ရေးတပ်က ပြန်လည်သိမ်းယူလိုက်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းကစပြီး တီးတိန်းမြို့ကနေ စစ်ကြောင်းတကြောင်း၊ စစ်ကိုင်းတိုင်း ကလေးမြို့ကနေ တကြောင်း စုစုပေါင်း စစ်ကြောင်းနှစ်ကြောင်းနဲ့ တီးတိန်-ကလေး လမ်းပိုင်းကို နှစ်ဖက်ညှပ်ပြီး စစ်ကြောင်းထိုးလာပြီးနောက် တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကနေဒီတောင်နဲ့ သိုင်းငင်းစခန်းတွေကို လက်လွှတ်ခဲ့ရတာပါ။ ဒါပေမဲ့ ကနေဒီတောင်စခန်းကို မနေ့ကပဲ ချင်းတော်လှန်ရေးတပ်တွေက ပြန်လည် တိုက်ခိုက်သိမ်းယူခဲ့ပြီး လက်နက်ခဲယမ်းတွေကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ PDF Zoland က နိုဝင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အမြင့်ပေ ၈,၀၀၀ ကျော်ရှိတဲ့ ကနေဒီတောင်ကုန်းဟာ စစ်ရေးအရသာမက စီးပွားရေး၊ ကူးသန်းသွားလာရေး စတဲ့…
KK Park အွန်လိုင်းငွေကြေးလိမ်လည်မှုစင်တာကို အယောင်ပြဖြိုခွင်းပေမယ့် အခြားနေရာ ၂ခုမှာ ပြောင်းရွှေ့လည်ပတ်ဖို့ စီစဉ်နေဟုဆို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)တွေဟာ ရာဇဝတ်လုပ်ငန်းတွေကို အာဏာသိမ်းစစ်တပ်ရဲ့အကာအကွယ်နဲ့ ပြန်လည်လုပ်ကိုင်ခဲ့တဲ့အတွက် လက်ရှိအကျပ်အတည်းတွေရဲ့ အဓိကတရားခံဟာ စစ်တပ်သာ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာ ၁၉ရက်မှာပြုလုပ်တဲ့ ပြည်သူလူထုနဲ့ နိုင်ငံတကာသို သတင်းစကားပြောကြားခြင်း အစီအစဉ်မှာ ဦးနေဘုန်းလတ်က အခုလို ပြောကြားခဲ့တာပါ။ “နိုင်ငံတကာက ဆိုက်ဘာလိမ်လည်မှုတွေကို နှိမ်နှင်းဖို့ကြိုးစားလာတာကြောင့် အကြမ်းဖက်စစ်တပ်ဟာ KK park လို ငွေကြေးလိမ်လည်မှုစင်တာကို အယောင်ပြဖြိုခွင်းပြခဲ့ပြီး ကရင်ပြည်နယ်ရဲ့ အခြားနေရာ ၂ နေရာကို ပြောင်းရွှေ့ကာ ငွေကြေးလိမ်လည်မှုစင်တာတွေကို ပြန်လည်လည်ပတ်နိုင်ဖို့ စီစဥ်နေတာတွေကိုလည်း ကျွန်တော်တို့ အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့အထူးသတိထား စောင့်ကြည့်လျက်ရှိပါတယ်။”…
မြန်မာနိုင်ငံတွင် တရားမဝင်ကုန်သွယ်ရေး နှင့် ကျားဖြန့်ငွေလိမ်လုပ်ငန်းများမှာ ငြိမ်းချမ်းရေးယူ ထားသော တိုင်းရင်းသားလက်နက်ကိုင်များ၊ နယ်ခြားစောင့်တပ်များကြောင့်ဟု မင်းအောင်လှိုင်နှင့်ဇော်မင်းထွန်းက တစ်လေသံတည်း အပြစ်ဖို့ မြန်မာနိုင်ငံတွင် နယ်စပ်ဂိတ်များ ပိတ်ထားရမှု၊ တရားမဝင်ကုန်သွယ်ရေးများ ကြီးထွားလာမှုနှင့် ကျားဖြန့်ငွေလိမ်လုပ်ငန်းများမှာ ငြိမ်းချမ်းရေးရယူထားသော တိုင်းရင်းသားလက်နက်ကိုင်များ၊ နယ်ခြားစောင့်တပ်များကြောင့်ဟု မင်းအောင်လှိုင်နှင့်ဇော်မင်းထွန်းက တစ်လေသံတည်း အပြစ်ဖို့ ပြောဆိုလိုက်ကြသည်။ နိုဝင်ဘာလ ၁၆ ရက်နေ့ မော်လမြိုင်ခရီးစဉ်တွင် အကြမ်းဖက် မင်းအောင်လှိုင်က မြနမာနိုင်ငံတွင် တရားမဝင် ကုန်သွယ်ရေးများ ဆောင်ရွက်နေသူများမှာ ငြိမ်းချမ်းရေးရယူထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြောင်း၊ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် တရား မဝင်ကုန်သွယ်မှုများတွင် ပါဝင်ပတ်သက်လျက်ရှိကြောင်း အပြစ်တင်ပြောဆိုခဲ့သည်။ “နယ်စပ်ဒေသများတွင် တည်ငြိမ်အေးချမ်းမှု အားနည်းလာသဖြင့် အချို့သော နယ်စပ်ဂိတ်များကို ပိတ်ထားရကြောင်း၊ အချို့သော ဝန်ထမ်းများ၊ ငြိမ်းချမ်းရေးရယူထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု မရှိဘဲ…
ကနေဒီတောင်တိုက်ပွဲကို ဦးဆောင်နေတဲ့ ဗျူဟာမှူး ဗိုလ်မှူးလှမျိုးထွဋ် ဒဏ်ရာအပြင်းထန်ရတာကြောင့် တီးတိန်မှာဆေးကုနေရ ချင်းတပ်ဖွဲ့တွေ ကနေဒီတောင်ကုန်းကို ပြည်လည်သိမ်းပိုက်ပြီးနောက် တာဝါတိုင်ကုန်း စစ်အုပ်စုစခန်းကို ဆက်လက်ထိုးစစ်ဆင် ချင်းပြည်နယ်၊ တီးတိန်မြို့နယ် အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းပေါ်က စစ်အုပ်စုသိမ်းပိုက်ထားတဲ့ ကနေဒီတောင်ကုန်းကို တော်လှန်ရေးအင်အားစုတွေက နိုဝင်ဘာ ၁၇ ရက်နေ့မှာ ပြန်လည် ထိန်းချုပ်နိုင်ခဲ့သလို စစ်အုပ်စုဘက်က တိုက်ပွဲမှာ ဦးဆောင်ကွပ်ကဲတဲ့ စစ်အုပ်စုခြေလျင်တပ်ရင်း ခလရ -၂၆၉ ဗျူဟာမှူး ဗိုလ်မှူးလှမျိုးထွဋ် ဒဏ်ရာအပြင်းထန်ရကာ ဆေးဝါးကုသမှုခံယူနေရတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်အုပ်စုတပ်တွေက အောက်တိုဘာ ၂၉ ရက်နေ့ကတည်းက ကလေး – နတ်ချောင်း- ဝေဘူလမြို့ကနေ စစ်ကြောင်းတစ်ကြောင်း၊ တီးတိန်မြို့ပေါ်ကနေ စစ်ကြောင်းတစ်ကြောင်း ကလေးမြို့ ကလေး -တီးတိန်-လမ်းလမ်းမကြီးကနေ စစ်ကြောင်းတစ်ကြောင်း စုစုပေါင်း အင်းအား ၇၀၀ ခန့်ပါတဲ့…
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးအား အကျယ်ချုပ်ဖြင့် ခုံရုံးဖွဲ့စစ်ဆေးနေသည့်အပြင် တပ်မ-၃၃ ဒုတပ်မမှူး ဗိုလ်မှူးကြီး ဇင်မျိုးဦးကိုလည်း အချုပ်ချစစ်ဆေးနေကြောင်း စစ်တပ် CDM သတင်းအရင်းအမြစ်က ပြောသည်။ ၎င်းတို့နှစ်ဦး အချုပ်ချစစ်ဆေးခံရသည့် အကြောင်းရင်းများအနက် ဟုမ္မလင်းဒေသ ရွှေလုပ်ကွက်များထံ ကန့်သတ်ကုန် ပစ္စည်းများအား လာဘ်ငွေရယူပြီး တင်သွင်းခွင့်ပေးခြင်းနှင့် စစ်ဆေးရေးဂိတ်များတွင် ကုန်ကားများထံမှ ပိုက်ဆံရယူကာ ဖြတ်သန်းခွင့်ပေးခြင်းများ ပါဝင်ကြောင်း သိရသည်။ နမခတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးသည် အလုပ်သင်ဗိုလ်သင်တန်း (တေဇ- ၂၆)မှဖြစ်ပြီး တပ်မ ၁၁ လောက်ကိုင်ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ်၊ ကျောက်မဲ အမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ်တို့တွင် တပ်မမှူးတာဝန်ယူခဲ့ကာ ၂၀၂၄ သြဂုတ် ၃ ရက်၌ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)နှင့် ပူးပေါင်းတပ်များ အရှေ့မြောက်တိုင်းစစ်ဌာ…