Tag: News


  • แ€žแ€ฌแ€ธแ€–แ€ผแ€…แ€บแ€žแ€ฐแ€€แ€ญแ€ฏแ€œแ€ฒ แ€…แ€…แ€บแ€™แ€พแ€ฏแ€‘แ€™แ€บแ€ธแ€แ€ญแ€ฏแ€„แ€บแ€ธแ€™แ€พแ€ฌแ€•แ€ซ แ€†แ€ญแ€ฏแ€แ€ฒแ€ท แ€กแ€ฑแ€žแ€„แ€บแ€€แ€ญแ€ฏ

    စစ်မှုထမ်းခေါ်ယူတာနဲ့ပတ်သက်ပြီးမျှဝေပါရစေရှင် မြန်မာပြည်မှာ အရေးကြီးဆုံးအောက်ခြေ အုပ်ချုပ်ရေးအပိုင်းက ရပ်ကွက်အုပ်ချုပ်ရေး အပိုင်းဖြစ်ပါတယ် ရပ်ကွက်အုပ်ချုပ်ရေးမှုးတစ်ယောက်က ကိုယ့်ရပ်ကွက်လေး တစ်ခုထဲက ကိုယ့်ရပ်ကွက်သားတွေရဲ့အခြေအနေအမှန်ကိုမှ မသုံးသပ်နိုင်ပဲ ငါရပ်ကွက်လူကြီးကွ ဆိုပြီး လုပ်ချင်ရာလုပ် ရင်တော့ အောက်ခြေကစပြီး ဖြစ်ချင်ရာဖြစ်နေတော့မှာပါ ကျွန်မ နဲ့ မောင်နှမ တစ်ဝမ်းပဲ ကွဲ တဲ့ မောင် လေး သူ့မိန့်မကကားမှောက်တာခြေထောက်ကအောက်ပိုင်းခါးရိုးထိပြီး လမ်းမလျှောက်နိုင်ဘူးးးဝှီးချဲနဲ့နေရတဲ့သူ မိန်းမကကလေးမွေးထားတာ ၁ ရက်ပဲ ရှိသေးတဲ့အချိန် မှာပဲ အဲ့ဒီမောင်လေးကိုစစ်မှု့ထမ်းရမယ်ဆိုပြီး လာ ခေါ်သွားပါတယ် ကျွန်မ ဆီ ကို ကျွန်မ ညီမ ဝမ်းကွဲတွေ ဖုန်းဆက်ကြတာပေါ့ ဘာဆက်လုပ်ရမလည်း မိန်းမက ကလေးမွေးထားတာ ၁ ရက်ပဲ ရှိသေးတယ် အလုပ်လည်းမလုပ်နိုင် ဘာလုပ်ရမှန်းမသိတော့ဘူးးးကူညီပါဦး ဆိုတော့ ကျွန်မ က ဘာလုပ်ပေးနိုင်မှာ လည်း…

  • แ€œแ€พแ€Šแ€บแ€ธแ€€แ€ฐแ€ธแ€€ แ€‡แ€›แ€•แ€บแ€€แ€ฝแ€„แ€บแ€ธแ€กแ€ฏแ€•แ€บแ€แ€ปแ€ฏแ€•แ€บแ€›แ€ฑแ€ธแ€™แ€พแ€ฐแ€ธแ€›แ€ฏแ€ถแ€ธแ€€แ€ญแ€ฏ แ€™แ€ผแ€ญแ€ฏแ€•แ€ผแ€กแ€–แ€ฝแ€ฒแ€ทแ€แ€ฝแ€ฑแ€แ€ญแ€ฏแ€€แ€บแ€แ€ญแ€ฏแ€€แ€บ

    ရန်ကုန်မြို့၊လှည်းကူးမြို့နယ်က ဇရပ်ကွင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်မိုင်း နှစ်လုံးနဲ့ တိုက်ခိုက်ခဲ့ရာ ပျူစောထီးနှစ်ဦး ထိခိုက်မှုရှိတာကို တွေ့ခဲ့ရတယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူကပြောပါတယ်။ “နှစ်ကောင်လွင့်ထွက်သွားပြီးကျန်တဲ့ကောင်တွေခွေးပြေးပြေးကြတယ်။သေဖို့ ရာခိုင်နှုန်းများတယ်။ မိုင်းဆွဲတဲ့အချိန် လွင့်ထွက်တာ”လို့ ထိခိုက်မှုနဲ့ပတ်သက်ပြီး ပြောပါတယ်။ နိုဝင်ဘာ ၁၈ ရက် ညနေ ၆ နာရီခန့်က ဇရပ်ကွင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို Yangon Army အဖွဲ့က အနောက်ပိုင်းခရိုင် ပကဖနဲ့အတူ ပြင်းအားမြင့်မိုင်းနှစ်လုံးနဲ့ တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ “အဲ့ရုံးကအုပ်ကြီးနဲ့ နောက်လိုက်တွေကပြည်သူကို ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဖိအားအသားကုန်ပေး၊ မဲဆွယ်ပွဲတိုင်းမတက်ရင်ခြိမ်းခြောက်တာတွေလုပ်တယ်၊စစ်မှုထမ်းကြေးလဲ လစဥ် မထည့်မနေရ ကောက်နေတာ အသည်းအသန်ပဲ၊ကိုယ်တိုင်လဲ လူငယ်တွေကိုပြန်ပေးဆွဲပြီး တောင်းစားတဲ့ကိစ္စတွေလဲလုပ်တယ်။”လို့ တိုက်ခိုက်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးရုံးနဲ့ပတ်သက်ပြီး ပြောပါတယ်။ အနောက်ပိုင်းခရိုင်ပကဖရဲ့ ပေ့ခ်ျကလည်း “တရားမဝင်ရွေးကောက်ပွဲအားကြိုးမာန်တက်လုပ်နေတဲ့ဇရပ်ကွင်းအုပ်ကြီးရုံး” ခေါင်းစဉ်နဲ့ ဒီမစ်ရှင်အကြောင်းကို ထုတ်ပြန်ထားပါတယ်။ လှည်းကူးမြို့နယ်မှာ ညနေ…

  • แ€›แ€ฝแ€ฑแ€ธแ€€แ€ฑแ€ฌแ€€แ€บแ€•แ€ฝแ€ฒ แ€–แ€ผแ€…แ€บแ€™แ€ผแ€ฑแ€ฌแ€€แ€บแ€›แ€ฑแ€ธ แ€•แ€ฐแ€ธแ€•แ€ฑแ€ซแ€„แ€บแ€ธแ€•แ€ซแ€แ€„แ€บแ€”แ€ฑแ€žแ€ฑแ€ฌ แ€•แ€ปแ€ฐแ€…แ€ฑแ€ฌแ€‘แ€ฎแ€ธ แ… แ€ฆแ€ธแ€€แ€ญแ€ฏ แ€กแ€›แ€พแ€„แ€บแ€–แ€™แ€บแ€ธแ€™แ€ญ

    စဉ့်ကိုင်မြို့နယ်တွင် စစ်တပ်၏ အတုယောင် တရားမဝင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ပူးပေါင်း ပါဝင်နေသော ပျူစောထီး ၅ ဦးကို အရှင်ဖမ်းမိ လက်ပစ်ဗုံးများသိမ်းဆည်းရရှိ မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ အတုယောင် တရားမဝင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ပူးပေါင်း ပါဝင်နေသော ပျူစောထီး ၅ ဦးကို အရှင်ဖမ်းမိကာ လက်ပစ်ဗုံးများသိမ်းဆည်းရရှိခဲ့ကြောင်း ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၂ ထံမှ သိရသည်။ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် စဥ့်ကိုင်မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ အတုယောင် တရားမဝင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် လက်နက်ကိုင် ပူးပေါင်းပါဝင်နေသော ပျူစောထီးများ လိုက်ပါလာသည့် ထော်လာဂျီ ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များက…

  • แ€”แ€ฑแ€•แ€ผแ€Šแ€บแ€แ€ฑแ€ฌแ€บแŒ แ€„แ€œแ€ปแ€„แ€บแ€œแ€พแ€ฏแ€•แ€บ

    နေပြည်တော်မှာ အင်အားအသင့်အတင့်ရှိ မြေငလျင်တခု နိုဝင်ဘာ ၁၈ ရက်က ထပ်မံလှုပ်ခဲ့တယ်လို့ မိုးလေဝသနနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ငလျင်ဟာ နိုဝင်ဘာ ၁၈ ရက် မွန်းလွဲ ၂ နာရီ ၄၂ မိနစ်မှာ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရဲ့ အရှေ့မြောက်ဘက် ၃ မိုင်ခန့်အကွာကို ဗဟိုချက်ယူပြီး လှုပ်ခဲ့တာပါ။ အင်အားအနေနဲ့ ၃ ရစ်ခ်ျတာစကေးအဆင့်သာ ရှိခဲ့ပေမဲ့ သိသာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုတခေါက်လှုပ်ခဲ့တဲ့ ငလျင်ဟာ မတ် ၂၈ ရက် ငလျင်ကြီးလှုပ်ပြီး ၂၄၄ ကြိမ်မြောက် လှုပ်ခဲ့တဲ့ နောက်ဆက်တွဲငလျင် ဖြစ်တယ်လို့လည်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီနေ့ နေပြည်တော်ငလျင်တွေ တော်တော်သိသာတယ် ပြောကြတယ်။ ပထမတခုက ယမန်နေ့်…

  • MNDAA ထိန်းချုပ်ဒေသဖြတ်လာတဲ့ကုန်ကားတွေကို စစ်တပ်တားဆီး၊ သီပေါတံတားကို ဖြတ်သန်းခွင့် နှစ်ဘက်စလုံးကပိတ် လားရှိုးမြိို့နားမှာတပ်စွဲထားတဲ့ MNDAAတပ်တွေဆုတ်ပေးဖို့ စစ်ကောင်စီရဲ့ တောင်းဆိုမှုအဆင်မပြေတဲ့နောက် နှစ်ဘက်ဆက်ဆံ​ရေးပိုတင်းမာလာပြီး တရုတ်ဘက်က ဝင်လာတဲ့ကုန်ကားတွေကို စစ်တပ်က ပြန်လှည့်ခိုင်းသလိုလားရှိုး-သီပေါကြားက ဒုဋ္ဌဝတီမြစ်ကူး တံတားကိုလည်း နှစ်ဘက်စလုံးကပိတ်လိုက်ပြီလို့ ဒေသခံတွေကပြောပါတယ်။ “တရုတ်နယ်စပ်ကနေ ကိုးကန့်ကိုဖြတ်ဝင်လာတဲ့ကားတွေကို လားရှိုးကနေ စကစက ပိတ်တယ်။ MNDAA ကလည်း သီပေါတံတားကိုပိတ်ပစ်တယ်။ MNDAA က ပိတ်တော့ စကစကလည်း သီပေါမြို့ဘက်ခြမ်းကနေ ပိတ်တယ်။ အခြေအနေက ပိတ်ကားပေါ် စောင့်ကြည့်ရတော့မယ်” လို့ သီပေါမြို့ခံတဦးကပြောပါတယ်။ သီပေါမြို့ကို စစ်တပ်က ပြီးခဲ့တဲ့ဩဂုတ်လ ၁၅ ရက်နေ့မှာ ထိန်းချုပ်ခဲ့တယ်လို့ ကြေညာပေမယ့် မြို့‌ပေါ်မှာရှိတဲ့ တံတားကိုတောင် အပြည့်အဝ မထိန်းချုပ်နိုင်​သေးဘူးလို့ ​ဒေသခံအချို့က​ပြောပါတယ်။ တံတားရဲ့ သီပေါမြို့ထဲဘက်ကို စစ်တပ်က တပ်စွဲထားပြီး လားရှိုးမြို့ဘက်ကိုထွက်တဲ့ဘက်ခြမ်းကို…