လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ ဝတ်စားဆင်ယင်ပြီး ဆေးလိမ်ကုသည့် “ခြံစည်းရိုးကြီး မယ်တော် ဟောင်စုဘ၀” အွန်လိုင်း ဇာတ်လမ်းကို သရုပ်ဆောင် ရိုက်ကူးသူ ဖြူဖြူထွေး အပြင်းအထန် ဝေဖန်ခံရ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး သိက္ခာချတိုက်ခိုက်မှု အဖြစ် ပြည်သူများက ရှုမြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပုံစံ ဝတ်စားဆင်ယင်ပြီး ဆေးလိမ်ကုသည့် “ခြံစည်းရိုးကြီး မယ်တော်ဟောင်စုဘ၀” အွန်လိုင်းဇာတ်လမ်းကို သရုပ်ဆောင် ရိုက်ကူး ထုတ်လုပ်သူ ဖြူဖြူထွေးကို ပြည်သူများက အပြင်းအထန် ဝေဖန်လျက်ရှိပြီး စစ်တပ်၏ ထောင်သွင်းအကျဉ်းချခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုအဖြစ် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။ ဒီဇင်ဘာလ ၂၃ ရက်နေ့ ဖြူဖြူထွေးက ဒေါ်အောင်ဆန်းစုကြည်ပုံစံ ပုဝါခြုံ၊ ပန်းပန် ဝတ်စားဆင်ယင်ပြီး “မယ်တော်ဟောင်စု” အမည်ဖြင့် ပရုတ်ဆီဖြင့် မည်သည့်ရောဂါမဆိုပျောက်စေနိုင်သော ဆေးဆရာအဖြစ်…
ကျောက်ဖြူ က တရုတ်စီမံကိန်းတွေကို ကာကွယ်ဖို့ တရုတ်ကြေးစား ၃၀၀ နဲ့ စစ်ကောင်စီ တပ်သား ၅၀၀ မဒေးကျွန်းမှာ လုံခြုံရေးချထား ရခိုင်ပြည် ကျောက်ဖြူမြို့ မဒေးကျွန်းမှာ ရှိတဲ့ တရုတ် အစိုးရပိုင် စီမံကိန်းတွေ ကို ကာကွယ်ဖို့ တရုတ် လုံခြုံရေး ( ၃၀၀) နဲ့ စစ်ကောင်စီ တပ်သား( ၅၀၀ )ကျော်ကို ကျွန်းတစ်ခုလုံးမှာ နေရာချထားတယ်လို့ ဒေသခံသတင်းရင်းမြစ် က ပြောပါတယ်။ ကျောက်ဖြူမြို့ နယ် က တရုတ်စီမံကိန်းအဆောက်အအုံတွေ တည်ဆောက်ထားတဲ့ မဒေးကျွန်းမှာ အဲ့ဒီလုံခြုံရေး တပ်ဖွဲ့တွေကို ချထားပြီး ရေတပ်ကလည်း ကျွန်းပတ်ပတ်လည် ကို အချိန်ပြည့် ကင်းလှည့်လျှက်ရှိတယ် လို့ ဆိုပါတယ်။ ” ရေနံလှောင်ကန်တွေရှိတဲ့ ဝန်းထဲမှာ ကုမ္ပဏီဘက်က…
စမ်းချောင်းတွင် စစ်မှုထမ်းရန် လူငယ်များကို ဖမ်းဆီးပြီး ငွေကြေးခြိမ်းခြောက်တောင်းခံခဲ့သော ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးနောက် ဆေးရုံတွင် အသက်လုနေရ၊ FLA တပ်ဖွဲ့က ရှင်းလင်းဟု ထုတ်ပြန် ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် စစ်မှုထမ်းရန် လူငယ်များကို ဖမ်းဆီးပြီး ငွေကြေးခြိမ်းခြောက်တောင်းခံခဲ့သော ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးနောက် ဆေးရုံတွင် အသက်လုနေရပြီး အဆိုပါ အုပ်ချုပ်ရေးမှူးကို Freeland Attack Force (FLA) တပ်ဖွဲ့က ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ဟုမ်းလမ်းဘူတာရပ်ကွက်၏အုပ်ချုပ်ရေးမှူး စန်းငွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်ရှိ့နေစဉ် Freeland Attack Force (FLA) အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ပြီး ရှင်းလင်းစဉ်လက်နက်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့်…
ရှုံးနိမ့်နေသည့် စစ်ရေးအခြေအနေများကြောင့် အောက်ခြေစစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် စစ်တပ်အရာရှိ အချင်းချင်းပင် အယုံအကြည်မရှိတော့ တပ်မမှူး၊ တပ်ရင်းမှူး၊ စကခမှူးများသည် မိမိတို့၏ငယ် သားဖြစ်သည့် အောက်ခြေစစ်သည်များကို ပစ်ထားခဲ့ပြီး ထွက် ပြေးနေသည့် အခြေအနေကို ယခုရက်ပိုင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်လာသည့် ရုပ်သံမှတ်တမ်းများအရ စစ်ကောင်စီအချင်းချင်းပင် အယုံအကြည်မရှိတော့ဘဲ တင်းတွင်း ဂယက်ရိုက်ဆူပူမှုများ ရှိလာကြောင်းသိရသည်။ ထိုသို့ အောက်ခြေတပ်သားများ စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်းပြတ်တောက်ပြီး တော်လှန်ရေးတပ်ဖွဲ့များကို ပြန်လည်တိုက်ခိုက်ခြင်းမပြုနိုင်၊ ထွက်ပြေးခြင်းလည်းမပြုနိုင်ဘဲ အစာရေစာ ပြတ်လပ်ကာ ရရှိထားသည့်ဒဏ်ရာများကိုလည်း ဆေးကုသခွင့်မရဘဲ ပိုးဝင် ငတ်ပြတ် သေဆုံးနေသည်များကို တရားဝင် ထုတ်ပြန်လာသည့် ရုပ်သံမှတ်တမ်းများတွင် တွေ့ရသည်။ ထို့ပြင် တပ်စခန်းကိုစွန့်ခွာ၍ ထွက်ပြေးသည့် စစ်ဗိုလ်ချုပ်များမှာလည်း တော်လှန်ရေးတပ်ဖွဲ့များ၏ ပြန်လည်ဖမ်း ဆီးခံရခြင်းနှင့် အသေဖမ်းဆီးရမိမှုများရှိနေခဲ့သည်။ လက်အောက်ငယ်သားနှင့်…
ဧရာဝတီသို့ တိုက်ပွဲများရောက်ရှိလာမည်ကို စိုးရိမ်၍ ၀ါးခယ်မမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး မြို့လှည့်ကာ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ် ဧရာဝတီတိုင်း၊ ၀ါးခယ်မမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး အန္တရာယ်ကင်းပရိတ် မြို့လှည့် ရွတ်ဖတ်နေကြောင်း ဒေသခံများထံက သိရသည်။ စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစွမ်းထက်ဦးဆောင်၍ လုံခြုံရေးရယူပေးသည့် စစ်ကောင်စီတပ်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ယခု ဒီဇင်ဘာလအတွင်း မြို့လှည့်၍ အန္တရာယ် ကင်းပရိတ် ရွတ်ဖတ်နေကြောင်း ဒေသခံများထံကသိရသည်။ “ဆရာတော်တွေတော့မပါဘူး၊ အသံချဲ့စက်နဲ့ ထွေအုပ်ရုံးကဝန်ထမ်းတွေနဲ့ ရဲတွေရယ် စစ်သားတွေရယ် မြို့လှည့် ပရိတ် ရွတ်ကြတာ။ သူတို့ အရမ်းကြောက်နေတယ်။ ဗေဒါဂိတ်ကို AA သိမ်းပြီးနောက်မှာ ဧရာဝတီကို တိုက်ပွဲတွေဝင်တော့မလားဆိုပြီး သွေးပျက်နေကြတာ”ဟု ဝါးခယ်မမြို့ခံတစ်ဦးက ပြောသည်။ ဂွမြို့နှင့် ဧရာ၀တီတိုင်း၊ ငသိုင်းချောင်းမြို့နယ်ကို ဆက်သွယ်ထားသည့် ကားလမ်းပေါ်ရှိ စစ်ကောင်စီ စစ်ဆေးရေး…