မန္တလေးတိုင်း၊ တံတားဦးမြို့နယ်တွင် ပြည်သူများကို ဖမ်းဆီးနှိပ်စက်နေကာ စစ်မှုထမ်းတပ်သားသစ် စုဆောင်းနေသော တောင်တစ်လုံးရွာ ပျူစောထီး ခေါင်းဆောင် ချစ်ဝင်းကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း နဂါးနီပြောက် ကျားတပ်ဖွဲ့ မြင်းခြံမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဇန်နဝါရီလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် တောင်တလုံးကျေးရွာအနီး၌ ယာခင်းမှ အပြန်လာသည့် ပျူစောထီး ခေါင်းဆောင် ချစ်ဝင်းကို နဂါးနီ ပြောက်ကျားတပ်ဖွဲ့ မြင်းခြံမှ တော်လှန်ရေး ရဲဘော်များက သွားရောက် ဖမ်းဆီးစဉ် ပစ္စတိုသေနတ်ဖြင့် ပြန်လည် ခုခံရန် ပြင်ဆင်သောကြောင့် ပစ်ခတ် ဖမ်းဆီးရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။ သေဆုံးသွားသော တောင်တစ်လုံးကျေးရွာ ပျူစောထီးခေါင်းဆောင် ချစ်၀င်း သည် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်း၍…
ချင်းပြည်နယ် တီးတိန်မြို့ကို တိုက်ခိုက်သိမ်းယူဖို့ ချင်းလက်နက်ကိုင် အင်အားစု နှစ်ခု ကြိုးစားနေပြီး မြို့သိမ်းတိုက်ပွဲမှာ ဝင်မစွက်ဖက်ကြဖို့လည်း အပြန်အလှန်ကြေညာလိုက်ပါတယ်။ ချင်းပြည်ကြားကာလအတိုင်ပင်ခံကောင်စီ(ICNCC) ရဲ့ ကာကွယ်ရေးတပ်ဖြစ်တဲ့ ချင်းညီနောင် (CB) က တီးတိန်မြို့ကို စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်ဖို့ အစီအစဉ်ချပြီးဖြစ်တာကြောင့် ချင်းအမျိုးသား တပ်ဦး (CNF/CNA) နဲ့ တီးတိန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDA) တို့ ဝင်မနှောင့်ယှက်ဖို့ PDF/Zoland က ဇန်နဝါရီ ၁၄ ရက်နေ့မှာ ကြေညာချက်ထုတ်လိုက်ပါတယ်။ ချင်းညီနောင် (CB) အဖွဲ့ဝင် PDF-Zoland ရဲ့ စစ်ဦးစီးချုပ် ဂီးဒွန်က တီးတိန်မြို့ကို ချင်းညီနောင်က သိမ်းမှာဖြစ်တာကြောင့် တခြားအဖွဲ့တွေ စစ်ရေးဖော်မှာကို မလိုလားဘူးလို့ ပြောပါတယ်။ “မြို့ပတ်လည်မှာ ချင်းညီနောင် (CB) ရဲဘော်တွေ နေရာချထားတယ် တီးတိန်မြို့ကို…
မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်မှာ ပြည်သူတွေထံကနေ ငွေကြေးတောင်းခံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဇန်နဝါရီ ၁၅ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Popa Guerilla Force (PGF) က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းသွားလမ်းလာတွေကို တားဆီးစစ်ဆေးနေတာကြောင့် ပြည်သူတွေ အကြောက်တရားနဲ့ သွားလာနေရတဲ့အတွက် တိုက်ခိုက်ခဲ့တာလို့ Popa Guerilla Force (PGF) တပ်ဖွဲ့ ဒုတာဝန်ခံ ရဲဘော်ဗျတ္တက ပြောပါတယ်။ “စစ်ကောင်စီတပ်က ပုပွါး-ဝဲလောင် လမ်းပိုင်းမှာ ကင်းပုန်းဝပ်ပြီး ကားတွေ၊ ဆိုင်ကယ်တွေကိုတားဆီး စစ်ဆေးတာ ငွေကြေးတောင်းခံတာတွေလုပ်နေလို့ ပြည်သူတွေက အကြောက်တရားနဲ့ သွားလာနေရတယ်၊ ဒါကြောင့် သူတို့လည်း အမြဲအကြောက်တရားနဲ့နေရအောင် တိုက်ခိုက်ခဲ့တာပါ” ပုပ္ပါး-ဝဲလောင် လမ်းပိုင်းမှာ ငွေကြေးတောင်းခံပြီးပြန်လှည့်လာတဲ့ စစ်ကောင်စီတပ် ကားသုံးစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က အထိအခိုက်များကြောင်းနဲ့ အတိအကျကိုတော့ မသိရသေးကြောင်း…
မင်းအောင်လှိုင်၏ ပြောစကားများကို စစ်မှုထမ်းတပ်သားသစ်များကို သင်ကြားပို့ချနေ KIA ၊ MNDAA ၊ AA ၊ TNLA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များမှာ ပြည်ပကြိုးကိုင်ထားသော ရုပ်သေးရုပ် အဖွဲ့များဟု ဝါဒမှိုင်းသွင်း မြန်မာနိုင်ငံတွင် “တပ်မတော် မကယ်တင်လျှင် နိုင်ငံတော်နှင့် ပြည်ထောင်စု ပြိုကွဲတော့မည်” ဟု စစ်မှုထမ်းသင်တန်းများတွင် ဝါဒဖြန့်နေပြီး မင်းအောင်လှိုင်၏ ပြောစကားများကို စစ်မှုထမ်းတပ်သားသစ်များကို သင်ကြားပို့ချနေကြောင်း စစ်မှုထမ်းတပ်သားတချို့က ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီက လစဉ်ဖွင့်လှစ် ပို့ချလျက်ရှိသော စစ်မှုထမ်းသင်တန်းများတွင် စစ်ရေးနှင့်ပစ်ခတ်မှု သင်ကြားခြင်းအပြင် စာတွေ့ သင်ခန်းစာအဖြစ် “နိုင်ငံတော်အကြီးအကဲ၏ အမြင်သဘောထားနှင့် နိုင်ငံတော်၏ အနာဂတ်” ဆိုသော သင်ခန်းစာများ လာရောက်ပို့ ချကြောင်း၊ ထိုသို့ ပို့ချရာတွင် တပ်မတော်ပြိုကွဲလျှင် နိုင်ငံတော်ပြိုကွဲပြီး ပြည်ထောင်စုကြီးပြိုကွဲတော့မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လက်ရှိ…
မံစီမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း လမ်းတွင် ပစ်ခတ်သတ်ဖြတ်ထား၍ အလောင်း ၁၀၀ နီးပါး တွေ့ရ ကချင်လွတ်လပ်ရေးတပ်တော် (KIA) သိမ်းပိုက်လိုက်သည့် မံစီမြို့မှ ထွက်ပြေးသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်အချင်းချင်း လမ်းတွင် အစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်ထားခဲ့ရာ အလောင်း ၁၀၀ နီးပါး တွေ့ရှိခဲ့ရကြောင်း သိရသည်။ KIA သည် ပြီးခဲ့သည့် ဇန်နဝါရီ ၈ရက်က မံစီမြို့ကိုသိမ်းပိုက်ပြီးနောက် မြို့တွင်းနှင့် တပ်ရင်း သုံးခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားခဲ့ကြပြီး KIA က လိုက်လံတိုက်ခိုက်ရာတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် အလောင်းများကိုတွေ့ရှိခဲ့ရကြောင်း သိရသည်။ “၉ ရက်နေ့ကနေ ၁၄ ရက် နေ့အထိ အနောက်က လိုက်တိုက်တာမှာ သူတို့အချင်းချင်း ပစ်သတ် ထားခဲ့ကြတဲ့ အလောင်းတွေတွေ့ရတယ်။ စစ်တပ်မိသားစုဝင်တွေလည်းပါတယ်တွေ့တဲ့ အလောင်း…