မြ၀တီမြို့သို့ ထိုးစစ်ဆင်နေသော အောင်ဇေယျစစ်ကြောင်း၏ ရှေ့တန်းစခန်းတစ်ခုကို သိမ်းပိုက်မှု လက်နက်ခဲယမ်းအများအပြား ရရှိ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှ မြဝတီမြို့သို့ ချီတက်ထိုးစစ်ဆင်နေသည့် စစ်ကောင်စီ အောင်ဇေယျစစ်ဆင်ရေးစစ်ကြောင်း၏ ရှေ့တန်းစခန်းတစ်ခုကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက် ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ကျားသစ်နက်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဇန်နဝါရီလ ၁၂ ရက်နေ့က ကော့ကရိတ်မြို့နယ်၊ ဒေါနတောင်ခြေသို့ ရောက်ရှိနေသော အကြမ်းဖက် စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်ရေး ရှေ့တန်းစခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင် ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း၊ အ ကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အတိအကျသိရှိရခြင်းမရှိ ကြောင်း ၎င်းက ဆိုသည်။ “ ဇန်နဝါရီ ၁၂ ရက်နေ့လောက်က အောင်ဇေယျစစ်ဆင်ရေး ရှေ့တန်းစခန်းတစ်ခုကို ဝင်တိုက်ပြီး သိမ်းဆည်း ရရှိခဲ့တာပါ။ သေဆုံးထိခိုက်မှုကတော့ အတိအကျ…
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဆင်လူးကျေးရွာရှိ အကြမ်းဖက်စစ်တပ် နဲ့ ပျူစောထီးတွေကို ဇန်နဝါရီ ၁၅ ရက်မှာ PDF ပူးပေါင်းတပ်တွေက ဒရုန်းစစ်ဆင်ရေးပြုလုပ်ခဲ့တယ်လို့ Young Force UG ထံမှ သိရပါတယ်။ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဆင်လူးကျေးရွာရှိ အကြမ်းစစ်ကောင်စီတပ်နဲ့အပေါင်းပါ ပျူစောထီး တွေကို ဒရုန်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ကင်းတာဝန်ကျတဲ့ အကြမ်းဖက်တစ်ယောက်သေဆုံးပြီး ပျူစောထီးအများအပြား ထိခိုက်ခဲ့တယ်လို့ Young Force UG ကပြောပါတယ်။ “လူနာများကို လူနာတင် ယာဥ် သုံးစီးဖြင့် စလင်း ကံပြား မှ လာရောက်သယ်ဆောင်ခဲ့” လို့ Young Force UG ကပြောပါတယ်။ ဒီတိုက်ခိုက်မှုကို မြိုင်ပကဖ ၊ပေါက်ပကဖ ၊ မင်းဘူးခရိုင်အမှတ်-၄တပ်ရင်း၊ မြိုင်ပကဖ ဒရုန်းတပ်ဖွဲ ၊ Young…
ကချင်ပြည်နယ်၊ ပူတာအိုဒေသကို မကြာမီ တိုက်ပွဲဆင်နွှဲသွားမည်ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်အတူ စစ်ကောင်စီကို တိုက်ခိုက်နေသည့် ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်(KPF)က ဇန်နဝါရီ ၁၆ ရက်ညပိုင်းတွင် အသိပေးသည်။ ခေါင်လန်ဖူးဒေသနှင့် ပူတာအိုဒေသများ၌ တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုများရှိနေကြောင်း စစ်အာဏာရှင်အုပ်စုနှင့် အပေါင်းအပါ ဌာနေပြည်သူ့စစ်တပ်ဖွဲ့မှ ဝါဒဖြန့်နေသည့် အခြေအနေ၊ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း သစ္စာစောင့်သိမှုကင်းမဲ့စွာ ဒဏ်ရာရ စစ်သည်များအား စွန့်ပစ်ထားခဲ့မှု အခြေအနေအား အသိပေးထားပြီး ပူတာအိုဒေသတိုက်ပွဲ ဆက်လက်ဆင်နွှဲရမည်ဟု ဆိုသည်။ “မကြာတော့မည့် အချိန်တွင် မိမိတို့ ခါကာဘို ပြည်သူ့ကာကွယ်ရေးတပ်နှင့် ပူးပေါင်းတပ်တို့ အနေဖြင့် ပူတာအိုဒေသကို မလွှဲသာ မရှောင်သာ တိုက်ပွဲဆက်လက်ဆင်နွှဲသွားမည်ဖြစ်ပါသည်”ဟု KPF က ရေးသားဖော်ပြခဲ့သည်။ ထို့ပြင် ဌာနေပြည်သူ့စစ် အချင်းချင်း စွန့်ပစ်ထားခဲ့သည့် တပ်ဖွဲ့ဝင် ၂ ဦး၏ ရုပ်အလောင်းအား ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ကြောင်းလည်း…
ပဒါ-န်း တ-ပ်နယ်ကို ရောက်လာတဲ့ ရတတမခ ၉၉ ရဲ့ တ-ပ်မမှူး အသစ်ကတော့ ကာန-ယ်တ-င်မော-င်ကျော် (D-S-A ၄၂ ) ဖြစ်ပါတယ်။ ယခင် မိုး-မြ-င့်ထွ-န်းတော့ ဘာဖြစ်လဲ မသိသေးပါဘူး။ဒါပေမယ့် အခုကျ ညွှ-န်မှူးဟော-င်းတွေတောင် ထွ-က်ခွ-င့် မပြု-ဘဲ အရ-န် အ-င်-အားမှာ ပို့-ထားပြီး ဇေယျကျော်ထင်တွေ ဘာတွေ ပေးထားတာကို တွေ့ရပါတယ်။ထွ-က်ခွ-င့်ပေး လိုက်ရင် ကျစ်ကျီး ကန်း(စ-စ်-စ-ည်း-က-မ်း) နဲ့ ဆွဲ-လို့ မရတော့ဘူးလေ။အဲလို. .. အဲလို ….. မစခ ၉၀၅ ထဲရောက်နေတဲ့ အာ-လူးတစ်ချို့ ကပစ ၁၄ ဘက်ကို ရွှေ့-နေပါတယ်။ယမန်နေ့က ရောက်နေတဲ့ထဲက ထု-တ်-နှု-တ်-ပြီး စ-စ်ယာဉ်တ-န်း ၁၃ စီး နေ ရာရွှေ့-ထားပါတယ်။ ပ-န်းတော-င်း တ-ပ်နယ်ထဲမှာ ပွဲအပျ-က်ဆုံးက…
ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ထဲ မောင်းနှင်နေတဲ့ YBS 27 ပေါ်မှာ ဇန်နဝါရီ ၁၅ ရက်၊ ညနေ ၅ နာရီ ၃၅ မိနစ်လောက်က လူငယ် ၃ ယောက်ကို စစ်ကောင်စီလက်အောက်ခံ အရပ်ဝတ်ရဲတွေက လက်ထိပ်ခတ် ဖမ်းဆီးသွားတယ်လို့ Rangoon Scout Network RSN က ပြောပါတယ်။ YBS 27 ဟာ တာမွေဘက်ကနေ သင်္ဃန်းကျွန်းဘက်ကို မောင်းနှင်လာတာဖြစ်ပြီး ကျိုက္ကဆံဘုရားမှတ်တိုင်အရောက်မှာ အိမ်စီးကားတစီးက YBS ရှေ့ ပိတ်ရပ်ခဲ့ပါတယ်။ RSN အဖွဲ့ သတင်းပြန်ကြားပေးသူတယောက်က “လူငယ် ၃ ဦးမှာ တဦးက အပေါ်အောက် အမည်းရောင် ဝတ်ထားပါတယ်။ ထပ်သိရတာက ကောင်လေး ၃ ယောက်စီးတဲ့ ကားပေါ်မှာ အရပ်ဝတ် ခပ်ဝဝ…