စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးကာ ၁၂ ဦးကို လက်နက်တွေနဲ့ အတူဖမ်းမိ ရခိုင်ပြည်၊ အမ်းမြို့နယ်ဘက်မှ ထွက်ပြေးလာကြတဲ့ စစ်ကောင်စီ တပ်သားတွေကို ကြားဖြတ်ဟန့်တား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေပြီး ၁၂ ဦးကို လက်နက်တွေနဲ့ အတူ ဖမ်းမိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို ( CDF – Asho )က ဒီကနေ့မှာ သတင်း ထုတ်ပြန်ပါတယ်။ ဒီလ ၁၄ ရက်နေ့က အမ်းမြို့နယ်၊ တောင်ဇောက်ရွာအနီး တိုက်ပွဲမှ ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သားအင်အား (၁၀၀)ခန့်ကို ငဖဲမြို့နယ်၊ ရှောက်တောင်ရွာအနီး ( က.ပ.စ – ၁၄) နှင့် မီတာ( ၂၀၀၀ ) ခန့် အကွာတွင်…
ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်ရှိ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ လက်နက်ခဲယမ်းအများအပြားသိမ်းရကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ ပြီးခဲ့သည့်တစ်ပတ်အတွင်း စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ကော်ဘရာစစ်ကြောင်းနှင့် ပူးပေါင်းစစ်ကြောင်းများက တိုက်ခိုက်ခဲ့ခြင်းဟု ကရင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ “အောင်ဇေယျဆီကနေ ရထားတဲ့ ပစ္စည်းတွေ”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ထို့အပြင် အောင်ဇေယျစစ်ကြောင်းအား တိုက်ခိုက်ရာတွင်ပါဝင်သော စစ်ကြောင်းမှူးတစ်ဦးကလည်း လက်နက်ခဲယမ်းများသိမ်းရမှုအပေါ် အတည်ပြုပေးသည်။ သို့သော် အောင်ဇေယျစစ်ကြောင်းမှ စစ်ကောင်စီတပ်သားများ သေဆုံးထိခိုက်မှုနှင့်ပတ်သက်ပြီး ပြောဆိုခြင်း မရှိပေ။ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ကော်ဘရာ၊ PDFနှင့် ပူးပေါင်းစစ်ကြောင်းများက အပိုင်းပိုင်းဖြတ်တောက်ပိတ်ဆို့ထား၍ အောင်ဇေယျစစ်ကြောင်း၏ ရှေ့တန်းမှ စစ်သားများသည် အစာရေစာငတ်ပြတ်မှုနှင့်ကြုံနေရသည်။ အောင်ဇေယျစစ်ကြောင်းမှာ လက်ရှိတွင် တော်လှန်ရေးပူးပေါင်းတပ်များ၏ ပိတ်ဆို့ဖြတ်တောက်မှုခံနေရ၍ ရှေ့မတိုးနိုင်ဘဲ လက်နက်ကြီးများဖြင့်သာ နေ့စဉ်ပစ်ခတ်မှုသာပြုလုပ်နေသည်ဟု ကော်ဘရာစစ်ကြောင်း…
ရေနံချောင်းတွင် ရဲ ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံးပြီးနောက် စစ်တပ်က လုံခြုံရေးတိုးမြှင့်ပြီး လူငယ်များကို ပစ်မှတ်ထား ပေါ်တာဆွဲနေ မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် ရဲ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးပြီးနောက် အကြမ်းဖက် စစ်တပ်က လုံခြုံရေးဂိတ်များတွင် အင်အားတိုးမြှင့်ပြီး မကွေးတိုင်း မှတ်ပုံတင် ကိုင်ဆောင်ထားသည့် လူငယ်များကို ဆက်တိုက်ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ရေနံချောင်းမြို့နယ်၊ မကျည်းတိုင်း – ဖိုးကိုးလမ်းပိုင်းတွင် လက်မှတ်ကုန်းနယ်မြေရဲစခန်းမှ ရဲ ၂ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ ရဲ ၂ ဦးသေဆုံးပြီးနောက် အကြမ်းဖက် စစ်တပ်က ရေနံချောင်းမြို့ အတွင်းရှိ…
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ကို PDF တပ်များက တိုက်ခိုက်သိမ်းပိုက်မည်ဆိုသော သတင်းများကြောင့် စစ်တပ်က လုံခြုံရေး တိုးမြှင့်နေပြီး လူငယ်များကို ပိုမို ဖမ်းဆီးလာကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ယခု ဇန်နဝါရီလ ဒုတိယအပတ်မှစတင်၍ NUG က စစ်ကိုင်းတိုင်းတွင် အခြေချမည်ဖြစ်ပြီး ရွှေဘိုမြို့ကိုလည်း တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်တော့မည်ဆိုသော သတင်းများ အလျှင်အမြန် ပြည်သူများအကြား ပြန့်နှံ့လာနေကြောင်း၊ ထိုသို့ ပြန့်နှံ့လာသည့်အတွက် စစ်တပ်က လုံခြုံရေးများ တိုးမြှင့်ပြီး လူငယ်များကိုလည်း ယခင်ထက်ပို၍ ဖမ်းဆီး လာကြောင်း သိရှိရသည်။ “ဝက်လက်ပြီးရင်ရွှေဘိုကိုသိမ်းမယ်ဆိုတဲ့သတင်းတွေ ကြောင့် စစ်တပ်ကရွှေဘိုမြို့ကို လုံခြုံရေးတိုးမြှင့်ချထားတယ်။ ဒီနေ့ မွန်းလွဲ ၁ နာရီနောက်ပိုင်းမှာ မြို့ပေါ်မှာ လူအသွားအလာကို အတော်ကိုနည်းနေတယ်” ဟု ရွှေဘိုဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။ ထို့ပြင် စစ်ကိုင်းတိုင်း ရွှေဘိုမြို့တွင်…
စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးအနက် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းအများပြည်သူမြင်ကွင်းမှပျောက်ကွယ်ပြီးနောက်ရက်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပါ ပျောက်လျက်ရှိနေသည်။ ပုံမှန်အားဖြင့် တဦးမဟုတ် တဦး အများမြင်ကွင်းထွက်ပြလေ့ရှိသော်လည်း ဒုခေါင်းဆောင်စိုးဝင်းပေါ်မလာသည်မှာ ခြောက်ရက်ကြာမြင့်ပြီဖြစ်ပြီး သူ၏အကြီးအကဲဖြစ်သူ လူလုံးထွက်ပြခြင်းကိုအားသန်သော စစ်ခေါင်းဆောင်ကတော့ ငါးရက်ကြာမြင့်ပြီဖြစ်သည်။ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအနေဖြင့် ဇန်နဝါရီလ ၁၀ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် ပညာရေးဆိုင်ရာညီလာခံ ဂုဏ်ပြုညစာစားပွဲ တက်ရောက်ပြီးနောက်ပိုင်း မည်သည့်အခမ်းအနားမှတက်ရောက်ခဲ့ခြင်းမရှိတော့ပါ။ စစ်တပ်ထိန်းချုပ်ထားသော မြ၀တီ၊ မြန်မာ့အလင်း၊ ကြေးမုံတို့တွင် သူ၏ပုံရိပ်များပျောက်ကွယ်နေသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုတော့ ဇန်နဝါရီလ ၁၁ ရက်နေ့ ပြင်ဦးလွင်သို့သွားရောက်လည်ပတ်သည့်ခရီးစဉ်အဖြစ်နောက်ဆုံးတွေ့ခဲ့ရသည်။ ဒုချုပ်စိုးဝင်းသည် ယမန်နေ့ (ဇန်နဝါရီ ၁၅ ရက်) နေ့က လွိုင်ကော်မြို့တွင်ကျင်းပသော (၇၃) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားတက်ရောက်သည်ဟု စစ်ကောင်စီထိန်းချုပ်ခြင်းကင်းသော သတင်းမီဒီယာအများအပြားက ပုံရိပ်များမပါဘဲ ဖော်ပြခဲ့သော်လည်း စစ်အုပ်စုထိန်းချုပ်ထားသော မီဒီယာများတွင် ထုတ်ပြန်ချက်တွင် ဒုတိယဝန်ကြီးချုပ်တဦးဖြစ်သော…