Tag: Movies
-
Grieve
Grieve (2023) Grieve ၂၀၂၃ ခုနှစ်ထုတ် ရုပ်ရှင်ကားဟာ Robbie Smith မှ ရေးသားရိုက်ကူးထားပြီး သရုပ်ဆောင် Joseph Casey၊ Danielle Keaton ၊Madeleine Koestner တို့ပါ၀င်ထားတဲ့ ပုဂ္ဂိုလ်ရေးဆုံးရှုံးမှုကို ဖော်ပြထားတဲ့ atmospheric horror drama ကားတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်ကားဟာဆိုရင် မတော်တဆမှုတစ်ခုမှာ သူချစ်ရသူ Sarah ဆုံးပါးသွားတာကို ရင်ဆိုင်ဖြေရှင်းဖို့ ရုန်းကန်နေရတဲ့ Sam ကို အဓိကထားရိုက်ကူးထားပါတယ်အရမ်းကို၀မ်းနည်းပြီး အထီးကျန်ရလို့ ဘာကိုမှမလုပ်နိုင်လောက်အောင် အသုံးမကျတဲ့အခြေအနေကို ရောက်ရှိသွားတဲ့ Sam ဟာ မိခင်အကြံပေးချက်အရ New England ဆောင်းရာသီအတွင်း မိသားစုပိုင် တောနက်ထဲကအေးဆေးတည်ငြိမ်တဲ့ တောအိမ်ကိုအပန်းဖြေဖို့ သွားရောက်ခဲ့တယ်။ တောအိမ်ထဲမှာ Sam ဟာ ထူးဆန်းတဲ့ဖြစ်ရပ်တွေကိုစပြီးကြုံတွေ့လာရတယ်အဲဒီတောထဲမှာသူ့ရဲ့ ဝမ်းနည်းပူဆွေးမှုကို စားသုံးကာသူ့ရဲ့နုနယ်တဲ့စိတ်ကို လိမ်ညာကောက်ကွေ့စေတဲ့…
-

Ekam Singh: A Warrior
Ekam Singh : A Warrior (2025) “ရဲရင့်သူ အီကမ်” အီကမ်က ရဲရင့်ပြတ်သားပြီး စိတ်ထားကောင်းတဲ့ကလေးတစ်ယောက်ဖြစ်ပေမဲ့ အဖေဖြစ်သူရဲ့ဂရုစိုက်မှုကိုမခံရလို့ သဘောမကျသူလည်းဖြစ်ပါတယ် ။ အီကမ်ရဲ့အဖိုးကတော့ မြေးလေးကို သမိုင်းကြောင်းတွေသင်ကြားပေးပြီး စိတ်ဓာတ်ကိုမြင့်တင်ပေးဖို့ အမြဲကြိုးစားခဲ့ပါတယ် ။ တစ်နေ့ အီကမ်နဲ့သူငယ်ချင်းတစ်စုပြန်ပေးဆွဲခံရတဲ့အချိန်မှာ အီကမ်က အဖိုးဖြစ်သူသင်ကြားထားပေးတဲ့အတိုင်း သူငယ်ချင်းတွေကို ကယ်တင်ဖို့ကြိုးစားသွားတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ လွတ်မြောက်လာတဲ့ကလေးတွေထဲမှာ အီကမ်ရဲ့အချစ်ဆုံးသူငယ်ချင်း ဘူတာမပါဝင်ခဲ့ပါဘူး ။ အဲဒါကြောင့် အသက်အရွယ်နဲ့မလောက်အောင် ရဲရင့်ထက်မြက်လွန်းတဲ့အီကမ်က သူငယ်ချင်းကိုကယ်ဖို့အတွက် နောက်တစ်ကြိမ်ထပ်မံကြိုးစားခဲ့ပြန်ပါတယ် ။ ဒီဇာတ်လမ်းထဲမှာ အီကမ်နဲ့သူ့အဖေကြားထဲက သားအဖဆက်ဆံရေးဝေးကွာမှုတွေကို အီကမ်ကိုင်တွယ်ဖြေရှင်းပုံ၊ ကလေးလေး အီကမ်ရဲ့စိတ်ဓာတ်ဖြောင့်မတ်မှု ၊ အတွေးအခေါ်မြင့်မားမှု၊ ရဲရင့်ပြတ်သားမှုနဲ့ သူငယ်ချင်းတွေအတွက် ကိုယ်ကျိုးစွန့်တတ်မှုတွေကိုပါ ကြည့်ရှုခံစားရမှာဖြစ်ပါတယ် ။
-

Main Tere Qurbaan
Main Tere Qurbaan (2025) “မင်းအတွက် ငါ” ချစ်ခြင်းတရားနဲ့ အနစ်နာခံမှုတွေကြားက နှောင်ဖွဲခြင်းတွေနောက်မှာ ပါလာတတ်တဲ့ အပူအပင်နဲ့ ဒုက္ခသုခတွေ အချိုးညီညီပေါင်းစပ်ထားတဲ့ ပန်ချာပီဒရာမာဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ပညာတတ်တစ်ယောက် မထင်မှတ်ထားတဲ့ အမှားကြီးတစ်ခု ကျူးလွန်မိပြီး ထောင်ကျနေရာက သူမရဲ့အပြုအမူကောင်းတွေကြောင့် လွတ်ငြိမ်းခွင့်ရပြီး ထောင်မှူးက သူ့ဘ၀ဇာတ်ကြောင်းကိုမေးမြန်းကြည့်မိတဲ့အခါ…။ ပါမောက္ခတစ်ယောက်ကို ချစ်မိသွားခဲ့တဲ့ ကျောင်းသူကောင်မလေးတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာ။ ခေါင်းမာပြီး တင်းကျပ်တဲ့ မိသားစုအသိုင်းအဝိုင်းကြောင့် သူ့အချစ်လမ်းခရီးက ထင်သလောက် မဖြောင့်ဖြူးဘဲ ကြုံတွေ့လာရတဲ့ ဒုက္ခသုခတွေကို ခံစားကြည့်ရှုကြရမှာပါ။
-

Jombieland Jombieland
Jombieland (2025) “ငါတို့တစ်ရွာလုံး ဇွန်ဘီ” အိန္ဒိယရဲ့ ပထမဆုံးဇွန်ဘီရုပ်ရှင်လို့ဆိုကြတဲ့ ပန်ချာပီဟာသသည်းထိတ်ရင်ဖိုရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ အိန္ဒိယနိုင်ငံ၊ ပန်ဂျပ်ပြည်နယ်၊ ချန်ဒီဂတ်မြို့အပြင်က အေးချမ်းနေခဲ့တဲ့ရွာလေးတစ်ရွာပေါ့။ မအေးချမ်းတော့တာက ကျွဲတွေနွားတွေ ရုတ်တရက် ရန်လိုလာကြပြီး တစ်ညအတွင်းမှာပဲအကောင်ရေ ရာနဲ့ချီအောင် သေဆုံးကုန်ကြတယ်။ လူတွေကလည်း နှာခေါင်းသွေးတွေယိုလို့ ဇွန်ဘီအဖြစ်နဲ့ တစတစပြောင်းကုန်ကြပါရော။ ဇာတ်လိုက်ကျော်ကတော့ ပလက်တီနမ်အဆင့်ရောက်ဖို့ အဖွဲ့ဝင်သစ် (၁၈)ယောက်ရဖို့ကြိုးစားနေတဲ့ မာတီလယ်ဗယ်မာကတ်တင်းသမား ဆရာကြီးတစ်ယောက်ပေါ့။ ပလက်တီနမ်အဆင့်ရောက်တဲ့အခါ ချစ်သူလေးကိုကိုးနဲ့အတူ ဟယ်လီကော်ပတာကြီးနဲ့ဟန်းနီးမွန်းထွက်ဖို့ စိတ်ကူးယဉ်နေတဲ့သူ။ ဒီလိုအိပ်မက်တွေနဲ့ အမ်အယ်လ်အမ်ဆရာကြီး ဇွန်ဘီရွာကို ရောက်လာခဲ့ချိန်မှာတော့…။
-

White Chicks
White Chicks (2004) 2004မှာ ထွက်ရှိခဲ့တဲ့ White Chick ဆိုတဲ့ Crime, Comedy ဇာတ်ကားလေးနဲ့ ရယ်ကြရအောင်။ FBI အေးဂျင့် ညီအစ်ကို ၂ ယောက် ရှိတယ်…သူတို့ ညီအစ်ကို ၂ ယောက်ဟာ ဒီအလုပ်ကို တကယ်လည်း ဝါသနာပါသလို အတတ်နိုင်ဆုံး အောင်မြင်အောင် ကြိုးစားလေ့ရှိတယ်… သို့ပေမယ့် အလွဲကြီးဆိုတဲ့ စကားလုံးက သူတို့အလုပ်မှာ အမြဲကပ်ရက်ပါလေ့ရှိတယ်… ရှင်းလေ ရှုတ်လေဆိုတဲ့ ညီအစ်ကို ၂ ယောက်ဆိုပါတော့…ဒါကြောင့် အလုပ်က ထွက်ရဖို့ အကြောင်းဖန်လာတယ်… ကံကောင်းတာက သူတို့ ၂ယောက်ရဲ့ သိက္ခာကို ပြန်အဖတ်ဆယ်နိုင်မယ့် အခွင့်အရေးတစ်ခုရလာတယ်… ပြဿနာ တောထဲရောက်နေတဲ့ လူဖြူအမျိုးသမီးတစ်ယောက်ကို လေဆိပ်ကနေ Hamtonဆိုတဲ့နေရာကို ဘေးမသီ ရန်မခဘဲ ရောက်အောင်ပို့ပေးဖို့တာဝန်ပေးခြင်းခံရတယ်… ကဲ…