Grieve

Grieve

Grieve (2023)

Grieve ၂၀၂၃ ခုနှစ်ထုတ် ရုပ်ရှင်ကားဟာ Robbie Smith မှ ရေးသားရိုက်ကူးထားပြီး သရုပ်ဆောင် Joseph Casey၊ Danielle Keaton ၊Madeleine Koestner တို့ပါ၀င်ထားတဲ့ ပုဂ္ဂိုလ်ရေးဆုံးရှုံးမှုကို ဖော်ပြထားတဲ့ atmospheric horror drama ကားတစ်ကားပဲဖြစ်ပါတယ်။

ဇာတ်ကားဟာဆိုရင် မတော်တဆမှုတစ်ခုမှာ သူချစ်ရသူ Sarah ဆုံးပါးသွားတာကို ရင်ဆိုင်ဖြေရှင်းဖို့ ရုန်းကန်နေရတဲ့ Sam ကို အဓိကထားရိုက်ကူးထားပါတယ်အရမ်းကို၀မ်းနည်းပြီး အထီးကျန်ရလို့ ဘာကိုမှမလုပ်နိုင်လောက်အောင် အသုံးမကျတဲ့အခြေအနေကို ရောက်ရှိသွားတဲ့ Sam ဟာ မိခင်အကြံပေးချက်အရ New England ဆောင်းရာသီအတွင်း မိသားစုပိုင် တောနက်ထဲကအေးဆေးတည်ငြိမ်တဲ့ တောအိမ်ကိုအပန်းဖြေဖို့ သွားရောက်ခဲ့တယ်။

တောအိမ်ထဲမှာ Sam ဟာ ထူးဆန်းတဲ့ဖြစ်ရပ်တွေကိုစပြီးကြုံတွေ့လာရတယ်အဲဒီတောထဲမှာသူ့ရဲ့ ဝမ်းနည်းပူဆွေးမှုကို စားသုံးကာသူ့ရဲ့နုနယ်တဲ့စိတ်ကို လိမ်ညာကောက်ကွေ့စေတဲ့ ရှေးကျတဲ့သတ္တဝါရှိနေတာကို သူ သတိမထားမိခဲ့ဘူးနောက်ဆုံးမှာ အဲဒီသတ္တဝါရဲ့ လက်ထဲကနေလွတ်မြောက်နိုင်ပါ့မလားဆိုတာ ရင်ခုန်ဖွယ်စောင့်ကြည့်ရမယ့် horror ကားလေးပဲဖြစ်ပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *