အာရက္ခဒေသ၊ နပခ (အမ်း) ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း နှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့အား အာရက္ခတပ်တော်မှ အရှင်လက်ရဖမ်းဆီးရမိပြီးနောက် အမ်းမြို့ နှင့် အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်တို့အား အပြီးသတ်သိမ်းပိုက်ရရှိ အာရက္ခဒေသ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ နောက်ဆုံးတစ်ခုတည်းသာ ကျန်ရှိတော့သည့် နပခ ဌာနချုပ် တိုင်းစစ်ရုံးအတွင်းမှ လက်ကျန်နေရာအားလုံးကို ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့သည်မှာ နှစ်ပတ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။ မိမိတို့ အာရက္ခတပ်တော်အနေဖြင့်လည်း ရန်သူ၏ မရပ်မနားသော လေကြောင်း၊ လက်နက်ကြီးပစ်ကူများအပြင် ရဟတ်ယာဉ်များဖြင့် လေကြောင်းမှ စုစုပေါင်းအင်အား (၁၅၀) ခန့်စီအား သုံးကြိမ်တိုင်တိုင် စစ်ကူလာချပေးနေသည့်ကြားမှ နပခဌာနချုပ် (အမ်း) အား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့၊ မွန်းတည့် (၁) နာရီ (၄၀) မိနစ်တွင်…
ရခိုင်တွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဆုံးရှုံးသွားချိန် နေပြည်တော်တွင် အမျိုးသား အားကစားပွဲတော် ကျင်းပ၍ နိုင်ငံကို ကာကွယ်နေရဟု မင်းအောင်လှိုင်ပြော ရခိုင်ပြည်တွင် ယမန်နေ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စစ်ကောင်စီက ဆုံးရှုံးသွားချိန် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နေပြည်တော်တွင် အမျိုးသားအားကစားပွဲတော်ကို ကျင်းပ၍ နိုင်ငံကို ကာကွယ်နေရကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ ယမန်နေ့ နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် အမျိုးသားအားကစားပွဲတော် ပိတ်ပွဲတွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ ယခုအမျိုးသားအားကစားပွဲတော်တွင် နိုင်ငံတော်၊ ပြည်သူလူထုနှင့် သက်ဆိုင်သည့်စကားအချို့ကို ပြောလိုပါကြောင်း၊ မိမိတို့ အမိမြန်မာနိုင်ငံတော်အတွင်း စုပေါင်းနေထိုင်ကြသည့် နိုင်ငံသားတိုင်းသည် မိမိတို့ ကဏ္ဍအလိုက်ကျရာတာဝန်များကို နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက် ထမ်း ဆောင်နေကြသူများဖြစ်ကြကြောင်း၊ အားကစားနှင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်နေ ခြင်းဖြစ်ကြောင်း၊ မြန်မာဟူသည့်စိတ်ကိုနိုးထစေပြီး နိုင်ငံကိုကာကွယ်နေခြင်းပင်ဖြစ် ကြောင်း…
လောင်းကစားလုပ်ကာ ငွေလိုလို့ ကျောင်းနေဘက် သူငယ်ချင်းကို ပြန်ပေးဆွဲ သတ်ဖြတ် ဟုဆို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ဆရာဝန်အချင်းချင်း ပြန်ပေးဆွဲ သတ်ဖြတ်၊ အလောင်း ဖျောက်မှု ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူ ဆရာဝန်က အွန်လိုင်းလောင်းကစား လုပ်ကာ ငွေလိုလို ကျောင်းနေဖက်သူငယ်ချင်း ဆရာဝန်ကို ပြန်ပေးဆွဲ သတ်ဖြတ်တာ ဖြစ်တယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။ ဒီဇင်ဘာလ ၁၇ရက် မနက်ပိုင်းက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာ ရပ်ကွက်၊ ၁၀၁ လမ်း၊ ၅၅လမ်းနဲ့ ၅၆လမ်းကြားနေ ပုဂ္ဂလိကဆေးရုံတစ်ခုရဲ့ ပိုင်ရှင် ဒေါက်တာအောင်မြင့်မြတ်ထွန်း (၃၃ နှစ်)ကို ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ ၈၂ လမ်း၊ လမ်းသစ်လမ်းနဲ့ ၁၀၅ လမ်းကြားရှိ ငွေလရောင် ဆေးခန်း ဖွင့်လှစ်ထားသူ ဒေါက်တာ အောင်ဇင်ဖြိုး…
ကချင်ပြည်နယ် ချီဖွေမြို့နယ်ပန်ဝါမြို့ကို ကချင်လွတ်လပ်ရေးအဖွဲ့(KIO) အုပ်ချုပ်ရေး ယန္တရား ဖော်ဆောင်လျက်ရှိပြီး မြို့ သာယာလှပရေး နှင့် ပြည်သူ့ ကျန်းမာရေး ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများကို သက်ဆိုင်ရာ ဌာနများက လုပ်ဆောင်နေကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနက ဒီဇင်ဘာ ၁၉ ရက်တွင် ဖော်ပြသည်။ ပန်ဝါကို အောက်တိုဘာ ၁၈ရက်တွင် KIA ပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် နိုဝင်ဘာလဆန်းမှ စတင်ကာ KIO အစိုးရ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေခြင်းဖြစ်သည်ဟု ဆိုသည်။ ထိုသို့ KIO အစိုးရ အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နေသည်မှာ အချိန် တစ်လကျော်ကြာပြီဖြစ်သော်လည်း ဒေသခံများ၏ လိုက်နာကျင့်သုံးမှု အားနည်းနေ၍ အခက်အခဲ ရှိနေဆဲဖြစ်ကြောင်း ပန်ဝါမြို့တော်ဝန် ဆလန်ကဘာ မဒိန်ဘောင်းချမ်၏ ပြောကြားချက်ကို KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။ ယခင်က စစ်ကောင်စီ…
2011 အင်းစိန်ထောင်မှာ စစ်အရာရှိဟောင်း အကျဉ်းသား တယောက်နဲ့ ဆုံခဲ့ရတယ်။ သူက မြောက်ပိုင်းတိုင်းမှူး ဗိုလ်မှူးချုပ် အယ်လ်ကွန်ဖန် (အယ်လ်ခွန်းရီရဲ့ အဖေ) ကို စနိုက်ပါနဲ့ လုပ်ကြံခဲ့တဲ့ စစ်သားဟောင်း တယောက် မဆလ ဖက်ဆစ်တပ်ကို တကိုယ်တေ် ပြန်လည်ဆန့်ကျင်တော်လှန် ခဲ့တဲ့ မျိုးချစ်စစ်သားတယောက်။ သူ စနိုက်ပါနဲ့ လုပ်ကြံခဲ့တဲ့ အရေးကြီးပစ်မှတ်တွေ အများကြီး။ စစ်ဗိုလ်လည်းဖြစ်တယ်။ စစ်ပညာလည်း ကောင်းစွာတတ်တယ်။ စနိုက်ပါလည်း လက် အလွန်ဖြောင့်တယ်။ တကိုယ်တော် တယောက်တည်း အလွန်သိုသိပ်စွာ ပစ်မှတ်ကို ပစ်ခတ်တယ်။ သူ့ကို ဘယ်လိုမှ ခြေရာခံ မရဘူးဖြစ်နေတာပေါ့။ သူပြောပြခဲ့တဲ့ သူ့ရဲ့ လှုပ်ရှားမှုအချို့ကို ရင်သပ်ရှုမော တအံ့တသြ ကျနော် နားထောင်ခဲ့ရတယ်။ နောက်ဆုံးတော့ သူ့ကို မိသွားတယ်။ ဘယ်ကနေ မိသွားသလဲဆို…