ကရင်ပြည်နယ် ဖာပွန် ခရိုင် လက်နက်ကြီးစခန်း KNU + PDF တော်လှန်ရေးတပ်များ သိမ်းပိုက် ဖာပွန် လက်နက်ကြီး ကုန်းကို KNU သိမ်းလိုက်တဲ့ရုပ်သံဖိုင်ထွက်ပေါ်လာ စစ်ကောင်စီတပ်ရဲ့ ဖာပွန်စစ်ဗျူဟာ လက်နက်ကြီးကုန်းကို KNU တပ်မဟာ (၅) နဲ့ပူးပေါင်းတပ်က သိမ်းယူလိုက်တဲ့ ရုပ်သံဖိုင် ဒီနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ထွက်ပေါ်လာပါတယ်။ ရုပ်သံဖိုင်ထဲမှာ ဟောင်ဝစ်ဇာအမြှောက်ကြီးကိုတွေ့ရပြီး “အဲ့ဒါ ဖာပွန်ဗျူဟာ လက်နက်ကြီးကုန်း” လို့ တော်လှန်ရေးအဖွဲ့၀င်တစ်ဦးက ပြောကြားထားပါတယ်။ လနဲ့ချီ ဝန်းရံပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့ ဖာပွန်လက်နက်ကြီးကုန်း သိမ်းပိုက်ရရှိနိုင်မှု အခြေအနေအသေးစိတ် သိရဖို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။ ကရင်ပြည်နယ် ဖာပွန်ဗျူဟာ လက်နက်ကြီးကုန်းဟုဆို ရ ထားတာတွေတချက်ကြည့်
ဗန်းမော်နှင့်မံစီမြို့တို့တွင် တိုက်ပွဲပြင်းထန်ပြီး စစ်တပ်ဘက်မှ စစ်သုံ့ပန်းများ ဖမ်းဆီးရရှိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ ကချင်ပြည်နယ်၊ ဗန်းမော်နှင့်မံစီမြို့တို့တွင် KIA ဦးဆောင်သော တော်လှန်ရေးတပ်များနှင့်စစ်ကောင်စီတပ်များအကြား ၁၆ ရက်တာ တိုက်ပွဲများ ဆက်လက်ပြင်းထန်ပြီး စစ်တပ်ဘက်မှ စစ်သုံ့ပန်းများ ဖမ်းဆီးရရှိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။ ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်၅ နာရီမှစတင်၍ ဗန်းမော်မြို့၊ မံစီမြို့တို့ကို သိမ်း ပိုက်နိုင်ရေးအတွက် KIA မဟာမိတ်ပူးပေါင်းတပ်များက ထိုးစစ်ဆင်ခဲ့ကြောင်း၊ ယနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့အထိ ၁၆ ရက်တာ ဗန်းမော်မြို့နှင့် မံစီမြို့တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီက ဗန်းမော်မြို့ကို ပြန်လည် ထိန်းချုပ်နိုင်သည်ဆိုသော သတင်းများမှာ မှန်ကန်မှုမရှိဘဲ တိုက်ပွဲများ ဆက်ဖြစ်ပွားနေကာ…
မင်းတပ်နှင့်ဖလမ်းမြို့သိမ်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဘက်မှ စစ်သားနှင့်ရဲ ၁၆၈ ဦး လက်နက်ချ အညံ့ခံပြီး တပ်စခန်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ ချင်းပြည်နယ်၊ မင်းတပ်နှင့်ဖလမ်းမြို့သိမ်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဘက်မှ ၁၆၈ ဦး လက်နက်ချ အညံ့ခံပြီး တပ်စခန်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ချင်းညီနောင်စစ်ဆင်ရေးက ယနေ့ သတင်းထုတ်ပြန်သည်။ နိုဝင်ဘာလ ၉ ရက်နေ့မှစတင်၍ ချင်းညီနောင် စစ်ဆင်ရေးအဖြစ် မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့ကို မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်ခဲ့ကြောင်း၊ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးတွင် မြို့ပေါ်ရှိ စစ်ကောင်စီ၏ စံမင်းသီရိစေတီကုန်း၊ ဝန်ထမ်းအိမ်ရာလိုင်းခန်း(စံပြရပ်ကွက်)၊ ခရိုင်ဆောင်လုပ်ရေးဝင်း၊ တာဝါတိုင်ကုန်း၊ ဟိုတယ်(မင်းတပ်)၊ မြလေးပွင့်စေတီကုန်း၊ ၄ မိုင်ကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ မင်းတပ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်းနှင့် ခလရ ၂၇၄ တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ ဒီဇင်ဘာလ ၁၅ ရက်နေ့ စစ်သားနှင့်ရဲ စုစုပေါင်း ၁၂၃…
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အလံဖြူထောင် လက်နက်ချလာသော အစာရေစာငတ်ပြတ် ပိန်ချုံးဒဏ်ရာရနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လေကြောင်းတိုက်ခိုက်မှုများအကြားမှ AA က ကယ်တင် ရခိုင်ပြည် အမ်းမြိုရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အလင်းဝင်ရောက်လာသူများကို အာရက္ခတပ်တော် AA က ကယ်ထုတ်နေစဉ် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်ခဲ့သည်ကို ရုပ်သံဖိုင်အရ တွေ့ရသည်။ တိုင်းစစ်ရုံးထဲက စစ်ဆေးမှူးအပါအဝင် စစ်ကောင်စီတပ်သား ရာနှင့်ချီ အာရက္ခတပ်တော် AA ထံ ထပ်မံ၍ လက်နက်ချ အလင်းဝင်ကြကြောင်း ဒီဇင်ဘာ ၁၉ ရက်တွင် ရုပ်သံနှင့်တကွ AA က ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ အဆိုပါ ရုပ်သံတွင် စစ်ကောင်စီတပ်သားတစ်ဦးက “ကျနော်တို စစ်တပ်ကို မကြိုက်လို့ အလင်းဝင်တာ ” ဟု ပြေးလွှားနေရင်းကနေ ပြောဆိုသည်။ ယင်းကဲ့သို…
မအလစစ်သားတွေက မအလတပ်ရဲ့ ယုတ်မာမှုအကြောင်း ပြေးရင်းလွှားရင်း AAကို ရင်ဖွင့်နေရတဲ့အဖြစ်ဗျ။ Video ရိုက်တဲ့ တပ်ဖွဲ့ဝင်က ပြန်ပြီးနှစ်သိမ့်ပေးနေရတယ်။ ရင်နာစရာကြီးဗျာ။ ခေါင်းဆောင်ဆိုတဲ့ကောင်တွေက ဒဏ်ရာရသူတွေ အိုနာကျိုးကန်းတွေ အကုန်ထားခဲ့ပြီး ထွက်ပြေးတာတဲ့။ ရေတောင်သောက်စရာမရှိတဲ့အဖြစ်ဗျာ။ လမ်းတောင်မလျှောက်နိုင်တဲ့သူတွေ အများကြီး။ ငယ်ငယ်ရွယ်ရွယ်တွေတင်ပဲလားဆိုတော့ အသက်ကြီးကြီးတစ်ယောက်ဆို သွားတောင်မစုံတော့ပါဘူးကွာ။ “သတ်ရင်လည်းသတ်လိုက်ပါ…”တဲ့။ “မသတ်ပါဘူး ဘာမှမလုပ်ပါဘူး…” လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်က အကြောက်အကန်ပြန်ငြင်းနေရတယ်။ အဲ့လက်နက်ကိုင်ပြီး တိုက်နေတဲ့သူတွေချင်း ပြောတဲ့စကားတွေတဲ့။ မအလရဲ့ အောက်ခြေစစ်သားဆိုတာ အသုံးချခံသက်သက်ပဲ။ စစ်သားမိန်းမတွေလည်း “အဘရေ ကျမတို့ယောကျ်ားကို ကယ်ပေးပါဦး…”လို့ ပြောမနေပါနဲ့။ အဲ့ဒီအဘတွေကပဲ ဒီအောက်ခြေစစ်သားတွေကို ပစ်ထားခဲ့ကြတာပါပဲ။ ဒီအချိန်မှာ ကိုယ့်ယောကျ်ာကို ရုန်းထွက်နိုင်ဖို့ပဲ ကူညီပေးပါ။ တိုက်တွန်းကြပါ။ “မင်းတို့အသက်လုံခြုံသွားပြီ… ဘာမှမဖြစ်တော့ဘူး…” ဆိုတဲ့ အာမခံချက်စကားကို မင်းတို့အဘကပြောနေတာမဟုတ်ဘူး။ တော်လှန်ရေးတပ်ဖွဲ့ဝင်က အာမခံပေးနေရတာ။ တွေးကြည့်ပေါ့ကွာ။…