မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဒီးတုတ်ကွင်း ကျေးရွာရှိ စစ်တပ်စစ်ကြောင်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားနှင့် ပျူစောထီး ၁၅ ဦး ထက် မနည်းသေဆုံးခဲ့ကြောင်း ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဆိုးက ပြောကြားသည်။ ဒီဇင်ဘာလ ၈ ရက်နေ့နှင့် ဒီဇင်ဘာလ ၁၄ ရက်နေ့တို့တွင် ပေါက်မြို့နယ်၊ ဒီးတုတ်ကွင်းပျူစောထီး ကျေးရွာအတွင်း ဝင်ရောက်ပြီး စစ်တပ်စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ခြင်း၊ ကျေးရွာအတွင်းနှင့် အနီးတဝိုက်တွင် တိုက် မိုင်း၊ နင်းမိုင်းဝင်ထောင်ကာ စစ်တပ်ကို တိုက်ခိုက်ခြင်းတို့ လုပ်ဆောင်ခဲ့ရာ ဒီတုတ်ကွင်းကျေးရွာ ပျူစောထီး ခေါင်းဆောင် စိုးကြီး (ခ) စိုးမြင့်ဦးအပါအဝင် ၁၅ ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ “ ဒီဇင်ဘာ ၈ ရက်နေ့ကစပြီး ၉ ရက်၊ ၁၀…
အာဏာသိမ်း စစ်ကောင်စီတပ်သားများ နေထိုင်ခဲ့သော ရခိုင်ပြည် မောင်တောမြို့ နခခ ၅ တပ်စခန်းတွင် လူသားချင်းစာနောက်ထားမှုနှင့် ဒုက္ခသည်များအား ပေးအပ်သော ရိက္ခာဆန်ထုတ်များ တွေ့ရှိရသည့်အပေါ် WFP က လက်ခံနိုင်စရာမရှိကြောင်း ပြောသည်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP တံဆိပ်ပါ ရိက္ခာဆန်ထုတ် အများအပြား နယ်ခြားစောင့်တပ် နခခ ၅ တပ်စခန်းတွင် တွေ့ရှိရပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အလွဲသုံးစားပြုလုပ်ထားကြောင်း ယနေ့ ဒီဇင်ဘာလ ၁၈ ရက်တွင် ထုတ်ပြန် ကန့်ကွက်ထားသည်။ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်များ အသုံးပြုခဲ့သည့် အဆောက်အဦတစ်ခုတွင် WFP အမှတ်အသားပါရှိသော ရိက္ခာအိတ်များ တွေ့ရှိရကြောင်းကို သတင်းဖော်ပြချက်များအရ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သိရှိရကြောင်း ဆိုသည်။ လက်ရှိတွင် ထိုအရပ်ဒေသသို့ သွားရောက်ရန်ခက်ခဲမှုကြောင့် ဖြစ်စဥ်အသေးစိတ်ကို…
စစ်ကောင်စီကို တအာင်းမြေမှတိုက်ထုတ်နိုင်ခဲ့၊ ကာကွယ်ရေး ယခင်ထက် ပိုလုပ်ရမည်ဟု TNLA ခေါင်းဆောင်ပြောကြား တအာင်းတပ်မတော်(TNLA)၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း ဗိုလ်သင်တန်းတက်နေသည့် ဗိုလ်လောင်း ၁၃၀ ကျော် ပါဝင်ခဲ့ရာ ဗိုလ်လောင်း ၁၂ဦးကျဆုံးခဲ့ရသည်ဟု TNLAက ယနေ့ (ဒီဇင်ဘာ ၁၈ရက်) အသိပေးသည်။ TNLA အလုပ်သင်ဗိုလ်သင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲနှင့် အပတ်စဥ်(၅)အလုပ်သင် ဗိုလ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၅ရက်က ကျင်းပခဲ့ရာ အပတ်စဉ် (၄)မှ ဗိုလ်လောင်းများမှာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ပါဝင်ခဲ့မှုအပေါ် အသိပေးထားသည်။ သင်တန်းသား ၁၃၂ ဦး တက်ရောက်ခဲ့သည့် အပတ်စဉ် (၄)သည် သင်တန်းကာလ (၁၈)လ ကြာမြင့်ခဲ့ပြီး သင်တန်းကာလသည် ၁၀၂၇ စစ်ဆင်ရေးနှင့် တိုက်ဆိုင်လျက်ရှိရာ ဗိုလ်လောင်းများလည်း စစ်ဆင်ရေး…
ရခိုင်မြောက်ပိုင်းရှိ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်များ အသုံးပြုခဲ့သည့် အဆောက်အဦတွင် WFP တံဆိပ်ပါ ရိက္ခာများ တွေ့ရှိရမှု လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အလွဲသုံးစားပြုလုပ်မှုဖြစ်၍ လက်ခံနိုင်ဖွယ်မရှိဟု ထုတ်ပြန် ရခိုင်မြောက်ပိုင်းရှိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်များ အသုံးပြုခဲ့သည့် အဆောက်အဦတွင် WFP တံဆိပ်ပါ ရိက္ခာများ တွေ့ရှိရမှုမှာလူသားချင်းစာနာထောက်ထားမှု အကူအညီများကို အလွဲသုံးစားပြုလုပ်မှုဖြစ်၍ လက်ခံနိုင်ဖွယ်မရှိကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ယနေ့ ထုတ်ပြန်သည်။ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်များ အသုံးပြုခဲ့သည့် အဆောက်အဦတစ်ခုတွင် WFP အမှတ်အသားပါရှိသော ရိက္ခာအိတ်များ တွေ့ရှိရကြောင်းကို သတင်းဖော်ပြချက်များအရ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သိရှိရကြောင်း၊ လက်ရှိတွင် ထိုအရပ်ဒေသသို့ သွားရောက်ရန်ခက်ခဲမှုကြောင့် ဖြစ်စဥ်အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း၊ ၂၀၂၄ ခုနှစ် ဇွန်လတွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်ရှိ…
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီကင်းပုန်းရဲ့ပစ်ခတ်မှုကြောင့် ပခုက္ကူခရိုင်အမှတ် ၁၉ တပ်ရင်း၊ တပ်ခွဲ ၂ မှ တပ်စိတ်မှူးကျဆုံးပြီး တပ်ဖွဲ့ဝင် ၁ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။ ဒီဇင်ဘာ ၁၀ ရက်မနက် ၉ နာရီခွဲလောက်က အသက် ၂၀ အရွယ် တပ်စိတ်မှူးရဲရင့်နဲ့ တပ်ဖွဲ့ဝင် ကျားသစ်နက်တို့ဟာ ကျွန်းချောင်းရွာကနေတပ်ဖွဲ့အထိုင်စခန်းကို ဆိုင်ကယ်နဲ့ပြန်လာချိန် ကန်စွန်းမရွာနဲ့ ဖလန်မရွာကြားအရောက်မှာ စစ်ကောင်စီကင်းပုန်းနဲ့တွေ့ပြီး ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။ “ပြန်လွတ်လာတဲ့ ရဲဘော်ပြောပြချက်အရ သူအရင်ဆုံးစမြင်တာ၊ ကတ္တရာလမ်းပေါ်အထွက်မှာ စစ်သားကနေထပြီးတော့ သေနတ်နဲ့ချိန်တဲ့အချိန်မှာ ကိုယ့်ဘက်က ရဲဘော်ကအရင်ဆုံးဦးအောင် ပစ်လိုက်တာ၊ ပစ်ပြီးကာမှ ကျသွားတဲ့ရဲဘော်က ဂန်းတလက်ထဲပါတာကို ပစ်တဲ့ရဲဘော်ဆီက ဂန်းကို လုပစ်ပြီးတော့ကျန်နေခဲ့တာ” လို့ အမှတ် ၁၉ တပ်ရင်းမှတာဝန်ရှိသူတဦးက ပြောပါတယ်။ ပစ်ခတ်မှုအတွင်းတပ်စိတ်မှူး ရဲရင့်…