KNU ဗဟိုဌာနချုပ်ဟောင်းတည်ရှိရာ တပ်မဟာ ၇ နယ်မြေ မာနယ်ပလောဒေသတွင် အခြေချတပ်စွဲ ထားသည့်စစ်ကောင်စီတပ်စခန်းတွေကို KNLA နှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှတိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ဒီဇင်ဘာလ ၁၆ ရက်နေ့ကသိမ်းပိုက်ခဲ့သည့် ၉၁၃ (နို့ဒေး) တပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့၀င် ၅ ဦးကိုအရှင်ဖမ်းမိပြီး အလောင်း ၁၀ လောင်းတွေ့ရှိခဲ့သည်ဟု KNLA သတင်းရင်းမြစ်ထံမှ သတင်းရရှိပါတယ်။ ၉၁၃ (နို့ဒေး) တပ်စခန်းသည် ကဆော၀ါးလေး (ဆင်ဖြူတောင်)တပ်စခန်းမှ စစ်ကောင်စီတပ်ဖွဲ့၀င် ၂၀ ခန့်ပြန်လည်ပူးပေါင်းနေထိုင်သည့်တပ်စခန်းဖြစ်ပြီး အင်အား ၅၀ ခန့်ရှိမည်ဟုသတင်းရင်းမြစ်ကခန့်မှန်း သည်။ နို့ဒေးတပ်စခန်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးနီးပါးသေဆုံးသွားပြီး တချို့လည်းထွက်ပြေး ခဲ့တာရှိကာ ဒီဇင်ဘာ ၁၇ ရက်နေ့ညတွင် စစ်ကောင်စီတပ်ဖွဲ့၀င် ၅ ဦးဖမ်းဆီးရမိခဲ့တာြဖစ်သည်ဟု KNLA သတင်းရင်းမြစ်ကဆိုသည်။ နို့ဒေးစခန်းမှစစ်ကောင်စီလက်နက်များလည်း တော်လှန်ရေးတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့သည်။ ဒါ့အပြင် KNU…
ရခိုင်ပြည်နယ် အမ်းမြို့က နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) အတွင်းကနေ စစ်ကောင်စီတပ်သားအများအပြား လက်နက်ချတဲ့ ရုပ်သံဖိုင်ကို အာရက္ခတပ်တော် (AA)က ဒီဇင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက် ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။ စစ်ကောင်စီတပ်သားအများအပြား လက်နက်ချပေမဲ့ ဒီဇင်ဘာလ ၁၇ ရက် မနက်ပိုင်းအထိ တိုက်ပွဲတွေ ဆက်ပြင်းထန်နေသလို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်လာတယ်လို့ စစ်ရေး အခြေအနေကို သိရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ဒီမနက်ကပေါ့၊ ဂျက်ဖိုက်တာ နှစ်စင်းရယ်၊ Y-8 ရယ်၊ Y-12 ရယ်၊ စုံနေတာပဲ တိုက်ခိုက်ရေး ရဟတ်ယာဉ် တွေလည်း ပါတယ်” လက်နက်ချလာသူတွေဟာ လက်ရှိတိုက်ပွဲတွေ ပြင်းထန်နေတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကလို့ AA က…
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ စစ်ဆေးတက္ကသိုလ်ရှိ စစ်ဗိုလ်လောင်းများ နေထိုင်သော ၅ ထပ်အိပ်ဆောင်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ စစ်ဆေးတက္ကသိုလ်ရှိ စစ်ဗိုလ်လောင်းများ နေထိုင်သော ၅ ထပ်အိပ်ဆောင်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်သူပုန်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၄ နာရီ ၁၀ မိနစ်အချိန် မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီစစ်ဆေးတက္ကသိုလ်ဝင်းအတွင်းရှိ စစ်ဗိုလ်လောင်းများနေထိုင်သော ၅ ထပ် အိပ်ဆောင်သို့ ဒရုန်း ၂ စင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ဒရုန်းတစ်စီးမှာ ပစ်မှတ်ဧရိယာသို့ ရောက်ရှိခဲ့ပြီး မစ်ရှင်အောင်မြင်ခဲ့သော်လည်း အခြားဒရုန်း ၁ စီးမှာမူ ပစ်မှတ်ဧရိယာမရောက်ခင် စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့် လမ်းတစ်ဝက်ခန့်တွင် ပျက်ကျခဲ့ကြောင်း သိရှိရသည်။ ပျက်သည့် ဒရုန်းကို…
တမူးမြို့နယ် အထက်ပိုင်းတွင် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ထိန်းသိမ်းထားသည် စစ်သုံ့ပန်းများသည် ထွက်ပြေးလွတ်မြောက်သွားပြီး တမူးမြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။ စစ်ကောင်စီ၏ ရဲစခန်းမှူးနှင့် ဒုရဲအုပ်နှစ်ဦးအပါ စစ်သုံ့ပန်း ၃၄ ဦးသည် CDM ပြုလုပ်ထားသည့် ရဲတပ်သားဇေယျာထိုက်၏ ကူညီမှုကြောင့် ဒီဇင်ဘာလ ၁၂ ရက် ညပိုင်းတွင် ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်သည်။ ရဲတပ်သားဇေယျာထိုက်သည် သုံ့ပန်းများကို စောင့်ကြပ်နေသည့် တာဝန်ကျ ပြည်သူ့ကာကွယ်ရေးတပ်သားများကို အရက်သေစာတိုက်ကြွေးကာ ၎င်းတို့ အိပ်မောကျစဥ် သုံ့ပန်းများကို ကယ်ထုတ်သွားခြင်းဖြစ်သည်။ “သူတို့ တမူးရောက်နေတာသေချာတယ်။ ပျော်ပွဲစားပွဲတောင် လုပ်ကြတယ်လို့ ကြားရတယ်၊ မင်းသာက စစ်ကြောင်းအပြန်မှာ ခေါ်သွားတာ” ဟု တမူးမြို့နယ်ရှိ ကာကွယ်ရေးတပ်ဖွဲ့တစ်ဦးက ပြောသည်။ ထိုစစ်သုံ့ပန်းများသည် အိန္ဒိယနိုင်ငံအတွင်း ထွက်ပြေးဝင်ရောက်ပြီးနောက် လက်နက်ကိုင်အဖွဲ့တခု ကူညီမှုဖြင့် မြန်မာနိုင်ငံ၊…
လီဆူ တိုင်းရင်းသား အများစု ပါဝင်လို့ Lisu – National Liberation Army ကိုပါ ဖွဲ့စည်း လီဆူ တိုင်းရင်းသားတွေ အများစု ပါဝင်တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA၊ ၂၂၂ တပ်ရင်းရဲ့ အပတ်စဉ် ၂ အခြေခံ စစ်ပညာ သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၁၀ ရက်က လွတ်မြောက်နယ်မြေ တနေရာမှာ ကျင်းပခဲ့ပါတယ်။ PLA တပ်ရင်း ၂၂၂ ဟာ လီဆူ တိုင်းရင်းသားတွေ အများစု ပါဝင်တဲ့ တပ်ရင်း တစ်ခု ဖြစ်သလို လီဆူ လူမျိုးစုတွေ အများစု နေထိုင်တဲ့ ဒေသတွေမှာ စစ်ရေးလှုပ်ရှားတာကြောင့် သင်တန်းဆင်းပွဲနဲ့အတူ လီဆူ တိုင်းရင်းသား တပ်ဖွဲ့ Lisu – National…