အင်းစိန်ထောင်ရှေ့မှာ ပရိသတ်တွေက သွားစောင့်နေကြပေမယ့် လွတ်ငြိမ်းချမ်းသာခွင့်ထဲ ပါဝင်လာခြင်းမရှိသေးဘူးဆိုတဲ့ မင်းသား ရဲတိုက် ရဲတိုက် မလွတ်သေးပါတဲ့.. နောက်နှစ်နှစ်ဆန်းတစ်ရက်နေ့မှ လွတ်မှာပါတဲ့.. ဒီနေ့ရဲ့ လွတ်ငြိမ်းမှာ ပါလိုပါငြား fan တွေက သွားစောင့်ခဲ့ကြပေမယ့် ပါဝင်လာခြင်းမရှိသေးပဲ လာမယ့် ဧပြီလကျမှသာလွတ်မြောက်မယ့် သရုပ်ဆောင်ရဲတိုက် သရုပ်ဆောင်ရဲတိုက်ရဲ့ fan လေးတွေက ဒီနေ့ရဲ့ လွ.တ်ငြိမ်:မှာ သူတို့ချစ်တဲ့ သရုပ်ဆောင် ရဲတိုက် ပါဝင်လာမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ သွားစောင့်ခဲ့ကြတာပါ။ ဒါပေမယ့် သရုပ်ဆောင်ရဲတိုက်က ပါဝင်လာနိုင်ခြေ သိပ်မရှိသေးဘူးလို့ တချို့က ဆိုထားတာပါ။ သူ့ရဲ့ fan လေးတွေကတော့ မျှော်လင့်ချက်လေးနဲ့ စောင့်မျှော်နေခဲ့ကြတာပါပဲ။ သူတို့လေးတွေက သရုပ်ဆောင်ရဲတိုက်အတွက် အမြဲလို သူကြိုက်တတ်တဲ့ အစားအသောက်လေးတွေ ပို့ပေးနေကျသူလေးတွေလည်း ဖြစ်ပါတယ်။ သရုပ်ဆောင်ရဲတိုက်ရဲ့ fan လေးတွေက သူတို့မင်းသား ဒီနေ့မပါလာတဲ့အတွက်…
မိတ္တီလာမြို့နယ်မှာ သက်ကြီးရွယ်အိုတွေနဲ့ တစ်ယောက်ထဲနေသူတွေကို အဓိကပစ်မှတ်ထားကာ တို့ဆေးနဲ့တို့ပြီး ရွှေထည်နဲ့ ငွေကြေးတွေယူဆောင်မှုဖြစ်ပွား မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ တစ်ယောက်ထဲနေတဲ့သက်ကြီးရွယ်အိုတွေနဲ့ အငြိမ်းစားတွေရဲ့ နေအိမ်တွေကို အဓိကပစ်မှတ်ထားကာ လှူဒါန်းလိုကြောင်းပြောဆိုပြီး တို့ဆေးနဲ့တို့ကာ နေအိမ်အတွင်းက ရွှေထည်ပစ္စည်းတွေနဲ့ ငွေကြေးတွေယူဆောင်သွားတာတွေ မကြာခဏဖြစ်နေတယ်လို့ သိရပါတယ်။ နိုဝင်ဘာလ ၂၆ ရက်နေ့ မနက် ၁၀ နာရီခွဲခန့်က မိတ္တီလာမြို့ ကျီးတော်ကုန်းရပ်ကွက် နယ်မြေ(၄)မှာနေတဲ့ အငြိမ်းစား၀န်ထမ်းတစ်ဦးနေအိမ်ကို လူငယ် ၂ ယောက်ရောက်လာပြီး အဘတို့အရွယ် အသက်ကြီးသူတွေကို wifi၊ ဆိုဖာခုံတွေနဲ့ water cooler တွေ လိုက်လံလှူဒါန်းနေတာဖြစ်ကြာင်း၊ အမည်နဲ့အသက်ကို ရေးခိုင်းတာကြောင့် စာရွက်ကိုယူကာရေးပေးခဲ့ကြောင်း၊ အဲ့နောက် တခြားအိမ်တွေမှာ ကန်တော့ပြီးရင်လာမှာမလို့ အခင်းတွေခင်းခိုင်းကြောင်း၊ အိမ်ကိုပေကြိုးနဲ့တိုင်းခိုင်းလို့ တိုင်းခဲ့ရကြောင်း၊ ရွှေထည်သေတ္တာသော့တွေ မလုံခြုံလို့ သော့အသစ်လဲပေးမယ်ဆိုကာ ရွှေထည်တွေထုတ်ခဲ့ပြီး အဲ့အဖိုး…
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG)၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး တာဝန်ယူထားသူ ဒေါက်တာဆာဆာသည် အစိုးရအဖွဲ့မှ နုတ်ထွက်ထားကြောင်း ၎င်းနှင့်နီးစပ်သူတဦးက ပြောသည်။ ဒေါက်တာဆာဆာ နုတ်ထွက်သော အကြောင်းအရင်းနှင့်ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း ပြီးခဲ့သည့် စက်တင်ဘာလကတည်းက နုတ်ထွက်စာတင်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းနှင့်ဆွေမျိုးတော်စပ်သူတဦးကလည်း ဒေါက်တာဆာဆာအနေဖြင့် NUG က ပြင်ဆင်ပြောင်းလဲဖွဲ့စည်းမည့် အစိုးရ အဖွဲ့ထဲ ပါဝင်တော့မည် မဟုတ်ကြောင်းလည်း ပြောသည်။ လက်ရှိ NUG အစိုးရတွင် ဝန်ကြီးဌာန ၁၇ ခုရှိပြီး ဝန်ကြီး ၁၆ ဦး၊ ဒုဝန်ကြီး ၁၇ ဦးတို့ဖြင့် ဖွဲ့စည်းထားကာ မကြာမီကာလ၌ ဝန်ကြီးဌာနအချို့အား ဦးစီးဌာနများအဖြစ် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းမည်ဖြစ်ကြောင်း NUG ဘက်က ထုတ်ဖော်ပြောဆိုထားသည်။ ဦးစီးဌာနအဖြစ်ပြောင်းလဲကာ ဝန်ကြီးဌာနဖျက်သိမ်းမည့်ထဲ လူ့အခွင့်အရေးဝန်ကြီးဌာန၊ ဝန်ကြီးဦးထင်လင်းအောင် ဦးဆောင်သည့် ဆက်သွယ်ရေး၊…
ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း စစ်တပ်ဆန့်ကျင်ရေး သမိုင်းကြောင်းဖြင့် မဲဆွယ်မှုအပေါ် UEC ထံ မဘသ သတင်းထောက် မေးခွန်းထုတ် တိုင်ကြား.. အဆိုပါ ကိုယ်စားလှယ်လောင်းက မဘသ သတင်းထောက်အား ရွေးကောက်ပွဲဥပဒေဖြင့် တရားပြန်စွဲ.. မဲဆွယ်စည်းရုံးရေးပြောဆိုချက်တွေဟာ တော်လှန်ရေးနဲ့ဆက်နွယ်တယ်ဆိုပြီး ရွေးကောက်ပွဲကော်မရှင် (UEC) ထံ စွပ်စွဲမေးမြန်းခဲ့တဲ့ မဘသ သတင်းထောက် နောင်တော်လေးကို ရွေးကောက်ပွဲဥပဒေနဲ့ အရေးယူပေးဖို့ ပြည်သူ့ပါတီ ကိုယ်စားလှယ် ဦးလွင်မြင့်က စစ်အုပ်စုလက်ပါးစေ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီထံ တိုင်ကြားထားတယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် ပြည်သူ့ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်က သူ့ကို စစ်တပ်ဆန့်ကျင်တဲ့ နိုင်ငံရေးလှုပ်ရှားမှု သမိုင်းကြောင်းတွေ ထည့်သွင်းပြောကြား မဲဆွယ်ခဲ့တယ်ဆိုပြီး ကိုယ်စားလှယ်လောင်း အရည်အချင်း ပျက်ယွင်းခြင်းရှိမရှိဆိုတာ နောင်တော်လေးက UEC ထံ တိုင်ကြားမေးမြန်းခဲ့တဲ့အပေါ် အခုလို…
ပန်းတောင်းတပ်နယ်အတွင်း ရခိုင်ရိုးပေါ်၌ တပ်ခွဲမှူးအဆင့်ဦးစီးသည့် အင်အား ၃၀ ခန့်ပါ စစ်ကြောင်းလိုက် ပျောက်ဆုံးနေ စစ်ကော်မရှင်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲများရှိနေသည့် ပဲခူးတိုင်း၊ ပန်းတောင်းတပ်နယ် အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်သွားသည့် အင်အား ၃၀ ပါ စစ်ကော်မရှင်စစ်ကြောင်းမှာ ပင်မတပ်နှင့် အဆက်အသွယ်ပြတ်တောက်သွားကြောင်း သိရသည်။ စစ်ကော်မရှင်တပ်မှ တပ်ခွဲမှူးအဆင့်ဦးစီးသည့် အင်အား ၃၀ ပါ စစ်ကော်မရှင်စစ်ကြောင်းသည် ပြီးခဲ့သည့် နိုဝင်ဘာ တတိယပတ်က ညောင်ကျိုး၊ လေသာတောင်ဝန်းကျင်သို့ စစ်ကြောင်းထိုး ထွက်လာ ပြီးနောက် ဒကစ(ပြည်)နှင့် အဆက် အသွယ်ပြတ်တောက်သွားကြောင်း သိရသည်။ “ဒကစ(ပြည်)နဲ့ တက်သွားတဲ့စစ်ကြောင်း အဆက် အသွယ်ပြတ်တောက်နေပါတယ်။ နှစ်ဖက်လုံးက မထုတ်ပြန်သေးတော့ သေတာလား၊ ထွက်ပြေးလား၊ မသိရသေးဘူး။ အဆက်အသွယ်ပြတ်တာ တစ်ပတ် ကျော်ပြီ”ဟု တပ်သတင်းရင်းမြစ်က…