Tag: News

  • စစ်ဘေးရှောင် ရခိုင်ပြည်သူများကို ချောင်းသာနှင့်ရွှေသောင်ယံကမ်းခြေမှ စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးများက နှင်ထုတ်နေ

    စစ်ဘေးရှောင် ရခိုင်ပြည်သူများကို ချောင်းသာနှင့်ရွှေသောင်ယံကမ်းခြေမှ စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးများက နှင်ထုတ်နေ

    ဂွမြို့နယ်မှ ထွက်ပြေးလာသော စစ်ဘေးရှောင် ရခိုင်ပြည်သူများကို ချောင်းသာနှင့်ရွှေသောင်ယံကမ်းခြေမှ စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးများက နှင်ထုတ်နေ

    ဂွမြို့နယ်မှ ထွက်ပြေးလာသော စစ်ဘေးရှောင် ရခိုင်ပြည်သူများကို ချောင်းသာနှင့်ရွှေသောင်ယံကမ်းခြေမှ စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးများက နှင်ထုတ်နေကြောင်း စစ်ဘေးရှောင်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။

    နိုဝင်ဘာလနှောင်းပိုင်းနှင့် ဒီဇင်ဘာလဆန်းပိုင်းအတွင်း ဂွမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် AA တို့အကြား တိုက်ပွဲများ ပြင်းထန်လာကြောင်း၊ စစ်ဘေးရှောင် ရခိုင်ပြည်သူများမှာ ဧရာ၀တီတိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရာတွင် ချောင်းသာကမ်းခြေနှင့် ရွှေသောင်ယံ ကမ်းခြေတို့ဘက်သို့ပါ စစ်ဘေးရှောင်ကြကြောင်း၊ သို့ရာတွင် ချောင်းသာကမ်းခြေနှင့် ရွှေသောင်ယံကမ်းခြေမှ စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက စစ်ဘေးရှောင် ရခိုင် ပြည်သူများကို ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှစတင်၍ ၇ ရက်အတွင်း ထွက်ခွာကြရန်နှင့် လုံး၀ နေခွင့်မပြုဟု အမိန့်ပေးလာကြောင်း သိရသည်။

    “ချောင်းသာကမ်းခြေနဲ့ ရွှေသောင်ယံကမ်းခြေဘက်ဆီကို စစ်ရှောင်ရောက်ရှိနေကြတဲ့ စစ်ဘေးရှောင် ပြည်သူတွေကို ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးတွေက ကခေါ်ယူပြီးဒီနေ့ကစလို့ ၇ ရက်အတွင်းထွက်သွားရမယ်။ လုံးဝနေခွင့်မပြုဘူးလို့ ပြောတယ်။ စစ်ရှောင်ပြည်သူတွေမှာအခက်ကြုံနေကြရပါတယ်” ဟု စစ်ဘေးရှောင် ပြည်သူများကို ကူညီနေသူ တစ်ဦးက ပြောဆိုသည်။

    ဧရာ၀တီတိုင်းဘက်သို့ ထွက်ပြေးလာသော စစ်ဘေးရှောင် ပြည်သူများမှာ ဂွမြို့နယ်၊ ရဟိုင်ကွင်းကျေးရွာ၊ ရဟိုင်ကတို့ကျေးရွာ၊ ကျောက်ကြီးကျေးရွာ၊ ရဟိုင်ဖျားကျေးရွာနှင့် ကွမ်းရားရှည်ကျေးရွာများနှင့် ဂွမြို့ပေါ်မှ စစ်ဘေးရှောင်ပြည်သူများဖြစ်ကြောင်း သိရှိရသည်။

    လတ်တလော ရခိုင်ပြည်၊ ဂွမြို့တွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိနေပြီး AA တပ်များက မြို့အတွင်းသို့ ဝင်ရောက်ခဲ့ပြီဖြစ်ကြောင်း၊ ထို့ပြင် ဂွမြို့၏ မြို့တွင်းနေရာများကိုလည်း AA က ဆက်တိုက်သိမ်းပိုက်လျက်ရှိကြောင်း သိရှိရသည်။

    “ဂွမှာလဲ မြိုတွင်းနေရာများကို သိမ်းပိုက်ထားပီးကျန်တဲ့နေရာများကို ဆက်လက်ဦးတည်နေပါတယ်” ဟု AA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

  • မွင်းနား အကြီးကြီး တစ်ပွဲသီးသန့်

    Super Sunday မှာ တော်-လှန်-ပြ-ည်သူတွေကို သတ-င်းကော-င်းပေးမယ် ✅ ✅

    မွင်းနား အကြီးကြီး တစ်ပွဲသီးသန့် ✅

    ဘယ်ဂွ-င်မှာ ဖြစ်တာလဲ ❓❓

    ဟုတ်ကဲ့ … အစ်ကိုချေတို့ အပြ-ည့်အ၀ ထိ-န်းချု-ပ်ပြီးဖြစ်တဲ့ မော-င်းတောဂွ-င်ကို ရူး-ရူး-မို-က်-မို-က် ဦးနှော-က်ဉာ-ဏ်မဲ့စွာနဲ့ ထ-ပ်ပြီး ၀-င်-တိုး-ဖို့ ကြိုးစားရင်း မတ်စိကို-က်သွားပါတယ်။

    ဘယ်သူလဲ ဆိုတော့ တ-မ-ခ ၂၂ (ဘားအံ ) တ-ပ်-မ- မှူး အောင်နေ-မျိုး (D-S-A ၄၁ )ပဲ ဖြစ်ပါတယ်။မနေ့မနက်က ပူပူနွေးနွေးလေး ဖြစ်ပါတယ်။

    ✅ တယ်လီဂရမ် ချန်နယ်တွေမှာ မကြာခင်အ-လေး -ပြု-ကြလိမ့်မယ်

    ဇင် ယော်
    ၂၀၂၄ ဒီ ၁၅ ၀၉၁၄
    ZinYawCaptain

  • မြို့နယ်သုံးခုဆက်တိုက်သိမ်းထားတဲ့ AA ဂွမြို့သိမ်းတိုက်ပွဲဆက်လက်ဖော်ဆောင်

    ခမရ-၅၆၃ ကို AA ထိုးစစ်ဆင်နေလို့ တိုက်ပွဲပြင်းထန်နေ

    မောင်တော၊ တောင်ကုတ်နဲ့ အမ်းတို့ကိုရထားတဲ့ အာရက္ခတပ်တော်(AA)က ရခိုင်ပြည်၊ တောင်ဘက်စွန်းမြို့ဖြစ်တဲ့ ဂွမြို့သိမ်းတိုက်ပွဲကို ဆက်လက်ဖော်ဆောင်လာနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

    ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ကစပြီး ဂွမြို့ရှိ စစ်ကောင်စီတပ်ရဲ့အရေးပါတဲ့ ခမရ-၅၆၃ စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

    ဂွမြို့အနီးဝန်းကျင်က တပ်စခန်းငယ်တွေကို သိမ်းပိုက်ပြီးနောက် ခမရ-၅၆၃ ကို AA ထိုးစစ်ဆင်နေတာကြောင့် စစ်ကောင်စီရဲ့တပ်စခန်းတွေ မီးလောင်ပျက်စီးနေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    “ဂွမှာလည်း လက်နက်ချခိုင်းထားတယ်။ အခြေနေမဟန်မှ လက်နက်ချမယ့်သဘောရှိတယ်။ အခုကတော့ ပြန်ခုခံနေလို့ ပြင်းပြင်းထန်ထန်ဖြစ်နေတယ်” လို့ သူက ပြောပါတယ်။

    ဂွမြို့အနီးရှိ တပ်စခန်းငယ်တွေကို တိုက်ခိုက်သိမ်းပိုက်စဉ်က AA ဆီ လက်နက်ချ အလင်းဝင်သူတွေရှိပြီး ကျန်ရှိနေတဲ့ တပ်ရင်းနှစ်ခုက စစ်ကောင်စီတပ်သားတွေလည်း AA က လက်နက်ချဖို့ ပြောဆိုပေမဲ့ ဒီကနေ့ထိ လက်နက်ချတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

    ဂွမြို့မှာ စစ်ကောင်စီရဲ့ ခမရ- ၅၆၂ နဲ့ ၅၆၃ တပ်ရင်း နှစ်ခုရှိပြီး ဂွမြို့အနီး တိုက်ပွဲတွေပြင်းထန်နေကတည်းက အဲဒီတပ်ရင်းတွေကို ဧရာဝတီတိုင်းဘက်က စစ်ကောင်စီတပ်သားတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်းလူငယ်တွေကို မကြာခဏပို့ဆောင်ပြီး အင်အားဖြည့်တင်းထားတယ်လို့ စုံစမ်းသိရှိပါတယ်။

    လက်ရှိမှာလည်း စစ်ကောင်စီက AA ရဲ့ ထိုးစစ်ကို ခုခံနိုင်ဖို့ ဧရာဝတီတိုင်းဘက်ကနေ စစ်အင်အားကို ဖြည့်တင်းပြီး ခုခံနေတယ်လို့ သိရပါတယ်။

    ဒါ့အပြင် ဂွမြို့သိမ်းတိုက်ပွဲကို စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ သုံးခု ပေါင်းပြီး ခုခံကာကွယ်နေပေမဲ့ AA ထိုးစစ်ကို အလူးအလဲခံနေရတယ်လို့ AA နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

    “သူတို့တွေက လေကြောင်းကနေ အဆက်မပြတ် ဗုံးကြဲနေတာရှိတယ်။ နောက်ထပ် ဂွချောင်းဘက်ကနေ စစ်တပ်နေဗီက လက်နက်ကြီးနဲ့ တိုက်ပွဲဖြစ်တဲ့ နေရာကိုပစ်နေတာတွေရှိတယ်။ အခြေနေက ကောင်းပါတယ်။ ဒီလအတွင်း မြို့ကိုသိမ်းနိုင်ဖို့ AA က ကြိုးစားနေပါတယ်” လို့ သူက ပြောပါတယ်။

    ဂွမြို့အနီး ကျိန္တလီမြို့မှာ တိုက်ပွဲတွေပြင်းထန်လာကတည်းက မြို့ပေါ်ရှိ အရပ်ဘက် ဌာနဆိုင်ရာရုံးတွေက ဝန်ထမ်းတွေအားလုံး မြို့ကို စွန့်ခွာကာ ဧရာဝတီတိုင်းဘက်ကို ပြောင်းရွှေ့သွားကြပြီး မြို့မရဲစခန်းတစ်ခုသာ ကျန်ရှိနေတာဖြစ်ပါတယ်။

    လက်ရှိမှာတော့ အဲဒီမြို့မရဲစခန်းက စစ်ကောင်စီတပ်သားတွေလည်း စခန်းစွန့်ခွာကာ ဂွနဲ့ ဧရာဝတီတိုင်းကို ဆက်သွယ်ထားတဲ့ ဂွချောင်းတံတားကတစ်ဆင့် ဧရာဝတီတိုင်းဘက်ကို ထွက်ပြေးသွားပြီလို့ သိရပါတယ်။

    ဂွမြို့နယ်ရဲ့ ချင်းကွင်းကျေးရွာအနီးက စစ်ကောင်စီရဲ့စခန်းငယ်တစ်ခုကို ဩဂုတ်လ ၈ ရက်နေ့မှာ AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဂွမြို့နယ်အတွင်း တိုက်ပွဲစတင်ဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။

    စစ်ကောင်စီရဲ့တပ်စခန်းငယ်တွေကို အဆင့်ဆင့်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တိုက်ပွဲကာလ လေးလကျော်အတွင်း AA ရဲ့ ထိုးစစ်ဟာ မြို့နားထိရောက်ရှိလာပြီး စစ်ကောင်စီရဲ့တပ်ရင်းတွေကို AA က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

    လက်ရှိမှာတော့ ရခိုင်ပြည်အတွင်း တိုက်ပွဲပြင်းထန်နေတဲ့ မြို့နယ် သုံးမြို့မှာ အမ်းနဲ့ တောင်ကုတ်ကို AA က သိမ်းပိုက်လိုက်ပြီလို့ ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေက ပြောဆိုထားပြီး ကျန်ရှိနေတဲ့ ဂွမြို့ကိုလည်း ဒီလအတွင်း အပြီးသတ်သိမ်းပိုက်နိုင်ဖို့ AA က အင်အားအများအပြားနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

    သုတ

    ဓာတ်ပုံ- AA Info Desk

  • ကန့်ဘလူနယ် ဇီးကုန်းနဲ့ ကာဘိုးကြားမှာ စစ်အုပ်စုက အထိုင်စခန်းသစ် ထပ်တိုးချ

    စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ဇီးကုန်းမြို့နဲ့ ကာဘိုးရွာကြားမှာ စစ်အုပ်စုနဲ့ပျူစောထီးတွေ စခန်းသစ် တစ်ခု ထပ်တိုးပြီး အထိုင်ချ အခြေစိုက်ဖို့ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဇီးကုန်းမြို့နဲ့ ကာဘိုးရွာ အထိုင်စခန်းနှစ်ခုဟာ လေးမိုင်ခန့်သာ ကွာဝေးပြီး အဲဒီစခန်းနှစ်ခု ကြားမှာ ဘန်ကာတွေ တည်ဆောက်ပြီး အထိုင်စခန်းသစ်တစ်ခု ထပ်တိုး ချဖို့ ဒီဇင်ဘာ ၁၀ရက် လောက်က စပြီးတော့ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

    “ကားလမ်း ချောင်းပေါက်တံတားဘေးမှာ ဘန်ကာတွေဆောက်နေတာ။ ထန်းကုန်းကနေ မျောတိုင်တွေဘာတွ ယူလာပြီးတော့ အဲဒီမှာ ဘန်ကာအခိုင်အမာဆောက်နေတာ။ ဘက်ဟိုးတွေရော။ အချက်အခြာ ကျတဲ့နေရာလို့ ပြောလို့ရတယ်။ အဲဒီလမ်းပိုင်းက သူတို့နယ်မြေဖြစ်နေတာကို။ သူတို့စိုးမိုးနယ်မြေအတွင်းကိုမှ အထိုင်စခန်းထပ်ချတာ” လို့ ကန့်ဘလူနယ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

    ဇီးကုန်း၊ ကားဘိုးလမ်းပိုင်းဟာ ကန့်ဘလူနဲ့ တန့်ဆည်နယ်ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းဖြစ်ပြီး အခု ထပ်တိုး အထိုင်စခန်းချဖို့ လုပ်ဆောင်နေတဲ့‌နေရာဟာ မြောက်ဘက်က ဗူးကြီး၊ တောင်ဘက်က ဝက်တိုး၊ အရှေ့ဘက်က ဇီးကုန်းနဲ့ တောင်ဘက်က ကာဘိုးရွာ စတဲ့ ပျူစောထီး အထိုင်စခန်းတွေ ရှိနေတာပါ။

    ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကလည်း ကျွန်းလှမြို့နယ် မြောက်ခြမ်းက တကုန်းနဲ့ ကုက္ကိုကုန်းရွာဘက်မှာလည်း စစ်အုပ်စုနဲ့ ပျူစောထီးတွေဟာ အထိုင်စခန်း‌တွေ တိုးချဲ့ထားခဲ့သေးတယ်လို့ ဆိုပါတယ်။

  • အဆင့်မြင့် အိမ်ရာစီမံကိန်း ၃ ခု တည်ဆောက်ရေး ရင်းနှီးမြှုပ်နှံသူများကို စစ်ကောင်စီက ဖိတ်ခေါ်

    နေပြည်တော်တွင် မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်များ ရယူထားသော မြေကွက်များအနီး အဆင့်မြင့် အိမ်ရာစီမံကိန်း ၃ ခု တည်ဆောက်ရေး ရင်းနှီးမြှုပ်နှံသူများကို စစ်ကောင်စီက ဖိတ်ခေါ်

    နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်များ ရယူထားသော မြေကွက်များအနီးတွင် အဆင့်မြင့် အိမ်ရာစီမံကိန်း ၃ ခု တည်ဆောက်ရေး ရင်းနှီးမြှုပ်နှံသူများကို စစ်ကောင်စီက ဖိတ်ခေါ်ထားသည်။

    နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ မြေဧက ၁၀၀ နီးပါးတွင် အဆင့်မြင့် အိမ်ရာစီမံကိန်း ၃ ခု တည်ဆောက်ရန် လုပ်ငန်းရှင်နှင့် ကုမ္ပဏီများကို ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားလျှောက်ရန် စစ်ကောင်စီက ဖိတ်ခေါ်နေခြင်းဖြစ်သည်။

    နေပြည်တော်၊ ပျဉ်းမနား – တောင်ညိုလမ်း၏ အရှေ့ဘက် သုခတော်ဝင်အိမ်ရာအနီး မြေဧရိယာ ၃၀ ဧကခန့်ရှိ စီမံကိန်းနေရာ ၁ ၊ ပျဉ်းမနား- တောင်ညိုလမ်း၏ အရှေ့ဘက်၊ DENKO စက်သုံးဆီအရောင်းဆိုင်အနီး၊ မြေဧရိယာ ၃၀ ဧကခန့်ရှိ စီမံကိန်းနေရာ၂ နှင့် ဓနသိဒ္ဓိရပ်ကွက်၊ တော်ဝင်သီရိလမ်း၏ အနောက်ဘက်၊ သံတမန်ဇုန်အနီး၊ မြေဧရိယာ ၃၀ ဧကခန့်ရှိ စီမံကိန်းနေရာ ၃ တို့တွင် အဆင့်မြင့်အိမ်ရာစီမံကိန်း ၃ ခုကို တည်ဆောက်မည်ဖြစ်ကြောင်း သိရှိရသည်။

    အဆိုပါ အိမ်ရာများကို အလုံးစုံ ရင်းနှီးမြှုပ်နှံတည်ဆောက်ရန် Developer လုပ်ငန်းရှင်/ကုမ္ပဏီများကို စစ်ကောင်စီက ဖိတ်ခေါ်ထားသော် လည်း ယင်းပတ်ပတ်လည်ရှိ မြေကွက်များကို စစ်ကောင်စီ၏ ဗိုလ်ချုပ်များက ရယူထားပြီးဖြစ်ကြောင်း နေပြည်တော်အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ဆိုသည်။

    “အခု စီမံကိန်း ၁ ၊ စီမံကိန်း ၂ နဲ့ စီမံကိန်း ၃ လုပ်မယ့်နေရာတွေက အရင် ဗိုလ်ချုပ်တွေရော အခု ဗိုလ်ချုပ်တွေရော မြေကွက်တွေက နေရာဦးပြီးသားနေရာတွေပါ။ ဥပမာ- သံတမန်ဇုန် ပတ်ပတ်လည်ဆိုရင် ကြံ့ခိုင်ရေး ဗိုလ်ချုပ်တွေနဲ့ လက်ရှိ ဗိုလ်ချုပ်ကြီးတွေရဲ့ မြေကွက်တွေ ၊ ပေ ၁၀၀ ပတ်လည်ကစလို့ ဧကချီပြီး ယူထားကြတာ။ ဦးထားကြတာ။ သူတို့ ယူလို့ ရပြီးတော့မှ အဲဒီအနားတွေမှာ စီမံကိန်းလုပ်တာပါ” ဟု နေပြည်တော်အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ဆိုသည်။

    အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်ချုပ်များ ရယူထားသော မြေကွက်များသည် စီမံကိန်းနေရာဖြစ်သော အချက်အချာကျသည့် နေရာများဖြစ်၍ အမှန်တကယ် စီမံကိန်းများ အသက်ဝင်လာပါက သိန်းသောင်းချီ တန်ကြေးရှိမည်ဖြစ်ကြောင်း နေပြည်တော်အိမ်ခြံမြေစျေးကွက် ကျွမ်းကျင်သူများက ဆိုကြသည်။

    “ဒီသံတမန်ဇုန်ဆိုတာက သံရုံးနဲ့ သံအမတ်နေအိမ်မြေနေရာတွေ။ အဲဒါတွေက အကောင်အထည်လည်းဖော်နေတယ်။ တကယ်တမ်းသံရုံးတွေ ဖွင့်လာရင် အဲဒီနေရာတွေက အရမ်းတန်ကြေးတက်မယ့်နေရာတွေ။ ပြောချင်တာက နေပြည်တော်မှာ မြေကွက်တွေကတော့ ဗိုလ်ချုပ်နဲ့ သူတို့ အသိုင်းအ၀ိုင်းလွတ်တဲ့မြေကွက်ဆိုတာမျိုးမရှိဘူးလို့တောင် ပြောရမယ်” ဟု နေပြည်တော် အိမ်ခြံမြေစျေးကွက်ကျွမ်းကျင်သူက ရှင်းပြသည်။

    သို့ရာတွင် အကြမ်းဖက်စစ်ကောင်စီက NLD အစိုးရလက်ထက် သမ္မတဦးဝင်းမြင့် အပါအဝင် NLD အစိုးရဝန်ကြီးများ အတွက် ချထားပေးခဲ့သည့် နေပြည်တော်ဥတ္တရသီရိနှင့် ဒက္ခိဏသီရိမြို့နယ်များရှိ မြေကွက် ၃၆ ကွက်၏ နှစ် ၃၀ မြေငှားစာချုပ်ဂရန်များကို ပယ်ဖျက်ကြောင်း နိုဝင်ဘာ၂၇ ရက်နေ့ထုတ် စစ်ကောင်စီဝါဒဖြန့် သတင်းစာတွင် ကြေညာခဲ့သည်။

    ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင်နှင့် ကြူကြူလှ။