Tag: News

  • ဗုံးကြဲခံရမှုကြောင့် စာအံသံများ ဆိတ်သုဉ်းသွားခဲ့ရတဲ့ ကျောက်တော်က ကိုယ်ပိုင်ကျောင်း(ရုပ်သံ)

    ဗုံးကြဲခံရမှုကြောင့် စာအံသံများ ဆိတ်သုဉ်းသွားခဲ့ရတဲ့ ကျောက်တော်က ကိုယ်ပိုင်ကျောင်း(ရုပ်သံ)

    အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲခံရမှုကြောင့် စာအံသံများ ဆိတ်သုဉ်းသွားခဲ့ရတဲ့ ကျောက်တော်က ကိုယ်ပိုင်ကျောင်း(ရုပ်သံ) ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ သရက်တစ်ပင်ကျေးရွာက ပညာပန်းခင်းနဲ့ အမြင်သစ်ကိုယ်ပိုင်အထက်တန်းကျောင်းတွေကို အကြမ်းဖက် မြန်မာလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ သေဆုံးသူ ကျောင်းသူ၊ ကျောင်းသား ၂၂ ယောက်အထိရှိလာပြီလို့ သိရပါတယ်။ စုံစမ်းချက်အရ ဒီကနေ့ စက်တင်ဘာလ ၁၂ ရက်၊ နေ့လယ် ၂ နာရီအချိန်စာရင်းအရ သရက်တပင်ကျေးရွာက ပညာပန်းခင်းကိုယ်ပိုင်အထက်တန်းကျောင်းက ကျောင်းသူ၊ ကျောင်းသား ၁၉ ယောက်နဲ့ အမြင်သစ်ကိုယ်ပိုင်အထက်တန်းကျောင်းက ကျောင်းသူ၊ ကျောင်းသားသုံးယောက်၊ စုစုပေါင်း ၂၂ ယောက်တို့ဖြစ်ကြပါတယ်။ သေဆုံးသွားတဲ့ ကျောင်းသူကျောင်းသားတွေမှာ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ ပေါက်တောမြို့နယ်နဲ့ မောင်တောမြို့တို့က ဖြစ်ကြပါတယ်။ ဗုံးကြဲမှုဖြစ်စဉ်အတွင်း ကျောင်းသူ၊ ကျောင်းသားတွေအပါအဝင် အနီးအနားက နေအိမ်တွေက အရပ်သားတွေ အယောက်၂ဝ ကျော်…

  • လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်သူများ သေဆုံးမှုအတွက် စစ်တပ်ကို ပြင်းထန်စွာ လက်တုံ့ပြန်မည်ဟု AA ကြေညာ

    ကျောက်တော်မှ စာသင်ကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကျောင်းသားကျောင်းသူ ၁၉ ဦးသေဆုံးမှု အပါအဝင် လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်သူများ သေဆုံးမှုအတွက် စစ်တပ်ကို ပြင်းထန်စွာ လက်တုံ့ပြန်မည်ဟု AA ကြေညာ ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် စာသင်ကျောင်း ၂ ခုကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကျောင်းသားကျောင်းသူ ၁၉ ဦးသေဆုံးမှုနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်သူများ သေဆုံးမှုများအတွက် စစ်တပ်ကို ပြင်းထန်စွာ လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း အာရက္ခတပ်တော် AA က ထုတ်ပြန်ကြေညာသည်။ စစ်တပ်က စစ်ရှုံးမှုနှင့် နယ်မြေဆုံးရှုံးမှုများကို သူရဲဘောကြောင်ပြီး ဂုဏ်သိက္ခာမဲ့စွာ လက်တုံ့ပြန်သောအနေဖြင့် စစ်ဘက်ပစ်မှတ်များထက် အရပ်ဘက်ပစ်မှတ်များကိုသာ အငြိုးကြီးစွားဖြင့် လူမျိုးရေးအမုန်းတရားကို အခြေခံလျက် လေကြောင်းမှ ဗုံးကျဲမှုများ တောက်လျှောက်ပြုလုပ်လာကြောင်း၊ စက်တင်ဘာလ ၁၂ ရက်နေ့ ညသန်းခေါင်ယံအချိန်…

  • ကျောက်တော်၌ စာသင်ကျောင်း ဗုံးကြဲခံရပြီး သေဆုံးသူ ၂၂ ဦးအထိရှိ၊ ၂၆ ဦး ဒဏ်ရာရ

    ကျောက်တော်၌ စာသင်ကျောင်း ဗုံးကြဲခံရပြီး သေဆုံးသူ ၂၂ ဦးအထိရှိ၊ ၂၆ ဦး ဒဏ်ရာရ

    ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာက ပညာပျိုးခင်း ကိုယ်ပိုင်အ ထက်တန်းကျောင်း တည့်တည့်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် သေဆုံးသူ ကျောင်းသူ ကျောင်းသား ၂၂ ယောက်အထိရှိပြီး ၂၆ ယောက် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိသွားတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၁၂ ရက် မနက် ၁ နာရီဝန်းကျင်လောက်မှာ စစ်တပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျောင်းရှေ့တည့်တည့်မှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အခုလို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပညာပျိုးခင်း ကိုယ်ပိုင်အထက်တန်းကျောင်းမှာ ပညာသင်ကြားနေတဲ့ Grade-12 နဲ့ Grade-11 ကျောင်းသားတွေနဲ့ ကျောင်းနားမှာနေတဲ့ ကလေး စုစုပေါင်း ၁၇ ယောက် နေရာတင် သေဆုံးပြီး အယောက်…

  • KIA ပူးပေါင်းတပ်များ ဗန်းမော်မြို့ပေါ် နေရာများတွင် ဆက်လက် ဖြန့်ကျက်ထား

    KIA ပူးပေါင်းတပ်များ ဗန်းမော်မြို့ပေါ် နေရာများတွင် ဆက်လက် ဖြန့်ကျက်ထား

    ဗန်းမော်မြို့မှ သံချပ်ကာ တပ်ရင်းနှင့် ခလရ ၂၃၆ ကို စစ်တပ်က ပြန်လည် ရယူသွားသော်လည်း KIA ပူးပေါင်းတပ်များ ဗန်းမော်မြို့ပေါ် နေရာများတွင် ဆက်လက် ဖြန့်ကျက်ထား၊ ဗန်းမော်မြို့ကို အပြီးသတ် သိမ်းယူနိုင်ရေး ဆက်လက် ထိုးစစ်ဆင်မည် ဗန်းမော်တိုက်ပွဲများတွင် တော်လှန်ရေးတပ်ဖွဲ့ဝင် ၄၆၁၆ ဦး ကျဆုံးသည်ဟု စစ်တပ်က မဟုတ်မမှန် စိတ်ဓာတ်စစ် ဆင်ရေး ဝါဒဖြန့်နေ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှ သံချပ်ကာ တပ်ရင်းနှင့် ခလရ ၂၃၆ ကို KIA ပူးပေါင်းတပ်များက ထိန်းချုပ်ထားရာမှ စစ်တပ်က ပြန်လည် ရယူသွားသော်လည်း KIA မဟာမိတ်ပူးပေါင်းတော်လှန်ရေးတပ်များအားလုံး ဗန်းမော်မြို့ပေါ်တွင် ဆက်လက် ဖြန့်ကျက်နေရာယူကာ ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း KIO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုသည်။ စက်တင်ဘာလ…

  • စစ်ကြောင်းပြန်ဆုတ်လာတဲ့ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

    စစ်ကြောင်းပြန်ဆုတ်လာတဲ့ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

    မြိတ်-ထားဝယ်လမ်းပိုင်းမှာ စစ်ကြောင်းပြန်ဆုတ်လာတဲ့ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး မြိတ်-ထားဝယ်လမ်းပိုင်း အမှတ်(၈) ပြည်ထောင်စုလမ်းမအတိုင်း စစ်ကြောင်းပြန်ဆုတ်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို ထားဝယ်ခရိုင်တပ်ပေါင်းစုနဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက ဒီနေ့ စက်တင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက် မနက် ၈ နာရီခွဲဝန်းကျင်မှာ ရွှေဂူတောင် စစ်ဆေးရေးဂိတ်ကနေ သရက်ချောင်းဖက်ကို ဦးတည်ဆင်းလာတဲ့ စစ်ကောင်စီအင်အား ၁၀၀ ကျော်ပါတဲ့ အန်စာတုံးကား ၄ စီး၊ မြေတင်ကားတစ်စီး၊ Vigo ကားတစ်စီးပါတဲ့ ယာဉ်တန်းကို သရက်ချောင်းမြို့နယ် ညောင်ဇင်ရွာနဲ့ ရန်တောင်ရွာကြား တောက်ထိန်တောင်လမ်းပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီ စစ်ကောင်စီတပ်ဟာ ရှေ့ကနေသွားတဲ့ကားတွေမှာ…