Aabhyanthara Kuttavaati (2025) မိန်းမဟူသည့် ထိုဣတ္ထိ… ဒီတစ်ခါ ပရိသတ်ကြီးကို ရယ်ရခက် ငိုရခက် မလေယာလမ်း စကားပြော မှုခင်းဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအစမှာ ဇာတ်လိုက်ကျော် ဆာဟာဒေဗန်တစ်ယောက် ရဲစခန်းကခေါ်လို့ အူကြောင်ကျားနဲ့ ရောက်လာရာက အစပြုပါတယ်။ သူ့ဟာသူ ဘာမှုမှန်းမသိလို့ စခန်းမှူးစောင့်နေရင်း ရောက်လာတော့မှ ဟိုကနေ ဘာအမှုမှန်းမိန့်ကြားပါတယ်ခင်ဗျာ။ အမှုကတော့ ရှင်းမလိုနဲ့ရှုပ်ပါတယ်။ ဇာတ်လိုက်ကြီးရဲ့ လက်ထပ်ခါစ အိမ်သူသက်ထား ချစ်ဇနီးကိုယ်တိုင် လာတိုင်သွားတာပါတဲ့။ ဘာအကြောင်းအရာလဲဆိုတော့ အိမ်တွင်းအကြမ်းဖက်မှုနဲ့ ခန်းဝင်ပစ္စည်းပိုတောင်းလို့ပါတဲ့။ ကဲ… အိမ်ထောင်ဦး ချစ်စကြင်စ ၁၀ ရက်တာလောက်နဲ့ ရုံးရောက်ဂတ်ရောက်ဖြစ်နေတဲ့ ဆာဟာဗေဒန်ကပဲ မှားတာလား… လာတိုင်သွားတဲ့ သူ့မိန်းမပဲမှားတာလား ဘာပြသနာတွေထပ်ရှိဦးမလဲဆိုတာ ပရိသတ်ကိုယ်တိုင် ခံစားကြည့်ရှုရမှာဖြစ်လို့ ခုပဲ လက်မလွှတ်တမ်း အားပေးကြဖို့ တင်ဆက်ပေးလိုက်ပါတယ်။
Alphaville (1965) အမေရိကန်အေးဂျင့်တစ်ယောက်ဟာ Alphaville ဆိုတဲ့ တခြားဂြိုလ်ပေါ်မှာ အနာဂတ်မြို့တော်ကို ရောက်ရှိလာပါတယ်။ သူ့အနေနဲ့ Alphaville ကအရာတွေကို အံ့သြမိနေတာပေါ့။ မြို့တော်အုပ်ချုပ်သူ မကောင်းဆိုးဝါး သိပ္ပံပညာရှင်အကြောင်းကို စုံစမ်းဖို့ ဖြစ်လာပြီးတော့ နောက်ကွယ်က တရားမဝင်တဲ့ ချစ်ခြင်းမေတ္တာတွေ ခံစားသက်ဝင်မှုတွေ မရှိတဲ့အကြောင်းတွေ သိလာရပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာတော့… ၁၉၆၅ ခုနှစ်ထုတ် ဒီရုပ်ရှင်အဟောင်းလေးထဲမှာ ခံစားရမှာဖြစ်ပါတယ်။
The Jester 2 (2025) ဟောလိုဝင်း ကာလ နီးလာသလို Horror ဇာတ်ကားတွေလည်း အပြိုင်အဆိုင် ထွက်ရှိချိန်ပါပဲ။ ဒီဇာတ်ကားဟာ ၂၀၂၃ တုန်းက ထွက်ရှိထားပြီးသားဖြစ်တဲ့ The Jester ရဲ့ နောက်ဆက်တွဲ ဇာတ်ကား ဖြစ်ပြီးတော့ အသံမထွက်ဘဲ ဂျိုကာအဖြစ် သရုပ်ဆောင်ရတဲ့ သရုပ်ဆောင် မိုက်ကယ်ရှက်ဖီးအနေနဲ့ ပထမကားထက် ပိုပြီးကောင်းမွန်တဲ့ သရုပ်ဆောင်ဟန်ပန်တွေကို ဒီဇာတ်ကားမှာ တွေ့ရပါတယ်။ အရင်ဇာတ်ကားတုန်းက လူတွေကို လိုက်သတ်တာ ဘာကြောင့်ဆိုတဲ့ ဇစ်မြစ်ကို ဒီဇာတ်ကားမှာ ထည့်သွင်းရှင်းပြခဲ့တာကြောင့် ဂျိုကာလူသတ်ကောင်ရဲ့ Mystery ဖြစ်မှုကို လျော့ကျသွားစေတယ်လို့ ပရိသတ်တချို့က ဝေဖန်ကြပေမယ့် အရင်ဇာတ်ကားထက်ကို ဘတ်ဂျက်ပိုမိုသုံးစွဲထားပြီးတော့ ဇာတ်လမ်းထုတ်လုပ်မှုပိုင်းနဲ့ သရုပ်ဆောင်ရွေးချယ်မှုတွေမှာလည်း ပိုမိုအားစိုက်ထားတာကို တွေ့ရပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရရင် လူမှုဆက်ဆံရေးပိုင်းမှာရော မိသားစုနဲ့ပါ သဟဇာတမဖြစ်ဘဲ အပယ်ခံ…
Maya Puthagam(2024)(မဟာအံ့ဖွယ်စာအုပ်) မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ ညတစ်ညမှာ သူခိုးအုပ်စုက အိမ်တစ်အိမ်ကိုဝင်ဖောက်ပြီး အိမ်သားအားလုံးကို လည်လှီးသတ်ဖြတ်ခဲ့တယ်။ အကြောင်းက အဲဒီအိမ်မှာရှိတဲ့ အဖိုးတန်ရတနာကြီးကိုလိုချင်တာကြောင့်ပဲဖြစ်ပါတယ်။ ဖြစ်ချင်တော့ အဲဒီရတနာကြီးကထိလိုက်တဲ့သူမှန်သမျှမီးလောင်ပြာကျခဲ့ပြီး အသက်ဆုံးရှုံးအောင်လုပ်နိုင်တဲ့ ရတနာဖြစ်ပြီး မြွေနဂါကြီးတစ်ကောင်ကလည်း စောင့်ရှောက်နေတာပါ။ ဇာတ်လမ်းအကျဉ်း ဂူရူဆိုတဲ့ ဇာတ်ညွှန်းရေးဆရာတစ်ယောက်ဟာ ထူးဆန်းတဲ့အိပ်မက်တစ်ခုကိုခဏတိုင်းမက်နေတာပါ။ အိပ်မက်ထဲမှာလည်း အမြဲတမ်း မဟာအံ့ဖွယ်စာအုပ်ကြီးတစ်အုပ်အကြောင်းပါပြီး မြွေနဂါးအကြောင်းကလည်းပါလေ့ရှိတယ်။ ဒီလိုနဲ့ သူ့အိပ်မက်အကြောင်းတိုင်ပင်ဖို့ နတ်ဆရာတစ်ပါးဆီသွားပြီး တိုင်ပင်ကြည့်ရာမှာ အဲဒီအိပ်မက်နဲ့ ဆက်စပ်ပြီး ဇာတ်လမ်းတစ်ခု ဖန်တီးဖို့ အကြောင်းဖန်လာပါတော့တယ်။ ဒီလိုနဲ့ နတ်ဆရာကြီးက တောနက်ထဲကအိမ်တစ်အိမ်မှာသွား ရိုက်ဖို့ကို ညွှန်းကြားလိုက်ပါတယ်။ ဖြစ်ချင်တော့ အဲဒီတောနက်ထဲကအိမ်အိုကြီးက မြွေနဂါးကြီးရဲ့အိမ်ဖြစ်နေပါတော့တယ်။ ဒီလုနဲ့ပဲ ဂူရူနဲ့ သူငယ်ချင်းကြီး ဘူမီတို့ အဲဒီအိမ်အိုကြီးမှာ ဇာတ်လမ်းတစ်ခုကို မြွေနဂါးကြီးနဲ့အတူဘယ်လိုဖြစ်အောင် ဖန်တီးသွားမလဲဆိုတာ ဆက်လက်ရှု့ပေးကြပါဦး။
A Wild Roomer (2022) လက်သမား တစ်ယောက်ဖြစ်တဲ့ ဂီဟုန်းရဲ့ နေ့စဉ်ဘဝမှာ တစ်မျိုးပြီးတစ်မျိုး ထူးဆန်းလှတဲ့ မရိုးရှင်းမှုတွေကို ကြုံလာရပါတယ်။ သူနဲ့အတူတူ သောက်ဖော်သောက်ဖက် ဖြစ်လာတဲ့ အိမ်ရှင်၊ အိမ်ရှင်ရဲ့ အမျိုးသမီး ၊သူ့ကားကို ထိခိုက်အောင်လုပ်ခဲ့တဲ့သူ၊ သူတို့တွေအားလုံးနဲ့အတူ တဖြည်းဖြည်းပေါ်လာတဲ့ လျှို့ဝှက်ဇာတ်ကွက်တွေကို ကြည့်ရှုသူတွေက အတူတကွ လိုက်ပါခံစားရပါလိမ့်မယ်။ Architecture, Philosophy နဲ့ လူမှုရေးဆက်နွယ်မှုတွေကို ပေါ့ပေါ့ပါးပါးလေး ချိတ်ဆက်ပြသွားတဲ့ Underrated ရုပ်ရှင်ကားကောင်းတစ်ခုလို့ ပြောလို့ရပါတယ်။ ဒါရိုက်တာ Lee Jeong Hong က ရိုက်ကူးထားပြီးတော့ Busan International Film Festival (BIFF) မှာလည်း ဆုသုံးဆု အထိရရှိထားပါတယ်။