Tag: Movies


  • Anemone

    Anemone (2025) ဒီဇာတ်ကားလေးကတော့ အင်္ဂလန်နာမည်ကျော်မင်းသား Daniel Day-Lewis အဓိကပါဝင်သရုက်တောင်ထားတဲ့ Psychological Dram ဇာတ်လမ်းအမျိုးအစားလေးပဲဖြစ်ပါတယ်။ ဒါရိုက်တာကတော့ Daniel ရဲ့ သားဖြစ်သူ Ronan Day-Lewis ဖြစ်ပြီးတော့ သူ့ရဲ့ ပွဲဦးထွက်ရုပ်ရှင်လည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ရေး ဟာ ‘The Troubles’ ခေါ် မြောက်အိုင်ယာလန် ပဋိပက္ခအတွင်းမှာ စစ်မှုထမ်းတာဝန်ထမ်းဆောင်ရင်း စိတ်ဒဏ်ရာများရရှိခဲ့ပြီးနောက် သူ့ရဲ့ကိုယ်ဝန်ဆောင်ဇနီးသည် နက်ဆာကိုထားခဲ့ကာ အိုင်ယာလန် တောအုပ်ထဲမှာ တစ်ကိုယ်တည်းနေထိုင်နေသူပါ။ တစ်နေ့မှာ ရေးရဲ့မွေးချင်းညီအစ်ကိုဖြစ်သူ ဂျမ် ဟာ ရေးဆီရောက်လာပြီး သားဖြစ်သူဘရိုင်ယန်ရဲ့ သူ့အဖေနဲ့ပက်သက်ပြီး ဖြစ်နေတဲ့ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေ ပြဿနာတွေခံစားနေရတဲ့အတွက် ရေးကိုအိမ်ပြန်လာဖို့ စည်းရုံးခဲ့ပါတယ်။ တောအိမ်လေးထဲမှာ ညီအစ်ကိုနှစ်ယောက်ပြန်ဆုံကြရင်း ရေးက သူ့ရဲ့အတိတ်ကအဆိုးမြင်မှုတွေ စိတ်ဒဏ်ရာတွေ ငယ်ဘဝအနိုင်ကျင့်ခံရမှုတွေ စစ်မှုထမ်းစဉ်ကြုံတွေ့ခဲ့ရတဲ့ကြောက်မက်ဖွယ်ရာတွေကို ပြန်ပြောပြနေခဲ့ပါတယ်။ ဖခင်၊သား၊ညီအစ်ကိုတို့ကြားက…

  • Time To Hunt

    Time To Hunt (2020) ဒီနေ့မှာတော့ Action ကားကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက် ကိုးရီးယားAction ကားလေးတစ်ကားကိုပြသပေးသွားမှာပါ။ ၂၀၂၀ မှာထွက်ရှိထားတဲ့ကားလေးဖြစ်ပြီး IMDB 6.3 နဲ့ အသက် ၁၅ နှစ်အထက်သာ ကြည့်ရှုဖို့ကန့်သတ်ထားတဲ့ကားလေးဖြစ်ပါတယ်။ ဇာတ်ကားအညွှန်း ကိုးရီးယားနိုင်ငံက ဘဏ္ဍာရေးအကျပ်အတည်းတွေ ဖြစ်ပေါ်လာပြီး အခြေခံလူတန်းစားတွေဖြစ်တဲ့ ဆင်းရဲသားတွေကလည်း ဆင်းရဲတွင်းနက်သထက်နက်လာခဲ့ရပါတယ်။ ကိုးရီးယားငွေစျေးနှုန်းတွေကလည်း ကျဆင်းလာပြီး ဒေါ်လာနဲ့သာပေးချေရတဲ့အခြေအနေအထိကို ဖြစ်လာပါတယ်။ ဒီလိုခေတ်ပျက်ကြီးထဲမှာ ဂျွန်ဆော့က ထောင်ကနေလွတ်လာတဲ့လူငယ်တစ်ဦးပါ။ ဂျွန်ဆော့မှာ မိသားစုလိုအရမ်းချစ်ခင်ရတဲ့ ဂျန်ဟိုနဲ့ဂီဟွန်းဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်။ ဂီဟွန်းကလွဲလို့ ဂျန်ဟိုနဲ့ဂျွန်ဆော့က အားကိုးစရာမရှိတဲ့ တစ်ကောင်ကြွက်တွေဖြစ်ပါတယ်။ သူငယ်ချင်းသုံးယောက်လုံးက ခိုးမှု၊လုယက်မှုပြစ်မှုမှတ်တမ်းတွေ ကိုယ်စီရှိကြတဲ့သူတွေမို့ ပုံမှန်နေရာတွေမှာအလုပ်လုပ်လို့မရပါဘူး။ ဒီလို အောက်ခြေလူတန်းစားဘဝမှာ နေရတဲ့ဘဝကို မုန်းတီးလာရတဲ့ဂျွန်ဆော့က ထောင်ထဲမှာသူသိကျွမ်းခဲ့ရတဲ့ လူတွေကနေတစ်ဆင့် အကူအညီယူပြီး လူးဆိုးဂိုဏ်းတစ်ခုကဦးစီးတဲ့ လောင်းကစားရုံတစ်ခုကို ဓားပြတိုက်ဖို့ကြံစည်ပါတော့တယ်။…

  • Pretty Thing (2025)

    Pretty Thing (2025)

    ,

    Pretty Thing (2025) ဒီတစ်ခါတော့Thriller Dramaကားမျိုးလေးတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းကတော့ အဲလိယက်ဆိုတဲ့ကောင်လေးက သာမန်အညတရစားပွဲထိုးလေးပေါ့ ဒီလိုနဲ့တစ်ညမှာဆိုင်ကိုလာတဲ့ဧည့်သည်တစ်ယောက်ဆိုဖီဆိုတဲ့ အမျိုးသမီးနဲ့ညိသွားပါတယ် ဆိုဖီအတွက်ကတော့one night standဆိုတာရေသောက်သလိုမလို့မထူးဆန်းပေမဲ့ အဲလိယက်လိုမျိုး လူမျိုးတစ်ယောက်အတွက်တော့ ဆိုဖီရဲ့အပြုအမူသူ့ရဲ့ဆက်ဆံမှု မိန်းမတစ်ယောက်နဲ့မရှိခဲ့ဖူးတဲ့အတွေ့အကြုံမျိုးရလာ​တော့အတည်ပေါက်တွေထင်နေခဲ့တာပေါ့ ဒီလိုနဲ့ playgirl ဆိုဖီနဲ့ playground အဲလိယက်တို့နှစ်ယောက်သား ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဇာတ်လမ်းမှာပဲ ဆက်ရှုစားလိုက်ကြပါခင်ဗျာ

  • Girls on Top

    Girls on Top

    Girls on Top (2001) ဒီကားကတော့ ဂျာမန်ဇာတ်ကားလေးဖြစ်ပြီးတော့ အင်ကန်ဆိုတဲ့ ၁၈ နှစ် ကောင်မလေးဟာ သူ့ကောင်လေးနဲ့ အတူနေတိုင်း မပြီးလို့ စိတ်ညစ်နေရတယ်ပေါ့။ အင်ကန်ရဲ့ အချစ်ရဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ဗစ်ကီ နဲ့ အပျိုလေး လီနာကလဲအင်နာ့လိုမျိုးပဲ အာသာဖြေတိုင်းမပြီး ဖြစ်နေကြပါတယ်။ သူတို့တွေဟာဆယ်ကျော်သက်အရွယ်ဆိုတော့အဲ့အရာကို ခံစားဖူးအောင် စူးစမ်းကြတာကိုရယ်ရယ်မောမောနဲ့ ကြည့်ရမှာပါ။ (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။)

  • My First Client

    My First Client

    My First Client (2019) ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ ရုပ်ရှင်ကားလေးကတော့ ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားပြီး Reply 1988ထဲက မင်းသား Lee Dong-Hwiနဲ့ အတူ The King’s Affection ထဲက ကလေးသရုပ်ဆောင် Choi Myung-Binတို့ အဓိကပါဝင်ထားတဲ့ မှုခင်းကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ယွန်းဂျောင်ယော့(Lee Dong-Hwi)ဟာ ဆိုးလ်မြို့က ရှေ့နေရုံးတစ်ရုံးမှာ ရှေ့နေအလုပ်ရဖို့ ကြိုးစားနေတဲ့သူတစ်ယောက်ဖြစ်ပြီး မြို့ငယ်လေးက လာတဲ့သူ့အတွက်တော့ အလုပ်ရှာရတာ မလွယ်ကူလှပါဘူး။ ဒီအတောအတွင်းမှာပဲ သူဟာ ဇာတိမြို့က ကလေးသူငယ်စောင့်ရှောက်ရေးစင်တာတစ်ခုမှာ ဆွေးနွေးအကြံပေးသူအဖြစ်နဲ့ ခဏတာ အလုပ်ဝင်လုပ်ရင်းကနေ မိထွေးဖြစ်သူရဲ့ အနိုင်ကျင့်နှိပ်စက်ခြင်းကို ခံနေရတဲ့ ဒါဘင်းနဲ့ မင်ဂျွန်ဆိုတဲ့ ကလေးနှစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ကလေးတွေ အနိုင်ကျင့်ခံနေရတာကို သူသိပေမဲ့လည်း ဂျောင်ယော့ဟာ တရားဥပဒေအရ…