📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

My First Client

My First Client (2019)

ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ ရုပ်ရှင်ကားလေးကတော့ ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားပြီး Reply 1988ထဲက မင်းသား Lee Dong-Hwiနဲ့ အတူ The King’s Affection ထဲက ကလေးသရုပ်ဆောင် Choi Myung-Binတို့ အဓိကပါဝင်ထားတဲ့ မှုခင်းကားလေးပဲဖြစ်ပါတယ်။

ဇာတ်လမ်းအညွှန်း

ယွန်းဂျောင်ယော့(Lee Dong-Hwi)ဟာ ဆိုးလ်မြို့က ရှေ့နေရုံးတစ်ရုံးမှာ ရှေ့နေအလုပ်ရဖို့ ကြိုးစားနေတဲ့သူတစ်ယောက်ဖြစ်ပြီး မြို့ငယ်လေးက လာတဲ့သူ့အတွက်တော့ အလုပ်ရှာရတာ မလွယ်ကူလှပါဘူး။

ဒီအတောအတွင်းမှာပဲ သူဟာ ဇာတိမြို့က ကလေးသူငယ်စောင့်ရှောက်ရေးစင်တာတစ်ခုမှာ ဆွေးနွေးအကြံပေးသူအဖြစ်နဲ့ ခဏတာ အလုပ်ဝင်လုပ်ရင်းကနေ မိထွေးဖြစ်သူရဲ့ အနိုင်ကျင့်နှိပ်စက်ခြင်းကို ခံနေရတဲ့ ဒါဘင်းနဲ့ မင်ဂျွန်ဆိုတဲ့ ကလေးနှစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ကလေးတွေ အနိုင်ကျင့်ခံနေရတာကို သူသိပေမဲ့လည်း ဂျောင်ယော့ဟာ တရားဥပဒေအရ အခွင့်အာဏာမရှိတဲ့အတွက် ဝင်ရောက်ကူညီနိုင်ခြင်း မရှိဘဲ ဘာမှ မတတ်နိုင်ခဲ့ပါဘူး။

မကြာခင်မှာပဲ ဂျောင်ယော့ဟာ ဆိုးလ်မြို့က ရှေ့နေရုံးတစ်ရုံးမှာ အလုပ်ရသွားခဲ့ပြီး ဒါဘင်းနဲ့မင်ဂျွန်ကို နှုတ်မဆက်ဘဲ ထွက်သွားခဲ့ပါတော့တယ်။

တစ်နေ့မှာတော့ မင်ဂျွန် သေဆုံးသွားပြီဖြစ်ကြောင်းနဲ့ ဒါဘင်းက မောင်ဖြစ်သူကို သတ်ခဲ့တယ်လို့ စွပ်စွဲခံရထားတယ်ဆိုတဲ့ ထိတ်လန့်စရာသတင်းကို သူ ကြားသိလိုက်ရတဲ့အခါမှာတော့ ဂျောင်ယော့ဟာ အမှန်တရားကို ဖော်ထုတ်ဖို့ စိတ်ပိုင်းဖြတ်လိုက်ပြီး ဒါဘင်းရဲ့ ရှေ့နေအဖြစ်နဲ့ သူ့ရဲ့ ပထမဆုံးအမှုကို ကိုင်တွယ်ဖြေရှင်းဖို့ ဖြစ်လာခဲ့ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရရှိခဲ့တဲ့ ဒါဘင်းကို ကာကွယ်ပေးရင်း ဂျောင်ယော့တစ်ယောက် အမှုမှန်ကို ဖော်ထုတ်သွားနိုင်မလားဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်လို့ ညွှန်းပေးလိုက်ရပါတယ်နော်…

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်