စစ်တပ်ပြိုကွဲပျက်စီးနေ၍ မင်းအောင်လှိုင်ကို လဲလှယ်ရန် အမျိုးသားရေးသမားများနှင့်စစ်တပ်ထောက်ခံသူများအကြား တောင်းဆိုနေ မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်ရှုံးမှုများ ဆက်တိုက်ကြုံတွေ့နေရသော်လည်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြင်ဦးလွင်တွင် စစ်နည်းပညာတက္ကသိုလ်ကျောင်းဆင်းပွဲ တက်ရောက်မည်ဖြစ်ကြောင်း တပ်သတင်းရင်းမြစ်များက ပြောဆိုသည်။ ပြင်ဦးလွင်တွင် DSTA ခေါ် စစ်နည်းပညာတက္ကသိုလ်ကျောင်းဆင်းပွဲ ပြုလုပ်ရန် ရှိနေပြီး မူလအစီအစဉ်တွင် မင်းအောင်လှိုင် တက်ရောက်မည်ဟု အစီအစဉ်ရေးဆွဲထားကြောင်း၊ အဆိုပါ ကျောင်းဆင်းပွဲအတွက် လုံခြုံရေး အကြို လေ့ကျင့်ခြင်းနှင့် ကျောင်းဆင်းပွဲ အကြိုလေ့ကျင့်ခြင်းများကို ဒီဇင်ဘာလ ၁၀ ရက်နေ့၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တို့တွင် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ “DSTAကျောင်းဆင်းပွဲကို တပ်ချုပ်တက်မယ်။ လုံခြုံရေးတွေလည်း အထူးတင်းကျပ်ထားပါတယ်” ဟု တပ်သတင်းရင်းမြစ်က ဆိုသည်။ ရခိုင်ပြည်၊ ကချင်ပြည်နယ် အပါအဝင် တစ်နိုင်ငံလုံးတွင် အကြမ်းဖက် မင်းအောင်လှိုင်အနေဖြင့် စစ်ရှုံးမှုများ ကြုံတွေ့နေရသော်လည်း…
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ရှေ့နေရဲ့တောင်းဆိုချက်ကို ကြိုဆိုကြောင်း ဗြိတိန်လွှတ်တော်အမတ်တွေက လွှတ်တော်ကို လက်မှတ်ရေးထိုး အဆိုတင်သွင်းလိုက်ပါတယ်။ ဗြိတိန်တစ်သီးပုဂ္ဂလအမတ် လေးဦး၊ မြောက်စကော့တစ် နေရှင်နယ်လစ်ပါတီက အမတ်တစ်ဦးနဲ့ ဒီမိုကရက်တစ်ယူနီယံနစ်ပါတီ အမတ်တစ်ဦး စုစုပေါင်း ခြောက်ဦးက ဒီအဆိုကို ဒီဇင်ဘာလ ၁၀ ရက်နေ့က တင်သွင်းခဲ့တာလို့ ဗြိတိန်နိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ် ဒေါက်တာသက်ကိုကိုက ပြောပါတယ်။ “ကျွန်တော်တို့ NUG အနေနဲ့ ဒါကို ကြိုဆိုပါတယ်၊ အခုလို တင်သွင်းလိုက်တာဟာ ပြစ်မှုကျူးလွန်သူတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ဖြစ်ကိုဖြစ်ရမယ်၊ ပြည်သူလူထုကို မတရားလုပ်ခဲ့တဲ့သူတွေဟာ အချိန်တန်ရင် တရားဥပဒေနဲ့ ရင်ကို ရင်ဆိုင်ရမယ်ဆိုတာ ရှိပါတယ်၊ ဘယ်သူပဲ လုပ်ခဲ့လုပ်ခဲ့ပေါ့” ၂ဝ၁၇ ခုနှစ်က ရခိုင်ပြည်နယ်က…
ရေတာရှည် တိုက်ပွဲတွင် စစ်တပ်ဘက်မှ အထိနာပြီး ကျွန်းတောကုန်းရွာတွင် တပ်စွဲကာ ပြည်သူများကို ဖမ်းဆီးရိုက်နှက်နေပြီး စစ်ရေးတင်းမာနေကာ တိုက်ပွဲများ ဖြစ်ပွားလာနိုင်၍ ပြည်သူများ ဂရုပြု သွားလာကြရန် PDF တပ်ဖွဲ့က သတိပေး ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်ဘက်မှ အထိနာပြီး ကျွန်းတောကုန်းရွာတွင် တပ်စွဲကာ ပြည်သူများကို မတရား ဖမ်းဆီးရိုက်နှက်နေ၍ မြေပြင်တွင် စစ်ရေးတင်းမာနေပြီး တိုက်ပွဲများ ဖြစ်ပွားလာနိုင်သောကြောင့် ပြည်သူများ ဂရုပြု သွားလာကြရန် တော်ဝင်လျှပ်စီး စစ်ကြောင်းမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော် အီဗယ်က ပြောဆိုသည်။ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အနောက်ဘက်ကမ်းရှိ ကျွန်းတောကုန်းကျေးရွာမှ နှောပင်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အင်အား ၅၀ ကျော်ခန့်ပါ…
လှိုင်းဘွဲ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ တပ်သားသစ်စုမပေးနိုင်ပါက ငွေပေးရန် စစ်ကောင်စီတပ်မှူးတောင်းနေဟု KNU ထုတ်ပြန် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများကို နယ်မြေခံ စစ်ကောင်စီတပ်မှူးက ခေါ်ယူပြီး စစ်မှုထမ်းရန် တပ်သားသစ်များအား ဒီဇင်ဘာ ၁၂ရက် နောက်ဆုံးထား စုဆောင်းပို့ဆောင်ပေးရန်ပြောဆိုခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)က ထုတ်ပြန်သည်။ စစ်ကောင်စီက လှိုင်းဘွဲ့ဗျူဟာရုံး၌ လှိုင်းဘွဲ့မြို့ပေါ်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများနှင့် ထော်ရွှဲ၊ အင်းနို့၊ သိပ္ပံ၊ ကမော့လဲ၊ တခွက်ဖိုး၊ နိုးကော၊ ကွမ်မောင်၊မြလေး၊ သာယာကုန်း၊ ဂျို့ချော၊ ဥဒေါင်း၊ တဝန်ဖန်ရ၊ ကျိုပကို၊ တခေးလို စသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများအား ခေါ်ယူပြီး အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ဒီဇင်ဘာ ၁၀ ရက်တွင် စစ်မှုထမ်းအကြောင်းအရာ ဆိုင်ရာနောက်ဆက်တွဲ သီးသန့်အစည်းအဝေးခေါ်ယူပြီး အပါတ်စဉ် (၇)တွင် ပို့ဆောင်ခြင်းမရှိသေးသော ကျေးနယ်များအနေဖြင့်…
မောင်တော နခခ ၅ စခန်းသိမ်းတိုက်ပွဲကို AA က ၅၅ ရက်ကြာ ထိုးစစ်ဆင်ခဲ့ရပြီး ဥမင်လှိုဏ်ခေါင်းများပါတူး၍ တိုက်ယူခဲ့ရ မောင်တော အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲစခန်း (နခခ ၅) မြို့သူကြီးကို တိုက်ခိုက်ရာတွင် မိုင်းကွင်းများနှင့် မိုင်းထောင်ချီခင်းထားသည့်အတွက် အာရက္ခတပ်တော် (AA) အနေဖြင့် မြေအောက်ဥမင်လှိုဏ်ခေါင်းများပါတူး၍ တိုက်ခိုက်ခဲ့ရကြောင်း သိရသည်။ ထိုးစစ်ရက်ပေါင်း ၅၅ရက် အကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၄၅၀ ကျော်နှင့် စစ်သုံ့ပန်း ၃၀၀ နီးပါးကို AA က ဖမ်းဆီးရမိခဲ့ပြီး လေကြောင်းမှလာရောက်တိုက်ခိုက်သည့် လေယာဉ်များကို လေယာဉ်ပစ်လက်နက်များဖြင့်ပြန်လည်တိုက်ခိုက်ခဲ့သည့် ရုပ်သံမှတ်တမ်းကို AA ကထုတ်ပြန်ခဲ့သည်။ ထို့အပြင် စစ်ကောင်စီက ပစ်ခတ်ခဲ့သည့် ၁၂၂ မမ ဒုံးကျည်ကိုလည်း Direct Fire…