ရန်ကုန်တွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားလူငယ်မှန်သမျှ မဖြစ်မနေ စစ်မှုထမ်းရမည်ဟု သက်ဆိုင်ရာက ခေါ်ယူ အသိပေးလာ၊ မဲနှိုက်ခြင်း၊ ငွေကြေးပေး၍ လူစားထိုးခြင်းများ လုပ်ခွင့်မရှိတော့ဟုဆို ရန်ကုန်တွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားလူငယ်မှန်သမျှ အလှည့်ကျလာလျှင် မဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်ပြီး ယခင်ကကဲ့သို့ အလှည့်ကျ မဲနှိုက်ခြင်း၊ ငွေကြေးပေး၍ လူစားထိုးခြင်းများ လုပ်ခွင့်မရှိတော့ဟု လူငယ်များနှင့်မိသားစုများကို ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများက ခေါ်ယူ ပြောဆိုလာကြောင်း သိရှိရသည်။ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ သာကေတမြို့နယ်၊ ဒေါပုံမြို့နယ် အပါအဝင် မြို့နယ်များအားလုံးတွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားလူငယ်များအားလုံး မဖြစ်မနေ မိမိအလှည့်ရောက်သည်နှင့်…
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်၊ အမ်းမြို့ မြို့သိမ်းတိုက်ပွဲနှင့် တပ်ရင်းစခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား၃၀၀ကျော်အာရက္ခတပ်တော် (AA ) ထံလက်နက်ချအညံ့ခဲ့ကြောင်းသတင်းရရှိသည်။ AA ၏အမ်းမြို့သိမ်းတိုက်ပွဲအတွင်း နပခမှအပသိမ်းဆည်းရမိသည့်စခန်းပေါင်းမှာ ၃၀ကျော်ရှိပြီး အဆိုပါတိုက်ပွဲများအတွင်း စစ်သား၃၀၀ကျော်လက်နက်ချခဲ့သည်ဟု AA စစ်ရေးသတင်းရင်းမြစ်တစ်ခုကအတည်ပြုပြောဆိုသည်။ “နပခဌာနချုပ်ထဲမှာမှကွက်ကွက်လေးပဲကျန်တော့တာ။ရှေ့ကတိုက်ပွဲတွေမှာလက်နက်ချတာ အနည်းဆုံးအယောက်၃၀၀ကျော်လောက်ရှိတယ်”ဟုပြောသည်။ စစ်ရေးရှုံးနိမ့်မှုများနေသည့်အတွက်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းမှာလည်းလက်ချ/မချနှင့်ပတ်သက်ပြီးစစ်ကောင်စီတပ်အတွင်း သဘောထားကွဲလွဲမှုများလည်းရှိနေကြောင်းအမည်မဖော်လိုသည့်စစ်တပ်မိသားစုဝင်တစ်ဦးကနိရဉ္စရာကိုပြောသည်။ “တပ်ထဲမှာလည်းခေါင်းဆောင်ပိုင်းအားနည်းတာကြောင့်ရော၊အထိနာနေတာကြောင့်ရောအဆင်မပြေမှုတွေရှိတယ်။အချင်းချင်းကြားလက်နက်ချမယ်။မချဘူးတွေနဲ့ကွဲလွဲမှုတွေရှိနေကြတယ်လို့သိရတယ်။အခုတော့ကသောင်းကနင်းတွေနဲ့ဖြစ်နေကြတယ်။အဆက်အသွယ်လည်းမနေ့ကတည်းကမရတော့ဘူး” လို့ပြောသည်။ လက်ရှိမှာနပခဌာနချုပ်အတွင်းကနေရာအများစုကိုအေအေကသိမ်းပိုက်ထားပြီးအပြန်အလှန်ပစ်ခတ်သံများကိုမနေ့ကထိကြားနေခဲ့ရသည်ဟုအမ်းဒေသခံအမျိုးသားတစ်ဦးကပြောသည်။ “နပခဌာနချုပ်အထဲကတော်တော်များများသိမ်းထားပြီလို့သိရတယ်။ စစ်ကောင်စီကတော့နပခအနီးတဝန်းကိုဗုံးကြဲနေတယ်။မနေ့ညကတည်းကပဲ”ဟုပြောသည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းဒေသအတွင်းမှ စစ်ကောင်စီ၏ဗျူဟာဌာနချုပ်များ၊ကာကင်းစခန်း ကြီး၊ စခန်းငယ်၊ တပ်ရင်းဌာနချုပ်များ၊တပ်ခွဲအသီးသီးအပါအဝင် အခြားသောနေရာတို့၌ တပ်စွဲစခန်းချ၊ခုခံစစ်ဆင်နွှဲနေကြသော စခန်းနေရာ (၃၀) ကျော်ကိုသိမ်းပိုက်ထားပြီးနောက်ဆုံးလက်ကျန် နပခ တိုင်းစစ်ဌာနချုပ်အား အပြီးသတ် သိမ်းပိုက်ရရှိနိုင်ရေးအတွက်ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိသည်ဟုဒီဇင်ဘာလ၆ရက်တွင် AA ကထုတ်ပြန်ထားသည်။ ယင်းအပြင်အမ်းမြို့သို့ စစ်ကူပေးရန်တက်လာသည့်တပ်မ (၈၈) လက်အောက်ခံ၊အင်အား(၁၃၀) ခန့် ပါနည်းဗျူဟာတစ်ခုအား ဖြတ်တောက်တိုက်ခိုက်ခဲ့ပြီးအလောင်းစုစုပေါင်း(၁၀၀) ကျော်၊လက်နက်ခဲယမ်းအများအပြားနှင့် စစ်သုံ့ပန်းအချို့ကိုလည်း…
အုတ်တွင်းမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၄ ခုနှင့် မြို့စိုးတံတား စစ်တပ် ဂိတ်တို့ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံး ပဲခူးတိုင်း၊ အုတ်တွင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာ ၄ ခုကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး ၄ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း အုတ်တွင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူ တစ်ဦး ပြောဆိုသည်။ နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၆ ရက်နေ့ အထိ အုတ်တွင်းမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော မြို့နယ်ရဲစခန်း၊ ထွေအုပ်ရုံး၊ စီးပွားရေးဘဏ်နှင့် မြို့တောင်ဘက်အထွက်ရှိ စစ်ဆေးရေးဂိတ် တို့ကို…
မြို့များ၊ တပ်စခန်းများနှင့်တိုင်းစစ်ဌာနချုပ်များကို လက်လွှတ်ဆုံးရှုံးမှုများဖြင့် စစ်ရှုံးနေသော်လည်း မင်းအောင်လှိုင် နိုင်ငံတစ်ဝန်းပွဲနှင့်အခမ်းအနားများ ဆက်တိုက်တက်မည် မြို့များနှင့်တိုင်းစစ်ဌာနချုပ်များ လက်လွှတ်ဆုံးရှုံးမှုများဖြင့် စစ်ရှုံးနေသော်လည်း မင်းအောင်လှိုင် နိုင်ငံတစ်ဝန်း ပွဲနှင့်အခမ်းအနားများ ဆက် တိုက်တက်ရောက်မည်ဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရန်ကုန်၊ နေပြည်တော်၊ ပြင်ဦးလွင်တို့တွင် ယခုဒီဇင်ဘာလအတွင်း ပွဲများနှင့် အခမ်းအနား ၅ ခုထက်မနည်းကို ဆက်တိုက် တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီဇင်ဘာလ ၂၄ ရက်နေ့ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ် သန်လျက်စွန်းရှိ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်တွင် ၇၇ နှစ်မြောက် ရေတပ် နှစ်ပတ်လည်ပွဲ တက်ရောက်မည်ဖြစ်ပြီး ရေတပ်စခန်းဌာနချုပ်ရှိ ဘောလုံးကွင်း၌ ဈေးရောင်းပွဲနှင့် ပျော်ပွဲရွှင်ပွဲအတွက် ပြင်ဆင်နေကြောင်း သိရသည်။ ထို့ပြင် အခမ်းအနားကျင်းပမည့် နံနက်ပိုင်း သန်လျင်ရေတပ်…
စစ်ကောင်စီတပ်၏ ဒုတိယဗိုလ်မှူးကြီး အဆင့်မှ ဒုရဲမှူးအဆင့်အထိ အပါအဝင် စစ်ကောင်စီတပ်မှ ၄၇၅ ဦး ၁၁ လအတွင်း အလင်းဝင်ဟု NUG ပြော မြန်မာအကြမ်းဖက်စစ်တပ်မှ ဒုတိယဗိုလ်မှူးကြီး အဆင့်မှ ဒုရဲမှူးအဆင့်အထိ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၇၅ ဦး ယခုနှစ် ၁၁ လအတွင်း အလင်းဝင်လာကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။ NUG ၏ ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ် ၄/၂၀၂၄ တွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် သွေးထွက်သံယိုမှုနည်းနိုင်သမျှနည်းနည်းဖြင့် တော်လှန်ရေးအောင်မြင် နိုင်ရေး ရှေးရှုပြီး ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ်အကောင်အထည်ဖော်မှုကော်မတီ ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ ကော်မတီက အကြမ်းဖက်စစ်ခေါင်းဆောင်များနှင့် လမ်းခွဲပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာမည့်…
Suspendisse dignissim erat feugiat dolor eleifend, sit amet convallis ex ultrices. Suspendisse potenti. Ut id aliquam ipsum, ut consequat arcu. Vestibulum laoreet luctus nunc eu volutpat.
Vestibulum ornare aliquet sem, eu aliquam est venenatis non. Suspendisse at venenatis nibh. Phasellus venenatis velit at libero consectetur, at bibendum purus sollicitudin.
In porttitor consectetur est. Nulla egestas arcu urna, non fermentum felis dignissim ac. In hac habitasse platea dictumst. Integer mi nisl, tempus ac pellentesque eu, aliquam ut sapien.
Welcome to WordPress. This is your first post. Edit or delete it, then start writing!