Tag: Movies


  • Black Dawn

    Black Dawn

    Black Dawn (2005) ဒီကားကတော့ ၂၀၀၅ ခုနှစ်မှာ ထွက်ရှိထားပြီး Director Alexander Gruszynski ရိုက်ကူးထားပါတယ်။ Plot ကတော့ စီအိုင်အေအေးဂျင့်ဟောင်းဂျော်နသန်ကိုးလ်က ထောင်ထဲရောက်နေတဲ့ အကြမ်းဖက်သမားဂျိမ်းလ်ကို ကယ်ထုတ်ဖို့ အငှားခံခဲ့ရပါတယ်။ ကိုးလ်ကို ယုံသွားတဲ့ ဂျိမ်းက လက်နက်ရောင်းတဲ့သူ့ညီကို တွေ့ဖို့ ခေါ်သွားခဲ့ပြီး လော့အိမ်ဂျယ်ကို ဖောက်ခွဲဖို့ လုပ်နေတဲ့ သူတို့အစီအစဉ်ကို ကာဗာယူပြီး စုံစမ်းနေတုန်းမှာ သူ့တပည့်ဟောင်းအမန်ဒါက စပိုင်လုပ်နေရင်း မိသွားတော့ ကိုးလ်က ကာဗာဖျက်ပြီး ကယ်လိုက်ပါတယ်။ အဲဒီမှာ အကြမ်းဖက်သမားတွေကို တားဆီးမယ့် သူတို့အစီအစဉ်အောင်မြင်သွားမလားဆိုတာကိုတော့ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါနော်။

  • Nyctophobia

    Nyctophobia

    Nyctophobia (2024) Rose, Azalea, နဲ့ သူတို့သူငယ်ချင်း Brooks တို့ဟာကျောင်းပြီးဆုံးတဲ့ အထူးည—graduation night ကို ဝမ်းမြောက်ပျော်ရွှင်စွာ အိမ်မှာအတူတူကျင်းပနေကြတယ်။ ညအချိန်မှာ မမျှော်လင့်ဘံ မီးပြတ်သွားပြီးမြို့တစ်မြို့လုံး အမှောင် ကျသွားတဲ့အခါ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ ဆက်တိုက်ပေါ်ပေါက်လာပြီး ထိုအခြေအနေ အဖြစ်အပျက်တွေကို သူတို့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ အဲ့ အဖြစ်အပျက်တွေက တကယ်ရော ဖြစ်ပျက်ခဲ့တာလားဆိုတာ စိတ်ဝင်တစား သည်းထိတ်ရင်ဖို ကြည့်ရှု ရမယ်ကားလေး ဖြစ်ပါတယ်။

  • The Baltimorons

    The Baltimorons

    The Baltimorons (2025) ဒီတစ်ခါမှာတော့ သွားဆေးခန်းကစတင်ခဲ့တဲ့အချစ်ဟာသဇာတ်လမ်းလေးကိုတင်ဆက်ပေးချင်ပါတယ် ကလစ်ဖ်ကတ်ရှန်ဆိုသူဟာ အရက်ဖြတ်ထားခါစလူတစ်ယောက်ပါ အရင်ကလက်တန်းဟာသပြတ်လုံးထုတ်တဲ့လူရွှင်တော်တစ်ယောက်ပေါ့။ တစ်နေ့ ခရစ္စမတ်အကြိုနေ့မှာ ချော်လဲပြီးသွားကျိုးတာကြောင့် သွားဆေးခန်းကိုသွားခဲ့ရပါတယ် ဆေးခန်းမှာ သူ့ထက်အသက်ကြတဲ့သွားဆရာဝန်”ဒီဒီ”နဲ့တွေ့ဆုံခဲ့ပါတယ်။ ဆေးခန်းပြပြီးအပြန်မှာလည်း အလွဲလွဲအချော်ချော်ဂယက်ပေါင်းစုံဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ ခရစ္စမတ်အကြိုနေ့တစ်ရက်ထဲမှာပဲ နှစ်ဦးစလုံးတစ်ယောက်ကိုတစ်ယောက်ကူညီပေးကြရင်း ရင်ခုန်သံတွေနိုးထလာခဲ့ပါတယ်။ စေ့စပ်ထားတဲ့ဇနီးလောင်းရှိပြီးသား ကလစ်ဖ်တစ်ယောက် ဘယ်သူ့ကိုရွေးချယ်မှာလဲ……

  • Curse of the River

    Curse of the River

    Curse of the River (2025) ဒီဇာတ်ကားလေးကတော့ နိုင်ဂျီးရီးယားနိုင်ငံကနေရိုက်ကူးထားတဲ့ တကယ့်ဖြစ်ရပ်မှန် အာဖရိကမင်းသမီးရဲ့ သမိုင်းအကြောင်းလေးပဲဖြစ်ပါတယ်။ အေဒီ ၁၅၁၆ အာဖရိကမှာ လူသားတွေစက်မှုနည်းပညာမထွန်းကားသေးပဲ ရှေးလူရိုင်းပုံစံနဲ့ အုပ်စုဖွဲပြီးတော့ သူ့ထီးသူ့နန်းနဲ့တည်ထောင်နေထိုင်နေကြပါတယ်။ အဲဗာရီဗာတိုင်းပြည်ရဲ့ ဘုရင်ကြီးဟာ နှစ်နဲ့ချီပြီးကလေးမရပဲဖြစ်နေခဲ့တယ်။ ဒါပေမယ့် နတ်ဘုရားတွေရဲ့ ကောင်းချီးပေးမှုကြောင့်ကံကောင်းစွာပဲ နောက်ဆုံးမှာတော့ တစ်ဦးတည်းသောသမီးလေးဖြစ်တဲ့ အက်ဆီမိုဘန်ကိုမွေးဖွားလာခဲ့တယ်။ တဖက်မှာလည်း ဗွာလာတိုင်းပြည်ကိုအုပ်စိုးနေတဲ့ ဘုရင်ကြီးဟာ လောဘအလွန်ကြီးပြီး စစ်သွေးမက်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အိမ်နီးချင်းတိုင်းပြည်တွေကို အတင်းအဓမ္မကျုးကျော်ဝင်ရောက်ပြီးသိမ်းပိုက်မှုတွေကို လုပ်နေတယ်။ တနေ့မှာပဲ အဲဗာရီဗာတိုင်းပြည်ကို သူ့ရဲ့လောဘမျက်စိက မြင်ရောက်လာတော့တယ်။ ဒီအခက်အခဲတွေကို ဖြတ်ကျော်ဖို အဲဗာရီဗာဘုရင်ကြီးဟာ နတ်ဘုရားတွေကိုအကူအညီတောင်းကြည့်တော့ မင်းသမီးအက်ဆီမိုဘန်ကို မီးရှိစတေးပြီး သူ့ရဲ့ပြာမှုန့်တွေကို အာခန်ဆိုကိုမြစ်ထဲကျဲချရမယ်လို တောင်းဆိုလာတယ်။ ဒါတင်မကဘူး ဇာတ်ကားထဲက ဇာတ်ကောင်တွေရဲ့ ခံစားချက် ဖြစ်လာမဲ့အချစ်ဇာတ်လမ်းတွေကို ရင်ထိတ်ဖွယ်စောင့်မျှော်ကြည့်ရှုရင်း အာဖရိကရဲ့ဖြစ်ရပ်မှန်သမိုင်းဇာတ်လမ်းလေးကို…

  • Shadow Man

    Shadow Man

    Shadow Man (2006) ရုံးပိတ်ရက်မှာ ခေါင်းရှုပ်ခံပြီး စဉ်းစားစရာမလိုဘဲ “ဘုန်းခနဲ ဒိုင်းခနဲ” ပစ်ခတ်သတ်ဖြတ်ခန်းတွေနဲ့ စိတ်ပြေလက်ပျောက် ကြည့်ချင်တယ်ဆိုရင်တော့ Shadow Man က ရွေးချယ်စရာ အကောင်းဆုံး ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ Steven Seagal ရဲ့ အထာကျကျ လမ်းလျှောက်ပုံ လက်ကောက်ဝတ်တွေကို ချိုးပစ်တဲ့ အိုက်ကီဒို (Aikido) ကွက်တွေကို လွမ်းနေသူတွေအတွက် ဒီကားက လုံးဝ စိတ်ကျေနပ်မှု ပေးစွမ်းနိုင်မှာပါCIA အေးဂျင့်ဟောင်းနဲ့ စီးပွားရေးသမားဖြစ်သူ Jack Foster (စတီဗင် ဆီဂဲ) ဟာ ဥရောပခရီးစဉ်အတွင်း သူ့ရဲ့သမီးဖြစ်သူ ရိုမေးနီးယားမှာ ရုတ်တရက် ပြန်ပေးဆွဲခံလိုက်ရပါတယ်။ ဒီဖြစ်ရပ်နောက်ကွယ်မှာ MK-Ultra လို့ခေါ်တဲ့ အသက်အန္တရာယ်ရှိတဲ့ ဇီဝလက်နက် ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေ၊ နှစ်ဖက်ကစားမှုတွေ ရှုပ်ထွေးနေတာကို…