Tag: News

  • မိဘတွေကို ရှာမတွေ့ရင် ၂ နှစ်သားလောက်ထိ ငယ်ရွယ်တဲ့ကလေးတွေကိုပါ စစ်တပ်ဖမ်းဆီးနေ

    မိဘတွေကို ရှာမတွေ့ရင် ၂ နှစ်သားလောက်ထိ ငယ်ရွယ်တဲ့ကလေးတွေကိုပါ စစ်တပ်ဖမ်းဆီးနေ

    မိဘတွေကို ရှာမတွေ့ဘူးဆိုရင်အသက် ၂နှစ်လောက်ထိ ငယ်ရွယ်တဲ့ ကလေးတွေကိုပါ ဓါးစာခံအဖြစ်မြန်မာစစ်တပ်က ဖမ်းဆီးနေတယ်လို့ ကုလသမဂ္ဂ စုံစမ်းရေး အရာရှိတွေက ပြောပါတယ်။

    အဲဒီကလေးတွေကိုလည်း စနစ်တကျနှိပ်စက်ညှင်းပန်းမှုတွေကြောင့်နာမည်ဆိုးနဲ့ကျော်ကြားရာ အကျဉ်းထောင်တွေ၊ ထိန်းသိမ်းရေး စခန်းတွေထဲမှာ စစ်တပ်က ထိန်းသိမ်းထားလေ့ ရှိတယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM)က ရရှိထားတဲ့ အထောက်အထားတွေအရ မိဘတွေ ထွက်ပြေး တိမ်းရှောင်နေရင် စစ်တပ်ဟာအသက် ၂ နှစ်ကနေ ၁၇ နှစ်အတွင်းသားသမီးတွေကို အကြောင်း
    မဲ့ ဖမ်းဆီးပြီး အကျပ်ကိုင်လေ့ ရှိတယ်လို့ သိရပါတယ်။

    IIMM ဟာ ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ပြည်တွင်းမှာ ကျူးလွန်နေတဲ့ ကြမ်းကြုတ်ရက်စက်မှုတွေကို စနစ်တကျ မှတ်တမ်းပြုစုဖို့ ကုလသမဂ္ဂ ဖွဲ့စည်းပေးထားတဲ့ လုပ်ငန်းစဉ် ယန္တရား တစ်ခုပါ။

    စစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့ ကလေးတွေထဲက တချို့ဟာ နှိပ်စက်တာ၊ ဆိုးဆိုးရွားရွား ဆက်ဆံတာ၊ လိင်ပိုင်းဆိုင်ရာ ဒါမှမဟုတ် လိင်ခွဲခြားမှုကို အခြေပြုတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခံရတာတွေ ရှိခဲ့တယ်လို့လည်း IIMMက ဆိုပါတယ်။

    မိဘတွေကစစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ပတ်သက်နေတယ်လို့စွပ်စွဲခံရပြီး တိမ်းရှောင်နေတဲ့အခါ သူတို့ရဲ့ သားသမီးတွေကို စစ်သားတွေရော၊ ရဲတွေကပါ ဖမ်းဆီးခေါ်ဆောင်သွားလေ့ ရှိပါတယ်။

    မြန်မာစစ်တပ်ဟာအာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အတိုက်အခံ အင်အားစုတွေ၊ ဂျာနယ်လစ်တွေ၊ တက်ကြွလှုပ်ရှားသူတွေ အပါအဝင် လူပေါင်း ၃၀,၀၀၀ လောက်ကိုလည်း ဖမ်းဆီးခဲ့ပြီး ဖြစ်ပါတယ်။

    IIMMက စုစည်းထားတဲ့ ခိုင်မာတဲ့ သက်သေတွေအရ မြန်မာစစ်တပ် ထိန်းချုပ်ထားတဲ့ အကျဉ်းထောင်တွေ၊ ထိန်းသိမ်းရေး စခန်းတွေမှာ နိုင်ငံရေး အမှုနဲ့ စွပ်စွဲခံရသူတွေကို ရိုက်နှက်တာ၊ ရှော့တိုက်တာ၊ လက်သည်းခြေသည်းတွေကို ပလာယာနဲ့ ဆွဲနုတ်တာတွေ အပါအဝင် နည်းလမ်း အမျိုးမျိုးသုံးပြီး နှိပ်စက်တာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။ တချို့အခြေအနေတွေမှာတော့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ မုဒိမ်းကျင့်တာ၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်တာတွေထိ ရှိခဲ့ပါတယ်။

    IIMMရဲ့ စုံစမ်းရေး အရာရှိတွေကတော့ အဲဒီလို ဆိုးယုတ်တဲ့လုပ်ရပ်တွေကျူးလွန်တဲ့အကျဉ်းထောင် အာဏာပိုင်တွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာ ယူနစ်တွေကိုလည်း ခွဲခြားထုတ်နုတ် မှတ်တမ်းတင်နေရာမှာလည်း တိုးတက်မှုတွေ ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ကိုးကား-The Guardian

    (စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူ​တွေကို စစ်​ကောင်စီ စစ်သား နဲ့ ရဲ ​တွေကဖမ်းဆီး​နေစဥ်)

  • တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကို မဟာမိတ်ပူးပေါင်းတပ် တိုက်ခိုက်

    တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကို မဟာမိတ်ပူးပေါင်းတပ် တိုက်ခိုက်

    တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာကို ခြေကုပ်ယူဖို့ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ တပ်ကူအဖွဲ့တွေကို မဟာမိတ်ပူးပေါင်းတပ်တွေနဲ့အတူ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။

    သြဂုတ် ၁၀ ရက် မနက် ၉ နာရီခွဲလောက်က တနင်္သာရီမြို့နယ်၊ တမုတ်ချုံးရွာဘက်ကို စစ် ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တနင်္သာရီမြို့နယ် ပကဖ၊ မြိတ်ခရိုင်အမှတ် (၂)တပ်ရင်း၊ တပ်ခွဲ(၂)၊ တပ်ခွဲ (၃)တို့ ပူးပေါင်း‌ပြီး လမ်းကနေဖြတ်တိုက်ခဲ့တာလို့ သိရပါတယ်။

    အဲဒီတိုက်ခိုက်မှုကြောင့် သြဂုတ် ၁၀ ရက် နေ့လယ် ၂ နာရီ ၅၀ ဝန်းကျင်မှာ စစ်ကောင်စီတပ်စစ်ကြောင်း တမုတ်ချုံးရွာကနေပြန်ဆုတ်သွားပေမယ့် တပ်ကူရောက်လာတဲ့ တပ်သားတွေနဲ့ လယ်တောင်ယာရွာမှာ ပူးပေါင်းမိသွားတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်ဆုတ်ခဲ့ရတယ်လို့ တနင်္သာရီမြို့နယ် ပကဖ တာဝန်ခံက ပြောပါတယ်။

    “အခုထိလည်း အဲဒီ စကစ စစ်ကြောင်းက တမုတ်ချုံးနဲ့ လယ်တောင်ယာမှာ ဆက်ရှိနေတယ်ဗျ။ ဒေသခံတွေကတော့ စစ်ဘေးရှောင်နေရတာပေါ့။ အားလုံး ပြည်သူ ၅၀၀ လောက်ရှိမယ်”လို့ ပကဖ တာဝန်ခံက မြေပြင်အအခြေအနေကို ရှင်းပြပါတယ်။

    အဲဒီတမုတ်ချုံးရွာအနီး နှစ်ဘက်အပြန်အလှန်ပစ်ခတ်တဲ့ ထိတွေ့တိုက်ပွဲဟာ သြဂုတ် ၁၀ ရက် မနက် ၉ နာရီခွဲလောက်ကနေ ညနေ ၄ လောက်အထိ ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီဘက်က ခြောက်ဦးသေဆုံးကာ ၁၅ ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ တနင်္သာရီမြို့နယ် ပကဖက ပြောပါတယ်။ တော်လှန်ရေးတပ်တွေဘက်က ရဲဘော်နှစ်ဦးထိခိုက်၍ တစ်ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။

    လက်ရှိအခြေအနေမှာ နှစ်ဘက်စစ်ရေးတင်းမာနေဆဲဖြစ်သလို စစ်ကောင်စီတပ်သားတွေဟာလည်း တမုတ်ချုံးနဲ့ လယ်တောင်ယာရွာတွေမှာ ဆက်လက်တပ်စွဲထားတာကြောင့် ထိတွေ့တိုက်ပွဲတွေ အချိန်မရွေးထပ်ဖြစ်လာနိုင်တယ်လို့ တနင်္သာရီမြို့နယ် ပကဖ က အသိပေးထားပါတယ်။

    သြဂုတ် ၉ ရက်ကလည်း တနင်္သာရီမြို့နယ် သိန်းခွန်ရွာဘက်ကို ရောက်လာတဲ့ စစ်ကောင်စီတပ် ထောက်ပို့ယာဥ်တန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားအချို့ ထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။

    (တနင်္သာရီမြို့နယ် ပကဖ မှ ရဲဘော်အချို့ကိုတွေ့ရစဥ်။ ဓာတ်ပုံ – ပကဖ)

  • မန္တလေးက Sky Villaမှာ ငလျင်လှုပ်ပြီး ငါးလခွဲအကြာ ရုပ်အလောင်းထပ်တွေ့

    မန္တလေးက Sky Villaမှာ ငလျင်လှုပ်ပြီး ငါးလခွဲအကြာ ရုပ်အလောင်းထပ်တွေ့

    မန္တလေးမြို့က Sky Villaမှာ ငလျင်လှုပ်ခတ်ပြီး ငါးလခွဲကျော်ကြာတဲ့အထိ ပျောက်ဆုံးသူတွေရှာနေရဆဲဖြစ်ပြီး ဒီကနေ့ ရုပ်အလောင်းတစ်လောင်း ထပ်မံတွေ့ရှိပါတယ်။

    ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်က Sky Villa အဆောက်အဦး A အဆောင်ကို ရှင်းလင်းခဲ့ရာ ဒီကနေ့ သြဂုတ် ၁၃ ရက် မနက် ၁၀ နာရီခွဲခန့်မှာ အမျိုးသားရုပ်အလောင်းတစ်လောင်း တွေ့ရှိရကြောင်း စစ်ကောင်စီလက်အောက်ခံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

    “Sky villa က ကယ်ဆယ်ရေးလုပ်ငန်းက တော်တော်ဆိုးပါတယ်။ခုချိန်ထိအလောင်းတွေကတွေ့နေရတုန်းပဲ”လို့ဒေသခံတဦးကဆိုပါတယ်။

    ၎င်းရုပ်အလောင်းဟာ Sky Villa ရဲ့ A အဆောင် (၃)လွှာ၊ အခန်းအမှတ် E3 က ဖြစ်တယ်လို့ သိရပါတယ်။

    မန္တလေးမြို့မှာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် လူရာချီသေဆုံးကာ အဆောက်အအုံလေးထောင်ဝန်းကျင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း လူမှုအဖွဲ့အစည်းတွေရဲ့မှတ်တမ်းတွေအရ သိရပါတယ်။

    ငလျင်ကြီးလှုပ်ခတ်ခဲ့တာ ၅ လခွဲကျော် ကြာခဲ့ပြီဖြစ်ပေမယ့် ယနေ့အထိ အပျက်အစီးတွေ ရှင်းလင်းနေရဆဲဖြစ်ကြောင်း မန္တလေးမြို့ခံတွေက ပြောပါတယ်။

    (ပြိုကျ Sky villa အဆောက်အအုံမှ ထပ်မံတွေ့ရှိသည့်ရုပ်အလောင်းအား သယ်ဆောင်လာစဥ်။ ဓာတ်ပုံ-MFSD)

  • အိုက်မြင့်(ခ)ဟော်ချွမ်းမြန်မှာ ဒုစရိုက်လောကမှ ဖြစ်ပြီး ၎င်း၏နာရေးသို့ ဗိုလ်မှူး၊ ဗိုလ်ကြီး ၈ ဦးက လွမ်းသူ့ပန်းခြင်းပို့

    အိုက်မြင့်(ခ)ဟော်ချွမ်းမြန်မှာ ဒုစရိုက်လောကမှ ဖြစ်ပြီး ၎င်း၏နာရေးသို့ ဗိုလ်မှူး၊ ဗိုလ်ကြီး ၈ ဦးက လွမ်းသူ့ပန်းခြင်းပို့

    ရန်ကုန်မြို့၊ နယူးပါတီ KTV တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားသော အိုက်မြင့်(ခ)ဟော်ချွမ်းမြန်မှာ ဒုစရိုက်လောကမှ ဖြစ်ပြီး ၎င်း၏နာရေးသို့ ဗိုလ်မှူး၊ ဗိုလ်ကြီး ၈ ဦးက လွမ်းသူ့ပန်းခြင်းပို့

    (more…)

  • မည်သည့်ရာခိုင်နှုန်းရှိမှ ရွေးကောက်ပွဲအောင်မြင်မည်ဆိုသော သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိ၍ မဖြစ် ဖြစ်အောင် ရွေးကောက်ပွဲလုပ်မည်ဟု  မင်းအောင်လှိုင် ပြော

    မည်သည့်ရာခိုင်နှုန်းရှိမှ ရွေးကောက်ပွဲအောင်မြင်မည်ဆိုသော သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိ၍ မဖြစ် ဖြစ်အောင် ရွေးကောက်ပွဲလုပ်မည်ဟု မင်းအောင်လှိုင် ပြော

    ရွေးကောက်ပွဲဥပဒေတွင် မဲပေးသူ မည်သည့်ရာခိုင်နှုန်းရှိမှ ရွေးကောက်ပွဲအောင်မြင်မည်ဆိုသော သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိ၍ မဖြစ် ဖြစ်အောင် ရွေးကောက်ပွဲလုပ်မည်ဟု မင်းအောင်လှိုင် ပြော

    (more…)