Tag: News

  • မြိုင်မြို့နယ်တွင် စစ်တပ်က ကိုယ့်စခန်းကိုယ် မီးရှို့ပြီး တပ်ပြန်ဆုတ်

    မြိုင်မြို့နယ်တွင် စစ်တပ်က ကိုယ့်စခန်းကိုယ် မီးရှို့ပြီး တပ်ပြန်ဆုတ်

    မကွေးတိုင်း၊ မြိုင်မြို့ရဲ့မြောက်ဘက် မီတာ ၆၅၀ လောက် ဝေးကွာတဲ့ စစ်တပ် စစ်ဆေး‌ရေး ကင်းစခန်းတခုကို ဩဂုတ် ၁၁ ရက်နေ့ မနက်မှာ မီးရှို့ပြီး တပ်ဆုတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    အဆိုပါစခန်းမှာ စစ်သားအင်အား ၂၀ လောက်ရှိပြီး မြိုင်မြို့အတွင်း ဝင်လာသူမှန်သမျှကို စစ်ဆေး၊ ဖမ်းဆီး၊ ရိုက်နှက်တာတွေ လုပ်ဆောင်နေတာလို့ ဆိုပါတယ်။

    မြိုင်ဒေသခံတယောက်က “သူတို့စခန်းကို သူတို့ကိုယ်တိုင် မီးရှို့ပြီး မြိုင်မြို့ထဲ ပြန်ဆုတ်သွားတယ်။ အခုတော့ အဲဒီကောင်တွေ မြိုင်မြို့ထဲက ဈေးအနီးမှာ စခန်းချနေတယ်။ တိုက်ပွဲမဖြစ်ဘူး အစ်ကိုရေ။ ပြည်သူ့ကာကွယ်ရေးတပ်က လာတိုက်မှာ ကြောက်ပြီး ကိုယ့်စခန်းကို မီးရှို့ပြီး နောက်ဆုတ်လာတာရယ်” လို့ ပြောပါတယ်။

    အဆိုပါဂိတ်မှာ စစ်တပ်က ၂၀၂၂ ခုကနေ ဒီနေ့အချိန်အထိ စခန်းချနေထိုင်ပြီး မြို့အဝင်အထွက် စစ်ဆေးနေတာလို့ သိရပါတယ်။

    မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တယောက်က “စစ်တပ်က သူ့စခန်းသူ မီးရှို့ပြီး ထွက်ပြေးသွားတယ်ဆိုတာ ဟုတ်တယ်ဗျ။ ကျနော်တို့ နေ့လယ်ပိုင်းမှာ အဲဒီစခန်းကို ရှင်းလင်း‌ရေး သွားလုပ်ကြသေးတယ်။ စခန်းအတွင်းကနေ ချိန်းစောစက် ၃ လုံး၊ မြက်ရိတ်စက် ၂ လုံး၊ လှည်း ၁ စီး သိမ်းဆည်းရခဲ့တယ်။ သူတို့က သုံးဘီးနဲ့ ပစ္စည်းတွေသယ်ပြီး ပြန်ဝင်သွားတယ်။ ကျနော်တို့နဲ့ တိုက်ပွဲမဖြစ်ပါဘူး။ သူတို့ကြောက်ချေးပါပြီး ကိုယ့်စခန်းကိုယ် မီးရှို့ပြီး ထွက်သွားတာပါ” လို့ ပြောပါတယ်။

    ပြည်သူ့ကာကွယ်ရေးတပ်တွေ ရှင်းလင်းရေးလုပ်ပြီး ညနေ ၃ နာရီကျော်မှာ စစ်တပ်က မြိုင်မြို့ အနီးတဝိုက်ကို လေယာဉ် ၂ စီးနဲ့ ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပေမဲ့ ထိခိုက်သူမရှိခဲ့ဘူးလို့ သိရပါတယ်။

  • တောင်သာတွင် တရုတ်ပိုက်လိုင်းစောင့် စစ်သား ၂ ဦးကို ဝဲလောင်ကျေးရွာနယ်မြေ ရဲစခန်းမှူးက PDF အထင်ဖြင့် ပစ်ခတ် ဖမ်းဆီးရာမှ  စစ်သား ၂ ဦး စလုံးသေဆုံး

    တောင်သာတွင် တရုတ်ပိုက်လိုင်းစောင့် စစ်သား ၂ ဦးကို ဝဲလောင်ကျေးရွာနယ်မြေ ရဲစခန်းမှူးက PDF အထင်ဖြင့် ပစ်ခတ် ဖမ်းဆီးရာမှ စစ်သား ၂ ဦး စလုံးသေဆုံး

    တောင်သာတွင် တရုတ်ပိုက်လိုင်းစောင့် စစ်သား ၂ ဦးကို ဝဲလောင်ကျေးရွာနယ်မြေ ရဲစခန်းမှူးက PDF အထင်ဖြင့် ပစ်ခတ် ဖမ်းဆီးရာမှ စစ်သား ၂ ဦး စလုံးသေဆုံး

    (more…)

  • မိတ္ထီလာမှာ သူနာပြုသင်တန်းကျောင်းသူတစ်ဦး အိမ်သာထဲ မီးလောင်သေဆုံးနေ

    မိတ္ထီလာမှာ သူနာပြုသင်တန်းကျောင်းသူတစ်ဦး အိမ်သာထဲ မီးလောင်သေဆုံးနေ

    မန္တလေးတိုင်း၊ မိတ္ထီလာမြို့က သူနာပြုသင်တန်းကျောင်းမှာ ကျောင်းသူတစ်ဦး အိမ်သာထဲ မီးလောင်သေဆုံးနေကြောင်း သတင်းရရှိပါတယ်။

    ဒီကနေ့ သြဂုတ် ၁၂ ရက် မနက် ၂ နာရီခန့်က မိတ္ထီလာမြို့မှာ ဖွင့်လှစ်ထားတဲ့ သူနာပြုသင်တန်းကျောင်းက အိမ်သာထဲမှာ ကျောင်းသူတစ်ဦးဟာ မီးလောင်သေဆုံးနေခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

    “ဒီဇယ်နံ့နဲ့ မီးခိုးနံ့တွေထွက်လာလို့ သိကြတာပြောတယ်”လို့ မိတ္ထီလာဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

    အဲဒီကျောင်းသူဟာ အသက် ၂၀ခန့်ရှိပြီး ကရင်နီပြည်နယ်ကနေ သင်တန်းလာတက်သူလို့ သိရပါတယ်။ အဲဒီကျောင်းသူဟာ အိိမ်သာအတွင်း တံခါးဂျက်ထိုးပြီး ကိုယ့်ကိုယ်ကို ဒီဇယ်လောင်း မီးရှိူ့သတ်သေတာလို့ စွပ်စွဲထားကြပြီး ဖြစ်စဥ်အမှန်ကိုတော့ မသိရသေးပါဘူး။

    လက်ရှိမှာတော့ ရုပ်အလောင်းကို မိတ္ထီလာဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

    မနေ့ကလည်း လားရှိုးမြို့မှာ ဖခင်ဖြစ်သူနဲ့ ကလေး ၃ ဦး တပြိုင်တည်းသေဆုံးခဲ့ပြီး ကြွက်သက်ဆေးသောက်သေကြောင်းကြံတယ်လို့ ပြောဆိုနေကြပါတယ်။

    (မီးလောင်သေဆုံးခဲ့တဲ့ အမျိုးသမီးရုပ်အလောင်းကို ထုတ်နေစဥ်။ ဓာတ်ပုံ-CJ)

  • မရမ်းကုန်းခရိုင် ရဲတပ်ဖွဲ့ရုံးကို လုံခြုံရေးဘန်ကာများ၊ အချုပ်ဆောင်များဖြင့် အခိုင်အမာ ဆောက်လုပ်

    မရမ်းကုန်းခရိုင် ရဲတပ်ဖွဲ့ရုံးကို လုံခြုံရေးဘန်ကာများ၊ အချုပ်ဆောင်များဖြင့် အခိုင်အမာ ဆောက်လုပ်

    ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်မှာ မရမ်းကုန်းခရိုင် ရဲတပ်ဖွဲ့ရုံးအသစ်ကို အခု ဩဂုတ်လမှာ ဆောက်လုပ်ပြီးစီးခဲ့ပြီး လုံခြုံရေးဘန်ကာတွေနဲ့ အချုပ်ဆောင်တွေပါ ပါဝင်‌နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    မြောက်ဥက္ကလာပမြို့ခံတယောက်က “ဒီဘက် ရဲစခန်းအသစ်က ၂၀၂၄ လောက်မှ စဆောက်တာ။ အဲဒီတုန်းက ရဲစခန်းလို့ မသိရဘူး။ ပတ်ပတ်လည် အကုန် အုတ်ကြီးဆောက်တာ။ ဒီ ၈ လပိုင်းကမှ အထဲမှာ ရုံးထိုင်နေကြတာ တွေ့တယ်။ ရဲလိုင်းခန်းနဲ့ အချုပ်ခန်းတွေလည်း ပါတယ်။ တရားရုံးအသစ်လည်း ဒီနှစ်ထဲ ပြန်ဖွင့်မယ် ကြားတယ်” လို့ ပြောပါတယ်။

    အသစ်ဆောက်လုပ်ထားတဲ့ ခရိုင်ရဲမြေနေရာဟာ ခေမာသီလမ်းမ၊ မြရတနာမှတ်တိုင်နဲ့ နွယ်သာကီ မှတ်တိုင်ကြား နေရာရှိ စစ်မှုထမ်းဟောင်းပိုင် မြေနေရာ ဖြစ်ပါတယ်။

    ဘေးကပ်လျက်မှာ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနဲ့ မီးလောင်ပြီး ပြန်တည်ဆောက်ထားတဲ့ မြောက်ဥက္ကလာ သုံးထပ်တရားရုံးအသစ် ရှိနေပါတယ်။

    မရမ်းကုန်းခရိုင် ရဲတပ်ဖွဲ့ရုံးဝင်းအတွင်း အဆောက်အအုံအသစ် ၂ ခု ပေါ်ပေါက်လာတာကို ဂူးဂဲလ် မှတ်တမ်းတွေကနေ တွေ့ရသလို မြို့ခံတွေကလည်း အတည်ပြုထားကြပါတယ်။

    ခရိုင်ရဲတပ်ဖွဲ့ရုံးမှာ လုံခြုံရေးဘန်ကာတခု၊ မြို့နယ်ရဲတပ်ဖွဲ့ရုံးပတ်လည်မှာ လုံခြုံရေးဘန်ကာ ၃ ခုအထိ တိုးချဲ့ဆောက်လုပ်ထားပြီး ခရိုင်ရဲရုံး နှစ်ထပ်အဆောက်အအုံရဲ့ အောက်ထပ်မှာ အချုပ်ဆောင် ၄ ဆောင် ထည့်သွင်းထားတယ်လို့ သိရပါတယ်။

    မရမ်းကုန်းခရိုင်အတွင်းမှာ မရမ်းကုန်းမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ လှိုင်မြို့နယ်တို့ ပါဝင်ပြီး ၂၀၂၂ ခုနှစ် ဧပြီ ၃၀ ရက်မှာ မြို့နယ် ၃ ခုကို ခရိုင်တခုအဖြစ် ပြောင်းလဲခဲ့တာပါ။

  • ရခိုင်တပြည်လုံး သိမ်းပိုက်ပြီး ပြည်သူ့လက်သို့ ပြန်ထည့်ပေးမည်ဟု AA ဆို

    ရခိုင်တပြည်လုံး သိမ်းပိုက်ပြီး ပြည်သူ့လက်သို့ ပြန်ထည့်ပေးမည်ဟု AA ဆို

    ရခိုင်တိုက်ပွဲ တနှစ်ခွဲကျော်ကာလအတွင်း ရခိုင်ပြည်တနယ်လုံး စစ်အာဏာရှင်ထိန်းချုပ်မှုအောက်မှ အပြီးသတ် လွတ်မြောက်လုနီးပါး အခြေအနေဖြစ်ကာ အာရက္ခတပ်တော် (AA) ၏ အဓိကရည်မှန်းချက်ဖြစ်သည့် ရခိုင်ပြည်တခုလုံးကို ရခိုင်ပြည် သူများလက်ထဲသို့ ပြန်ထည့်ပေးမည့်အစီအစဉ်အား ဆက် အကောင်အထည်ဖော်သွားမည်ဟု AA ပြောခွင့်ရ ဦးခိုင်သုခက ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

    AA အနေဖြင့် ရခိုင်ပြည်နယ်မြို့နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်၀မြို့တို့ကို သိမ်းပိုက်ထားပြီး လက်ကျန်မြို့နယ်များဖြစ်သည့် ကျောက်ဖြူ၊ စစ်တွေ၊ မာန်အောင်မြို့နယ်တို့အတွင်းမှ ကျေးရွာအများစုကိုလည်း ထိန်းချုပ်ထားနိုင်ကြောင်း ဆိုသည်။

    ဦးခိုင်သုခက “ဒီနေ့အချိန်မှာ အာရက္ခပြည်ရဲ့ ကိုးဆယ်ရာနှုန်းကျော်ကို သိမ်းပိုက်ထားပြီး ဖြစ်ပြီး မိမိတို့ ချမှတ်ထားတဲ့ ပန်းတိုင်ရောက်အောင် ဆက်လက် ချီတက်သွားဖို့ ဖြစ်ပါတယ်” ဟု ပြောသည်။

    ကျောက်ဖြူအပါအဝင် ကျန် ၃ မြို့သိမ်းနိုင်ရန်အတွက် တိုက်ပွဲများမှာ ယနေ့ထိ ပြင်းထန်နေပြီး အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာမှုများရှိနေကြောင်း၊ ရှမ်းမြောက်ပိုင်းရှိ မဟာမိတ်များ သိမ်းပိုက်ထားသော မြို့တချို့ကို တရုတ်ဖိအားကြောင့် စစ်တပ်လက်သို့ ပြန်ပေးလိုက်သကဲ့သို့ AA သိမ်းပြီးသားမြို့များအား ပြန်ပေးရန်မှာ ဖြစ်နိုင်ခြေ နည်းကြောင်းလည်း ၎င်းက ပြောဆိုသည်။

    လက်ရှိတွင် စစ်တပ်သည် AA သိမ်းထားသော မြို့ရွာများသို့ လေကြောင်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်နေသည့်အပြင် ၎င်းတို့ထိန်းချုပ်နယ်မြေများအတွင်းရှိ အရပ်သားများအား ဖမ်းဆီးမှုများရှိနေပြီး လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသူ ၉၂၆ ဦး၊ ဒဏ်ရာရသူ ၁၉၅၄ ဦးနှင့် ဖမ်းဆီးခံရသူ ၉၄၇ ဦး ရှိနေကြောင်း သိရသည်။

    စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာနှင့် ဇန်နဝါရီလ၌ ကျင်းပမည့် ရွေးကောက်ပွဲကို ရခိုင်ပြည်နယ်အတွင်းပါ ကျင်းပမည်ဟု ကြေညာထားပြီး ယင်းအပေါ် AA ထိန်းချုပ်နယ်မြေများအတွင်း ရွေးကောက်ပွဲ ကျင်းပခွင့်ပြုမည် မဟုတ်ကြောင်းလည်း ဦးခိုင်သုခ က ပြောဆိုသည်။