Tag: Movies
-

Among Wolves
Among Wolves (2023) ‘Among Wolves’ ဆိုတဲ့ ဒီ Western/War ကားလေးကတော့ ၂၀၂၃ ခုနှစ်မှာ ထွက်ရှိထားတာပါ။ ဒီကားထဲမှာ Michael (Trace Adkins) နဲ့ Angel (Jeff Fahey) တို့နှစ်ယောက်က အရင်တုန်းက “Terrers of the Territory” လို့ နာမည်ကြီးခဲ့တဲ့ လုပ်ကြံသတ်ဖြတ်သူတွေပါ။ ဒါပေမဲ့ အခုတော့ အဲဒီ့အလုပ်တွေကို စွန့်ပြီး Arizona ပြည်နယ်က Ruby ဆိုတဲ့ သတ္တုတွင်းမြို့လေးနားမှာ ခြံသေးသေးလေးနဲ့ အေးအေးဆေးဆေး နေနေကြပါပြီ။ ဒါပေမဲ့ တစ်ရက်မှာ သူတို့ရဲ့အေးအေးချမ်းချမ်းဘ၀လေးကပျက်သွားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ တရားဟောဆရာမနှစ်ယောက်က သူတို့ခြံဝိုင်းထဲ မမျှော်လင့်ဘဲ ရောက်ချလာလို့ပါပဲ။ အဲဒီ့အမျိုးသမီးနှစ်ယောက်က သတ္တုတွင်းအလုပ်သမားတွေကို သတ်ဖြတ်ပြီး ရဟန်းတစ်ပါးကိုပါ သတ်ခဲ့တဲ့ Pinkerton…
-

The Princess and the Matchmaker
The Princess and the Matchmaker (2018) နန်းတွင်းကားကိုမှ အချစ်ဟာသပုံစံမျိုးလေး ကြည့်ချင်တယ်ဆိုသူတွေ အတွက် ဒီကားလေးကို ကြည့်ကြည့်ပါနော်။ Fabricated City ရဲ့ မင်းသမီး Shim Eun Kyung, My Girlfriend Is A Gumiho ဇာတ်လမ်းတွဲနဲ့ လူကြိုက်များခဲ့တဲ့ Lee Seung Gi တို့အပြင် တကယ့်နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Yeon Woo Jin, Kang Min Hyuk, Choi Woo Sik တို့လည်း ပါဝင်ထားပါတယ်။ တိုင်းပြည်ရဲ့ မိုးခေါင်မှု ပြဿနာကို ဖြေရှင်းဖို့အတွက် မင်းကြီးရဲ့ မှူးမတ်တွေက မင်းသမီးလေး ဆုန်းဟွာကို လက်ထပ်ထိမ်းမြားပေးဖို့လုပ်ပါတယ်…။ အယူအရ မင်းသမီးလေးကိုသာ ကောင်းမွန်တဲ့ ယောက်ျားတစ်ယောက်နဲ့…
-

Ordinary Person
Ordinary Person (2017) ဒီတစ်ခေါက်မှာတော့ မော်စကိုအပြည်ပြည်ဆိုင်ရာရုပ်ရှင်ပွဲတော်နဲ့ 2017ခုနှစ် ကိုရီးယားရုပ်ရှင် Shining Star ဆုပေးပွဲမှာ Best Actorဆုရော, Driector ဆုပါ ရရှိထားတဲ့ Ordinary Person ဆိုတဲ့ နိုင်ငံရေးမှုခင်းဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် .. Fated to Love You , Bloody Heart စတဲ့ဇာတ်လမ်းတွဲတွေထဲက မင်းသား Jang Hyuk, Jeongnyeon: The Star Is Born ထဲက မင်းသမီးကြီး Ra Mi Ran နဲ့ ဝါရင့်သရုပ်ဆောင် မင်းသား Son Hyun-joo တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ။ ဇာတ်လမ်းအကျဥ်း ဂန်ဆောင်းဂျင်(Son Hyun-joo)ဟာ ဖြောင့်မတ်တဲ့ရဲအရာရှိ စုံထောက်တစ်ဦးဖြစ်ပြီး…
-

The Devil’s Disciples
The Devil’s Disciples (2024) ဒီဇာတ်လမ်းလေးကတော့ မကောင်းဆိုးဝါးတွေ လူယောင်နေပြီးတော့ သူ့တို့ကိုအန္တရာယ်ပေးလာနိုင်မဲ့သူတွေကို ရှင်းလင်းကြတဲ့ပုံစံလေးကနေ သူ့တို့အချင်းချင်းသဘောထားကွဲလွဲကြတာကိုကြည့်ရှူရမှာပါ လူစီဖာရဲ့တပည့်ကျော်တွေဘယ်လိုသောင်းကြမ်းကြသလဲကတော့ ကိုယ်တိုင်သာကြည့်ရှုလိုက်ဖို့တိုက်တွန်းပါတယ် ဒီကားထဲမှာမင်းသားဇာတ်လိုက်ကိုလည်းတွေ့ရမှာမဟုတ်သလို တင်ဆက်ပုံအသစ်နဲ့မို့ကြည့်ရှုရတာတစ်မျိုးထူးဆန်းနေတာပါ မကောင်းဆိုးဝါးမလေးတွေကတော့ ဝတ်လစ်စလစ်တွေများတာမို့ မိသားစုနဲ့တော့အတူမကြည့်သင့်ပါဘူးနော် တစ်ယောက်ထဲ အချိန်ဖြုန်းလို့ကောင်းမယ့် ကားလေးတစ်ကားပဲဖြစ်ပါတယ်ဗျာ
-

London Calling
London Calling (2025) Josh Duhamel တို့ Aidan Gillen တို့ Arnold Vosloo တို့လိုမင်းသားကြီးတွေပါဝင်သရုပ်ဆောင်ထားတဲ့ Action/Commedy/Drama ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး Bandit 2022, Uncharted 2018 တို့ရဲ့ဖန်တီးရှင် Director Allan Ungar ဖန်တီးပုံဖော်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ ဇာတ်အိမ်လေးကတော့ လန်ဒန် ကကြေးစားလူသတ်သမားတစ်ယောက်ဖြစ်တဲ့ တော်မီ ဟာအသက်အရွယ်ရလာတာနဲ့အမျှ လက်ရည်လေးလည်းတဖြေးဖြေးကျလာတာပေါ့ ဒါပေမယ့် သူ့ကိုယ်သူလက်မခံနိုင်ဘဲ သူ့ဘဝရဲ့အလှည့်အပြောင်းဖြစ်မယ့်မစ်ရှင်တစ်ခုကိုလက်ခံမိရာကနေ မစ်ရှင်ကိုတလွဲလုပ်မိလိုက်ပါတော့တယ် အဲဒီမှာပဲ လန်ဒန် မှာဆက်နေလို့မရတော့ဘဲ L.A ကိုထွက်ပြေးခဲ့ပြီး အလုပ်ရှင်အသစ်နဲ့လက်တွဲလုပ်ကာ ဘဝကိုဇာတ်မြှုပ်ပြီးနေထိုင်ခဲ့တယ် ကံဆိုးချင်တော့ သူ့အလုပ်ရှင်အသစ်ရဲ့ ကြောင်တောင်တောင်ကလေးဖြစ်သူကိုကျားကျားယားယားဖြစ်အောင်လို့ လေ့ကျင့်ပေးရဖို့ဖြစ်လာရာကနေ ဘယ်လိုတလွဲတွေဖြစ်ကြဦးမလဲ ဘယ်လိုအခွီဇယားတွေကြုံရဦးမလဲဆိုတာကိုတော့…..