Ordinary Person

Ordinary Person

Ordinary Person (2017)

ဒီတစ်ခေါက်မှာတော့ မော်စကိုအပြည်ပြည်ဆိုင်ရာရုပ်ရှင်ပွဲတော်နဲ့ 2017ခုနှစ် ကိုရီးယားရုပ်ရှင် Shining Star ဆုပေးပွဲမှာ Best Actorဆုရော, Driector ဆုပါ ရရှိထားတဲ့ Ordinary Person ဆိုတဲ့ နိုင်ငံရေးမှုခင်းဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ..

Fated to Love You , Bloody Heart စတဲ့ဇာတ်လမ်းတွဲတွေထဲက မင်းသား Jang Hyuk, Jeongnyeon: The Star Is Born ထဲက မင်းသမီးကြီး Ra Mi Ran နဲ့ ဝါရင့်သရုပ်ဆောင် မင်းသား Son Hyun-joo တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ။

ဇာတ်လမ်းအကျဥ်း

ဂန်ဆောင်းဂျင်(Son Hyun-joo)ဟာ ဖြောင့်မတ်တဲ့ရဲအရာရှိ စုံထောက်တစ်ဦးဖြစ်ပြီး သူ့မှာ ဆွံ့အနေတဲ့ဇနီးဖြစ်သူနဲ့ ခြေထောက်မသန်တဲ့သားလေးတစ်ယောက်ရှိပါတယ် ။

ရဲဝန်ထမ်းလစာတစ်ခုတည်းနဲ့ မိသားစုစားဝတ်နေရေးကို လောက်ငအောင်ရုန်းကန်နေရပြီး တစ်ချိန်ချိန်မှာ သူ့မိသားစုအတွက် ကိုယ်ပိုင်အိမ်လေးပိုင်ဆိုင်နိုင်အောင် ကြိုးစားနေတာပဲဖြစ်ပါတယ်။

တစ်နေ့မှာတော့ ဆောင်းဂျင်ဟာ NSA အမျိုးသားလုံခြုံရေးဌာနမှူး ချွဲဂယူနမ်(Jang Hyuk)အကွက်ချကြံစည်ထားတဲ့

ကွင်းဆက်လူသတ်မှုရဲ့ သံသယတရားခံဂင်ထယ်ဆောင်းကို မတော်တဆ ဖမ်းဆီးမိခဲ့ပေမဲ့ အမှန်တော့ ဂင်ထယ်ဆောင်းဟာ ကွင်းဆက်လူသတ်မှုရဲ့ တကယ့်တရားခံအစစ်တော့ မဟုတ်ခဲ့ပါဘူး . . .

ဆောင်းဂျင်ဟာ အမှန်တရားကိုသိပေမဲ့လည်း သားဖြစ်သူခြေထောက်ခွဲစိတ်နိုင်ဖို့ ဌာနမှူးချွဲဂယူနမ်ထံမှ ငွေကြေးအကူအညီယူခဲ့တဲ့အတွက်ကြောင့် မသိသလိုပဲနေခဲ့ပါတယ် ။

အဲဒီနောက်ပိုင်းမှာ ချွဲဂယူနမ်ဟာ သွေးအေးပြီး ရက်စက်တတ်သူဖြစ်တာကြောင့် ဆောင်းဂျင်ရဲ့အားနည်းချက်ကို အသုံးချပြီး လိုရာစေခိုင်းပါတော့တယ် ..

ဆောင်းဂျင်ဟာ အကျင့်ပျက်ခြစားနေတဲ့ အထက်အရာရှိတွေရဲ့ စေခိုင်းမှုကို ဆက်ပြီးနာခံနိုင်ဦးမှာလား . . .
သူ့မိသားစု အေးချမ်းလုံခြုံဖို့နဲ့ အမှန်အတရား . . နှစ်ခုထဲမှာ ဘယ်ဟာကိုရွေးချယ်သွားမလဲ . . .

အာဏာရှင်တွေရဲ့ ဖိနှိပ်မှုတွေကြားထဲမှာ သာမန်လူတစ်ယောက်ဟာ အမှန်တရားအတွက် ဘယ်လိုရင်ဆိုင်သွားမလဲ . . . ဆိုတာကို

ဒီ Ordinary Person ဆိုတဲ့ဇာတ်ကားထဲမှာ ဆက်လက်ခံစားကြည့်ရှုပေးပါဦးနော် ..

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *